Business Ethics တစ်ခုက ကိုယ့်လုပ်ငန်းရဲ့ Philosophy ပါပဲလို့ဆိုတဲ့ XENON CO LTD ရဲ့ MD ဦးမျိုးမင်းဦး

[caption id="attachment_8512" align="alignnone" width="370"]ဦးမျိုးမင်းဦး Managing Director XENON Co Ltd ဦးမျိုးမင်းဦး
Managing Director
XENON Co Ltd[/caption] စီးပွားရေးလုပ်ငန်းလုပ်ရာမှာEthics  ရဲ့ အရေးပါပုံ စီးပွားရေးလုပ်တဲ့အခါမှာ Business Ethics က အများကြီး အရေးပါပါတယ်။ မြန်မာလိုဆိုရင်တော့ ကျင့်ဝတ်ပေါ့။ အ ရှည်ပြောရမယ်ဆိုရင် ကျင့်ကြံရမယ့်ဝတ္တရားပါ။ Business Ethics တစ်ခုက ကိုယ့်လုပ်ငန်းရဲ့ Philosophy ပါပဲ။ ဒီ တော့ Ethics က ကိုယ့်လုပ်ငန်းရဲ့Philosophy of Business  ကိုအမြဲ Reflect  လုပ်နေတာပေါ့။ ကိုယ့်လုပ်ငန်းရဲ့ Ethics ကိုကြည့်ပြီးတော့ အလွန်အရေးကြီးတဲ့လုပ်ငန်းစဉ် (ကိုယ့်လုပ်ငန်းရဲ့ ချမှတ်ထားတာ)တွေကို တစ်စိတ်တစ်ပိုင်းကို တခြားလူက မြင်သာတာပေါ့။ Business တစ်ခုရဲ့ တိုက် ရိုက်ပတ်သက်နေတဲ့သူတွေ (Supplier  တွေ၊ Client တွေ၊ ကိုယ့်ရဲ့ Employee တွေ) ဒါအပြင် သွယ်ဝိုက်ပတ်သက်နေ တဲ့သူတွေ (အခြားပြည်သူတွေ၊ စားသုံးသူတွေ၊ သဘာ၀ ပတ်ဝန်းကျင် စတာတွေ) နဲ့ Business Ethics က သက် ဆိုင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့က Advertising ကို အခြေခံတဲ့ကုမ္ပဏီဖြစ်တာကြောင့် ကျွန် တော်တို့ထိတွေ့ဆက်ဆံရတဲ့ Client ၊Supplier တွေအပေါ် မှာ အများကြီး Ethics ရှိရပါတယ်။ ကျွန်တော်တို့နဲ့ အလုပ် လုပ်တဲ့ GE ဆိုရင် ဒီကိုစပြီးဝင်လာတော့ Supplier Form   တွေ လုပ်ကတည်းက ကျွန်တော်တို့ကုမ္ပဏီရဲ့ Ethical Code တွေတောင်းပါတယ်။ ဒီအပေါ်မှာကြည့်ပြီးတော့မှ Listed Supplier ဖြစ်ဖို့ Submit လုပ်ပေးရပါတယ်။ အဲဒီမှာကတည်းကစပြီးတော့Ethics က ပိုပိုပြီးအရေးကြီး တယ်ဆိုတာကို သိလာပါတယ်။ ဓမ္မဓိဋ္ဌာန်ကျတဲ့ အကြောင်း အရာတစ်ခုကို ပြောရမယ်ဆိုရင် ဥပမာ- အလုပ်ချိန်တိတိ ကျကျရှိတာ၊ အလုပ်ချိန်ကျော်ရင် အချိန်ပိုကြေး သတ်မှတ် ပေးတာတို့ စတာတွေဟာလည်း Business Ethics ထဲမှာပါ သင့်တဲ့ အကြောင်းအရာတွေပါပဲ။ ကုမ္ပဏီတစ်ခုရဲ့ Ethical Code တွေထဲမှာ CSR (Corporate Social Responsibility )  Activities တွေလည်း ပါဝင်ပါတယ်။ တကယ်တမ်းအဖွဲ့အ စည်းအကြီးကြီးတွေနဲ့လုပ်တဲ့အခါ အဲဒီလို အကြောင်းအရာ လေးတွေက မရှိမဖြစ်လိုအပ်တဲ့အရာတွေဆိုတာ တွေ့ရပါ တယ်။ စီးပွားရေးလုပ်ငန်း လုပ်ရာမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက် စီးပွားရေးလုပ်ငန်းမှာ ရေရှည် လုပ်ကိုင်ချင်တယ်ဆိုရင်တောEthics  ရှိမှဖြစ်မှာပါ။ ရေရှည်သွားချင်တဲ့ လုပ်ငန်းတစ်ခုမှာ ဆိုရင်Ethics  ကို ထိန်းပြီးသွားမှ ရပ်တည်နိုင်မှာပါ။ Business Ethics ကတော့ မဖြစ်မနေရှိသင့်တာပေါ့။ဥပမာ-အစိုးရကလည်း စီးပွားရေးလုပ်ငန်းတွေကိုRules  and Regulations  တွေအရ ထိန်းကျောင်းထားပါတယ်။ ဒါပေမဲ့ Business Ethics တွေကတော့ ကိုယ်တိုင်လုပ်သင့်တဲ့အရာ တစ်ခုပေါ့။ ဥပမာ-ကိုယ့်လုပ်ငန်းကထွက်တဲ့ အမှိုက်သရိုက် ကအစ ကိုယ့်ဘာသာကိုယ်ပြန်ပြီးReuse  ပြန်လုပ်မလား၊ Recycle    ပြန်လုပ်မလားစတာတွေပေါ့။ ဒီလို Environmental Ethics  တွေက ကိုယ်ကိုယ်တိုင် လုပ်ချင်မှ ဖြစ်မယ့်အရာတွေ ပါ။ Ethicsတွေမှာ Private ကုမ္ပဏီတွေ၊ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေတဲ့လုပ်ငန်းတွေလုပ်တဲ့ ကုမ္ပဏီတွေမှာ ဆိုရင်တော့ Environmental Ethical Issue  ၊Human Resource  နဲ့ပတ်သက်တဲ့ Ethical Issue တွေက မဖြစ်မနေ ရှိသင့်တယ်လို့ ထင်ပါတယ်။ Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ် ကျွန်တော် Ethics  နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ မှတ်မှတ်ရရပြောရမယ်ဆိုရင် ကျွန် တော့်ကိုအမြဲတမ်း Ethical Issue နဲ့ပတ်သက်ပြီး သင်ပေးတဲ့ ၤFame Pharmaceutical  ကုမ္ပဏီရဲ့ Managing Director  ဒေါက်တာခင်မောင်လွင်ကို ကျွန်တော့်ရဲ့ Ethics နဲ့ပတ်သက် လို့ လေးစားရတဲ့ပုဂ္ဂိုလ်လို့ ညွှန်းဆိုချင်ပါတယ်။ ဆရာက ကျွန်တော့်ကို Business နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီးသင်ပေးပါတယ်။ အဲဒီထဲမှာEthics နဲ့ ပတ် သက်တာတွေလည်းပါပါတယ်။ ဆရာပြောတဲ့အထဲမှာ Ethics နဲ့ပတ်သက်ပြီး ခေါင်းထဲစွဲထင်နေတဲ့ အကြောင်းအရာ ကတော့ 'ကတိတည်ပါ' ဆိုတဲ့စကားပါ။ အဲဒီစကားလေး တစ်ခွန်းက အင်မတန်ဓမ္မဓိဋ္ဌာန်ကျပေမဲ့ ဒီဟာကို ကျွန်တော့် ရဲ့ ပင်မမဏ္ဍိုင်တစ်ခုလို သဘောထားပြီး အလုပ်လုပ်တဲ့အခါ လုပ်ငန်းမှာ Client  တွေဟာ ကိုယ့်အပေါ် ယုံကြည်မှုရှိလာပြီး လုပ်ကိုင်ရတဲ့လုပ်ငန်းစဉ်တွေလည်း ပိုပြီးအဆင်ပြေချောမွေ့ လာပါတယ်။ ကတိတည်တာဟာ ငွေရေးကြေးရေးအရတင်မ ဟုတ်ဘဲအလုပ်လုပ်တဲ့နေရာမှာပါ အရေးကြီးပါတယ်။ Ethics ရှိ၊ မရှိဆိုတာ ကိုယ့်ရဲ့ Role Model နဲ့ဆိုင်၊ မဆိုင် ကျွန်တော့်ရဲ့ပုဂ္ဂလိကအမြင်အနေနဲ့ ပြောရမယ်ဆိုရင် အလွန် အရေးကြီးပါတယ်။ ကိုယ်အားကျတဲ့သူလုပ်တဲ့အလုပ်တွေဆိုရင် ကိုယ်ကလည်း လိုက်လုပ်ချင်တဲ့စိတ်ကလေးက ပေါ် လာမှာပဲ။ ဒါကြောင့် Role Model ပေါ်မှာ အများကြီးမူ တည်နေတယ်လို့ပြောချင်ပါတယ်။   စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics တွေ ဒီအပိုင်းမှာ ကျွန်တော်ကJunior  ဖြစ်နေတော့ အများကြီးမပြောတတ်ပေမဲ့ ကတိတည်ပါဆိုတဲ့ စကားကိုတော့ အကြံပြုချင်ပါတယ်။ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးလည်း အချင်းချင်း အပြန်အလှန်လေးစားမှု (Mutual Respect )အနေနဲ့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ကိုယ့်လုပ်ငန်းက ထွက်တဲ့အမှိုက်သရိုက်ကအစ အခြားစွန့်ပစ်ပစ္စည်းတွေကို တခြား သူတွေ၊ သဘာဝပတ်ဝန်းကျင် စတာတွေကို မထိခိုက်အောင် ဂရုစိုက်စေချင်ပါတယ်။   Ethical မဖြစ်တဲ့သူတွေကိုတွေ့ရင် ဒီလိုလူမျိုးတွေကို စီးပွားရေးလောကမှာလည်း အများကြီး မြင်တွေ့ရပါတယ်။ Ethical မဖြစ်တဲ့သူတွေနဲ့ တွေ့မယ်ဆို ရင် ရေရှည်မှာလုပ်ကိုင်နိုင်ဖို့ အဆင်မပြေနိုင်တဲ့အတွက် အခြား Business Partner ပြောင်းပြီးလုပ်ကိုင်ရမှာပါ။ နောက်တစ်မျိုးလုပ်ကိုင်နိုင်တာက Business Contract  အ နေနဲ့ပါ။ ကျွန်တော်တို့ကုမ္ပဏီမှာ Law Firm ငှားထားပါ တယ်။ Legal Consultant  တွေနဲ့လည်း တိုင်ပင်ပြီးတော့ အမြဲလုပ်ကိုင်ပါတယ်။ နိုင်ငံတကာကဝင်လာရင် Ethics ဖောက်တာတွေပိုများလာနိုင်တဲ့ အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပုံ နိုင်ငံတကာနဲ့ဆိုရင်လည်း ဒီဘက်မှာ ကျွန်တော်တို့ Legal Consultant တွေနဲ့တိုင်ပင်ပြီးလုပ်ကိုင်တဲ့အတွက် အရောင်း အဝယ်ကိစ္စတွေမှာ Contract တွေရှိပါတယ်။ လတ်တလော နိုင်ငံတကာကဝင်လာတဲ့ (ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင် နေတဲ့) ကုမ္ပဏီတွေဟာ သူတို့ကိုယ်တိုင်က Ethical Issue  နဲ့ပတ်သက်ပြီး လိုက်နာကြပါတယ်။ တချို့ကုမ္ပဏီတွေဆို ရင် ကိုယ်တွေထက်တောင် Ethical Code နဲ့ပတ်သက်ပြီး လေးစားလိုက်နာကြပါတယ်။ ဒီလိုကုမ္ပဏီကြီးတွေနဲ့ လုပ် ကိုင်ရတာ ကိုယ့်အတွက် သင်ယူလေ့လာစရာတွေအများ ကြီးရလာပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်မယ် ဆိုရင် Contract  လေးတွေနဲ့ လုပ်တတ်တဲ့အကျင့်ကိုတော့ လုပ်ထားစေချင်ပါတယ်။   စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြုချင်တာရှိရင် အဓိက Ethics ပိုင်းနဲ့ပြန်ပြောမယ်ဆိုရင် လုပ်ငန်းလုပ်ကိုင်တဲ့ နေရာမှာ ကတိတည်ပါ။ ဒီလိုကတိတည်ရမယ်လို့စိတ်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း အမြဲသတိပေးနေသလို၊ မဖြစ်ဖြစ် အောင်လုပ်ရမယ်လို့လည်း တွန်းအားပေးသလိုဖြစ်တဲ့အတွက် ရေရှည်ဆက်ဆံတဲ့နေရာမှာ အကျိုးရှိပါတယ်။ လုပ်ငန်းရှင် တွေမှမဟုတ်ဘဲ ဝန်ထမ်းတွေမှာလည်း Ethics  ရှိသင့်ပါ တယ်။