အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသအတွက် Ericsson ရဲ့ Mobility Report

it6

ဈေးကွက်ဦးဆောင်နေသူ . . .

အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတွေအတွင်း မြို့ပြနေလူတန်းစားဦးရေ တိုးပွားလာတာနဲ့အမျှ Mobile အသုံးပြုမှုနဲ့ Information and Communications Technology Industry ကလည်း ဒီထက်မက ဆက်လက်တိုးတက်လာဦးမှာပါ။ လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတွေက အင်တာနက် ထိုးဖောက်ဝင်ရောက်မှုနှုန်း အမြင့်ဆုံးဖြစ်နေဆဲဖြစ်ပါတယ်။ Mobile ရော၊ Fixed  Line မှာပါ အဲဒီနှစ်နိုင်ငံမှာ အင်တာနက် ထိုးဖောက်ဝင်ရောက်နှုန်း ၈၀ ရာခိုင်နှုန်း ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

it1

ကြုံတွေ့လာရမယ့် စိန်ခေါ်မှု . . .

ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ  နောက်ထပ်အသုံးများလာတဲ့ Smartphone User တွေက ကျေးလက်ဒေသတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် Mobile ၊ Internet စတာတွေနဲ့ ပတ်သက်တဲ့ဝန်ဆောင်မှုတွေကို သူတို့လို ဝင်ငွေနည်းတဲ့သူတွေဆီ သက်သာလွယ်ကူစွာ အသုံးပြုနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာက စိန်ခေါ်မှုပါပဲ။ ဒီနေရာမှာ User Experience ကောင်းကောင်းပေးနိုင်ဖို့ အတွက်လည်း Mobile Operator တွေက ဘယ်လောက်အထိ Mobile Data အသုံးပြုလာနိုင်အောင် လုပ်ပေးမလဲဆိုတာက အခရာကျပါတယ်။

it2

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Mobile Broadband ကို ပိုအသုံးများ . . .

အောက်မှာဖော်ပြထားတဲ့ပုံအရကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ Mobile Data Traffic က Wi-Fi Data Traffic ထက် ပိုများတာတွေ့ရမှာပါ။ ဒါက Broadband Penetration နိမ့်တာကြောင့်လည်း ပါပါတယ်။ ကမ္ဘာမှာကတော့ Mobile Data နဲ့ Wi-Fi Data က အပြိုင်အဆိုင် တိုးများလာတာ ဖြစ်ပါတယ်။

it3

Mobile Subscriptions . . .

ဒေသတွင်း Mobile Subscprtion တွေကို ၂၀၁၅ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ Compound Annual Growth Rate (CAGR) က ၄ ရာခိုင်နှုန်းရှိဖို့ ခန့်မှန်းသုံးသပ်ထားပါတယ်။ အဲဒီနှစ်အပိုင်းအခြားအကုန်မှာတော့ Mobile Subscription ၁.၃ ဘီလီယံရောက်ရှိဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကမ္ဘာမှာ Mobile သုံးစွဲမှုနှုန်း အမြင့်ဆုံးဆယ်နိုင်ငံထဲမှာပါတယ်။ မြန်မာက အဆင့် ငါးနေရာမှာ ရှိတာပါ။ (Q3, 2015)

it4

Smartphone Growth . . .

Smartphone အသုံးပြုမှုပမာဏဟာ ၂၀၁၅ ခုနှစ်မှာ သန်း ၃၅၀ ရှိရာကနေ ၂၀၂၁ ခုနှစ်အကုန်ပိုင်းမှာတော့ သန်း ၈၅၀ ဝန်းကျင်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ ဖုန်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက Smartphone တွေဖြစ်လာဖို့ ခန့်မှန်းထားပါတယ်။

it5

Ref:  www.ericsson.com

South East  Asia and Oceanic Mobility Report