နောက်ကြောင်းပြန်ပြောရလျင် ၁၉၉၇ ခုနှစ်တွင် ထူးခြား ချက်နှစ်မျိုး မျဉ်းပြိုင်ပေါ်သည်။ ပထမထူးခြားချက်သည် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအ ကျပ်အတည်းဖြစ် ပေါ်ခြင်း ဖြစ်၍ ဒုတိယထူးခြားချက်သည် ဟောင်ကောင်အား ပြည်သူ့တရုတ်ပြည်သမ္မတနိုင်ငံသို့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုပြန် လည်လွှဲအပ်ပေးလိုက်သော ဖြစ်ရပ်ကြီးဖြစ်သည်။ ဤဖြစ်ရပ် ကြီးနှစ်ခု တိုက်တိုက်ဆိုင်ဆိုင်ဆုံမိချိန်တွင် ဟောင်ကောင်သည် အာရှဘဏ္ဍာရေးအကျပ်အတည်းမှ လွတ်ထွက်သွား သည်။ အခြားအရှေ့အာရှနိုင်ငံများ (ထိုင်း၊ မလေးရှား၊ အင်ဒို နီးရှား စသည့်နိုင်ငံတို့) ကျောကော့အောင် ခံလိုက်ရသည်။ [caption id="attachment_8879" align="alignnone" width="720"]
ဟောင်ကောင်မြို့[/caption] ၁၉၉၇ ခုနှစ်မတိုင်မီ၌ နိုင်ငံခြားအရင်းအနှီးတွေ အရှေ့အာရှနိုင်ငံများသို့ အလွန်လှိမ့်ဝင်ခဲ့စဉ်က ထိုနိုင်ငံတို့ ၏စီးပွားရေးသည် ပျော်စရာကြီးပင်။ နိုင်ငံခြားအရင်းအနှီး တို့ကမျိုးစုံသည်။ ဧရာမငွေလုံးငွေရင်းဖြစ်သည်။ အခြေအနေ ယိမ်းယိုင်တော့မည်ဟုသိသောအခါ နိုင်ငံခြားအရင်းအနှီးတို့ က အလုအယက်အလုံးအရင်းပြန် ထွက်ကြ သည်။ ဝင်တုန်းကလည်း အလုံးအရင်းခပ်ကြမ်းကြမ်း၊ ပြန်ထွက်တော့လည်း အလုံးအရင်းခပ်ကြမ်းကြမ်း ကျော့ကော့ကျန်ရစ်သူတို့ကတော့ အိမ်ရှင်နိုင်ငံတွေဖြစ်သည်။ နိုင်ငံခြားအရင်းအနှီးတွေ အဝင်ကြမ်း၊ အထွက်ကြမ်းခဲ့သည်။ ထိုအချိန်၌ ဟောင်ကောင်က ဤဒဏ်ကို မခံလိုက် ရပေ။ ဟောင်ကောင်သို့လည်း နိုင်ငံခြားအရင်းအနှီးတွေ အင် မတန်ဝင်သည်။ လုံးခနဲ၊ ခဲခနဲ ဝင်သည်။ ခပ်ကြမ်းကြမ်း ဝင်သည်။ သို့သော် ခပ်ကြမ်းကြမ်းပြန်မထွက်ကြပေ။ ထွက် ကိုမထွက်ပေ။ အချုပ်အခြာအာဏာပိုင်မှုကို လွှဲပြောင်းနေချိန် ၌ နိုင်ငံခြားအရင်းအနှီးအဝင်အထွက်တို့သည် အလွန်ဣန္ဒြေရ ကြသည်။ ယင်းမှာ ဟောင်ကောင်ကိုလည်းကောင်း၊ တရုတ် ပြည်ကိုလည်းကောင်း ယုံကြည်စိတ်ချမှုရှိခြင်းကိုပြသည်။
ဟောင်ကောင်ရှန်ဟိုင်းပြိုင် ထိုစဉ်က ဟောင်ကောင်ဒေါ်လာသည် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးအသေချည်ထားသည်။ ပက် (peg) လုပ်ထားသည်။ ယခုလည်း ချည်ထားသည်။ သို့ရာတွင် ဟောင်ကောင်ငွေ ကြေးတန်ဖိုးသည် တည်တည်ငြိမ်ငြိမ်ဖြစ်ခဲ့သည်။ တရုတ် ပြည်ကကျင့်သုံးသော 'တစ်နိုင်ငံစနစ်နှစ်ခု' မူဝါဒအပေါ် စိတ်ချယုံကြည်ကြ၍ တည်ငြိမ်ရ သည်ဟုပြောနိုင်သည်။ ယခု 'တစ်နိုင်ငံစနစ်နှစ်ခု' ဟူ၍ လက်တွေ့သဘောကို ဆန်းစစ် ကြည့်သည်။ လက်တွေ့အားဖြင့် စနစ်နှစ်ခုယှဉ်ပြိုင်သည်ဆိုသည်မှာ ဟောင်ကောင်စတော့အိပ်စ်ချိန်းနှင့် ရှန်ဟိုင်းစတော့ အိပ်စ်ချိန်းတို့ ယှဉ်ပြိုင်ခြင်းကို ရည်ñွှန်းလာသည်။ [caption id="attachment_8877" align="alignnone" width="720"]
ရှန်ဟိုင်းမြို့[/caption] ဟာင်ကောင်သည် ၁၉၉၇ ခုနှစ်မတိုင်မီကပင် 'ကမ္ဘာ့စီးတီး' (World City) အဆင့်ရထားသည်။ ဤနေရာ ၌ စင်ကာပူက Global City ဖြစ်ရန် ကြိုးပမ်းသည်နှင့်အပြိုင် ဖြစ်နေသည်။ သို့ဖြင့် ဟောင်ကောင်သည် ရှန်ဟိုင်းတစ်ဖက်၊ စင်ကာပူနှင့်တစ်ဖက် ယှဉ်ပြိုင်ရသည်။ ဤယှဉ်ပြိုင်ပွဲ၌ ဟောင်ကောင်က အသာစီးရလိမ့်မည်ဟု ယုံကြည်နေသည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းအင်စတီကျူရှင်းအင် အား၊ ဥပဒေအင်အား၊ ချိတ်ဆက်မှုအင်အားနှင့် အင်္ဂလိပ် စကားပြောအင်အားတို့တွင် ဟောင်ကောင်က ပိုပြီးသာလွန် သောကြောင့်ဖြစ်သည်။ ရှန်ဟိုင်းသည် ဟောင်ကောင်ထက်သာရန် အပြင်း အထန်ကြိုးပမ်းနေသည်။ ရေရှည်၌ ရှန်ဟိုင်းက ဟောင် ကောင်ထက်ပိုပြီး ဂလိုဘယ်ဘဏ္ဍာရေးစင်တာ ပြီးပြည့်စုံစွာ ဖြစ်လာလိမ့်မည်ဟု တွက်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကြီးမားလာလျင် ဘဏ္ဍာရေးဝန်ဆောင်မှုတို့ကလည်း ကြီး ထွားလာရမည်။ အရည်အသွေးမြင့်ရမည်။ ယခုအထိ၌ ဟောင်ကောင်သည် ဘဏ္ဍာရေးဝန်ဆောင်မှု၌ လန်ဒန်ပြီး ဒုတိယလိုက်နေသည်။ တရုတ်ပြည်မက ကုမ္ပဏီတို့ပင်လျင် ဟောင်ကောင်စတော့အိပ်စ်ချိန်း၌ လာရောက်စာရင်းသွင်းကြ သည်။ ဤသို့ စာရင်းသွင်းပြီး ငွေရင်းရှာကြသည်။ တရုတ် ပြည်အစိုးရက ဟောင်ကောင်ထက် ရှန်ဟိုင်းကို ကမ္ဘာ့ ဘဏ္ဍာရေးစင် တာဖြစ်စေချင်လေရာ ကုမ္ပဏီတို့သည် ဟောင် ကောင်နှင့် ရှန်ဟိုင်းစတော့အိပ်စ်ချိန်းနှစ်ခုစလုံးတွင် စာရင်း သွင်းကြရန် အားပေးလျက်ရှိသည်။
ခေတ်မီမှုနှင့် ဒီမိုကရေစီ တိုင်းပြည်တစ်ပြည် စနစ်နှစ်ခုမူဝါဒသည် ခေတ်နောက်ကျမှု ကို ရှေးရှုစေအပ်သည် မဟုတ်။ ခေတ်မီမှုကို အရှိန်အဟုန် မြင့်မြင့်နှင့် တွန်းအားပေးနိုင်ရမည်။ သို့ဖြင့် ဟောင်ကောင်က လည်း ခုရှိနေသည့်အဆင့်ထက်ပိုပြီး ခေတ်မီလာအောင် တရုတ်ပြည်ကြီး၌လည်း ခေတ်မီမှုအရှိန်မြင့်တက်လာအောင် မည်သည့်အရာများ လိုအပ်သနည်းဟု အမေးထွက်လာသည်။ ဤနေရာ၌ အမြင်အမျိုးမျိုးပေါ်သည်။ အချို့က ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance) ကို ခေတ်မီအောင်လုပ်ရေးက အရေးကြီးသည် ဟုဆိုသည်။ အချို့က ဥပဒေစနစ်ကောင်းကောင်းနှင့်လွတ် လပ်သောစာနယ်ဇင်း (Good Legal System and Free Press) ရှိရေးက ပိုလို့အရေးကြီးသည်ဟုဆိုသည်။ အချို့က စတော့အိပ်စ်ချိန်းခေတ်မီမှုနှင့် အင်အားကြီးမှုက ပိုအရေး ကြီးသည်ဟု ဆိုသည်။ ဂိုးလ်မင်းဆာ့ချ်မှ ပေါလ်ချောင်ကမူ ဟောင်ကောင်နှင့် ရှန်ဟိုင်းယှဉ်ပြိုင်မှု တိုက်ပွဲသည် တကယ် မစသေး။ အဘယ့်ကြောင့်ဆိုသော် ယွမ်ငွေသည် အပြည့် အစုံဖလှယ်ခွင့် (Full Convertibility) မရှိသေးသောကြောင့် ဖြစ်သည်ဟု ထောက်ပြသည်။ အဓိကထောက်ပြသည့် အချက်မှာ ဟောင်ကောင် သည် သာမန်ခေတ်မီရန်မဟုတ်။ ကမ္ဘာ့မြို့တော်အဖြစ် ခေတ်မီရန်ဖြစ်သည်။ ထိုအတွက် ဟောင်ကောင်သည် ဒီမိုကရေစီလိုသည်ဟု ပြောသောအချက် ဖြစ်သည်။
လွန်လွန်ကဲကဲစု ထိုသို့ ဆွေးနွေးနေကြစဉ်၌ ၁၉၉၇ ခုနှစ်က ဖြစ်ပွားသော အာရှဘဏ္ဍာရေးအကျပ်အတည်းမှ အာရှစီးပွားရေးတို့သည် တကယ်အပြည့်အ၀ ပြန်လည်နာလန်ထပြီလားဟု မေးခွန်း ပေါ်သည်။ အာရှဘဏ္ဍာရေးအကျပ်အတည်း နောက်ထပ်ဖြစ် နိုင်မဖြစ်နိုင်သုံးသပ်ရန် အကြောင်းပေါ်ရသည်မှာလည်း အာရှ နိုင်ငံဗဟိုဘဏ်တို့၌ နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ (Foreign Exchange Reserves) သည် ဒေါ်လာ ၂.၅ ထရီလီယံဖိုး အထိ ရှိလာသောကြောင့်ဖြစ်သည်။ အာရှဗဟိုဘဏ်တို့၌ ဤမျနိုင်ငံခြားငွေ သီးသန့် ရန်ပုံငွေရှိခြင်းည် အလွန်များသည်။ လွန်လွန်ကဲကဲဖြစ်သည်။ အာရှနိုင်ငံတို့ အရှိန်အဟုန်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် လာ သည်။ ၁၉၉၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းမှ လွတ်မြောက်ပြီး နာလန်ထလာသည်။ တစ်ဆက်တည်းတွင် နိုင်ငံ ခြားငွေသီးသန့်ရန်ပုံငွေများ အလွန်စု မိဆောင်း မိနေသည်။ ထို့ကြောင့် ဤသို့အလွန်စုဆောင်းထားခြင်းကပင် အကျပ်အတည်း၏မျိုးစေ့ဖြစ်သည်ဟု ဆိုသူက ဆိုသည်။ အချို့က လည်း နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေများ အလွန်တောင့်တင်း နေသဖြင့် ဤရန်ပုံငွေဖြင့် မည်သည့်စီးပွားရေးအကျပ် အတည်းမျိုးကိုမဆို ဖြေရှင်းနိုင်လိမ့်မည်၊ ကြောက်စရာ၊ စိုးရိမ်စရာမလိုပါဟု တုံ့ပြန် တင်ပြနေသည်။ လွန်ကဲစွာ နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ စုဆောင်း ထားခြင်းကြောင့် ၁။ အင်ဖလေးရှင်းပေါ်သည်။ ၂။ အက် ဆက်ပူဖောင်းတွေ ပေါ်သည်။ ၃။ စတော့ရှယ်ယာဈေးနှုန်း တွေထောင်တက်သည်။၄။ အိမ်ရာမြေတိုက်တာ (ပရော် ပါတီ) ဈေးကွက်ထောင်တက်သည်။ ဤသို့အင်ဖလေးရှင်း နှင့် ပူဖောင်းမျိုးစုံပေါ်လာနေရခြင်းကပင် စိုးရိမ်စရာဟု ဆိုသည်။ အင်ဖလေးရှင်းတက်ပြီး ပူဖောင်းတွေတစ်လုံးပြီး တစ်လုံး ပေါက်ပြဲနိုင်သည်။ နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ အလွန်များနေရသည့် အထဲ ဆိုင်ရာငွေကြေးတို့ကို ဒေါ်လာနှင့်ပင် ချည်ထားသည် မှာ အန္တရာယ်ကို ဖိတ်ခေါ်ရာကျသည်ဟု ထောက်ပြ သည်။ ၁၉၉၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း ပေါ်ပေါက်ရသည့် အကြောင်းရင်းတို့ထဲတွင် ငွေကြေးတို့က ဒေါ်လာနှင့် အသေ ချည်ထားခြင်းလည်း ပါသည်။ ယခု အာရှငွေကြေးတို့က ဒေါ်လာနှင့်နှုန်းသေ တရားဝင်ချည်ထားခြင်းသိပ်မရှိဟု ပြော ကြစေကာမူ လက်တွေ့၌ ဒေါ်လာတန်ဖိုးကို ခြေရာခံပြီး ချမှတ်ဆောင် ရွက်နေ ကြသည်မှာ ဒေါ်လာနှင့်ချိတ်ဆက်ထား ခြင်းနှင့်အတူတူဖြစ်သည်ဟုဆိုသည့် အလွန်စုဆောင်းထားမိ သောနိုင်ငံခြားငွေ သီးသန့်ရန်ပုံငွေတို့ကို သိပ်မလှုပ်ရှားနိုင် အောင် သားကြောဖြတ်ထားရန်လည်းလိုသည်။ Sterilization ဟုခေါ်သည်။ အာရှစီးပွားရေး၌ ဤသို့သားကြောဖြတ်ထား နိုင်စွမ်း ရှိ မရှိကပင် ပြဿ နာဖြစ်နေသည်
မောင်စူးစမ်း
Ref : The Economist