အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Janet Yellen

Janet Yellen   ၁၉၄၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာမွေးဖွားခဲ့တဲ့ Janet Louise Yellen ဟာ အမေရိကန်စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာဗဟိုဘဏ်စနစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အရင်က ဆန်ဖရန်စစ္စကို ဗဟိုဘဏ်ရဲ့ CEO ၊သမ္မတကလင်တန်လက်ထက်မှာ အိမ်ဖြူတော်စီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌနဲ့ Berkeley ကယ်လီဖိုးနီးယား တက္ကသိုလ် Hass School of Business ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်ခဲ့ပါတယ်။၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ မှာ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က Yellen ကို ဗဟိုဘဏ်အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌအဖြစ် အဆိုပြုတာကို အတည်ပြုပေး လိုက်ပါတယ်။ Yellen ဟာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဒီရာထူး ကိုပိုင်ဆိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။  

ငယ်စဉ်ဘဝနှင့်ပညာရေး

Yellen ကို နယူးယောက်မြို့ Brooklyn ဒေသမှာ ဂျူး မိသားစုတစ်စုက မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့မိဘတွေကတော့ ဆရာဝန်Anna (nee Blumenthal) နဲ့ Julius Yellen တို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူဟာ Brooklyn ဒေသ ပင်လယ်ကွေ့ပိုင်းမှာရှိတဲ့ Fort Hamilton အထက်တန်းကျောင်းက အထက်တန်းအောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ Brown တက္ကသိုလ်၊ Pembroke ကောလိပ်က စီးပွားရေးဘာသာရပ် နဲ့ ဘွဲ့ရခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ Yale တက္ကသိုလ်က Ph.D ဘွဲ့ကို စီးပွားရေးဘာသာရပ်နဲ့ပဲ ရခဲ့ပါတယ်။ သူဟာ အဲဒီ ဘွဲ့အတွက် 'အလုပ်အကိုင်၊ ထုတ်လုပ်သောအလုပ်နှင့် လွတ် လပ်သော စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း မတည် ရင်းနှီးငွေစုပုံလာမှု၊ ဟန်ချက်မညီသော ရှုထောင့်' ဆိုတဲ့ ခေါင်းစဉ်နဲ့စာတမ်းတင်ခဲ့တာဖြစ်ပြီး၊ စာတမ်းကိုကြီး ကြပ်သူတွေကတော့ နိုဘယ်လ်ဆုရှင်တွေဖြစ် ကြတဲ့  James Tobin နဲ့ Joseph Stiglitz တို့ပဲဖြစ်ပါတယ်။ Yellen ဟာ ၊ Berkeley ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ နိုဘယ်လ်ဆုရှင် စီးပွားရေး ပညာရှင် George Akerlof နဲ့လက်ထပ်ခဲ့ပါတယ်။ သူတို့ရဲ့သားဖြစ်သူ Robert Akerlof ကလည်း Warwick တက္ကသိုလ်မှာ စီးပွားရေးဘာသာရပ်ကို သင်ကြားပေးသူ ဖြစ်လာပါတယ်။  

အလုပ်အကိုင်

Yellen ဟာ ၁၉၇၁-၇၆ ခုနှစ်အထိ Harvard မှာ လက်ထောက်ပါမောက္ခလုပ်ခဲ့ပြီး ၁၉၇၈-၈၀ ခုနှစ်အထိ London School of Economics and Political Science မှာ ကထိကလုပ်ခဲ့ပါတယ်။ ၁၉၇၇-၇၈ ခုနှစ်အ ထိတော့ သူဟာ ဗဟိုဘဏ်အုပ်ချုပ်မှုအဖွဲ့ရဲ့ စီးပွားရေးပညာရှင် လုပ်ခဲ့ပါတယ်။ Yellen ဟာ ၁၉၈၀ ပြည့်နှစ်ကစပြီး Haas School မှာ သုတေသနကိုလုပ်ရင်း MBA နဲ့ ဘွဲ့ကြို ကျောင်းသားတွေကို အချိန်ပြည့်ရော အချိန်ပိုင်းပါ Macro-economics သင်ပေးခဲ့ပါတယ်။ အခုဆိုရင် Yellen ဟာ Berkeley ကယ်လီဖိုးနီးယားတက္ကသိုလ် Hass School of Business ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်ဖြစ် ပြီး သူ့ကို စီးပွားရေးလုပ်ငန်းပါမောက္ခ Eugene E. နဲ့ စီးပွားရေးပညာပါမောက္ခ Catherine M. Trefethen လို့ နာမည်ပေးထားကြပါတယ်။ သူဟာ Hass School  ရဲ့ သင်ကြားမှုထူးချွန်ဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် အပ်နှင်း ခြင်းခံခဲ့ရပါတယ်။ Yellen ဟာ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်ကစပြီး သမ္မတကလင်တန်ရဲ့ စီးပွားရေးအကြံပေး ကောင်စီမှာ ဥက္ကဋ္ဌအဖြစ်အမှုထမ်းခဲ့ပြီး ၁၉၉၄-၉၇ ခုနှစ် အထိ ဗဟိုဘဏ်စနစ်အုပ်ချုပ်မှုအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ခန့် အပ်ခြင်းခံခဲ့ရပါတယ်။ သူဟာ Harvard တက္ကသိုလ်နဲ့ London School of Economics မှာ စာသင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ အပြည်ပြည်ဆိုင်ရာ အနောက် တိုင်းစီးပွားရေးအသင်းကြီးရဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အမေရိကန်စီးပွားရေးအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း လည်းဖြစ်သလို Yale ကော်ပိုရေးရှင်းရဲ့အဖွဲ့ဝင်လည်း ဖြစ် ပါတယ်။ article landscape wartermark final3 ၂၀၀၄ ခုနှစ် ဇွန်လကစပြီး ၂၀၁၀ ပြည့်နှစ်အထိ Yellen ဟာ ဆန်ဖရန်စစ္စကိုဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၀၉ ခုုနှစ်မှာ Federal Open Market Committee (FOMC) (ဗဟိုလွတ် လပ်သောဈေး ကွက်ကော်မတီ) မှာ မဲပေးခွင့်ရှိတဲ့အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ သူ့ကို ဗဟိုဘဏ်မှာ ခန့်ခဲ့ပြီးတဲ့နောက် အိမ်ခြံမြေဈေးနှုန်းတွေ တစ်ဟုန်ထိုးတက်လာနေမှုရဲ့ နောက် ဆက်တွဲအလား အလာတွေနဲ့ပတ်သက်ပြီး သူစိုးရိမ်တဲ့အ ကြောင်း ဗဟိုဘဏ်ရဲ့ငွေကြေးမူဝါဒ ကော်မတီအစည်းအ ဝေးတွေမှာရော လူအများရဲ့ရှေ့မှာရော သူကပြောဆိုခဲ့ပါ တယ်။ ဒါပေမဲ့ သူဟာ အမေရိကန်နိုင်ငံမှာ အကြီးဆုံးငွေချေး လုပ်ငန်းကြီးဖြစ်တဲ့ Countrywide Financial က ငွေတွေကို မဆင်မခြင် တိုးတိုးပြီးချေးနေတာတွေကို ဟန့်တားမှုတွေ လုပ်ဖု့ိတော့ ဆန်ဖရန်စစ္စကိုဗဟိုဘဏ်ကို ဦးမဆောင်ခဲ့ပါဘူး။ 'ပူဖောင်းလျော့ချဖို့ကြိုးစားမှုကို ဆန့်ကျင်တဲ့ကန့်ကွက်မှု တွေဟာ အဲဒီကိစ္စကိုသဘောကျတဲ့ထောက်ခံမှုတွေထက် အလေးသာနေတဲ့အတွက်' ၂၀၀၅ ခုနှစ်က ဆန်ဖရန်စစ္စကိုမှာ သူပြောခဲ့တဲ့စကားထဲမှာ အိမ်ခြံမြေပူဖောင်းလျော့ချရေးကို Yellen ကဆန့်ကျင်ခဲ့ပြီး အိမ်ခြံမြေပူဖောင်းဟာ အတော်အသင့်ဒုက္ခပေးနိုင်လောက်အောင် ကြီး နိုင်ပေမဲ့ အဲဒီထိတ်လန့်မှုကို စီးပွားရေး အဆောက်အအုံကြီးက ဝါးမျိုသွားနိုင် စရာရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ New York Times သတင်းစာကြီးရဲ့ အဆိုအရ ဆန်ဖရန်စစ္စကိုဗဟိုဘဏ်ရဲ့ တစ်ဖက်သတ် အရေးယူဆောင်ရွက်ဖို့ စွမ်းရည်ကို သူစူးစမ်းမထားရသေးတဲ့ အတွက် သူနဲ့ဆန်ဖရန်စစ္စကို ဗဟို ဘဏ်က တခြားအရာရှိတွေဟာ ဝါရှင် တန်ကလမ်းညွှန်ချက်ကို ရှာခဲ့ကြတယ်လို့ ၂၀၁၀ ပြည့်နှစ် မှာ Yellen က ငွေကြေးအကျပ်အတည်းစုံစမ်းရေးကော်မ ရှင်ကို ပြောခဲ့ပါတယ်။ အိမ်ခြံမြေ အကျပ်အတည်းအပေါ် ဟိုတုန်းက သူမှားယွင်းအကဲဖြတ်ခဲ့မိကြောင်း ကော်မရှင်ဆီမှာ သူက ဝန်ခံခဲ့ပါတယ်။ ''အိမ်ခြံမြေအကျပ်အတည်းဟာ နည်းပညာပူဖောင်းရဲ့ပတ်လည်ကစတော့ ဈေးကွက်ပြိုလဲမှုနဲ့ ဆင်တူတယ်။ စီးပွားရေးဟာ (အိမ်ခြံမြေ ပြိုလဲမှုကို) ကြံ့ကြံ့ ခံနိုင်ခြေ အများဆုံးရှိမယ်။ အဲဒါကြောင့် ဗဟိုဘဏ်အနေနဲ့ နည်းပညာပူဖောင်းပြိုလဲပြီး နောက်ပိုင်းမှာ လုပ်ခဲ့သလိုပဲ စီးပွားရေးကိုကူညီပံ့ပိုးဖို့ လှုပ်ရှားနိုင်မယ်ထင်တယ်လို့ ကျွန်မ ခန့်မှန်းမိခဲ့ပါတယ်'' လို့ သူက ပြောပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှာ Yellen ဟာ ဗဟိုဘဏ်စနစ်ရဲ့ဥက္ကဋ္ဌအဖြစ် Ben Bernanke ရဲ့နေရာကို ဆက်ခံဖို့ အလားအလာရှိတယ်လို့ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သမ္မတအို ဘားမားက Ben Bernanke ကိုပဲ ပြန်ပြီးအဆိုပြုခဲ့ပါ တယ်။ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလမှာ သမ္မတအိုဘားမားက ဗဟိုဘဏ်စနစ်ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ် Donald Kohn ရဲ့နေ ရာကိုဆက်ခံဖို့ Bullard ကို အဆိုပြုခဲ့ပါတယ်။ ဇူလိူင်လမှာ အထက်လွှတ်တော် ဘဏ်လုပ် ငန်းကော်မ တီက ၁၇ မဲ ၆ မဲနဲ့ သူ့ကိုအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ထဲက ထိပ် တန်းရီပတ်ဘလစ်ကန်အမတ်တစ်ယောက်ဖြစ်တဲ့ အလာဘား မားပြည်နယ်အမတ် Richard C.Shelby ကတော့ Yellen ဟာ ငွေကြေးဖောင်း ပွမှုမှာ ဘက်လိုက်မှုရှိတယ်ဆိုတာ သူ ယုံကြည်တယ်လို့ပြောပြီး ဆန့်ကျင်မဲပေးခဲ့ပါတယ်။ အဲဒီအ ချိန်မှာပဲ ဗဟိုဘဏ်ဥက္ကဋ္ဌ Bernanke ရဲ့ သက်ဆိုင်ရာ ထွက်ဆိုချက်နောက်ပိုင်းမှာ အဖွဲ့ထဲက မဲပေးခွင့်ရှိတဲ့ St. Louis ဗဟိုဘဏ်က FOMC အဖွဲ့ဝင် James B. Bullard က 'နောက်လာမယ့် ခုနှစ်နှစ်အတွင်းမှာ အမေရိကန်စီးပွားရေး ဟာ ဂျပန်ရဲ့ပုံစံမျိုး ငွေကြေးကျစ်သွားတဲ့ရလဒ်တစ်ခုထဲ မှာ ပိတ်မိသွားမယ့်အန္တရာယ်နဲ့ ကြုံနေရပြီ' ဆိုတဲ့ ထုတ်ပြန် ချက်တစ်ခုကို လုပ်ခဲ့ပါတယ်။ FOMC အတွင်းက ငွေကြေးဖောင်းပွမှုဆိုင်ရာ သဘောထားတင်းမာသူတွေနဲ့ သဘောထားပျော့ပျောင်းသူ တွေကြားမှာရှိတဲ့ အင်အားညီမျမှုကို Bullard ရဲ့ထုတ်ပြန် ချက်က ပြောင်းလဲပစ်နိုင်တယ်လို့ အဓိပ္ပာယ် ဖွင့်ခဲ့ကြပါတယ်။ FOMC ထဲမှာ အဲဒီလိုပြောင်းလဲမှုတစ်ခုဖြစ်လာအောင် အထောက်အကူပြုဖို့အတွက် လစ်လပ်တဲ့နေရာတွေကိုဖြည့်ဖို့ Peter A. Diamond န Sarah Bloom Raskin တို့ကိုပေး ရမယ့် အတည်ပြုချက်တွေနဲ့အတူ Yellen ရဲ့ အတည်ပြု ချက်ကို ဆိုင်းငံ့ထားတာဟာ ဖြစ်နိုင်တယ်လို့ မြင်ခဲ့ကြပါ တယ်။ အဆိုပြုချက်သုံးခုစလုံးကို 'အထက်လွှတ်တော်က အတည်ပြုပေးမယ့်လမ်းကြောင်းပေါ်ကို ရောက်နေပြီ' လို့ မြင်ခဲ့ဲကြပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်ကနေ Yellen ဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၄ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် လေးနှစ်သက်တမ်းအတွက် ကျမ်း သစ္စာကျိန်ဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဗဟိုဘဏ် ဘုတ်အဖွဲ့ရဲ့ အဖွဲ့ဝင်သက်တမ်းလည်းစခဲ့ပြီး အဲဒီသက်တမ်း ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ့် ၁၄ နှစ်သက်တမ်းဖြစ်ပါတယ်။ article landscape wartermark final4

ဗဟိုဘဏ် ဥက္ကဋ္ဌ

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှာ Yellen ဟာ ဗဟိုဘဏ်ရဲ့အကြီးအကဲအဖြစ် Bernanke ရဲ့နေရာမှာ အစားထိုးဖို့ တရားဝင်အဆိုပြုခြင်းကိုခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ အဆိုပြုချက် ကိုကြားနာမှု လုပ်နေချိန်မှာ Yellen ဟာ လှုံ့ဆော်မှုရန်ပုံငွေအဖြစ် အမေ ရိကန်စီးပွားရေးထဲကို ထည့်သွင်းပေးခဲ့တဲ့ ဒေါ်လာ ၁၃ ထရီလီယံကျော်ကို ကာကွယ်ခဲ့ပါတယ်။ အဲဒီငွေတွေဟာ တစ်လကို ၈၅ ဘီလီယံနှုန်းနဲ့ ဆက်ပြီးကြီးထွားနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ Yellen က စီးပွားရေးပုံမှန်ပြန်ဖြစ်ပြီ ဆိုတာနဲ့ အမေရိကန်ငွေကြေးမူဝါဒဟာ ရေးရိုးစဉ်လာနဲ့ ပိုပြီးကိုက်ညီတဲ့ ငွေကြေးမူဝါဒဆီကိုပြန်ရောက် သွားရမှာ ဖြစ်တယ်လို့ သက်သေခံထွက်ဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ အမေရိကန်အထက်လွှတ်တော်က Yellen ရဲ့အမည်စာရင်းတင်သွင်းမှုအပေါ်မှာ ၅၉ မဲ ၃၄ မဲနဲ့ အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ သူ့ကို ၅၆ မဲ ၂၆ မဲနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အတည်ပြုပေးခဲ့ပါတယ်။ ဒါဟာ ဒီရာထူးအတွက် ပေးခဲ့တဲ့ မဲတွေထဲမှာ မဲကွာခြားမှုအနည်းဆုံးပါပဲ။ Yellen ဟာ ဒီရာ ထူးကို ကိုင်တွယ်ရမယ့် ပထမဆုံးအမျိုးသမီးဖြစ်တဲ့အပြင် ၁၉၇၉ ခုနှစ်မှာ ဥက္ကဋ္ဌဖြစ်လာကတည်းက ဗဟိုဘဏ်ကို ကိုင်တွယ်ရတဲ့ ပထမဆုံးဒီမိုကရက်ရဲ့အမည်စာရင်းတင် သွင်းသူလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၊ ၃၀ ရက်နေ့မှာ FOMC က သူ့ကိုဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၃ ရက်မှာ သူရုံးစပြီး ထိုင်ခဲ့ပါတယ်။

ဒဿ     န

Wall Street က လူတော်တော်များများက Yellen ကို (ငွေကြေးဖောင်းပွမှုထက် အလုပ်လက်မဲ့ကိစ္စကိုပိုပြီး စိတ်ဝင် စားတဲ့) သဘာထားပျော့ပျောင်းသူတစ်ယောက် အဖြစ် ယူဆကြပြီး ဥပမာအားဖြင့် သဘောထားတင်းမာသူတစ်ယောက်ဖြစ်တဲ့ (St.Louis ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း) Willian Poole နဲ့နှိုင်းစာရင် ဗဟိုဘဏ်အတိုးနှုန်းမြင့်တက် မှုတွေကို ထောက်ခံဖို့ အလားအလာပိုပြီး နည်းလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ တချို့ကလည်း စီးပွားရေးအခြေ အနေတွေက တောင်းဆိုလာရင် Yellen က သဘောထား တင်းမာသူတစ်ယောက်လို ပိုပြီးပြုမူလာနိုင်တယ်လို့ ခန့် မှန်းကြပါတယ်။ Yellen ဟာ Keynes ရဲ့အယူအဆကို လက်ခံတဲ့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် Phillips မျဉ်းကွေးရဲ့ခေတ်သစ်ပုံစံကို ယုံကြည်ပါတယ်။ အဲဒီမျဉ်းကွေးရဲ့ မူလပုံစံဖြစ်တဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေ မတိုင်ခင်က ပုံစံထဲမှာတော့ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ငွေ ကြေးဖောင်းပွမှုရဲ့ ရိုးရိုးပြောင်းပြန်ဆက်စပ်မှုကို ဖွင့်ဆိုထား ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ဗဟိုဘဏ် အုပ်ချုပ်မှု အဖွဲ့ဒုတိယဥက္ကဋ္ဌအဖြစ် သူ့ရဲ့အမည်တင်သွင်းမှုကို ကြားနာတဲ့နေရာမှာ Yellen က ''စီးပွားရေးနှေးကွေးနေတဲ့ အတိုင်း အတာအရ ငွေကြေးဖောင်းပွမှုရဲ့လှုပ်ရှားမှုတွေနဲ့ ဆက်စပ် နေတဲ့ Phillips မျဉ်းကွေးရဲ့ ခေတ်သစ်ပုံစံမှာ သဘောတ ရားအရရော လက်တွေ့အရရော ခိုင်မာတဲ့ထောက်ခံမှုရှိပါ တယ်'' လို့ ပြောခဲ့ပါတယ်။ ဗဟိုဘဏ်စနစ် အုပ်ချုပ်မှုအဖွဲ့မှာ သူတာဝန် ထမ်းဆောင်နေတုန်း ၁၉၉၅ ခုနှစ်က FOMC ရဲ့ အစည်း အဝေးတစ်ခုမှာ ''ထုတ်လုပ်မှုကိုသာ တိုးလာအောင် လုပ်ပေး မယ်ဆိုရင် ငွေကြေးဖောင်းပွမှုမြင့်တက်တာကို အခါအား လျော်စွာ လွှတ်ပေးလိုက်တာဟာ အမြော်အမြင်ရှိပြီးလူသား ပီသတဲ့ မူဝါဒတစ်ခုဖြစ်နိုင်တယ်'' လို့ Yellen က ပြောခဲ့ ပါတယ်။ အဲဒီအစည်းအဝေးမှာပဲ သူက ငွေကြေးဖောင်းပွမှုကို ၁ ရာခိုင်နှုန်းလျော့ချလိုက်တိုင်း GDP မှာ ၄.၄ ရာခိုင် နှုန်း လျော့သွားတယ်လို့ပြောခဲ့ပါတယ်။  

ဘွဲ့ထူးဂုဏ်ထူးနှင့်ဆုတံဆိပ်များ

Yellen ဟာ ၁၉၉၇ ခုနှစ်မှာ Yale တက္ကသိုလ်က Wilbur Cross ဆုတံဆိပ်ကို ရခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ Brown တက္ကသိုလ်က ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို ရခဲ့ပါ တယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ Bard ကောလိပ်က ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့ကို ရခဲ့ပြန်ပါတယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှာ London School of Economics က သူ့ရဲ့ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင် လမှာ Yellen ကို အပ်နှင်းမယ်လို့ ကြေညာလိုက်တဲ့အတွက် Yellen နဲ့ သူ့ရဲ့ ခင်ပွန်းဟာ အဲဒီတက္ကသိုလ်ကပေးတဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ဇနီးမောင်နှံနှစ်ယောက်စလုံး ရရှိတဲ့ ပထမဆုံး ဇနီးမောင်နှံဖြစ်သွားပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ သူဟာ National Association for Business Economics (NABE) အသင်းကြီးရဲ့ Adam Smith Award ဆုကြီး ကို အပ်နှင်းခြင်းခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ အမေရိကန်စီးပွားရေး အသင်းကြီးရဲ့ အောင်မြင်ကျော်ကြားသော အသင်းဝင် (Ditinguished Fellow) အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ Bloomberg Markets မဂ္ဂဇင်းကြီးကရွေးချယ်လိုက်တဲ့ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၅၀ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Forbes မဂ္ဂဇင်းကြီးက သူ့ကို အမေရိကတိုက်မှာ သြဇာအကြီးမားဆုံးအမျိုးသမီး၊ ကမ္ဘာ ပေါ်မှာ ဒုတိယ သြဇာအကြီးမားဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။  

ရေးသားခဲ့သောစာအုပ်များ

The Fabulous Decade: Macroeconomics Lessons from the 1990s (with Alan Blinder), The Century Foundation Press, New York, 2001.   article portrait watermark final9