[caption id="attachment_7200" align="alignnone" width="253"] ဦးမိုးမြင့်ကျော်
အထွေထွေအတွင်းရေးမှူးချုပ်
UMFCCI[/caption] UMFCCI ရဲ့ အထွေထွေအတွင်းရေမှူးချုပ်အဖြစ် တာဝန်ယူ စဉ်ကာလမှာ နောက်ထပ်သုံးနှစ်အတွက် ဘယ်လို Vision နဲ့ ဆောင်ရွက်သွားဖို့ရှိပါသလဲ။ UMFCCI ဟာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍမှာ NGO အနေနဲ့ အမြင့်ဆုံး ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ် ခုဖြစ်ပါတယ်။ အခုလိုတိုင်းပြည်က တံခါးဖွင့်ဝါဒ ကျင့်သုံး လာတဲ့အချိန်၊ ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်လာတဲ့ အချိန်ဖြစ် သလို တစ်ပြိုင်နက်ထဲမှာလည်း တိုင်းပြည်ရဲ့စီးပွားရေးကို တိုးတက်အောင်လုပ်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍ ကြီးထွားတိုးတက်အောင် မြှင့်တင်မှုအပိုင်းက အရေးကြီးပါ တယ်။ အဲဒီလိုအခြေအနေတွေနဲ့အတူ အသင်းချုပ်ကြီးရဲ့ အခန်း ကဏ္ဍကလည်း မြင့်တက်လာတဲ့အတွက် အသင်းချုပ်ကြီးအ နေနဲ့ အရင်ကစွမ်းဆောင်နိုင်တာထက် ပိုပြီးစွမ်းဆောင်ပေး နိုင်ဖို့ အခြေအနေတွေက တောင်းဆိုလာပါတယ်။ ကုန်သည်/စက်မှုအသင်းချုပ်ရဲ့ Vision အကြောင်း ဆိုရင်တော့ အသေးစိတ်ပြောဖို့လိုပါလိမ့်မယ်။ လက်ရှိစီမံခန့်ခွဲရေးကော်မတီအနေနဲ့ လုပ်ကိုင် ဆောင်ရွက်နေတဲ့အခါမှာ ကျွန်တော် မြင်တာကတော့ အသင်း ချုပ်ကို တည်ငြိမ်ခိုင်မာတဲ့ ဖွဲ့စည်းမှုပုံစံရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူများ ကို ှServiceပေးရမှာဖြစ်တဲ့အတွက် လာမယ့်သုံးနှစ်တာ ကာ လအတွင်းနဲ့၊ သုံးနှစ်လွန်ပြီး ကာလမှာဖြစ်ပေါ်လာမယ့်ကိစ္စ တွေကို အခြေခံပြီး Vision ထားဖို့လိုပါတယ်။ ဝန်ထမ်းထု ကလည်း ခိုင်မာမှုရှိသလို EC တွေ၊ CEC တွေကလည်း ညီညီညွတ်ညွတ်နဲ့ စုစည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုပါတယ်။ အသင်းချုပ်အနေနဲ့အကျိုးပြုရမှာက နိုင်ငံ တော်နဲ့အသင်းသားတွေဖြစ်ပြီး အဲဒီအတွက် ထိထိရောက်ရောက် စွမ်းဆောင်ပေးနိုင်ဖို့ အရေးကြီးလာပါတယ်။ အသင်းချုပ်အနေ နဲ့ ကဏ္ဍပေါင်းစုံနဲ့ Issue ပေါင်းစုံကို ကိုင်တွယ်ဆောင်ရွက်နေ ရတာဖြစ်ပါတယ်။ ဒါကြောင့် အသင်းချုပ်ကို Dynamic ဖြစ် ပြီး အချိန်မရွေး Challenge တွေကို လက်ခံနိုင်တဲ့အဖွဲ့အစည်း မျိုးဖြစ်အောင် ပြင်ဆင်ရမှာဖြစ်တယ်လို့ ခံယူထားပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ အဓိက တာဝန်ယူရတဲ့ အပိုင်းကို ပြောပြပေးပါ။ အတွင်းရေးမှူးအဖွဲ့မှာ အထွေထွေအတွင်းရေးမှူး ချုပ်နဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကို တာဝန်ခံပြီး ဆောင် ရွက်ပေးမယ့် တွဲဖက်အထွေထွေအတွင်းရေးမှူး ခုနစ်ယောက် ရှိပါတယ်။ ဗဟိုအလုပ်အမှုဆောင်ဖွဲ့ကနေ အခါအားလျော်စွာ ချမှတ်လိုက်တဲ့ အသင်းချုပ်ကြီးရဲ့ ရည်ရွယ်ချက်တွေ၊ Policy တွေကို အောင်မြင်အောင်အကောင်အထည်ဖော်ဖို့ အတွင်းရေး မှူးအဖွဲ့ကတာဝန်ယူပြီး ဝန်ထမ်းတွေကို လမ်းညွှန်တာ၊ ကြီး ကြပ်တာ၊ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ပြီး ပြုစုပျိုးထောင်ပေးတာမျိုးကို ဆောင်ရွက်ရပါတယ်။ နိုင်ငံတကာကလုပ်ငန်းတွေအများကြီးဝင်လာနေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍမှာ စီးပွားရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ကုန်သည်/စက်မှု အသင်းချုပ်ရဲ့ အခန်းကဏ္ဍကို သုံးသပ်ပေးပါ။ ဒီအချိန်မှာ နိုင်ငံခြားက Delegation တွေပဲ လာ လာ၊ Diplomat တွေပဲလာလာ လာတဲ့သူမှန်သမျ မြန်မာနိုင်ငံ အကြောင်းသိချင်ကြတယ်။ မြန်မာနိုင်ငံမှာ အများစုက Private Sector ဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ Private Sector နဲ့ အစိုးရကဏ္ဍကို Link လုပ်ပေးတာက ကုန် သည်/စက်မှုအသင်းချုပ်ပဲဖြစ်ပါတယ်။ သူတို့က နိုင်ငံတော် ရဲ့Policy တွေ၊ ဥပဒေတွေနဲ့ပတ်သက်ပြီး သိချင်တာတွေ၊ သဘောထားမှတ်ချက်ယူချင်တာမျိုးတွေရှိရင်လည်း အသင်း ချုပ်ဆီကိုပဲလာကြပါတယ်။ ဒါကြောင့် အသင်းချုပ်အနေနဲ့ Directionပေါင်းစုံကလာတဲ့ Challenge တွေ Issueတွေ ကို ကိုင်တွယ်ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် အထူးသ ဖြင့် ဒီနေ့အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီး နိုင်ငံ ကလည်း အခုမှစပြီးပွင့်လင်းလာတဲ့အတွက် စီးပွားရေးကဏ္ဍကို အခြားနိုင်ငံတွေမှာ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ နှိုင်းယှဉ် ပြီး သုံးသပ်ပြင်ဆင်မှုအပိုင်းတွေကို အသင်းချုပ်ကလုပ်ကိုင် ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ မှုအပိုင်းကို သိချင်ပါတယ်။ ညီနောင်အသင်းတွေမှာ နှစ်ပိုင်းရှိပြီး ပထမတစ်ပိုင်း က မြန်မာနိုင်ငံတစ်နံတစ်လျားတိုင်းနဲ့ပြည်နယ်တွေ၊ နယ် စပ်တွေမှာရှိနေတဲ့ ကုန်သည်/စက်မှု အသင်း ၂၅ ခုနဲ့ နောက် တစ်ပိုင်းကတော့ သက်ဆိုင်ရာကုန်ပစ္စည်းအလိုက်၊ လုပ်ငန်း အလိုက် ဖွဲ့စည်းထားတဲ့ Trade Association ခေါ်တဲ့ အဖွဲ့အစည်း ၄၄ ခုရှိပါတယ်။ စုစုပေါင်းညီနောင်အသင်း ၆၉ သင်းရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ Issue တွေတိုင်းမှာ အဲဒီ ညီနောင်အသင်းတွေနဲ့ တစ်ခုမဟုတ်တစ်ခု ဆက်စပ်နေတဲ့ အတွက် အမြဲတမ်းပူးပေါင်းဆောင်ရွက်နေရပါတယ်။ ဒါအ ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ Delegation တွေလာတဲ့အခါ မှာလည်း လုပ်ငန်းကဏ္ဍအလိုက်တွေ့ဆုံပေးတာတွေကို ဆောင် ရွက်ပေးပါတယ်။ လက်ရှိမှာ ညီနောင်အသင်း ၆၉ သင်းက အသင်းချုပ်အပေါ်မှာ ပိုပြီးအားကိုးအားထားပြုလာပြီး ပူးပေါင်း ဆောင်ရွက်ဖို့လိုလားကြသလို အသင်းချုပ်အနေနဲ့လည်း အ ချိန်နဲ့တစ်ပြေးညီ သူတို့နဲ့ပတ်သက်တဲ့ လုပ်ငန်းကဏ္ဍအ လိုက် လိုအပ်ချက်တွေကို ကူညီပံ့ပိုး ဆောင်ရွက်ပေးနေပါ တယ်။ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အတွက် အသင်း ချုပ်အနေနဲ့ ဘာတွေပြင်ဆင်ဆောင်ရွက်ထားပါသလဲ။ AEC နဲ့ပတ်သက်ပြီး အသင်းချုပ်အနေနဲ့ကတော့ ASEAN BAC(ASEAN Business Advisory Council) နဲ့ EABC လို့ခေါ်တဲ့ ASEAN plus 3 ၃ နဲ့ဆိုင်တဲ့ East Asia Business Council တွေမှာ တိုက်ရိုက်ပါဝင်ဆောင်ရွက် နေပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သက်ဆိုင်ရာBusiness Council တွေမှာ အသင်းချုပ်အနေနဲ့ ပါဝင်ပံ့ပိုး နေပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌရာထူး ယူထားပြီးဖြစ်သလို စောစောကပြောတဲ့ Business Council တွေကိုလည်း Chairmanship အနေနဲ့ တာဝန်ယူထားရတာဖြစ်တဲ့အတွက် အဲဒီအချိန်မှာ Leading Role ကိုယူပြီး Business Sector ဘက်ကလည်း Developဖြစ်အောင် လုပ်ရမှာဖြစ်တယ်။ အစိုးရဦးဆောင်ကျင်းပတဲ့ အစည်းအဝေးပွဲတွေမှာလည်း Business Sector ဘက်က တက်ရောက်ပါဝင်ရမယ့် အစည်းအဝေးတွေ အများကြီးရှိသ လို Schedule တွေလည်း ထွက်နေပါပြီ။ တစ်ဖက်က AEC ဖြစ်ပေါ်လာတဲ့အခါမှာ AEC ရဲ့ Blueprint အရ အဓိကရည်ရွက်ချက်က Single Market ထွက်ပေါ်လာဖို့ဖြစ်ပါတယ်။ AEC ဖြစ်ပေါ်လာ တဲ့အခါမှာ အာဆီယံနိုင်ငံတွေအချင်းချင်းပဲ ယှဉ်ပြိုင်နေတာ ထက် ဒေသတွင်းနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုစွမ်းအား နဲ့ တကယ့်ကိုအားကောင်းတဲ့ဒေသတစ်ခုအဖြစ် ပြည်ပကမ္ဘာ မှာ ယှဉ်ပြိုင်နိုင်ဖို့ကြိုးပမ်းရာမှာ ကုန်သည်စက်မှုအသင်း ချုပ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းချုပ်ကလည်း Private Sector ကိုယ် စားပြုအဖွဲ့အစည်းအနေနဲ့ AEC နဲ့ပတ်သက်ပြီး လိုအပ် တဲ့ပြင်ဆင်မှုတွေဆောင်ရွက်နေပါတယ်။