အိမ်တိုင်ရာရောက် ဒေါက် ဒေါက် ဒေါက်...

အွန်လိုင်းမှနေ မှာယူရုံဖြင့် နေပူ၊ မိုးမစို၊ မပင်ပန်းဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှုကိုရနိုင်တဲ့ အွန်လိုင်းက တစ်ဆင့် အစားအသောက်ဝန်ဆောင်မှုကို ရယူခြင်းက ရန်ကုန်၊ မန္တလေးလို မြို့ကြီးများမှာတွင်ကျယ်နေပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းကဏ္ဍနဲ့ပတ်သက်လို့ နိုင်ငံတကာ အခင်းအကျင်းနှင့် အလားအလာတွေကလည်း အလွန်ပဲကောင်းမွန်နေတာဖြစ်ပါတယ်။

ဝန်ဆောင်မှုများအစ...

အွန်လိုင်းကနေ အမှာပထမဆုံးလက်ခံပို့ဆောင်ပေးခဲ့တာ ကတော့ ၁၉၉၄ ခုနှစ်က ဏငဖဖေ ံကအ က ပီဇာ တစ်ချပ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ပထမဆုံးသော အွန်လိုင်း Food Orderings Service ကို ၁၉၉၅ ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာဖြစ် ပြီး World Wide Water (Waiter.com)ဆိုတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဲဒါက အမေရိကန် နိုင်ငံကာလီဖိုးနီးယားပြည်နယ်အတွင်းမှ စတင်ခဲ့တာပါ။

မြောက်အမေရိကတိုက်နိုင်ငံတွေ၊ ဥရောပ၊ အာရှပစိဖိတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ စသဖြင့် အ သီးသီးမှာ နိုင်ငံအလိုက်အတွက် အသုံးဝင်အဆင်ပြေတဲ့ ပုံစံတွေနဲ့ ထွက်ပေါ်လာကြတဲ့ ပြည်တွင်း Online Food Delivery လုပ်ငန်းတွေရှိကြသလို၊ နိုင်ငံတကာအနှံ့ ဝင် ရောက်လုပ်ကိုင်နေကြတဲ့ ငွေကြေးအရင်းအနှီးအမြောက် အများရှိတဲ့ လုပ်ငန်းစု Multinational တွေကလည်းများပါတယ်။

ပြီးတော့ Online Food Delivery လုပ်ငန်းလို့ ဆို လိုက်ရင် အမျိုးအစားတွေကွဲပဲသေးတယ်။ ပထမတစ်ခု ကတော့ စားသောက်ဆိုင်ကိုယ်တိုင်က သူ့ရဲ့Facebook / Website / App ကတစ်ဆင့် အော်ဒါတွေကို တစ်ပြိုင်နက် တည်းလက်ခံပြီး ကိုယ်တိုင်ပို့တယ်၊ ဒါမှမဟုတ် ဆိုင်မှာ Pick-up ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်။နောက်တစ်ခုကတော့ အွန်လိုင်းကနေပဲ အစားအသောက်ကို ကိုယ်တိုင်ရောင်းချသူတွေပါ။ သူတို့မှာက ဆိုင်ဆိုပြီးမရှိဘူး၊ အွန်လိုင်းပလက်ဖောင်းတစ်ခုခုကနေပဲ စားသုံးသူတွေဆီက ကိုယ်တိုင်အမှာတွေကိုလက်ခံပြီး ပြင်ဆင်ပေးပြီး၊ ပို့ဆောင်ပေးသူတွေပါ။
နောက်တစ်ခုကတော့ Food Cooperatives တွေပါ။ ဒါကတော့ အနည်းငယ်ရှုပ်ထွေးတဲ့ Membership System တစ်ခုဖြစ်ပါတယ်။ သူက စားသောက်စရာနဲ့ ပတ်သက်လို့ ဒေသတွင်း၊ ပြည်နယ်အတွင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူတွေကစလို့ ဝယ်ယူသူအသင်းဝင် တွေအထိ ကြိုတင်ငွေပေးသွင်းမှုတွေ၊ အဲဒီငွေတွေနဲ့ ပြန် လည်ဝယ်ယူမှုတွေလုပ်ပြီးတော့ အသင်းဝင်တွေကို ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ပေးနိုင်တဲ့အဆင့်အထိ စနစ်တကျတည်ထောင်စုစည်းရတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အသင်းဝင်တွေအနေနဲ့ အစားအသောက် တွေကို အွန်လိုင်းပလက်ဖောင်းကနေမှာယူပြီး စုရပ်တစ် ခုမှာ ငွေပေး၊ ပစ္စည်းယူ လုပ်လို့ရစေပါတယ်။

နောက်တစ်ခုကတော့ အွန်လိုင်းအစားအသောက် ဝန်ဆောင်မှု ပလက်ဖောင်းတွေပဲဖြစ်ပါတယ်။ Web/ App/Social Meida စသဖြင့် တည်ထောင်ထားပြီး စားသောက် ဆိုင်တွေ၊ အစားအသောက်ရောင်းသူတွေကို ချိတ်ဆက်ထားခိုင်းပြီး သူတို့ကတော့ Order လက်ခံခြင်း၊ အစားအသောက်ပို့ဆောင်ခြင်း၊ ငွေကောက်ခံခြင်း စသဖြင့်ကိုလုပ်ပြီး စားသောက်ဆိုင်တွေကိုတော့ အမှာများကို ပြင်ဆင်ချက်ပြုတ်ခြင်းကိုသာ လုပ်ကိုင်စေနိုင်အောင်လုပ်ပေးပါတယ်။

ဒီလိုအွန်လိုင်းအစားအသောက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းထဲမှာ အဓိကနေရာကနေပါဝင်ပတ် သက်နေသူတွေကတော့ Food Riders တွေပဲဖြစ်ပါတယ်။ သူတို့ဟာ များသောအားဖြင့် စက်ဘီးသမားများဖြစ်ကြပြီး အများအားဖြင့် Contract တွေနဲ့အလုပ်လုပ်ပါတယ်။ သူတို့အနေနဲ့ ဘယ်အချိန်ကိုအလုပ်လုပ်မလဲ၊ ဘယ်လိုပုံစံ နဲ့ပဲလုပ်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်လုပ်ကိုင်နိုင်ပါ တယ်။ အများအားဖြင့်တော့ အမေရိကန်နိုင်ငံမှာဆိုရင် တစ်နာရီကို ၆ ဒေါ်လာနှင့်အထက်ရရှိကြပြီး၊ သို့မဟုတ် တခြားနိုင်ငံတွေမှတော့ သူတို့ကို တရားဝင်ဝန်ထမ်းများ အဖြင့် ခန့်အပ်ကာ ဝတ်စုံ၊ အလုပ်ချိန်နဲ့ အခြားသော စည်းကမ်းသတ်မှတ်ချက်များဖြင့် လုပ်ကိုင်ကြပါတယ်။

Food Riders တွေအနေနဲ့ များသောအားဖြင့် အာမခံနဲ့ ဖျားနာခွင့်ဆိုတာတွေလို အခွင့်အရေးမရကြ ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က စာချုပ်အလုပ် သမားတွေဖြစ်လို့ပါ။ ဒါပေမဲ့ Deliveroo လို လုပ်ငန်းတွေကတော့ သူ့ရဲ့ Food Rider တွေကို အင်္ဂလန်နိုင်ငံအတွင်းမှာ အာမခံလုပ်ထားပေးပါတယ်။ အဲဒီအတွက် တစ်ပတ်ကို Rider တစ်ယောက်က သူတို့ရဲ့လုပ်အားခထဲမှ ၁.၈၅ ဒေါ် လာ နုတ်ယူခံရပါတယ်။ ဒါက သူတို့ရဲ့ ဖျားနာခွင့်အ တွက်လည်း ဒါက Cover ဖြစ်စေပါတယ်။ ပြီးတော့ အလုပ် ချိန်နဲ့ အလုပ်ခွင်အတွင်း မတော်တဆမှုတွေဖြစ်ခဲ့ရင် လည်း သူတို့ဆေးကုသနေစဉ်အတွင်း တစ်နေ့ကို သူတို့ ဝင်ငွေတစ်နေ့တာရဲ့ ၇၅ ရာခိုင်နှုန်းကိုပေးပါတယ်။

Food Delivery လုပ်ပေးတဲ့ Rider တွေအနေနဲ့ များသောအားဖြင့် ကာကွယ်ရေးပစ္စည်းတွေကို လုပ်ငန်း တွေဆီကနေမရကြပါဘူး။ လုပ်ငန်းချိန်အတွင်း ဖြစ်လာ နိုင်တဲ့ မတော်တဆမှုတွေအတွက် သူတို့ဘာသူတို့ပဲ ကာ ကွယ်ကြရပါတယ်။ ဒါကြောင့် တချို့လုပ်သားတွေက တော့ လုပ်ငန်းရှင်တွေဆီကနေ ဒီလိုမျိုးကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေကို ပြန်လည်တောင်း ဆိုကြရပါတယ်။ Deliveroo ကိုပဲ သာဓကထားပြီး ပြန် ပြောရရင် သူက သူရဲ့ Rider တွေကို GoPro Camera တပ်ဆင်ထားတဲ့ Helmet ပေးထားပြီး ဖြစ်လာတဲ့မတော် တဆမှုတွေနဲ့ မသမာမှုတွေကို Record လုပ်ထားနိုင် အောင် လုပ်ပေးထားသလို လုံခြုံရေးနဲ့ပတ်သက်တဲ့ စိုးရိမ် ပူပန်မှုတွေကိုလည်း App ကနေတစ်ဆင့် အထက်ကို ပြန်လည်တင်ပြနိုင်အောင် လုပ်ပေးထားပါတယ်။

တခြားသော လုပ်ငန်းတွေမှာလည်း အမျိုးမျိုးသော ကာကွယ်ရေး၊ လုပ်သားများလုံခြုံရေးနဲ့ အလုပ်ခွင်အချိန်အတွင်း မတော်တဆဖြစ်မှုများအထိ အမျိုးမျိုးသော အခွင့်အရေးနှင့် ကာကွယ်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေးထားမယ်လို့ထင်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးစပြီးတော့ အွန်လိုင်းမှ တစ်ဆင့်အစားအသောက်မှာယူနိုင်တဲ့ YangonDoor2 Door တည်ထောင်သူ၊ CEO Mr Shady Ramadan နဲ့ ၂၀၁၆ခုနှစ် နှောင်းပိုင်းမှာ တွေ့ဆုံမေးမြန်းခဲ့တော့ သူကအဲဒီတုန်းကတည်းကပဲ ''ကျွန်တော်တို့ Bike Messenger တွေကိုလည်း ဝတ်စုံပြည့်ဆင်ပြီး မီးပွိုင့်တွေကို ဖြတ်မမောင်းဖို့ စသဖြင့် လုံခြုံရေးအတွက် လိုက်နာရမယ့် အရာတွေအားလုံးကို သင်ကြားပေးထားပြီး မတော်တဆမှုတွေမဖြစ်အောင်လည်း ဂရုစိုက်သလို အာမခံလည်းထားပေးထားပါတယ်။ အစတုန်းကတော့ သူတို့ကဦးထုပ်မဆောင်းချင်ကြတာမျိုးလည်း ရှိကြပါတယ်။ ဒါကိုဟာသလို့ ထင်တတ်ကြပါတယ်။ ကျွန်တော်ကတော့သူတို့ကို အဲဒီလိုဝတ်စုံပြည့်ဝတ်ဖို့ ဖိအားပေးတိုက်တွန်းပြီး တော်တော်လည်း ရှင်းပြခဲ့ရပါတယ်။ အခုတော့ သူတို့အားလုံးနားလည်နေပါပြီ။ အခုတော့ ကျွန်တော်တို့မှာလည်း App ရှိနေပြီး Messenger တွေ မှာလည်း GPS တွေ တပ်ဆင်ထားပြီဖြစ်တာကြောင့် သူတို့ဘယ်ရောက်နေပြီလဲဆိုတာကို Track လုပ်နိုင်ပါ တယ်။ '' လို့ ဖြေဆိုခဲ့ပါတယ်။ (သူ့အင်တာဗျူးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလထုတ် စီအီးအို စီးပွားရေးနဲ့စီမံခန့်ခွဲမှုမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။)

စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းမှ ဖေဖော်ဝါရီလအနှောင်းပိုင်းနဲ့ မတ်လ တတိယပတ်အတွင်မှာ Offline လူ ၁၅၀ ဝန်းကျင်နဲ့ Facebook Poll လေးတစ်ခု (ဖြေဆိုသူ ၂၀၀ ဝန်းကျင်ခန့်) ပြုလုပ်ခဲ့ပါတယ်။ အခု ဒီစာမျက်နှာနဲ့ နောက်စာနှစ်မျက်နှာအတွင်း ဖော်ပြထားတဲ့ ဇယားတွေဟာ အဲဒီက ပါဝင်ဖြေဆိုသူတွေရဲ့ အဖြေတွေထဲက စစ်ယူထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။Offline Survey က လူတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်နဲ့ Facebook Poll ပါဝင်ဖြေဆိုသတွေရဲ့ ၅၂ ရာခိုင်နှုန်းက သူတို့ အနေနဲ့ အွန်လိုင်းက အစားအသောက်မှာယူခြင်း ဝန်ဆောင်မ့ှုကိုမသုံးဘူးလို့ပြောပါတယ်။

စံချိန်စံညွှန်းနှင့် လုပ်ထုံးလုပ်နည်းဥပဒေ၊ စည်းကမ်းကြီးကြပ်မှုများ...

နိုငံတကာမှာတော့ အွန်လိုင်းမှ အစားအသောက်ဝန် ဆောင်မှုနှင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး အမျိုးမျိုးသော ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းကွပ်ကဲ ကြပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံမှာဆိုရင် ၤFood Delivery Services လုပ်ငန်းတစ်ခု တည်ထောင်တော့မယ်ဆိုရင် မဖြစ်မနေလုပ်ရတဲ့ လိုင်စင်နဲ့ စာရင်းသွင်းရခြင်းများ၊ ခွင့်ပြုချက် ယူရခြင်းများရှိပါတယ်။ Shop Act License ၊ FASSI License (Food Safety and Standards Authority of India) ၊ Trademark Registration ၊ GST Registration (Goods and Services Tax ) ၊ Signage License စသဖြင့်ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင်လည်း Masures of the Investigation and Punishment of Illegal Conducts an Concerning Online Food Safety ဆိုပြီး E-commerce နဲ့ Online Food Safety အတွက် လုပ်ထုံးလုပ်နည်းနဲ့ စည်း မျဉ်းများ ထုတ်ပြန်ကြီးကြပ်ပါတယ်။ Online Food Delivery Services နဲ့ပတ်သက်လို့လည်း Regulation for Online Food Delivery Services ဆိုပြီး Drafted လုပ်ထားတဲ့ နည်းဥပဒေတွေရှိပါတယ်။

နောက်ပြီး Online Food ရောင်းချသူ မှန်သမျက အစားအသောက်ထုတ်လုပ်ရောင်းချခွင့်နဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ လိုင်စင်နဲ့ ၊ ဥပဒေတွေကိုလိုက်နာရပါတယ်။ Third-party Serices Provider တွေအနေနဲ့လည်း သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာတင်သမျသော အစားအသောက်ရောင်းချသူတွေနဲ့ပတ်သက်လို့ အချက်အလက်နဲ့အာခမံမှုအစုံအလင်ကို စစ်ဆေးပြီးမှသာ တင်ခွင့်ပြုရပါတယ်။ ဘာကြောင့်ဆို ဒီပလက်ဖောင်းကိုအသုံးပြုတဲ့ စားသုံးသူက ဖြစ်ပျက်သမျကို သူက တာဝန်ယူရလို့ပါ။

ဒါကြောင့် သူ့ရဲ့ပလက်ဖောင်းပေါ်တင်ထားတဲ့ အစားအသောက်ဆိုင်၊ ထုတ်လုပ်သူတွေကို ရှောင်တခင် စစ်ဆေးခြင်းလိုကိစ္စရပ်တွေကိုလည်းလုပ်ကိုင်ရပါတယ်။ အစားအသောက်သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ အစိုးရကထုတ်ထားတဲ့ဥပဒေတွေကိုလည်း လိုက်နာရပါတယ်။ တကယ်လို့ ဆိုင်တစ်ခုခုကသာ စည်း မျဉ်းချိုးဖောက်မှုတစ်ခုခုရှိနေတယ်လို့တွေ့ရင် သက်ဆိုင် ရာကို ချက်ချင်းတင်ပြရသလို၊ အဲဒီဆိုင်/ထုတ်လုပ်သူနဲ့ ပတ်သက်လို့ ဝန်ဆောင်မှုတွေကိုလည်း စားသုံးသူဆီကို မပေးဘဲ ရပ်တန့်ပစ်ရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက Ele.me ၊ Meituan-Dianping ၊ Baidu Waimai တို့လို အွန်လိုင်းအစားအသောက်ပို့ဆောင်မှုပလက်ဖောင်းတွေက ပူးပေါင်းပြီး သူတို့ပလက်ဖောင်းပေါ်က အစားအသောက် ရောင်းချသူတွေကို စစ်ဆေးကြရပါတယ်။

CFDA-China Food and Drug Administration က စားသုံးသူတွေမှာ ကိစ္စဆိုးဆိုးရွားရွားဖြစ်ခဲ့လို့ အစားအသောက်ရောင်းချသူတွေမှာ အပြစ်တစ်စုံတစ်ရာရှိမှန်းရှာဖွေတွေ့ရှိခဲ့ရင် အွန်လိုင်းအစားအသောက်ပို့ဆောင်မှုပလက်ဖောင်းတွေအနေနဲ့ ဒဏ်ကြေးယွမ်ငွေသုံးသောင်းနဲ့အထက် အတပ်ခံရနိုင်တယ်လို့ တရားဝင် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး၊ တကယ်လည်း ၂၀၁၆ခုနှစ် မတ်လအတွင်း မှာ Ele.me ကို Shanghai Municipal Food and Drug Administration က ဒဏ်ငွေ ယွမ် ၁ သိန်းနှစ်သောင်း တပ်ခဲ့ပါတယ်။

ဘယ်ပလက်ဖောင်းကတစ်ဆင့် Online Food Delivery ကိုသုံးနေကြသလဲ

ဒါကြောင့် အွန်လိုင်းအစားအသောက်ပို့ဆောင်မှုပလက်ဖောင်းတွေအနေနဲ့ သူတို့ ပလက်ဖောင်းပေါ်က အစားအသောက်ရောင်းချသူတွေနဲ့ပတ်သက်လို့ စနစ် ကျနစွာ Filing လုပ်ရတယ်၊ စိစစ်ထိန်းသိမ်းနိုင်တဲ့ နည်း ပညာစနစ်ရှိရတယ်၊ လုပ်ငန်းလိုအပ်ချက်အလိုက် စီမံခန့် ခွဲတဲ့စနစ်ကောင်းကောင်းတွေချမှတ်ရတယ်၊ လိုင်စင်နဲ့ ခွင့်ပြုချက်တွေကို ပုံမှန်စစ်ဆေးကာ ပလက်ဖောင်းပေါ်က ရောင်းချမှုတွေနဲ့ ဆိုင်တစ်ခုချင်းစီ တာဝန်ရှိသူတွေရဲ့ အ ချက်အလက်တွေကို အမြဲတမ်း Update လုပ်သိမ်းနေရ တယ်၊ ရောင်းချမှုတွေရဲ့ မှတ်တမ်းတွေကိုလည်း အနည်း ဆုံး ၂ နှစ်အထိ သိမ်းဆည်းထားရတယ်။ သယ်ယူပို့ဆောင် မှုလုပ်တဲ့အခါမှာလည်း အစားအသောက်သယ်ယူပို့ ဆောင်ခြင်းဆိုင်ရာ သက်ဆိုင်ရာအာဏပိုင်၊ ဌာနများက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်ရပါတယ်။

အရှေ့တောင်အာရှရဲ့ အွန်လိုင်းမှတဆင့် အစားအသောက် အိမ်တိုင်ရာရောက်ပို့ပေးတဲ့ဝန်ဆောင်မှု...

နိုင်ငံတကာမှာ လုပ်ငန်းရဲ့ ဈေးကွက်ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံရှိနေတယ်။ ၂၀၃၀ ပြည့်နှစ်မှာ ၃၆၅ ဘီလီယံအထိ ရှိလာနိုင်ပါတယ်။ အရှေ့တောင်အာရှမှာတော့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းအချင်းချင်း ဈေးနှုန်းကွာဟမှုတွေ ရှိနေတယ်။ ဒါဟာ ဒီလုပ်ငန်းအတွက် အဖုအထစ်ကို ဖြစ်နေတယ်။ အစားအသောက်အိမ်တိုင်ရာရောက် အွန်လိုင်းမှ တစ်ဆင့်ပေးပို့တဲ့စရိတ်စကဟာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့မှာထက် ငါးဆကနေဆယ်ဆထိများနေတယ်။ အဲဒီ နိုင်ငံတွေမှာတော့ ပေးဖို့စရိတ်က နှစ်ဒေါ်လာလောက်ပဲရှိ တယ်။ တချို့စားသုံးသူတွေဆိုရင် ငွေကြေးမပြည့်စုံလို့ အတော်လေး ခက်ခဲနေတယ်။

အထက်ပါအတိုင်း အဖုအထစ်တွေရှိနေပေမယ့် အမြတ်အစွန်းအနေနဲ့ နည်းပါးနေသေးပေမယ့် အရှေ့ တောင်အာရှရှိ လုပ်ငန်းရှင်များဟာ ဒီလုပ်ငန်းကို စတင် လုပ်ကိုင်နေကြပြီဖြစ်တယ်။ အမြတ်နည်းပေမယ့် ဝင် ငွေကောင်းနေတာကြောင့်တစ်ကြောင်း ဈေးကွက်ကျယ် ပြန့်လာနေတာကြောင့်တစ်ကြောင်း ဖြစ်ပါတယ်။ ဈေး ကွက်ဟာ အရှေ့တောင်အာရှမှာဆိုရင် ၂၀၁၈ ခုနှစ်တုန်း က အမေရိကန်ဒေါ်လာ နှစ်ဘီလီယံရှိခဲ့ရာက ၂၀၂၅ မှာ ရှစ် ဘီလီယံထိ ရှိလာနိုင်တယ်။

အွန်လိုင်းပို့ဆောင်ရေးလုပ်ငန်းကို အမျိုးမျိုးလုပ် ကိုင်ကြတယ်။ အထင်ရှားဆုံးနဲ့ အကျယ်ပြန့်ဆုံးကတော့ စားသုံးသူတွေက App များကိုသုံးကာ မှာကြားထားတဲ့ စား သောက်ကုန်တွေကို စားသောက်ဆိုင်တွေကိုယ်စားတာ ဝန်ယူစီမံလုပ်ကိုင်ပေးခြင်းဖြစ်တယ်။ ဒီအတွက် ကော်မရှင် ခ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိရကြတယ်။

နောက်လုပ်နည်းလုပ်ဟန်တစ်မျိုးကတော့ ဒီ လုပ်ငန်းကို ကန်ထရိုက်စနစ်သုံးပြီး ဆောင်ရွက်စေတာဖြစ်တယ်။ ဒီလုပ်ထုံးလုပ်နည်းအရ စားသုံးသူအတွက် စရိတ်အဖိုးအခများပါတယ်။

နောက်တစ်မျိုးကတော့ Cloud Kitchen လို့ ခေါ်ပါတယ်။ ဒီလုပ်နည်းလုပ်ဟန်မှာတော့ ဆိုင်ကို လက်လီသွားဝယ်စားတာမျိုးလုပ်လို့မရဘူး။ ဆိုင်မှာ စားသုံးသူအတွက် စားပွဲတွေ၊ ကုလားထိုင်တွေမထားဘူး။ လေအေးစက်တို့၊ လျပ်စက်မီးတို့လည်း သိပ်မလိုဘူး၊ စားပွဲထိုးတွေလည်းမလိုဘူး။ ဒီတော့ ကုန်ကျစရိတ်သက်သာတယ်။ သက်ဆိုင်ရာစားသောက်ဆိုင်မှာ စားဖိုမှူးတွေဌားပြီး ချက်ပြုတ်ကြတယ်။ နောင်အခါ မိုဘိုင်းဖုန်းတွေ အသုံးများလာကြတာကြောင့်တစ်ကြောင်း၊ အရှေ့တောင်အာရှမှာ အလုပ်တွေနဲ့ မအားမလပ်လာကြတာကြောင့်တစ်ကြောင်း၊ အခုဆို အင်တာနက်အသုံးပြုကာ စားသောက်ကုန်တွေကို အိမ်တိုင်ရာရောက်ပို့ပေးတဲ့ လုပ်ငန်းများဟာလည်း များပြားလာမှာဖြစ်ပါတယ်။

အလားအကောင်းများ...

Online Food Delivery လုပ်ငန်းများသည် ယခု မှသာ အလားအလာကောင်းလာသည်မဟုတ်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းကပင် Forbes Magazine Website တွင် Sarwant Singh ရေးသားသည့် ဆောင်းပါးတစ်ခုတွင် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာဘီလီယံ သန်း ၂၀၀ ပမာဏရှိသည့် လုပ်ငန်းနယ်ပယ်ဖြစ်လာမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဖတ်ရပါတယ်။ထိုအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖွင့်ပေးနိုင်တဲ့လုပ်ငန်းနယ်ပယ်တစ်ခုလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက အွန်လိုင်းအစားအသောက်ပို့ဆောင်မှု ဝန်ဆောင်မှုပလက်ဖောင်းကြီးတစ်ခုဖြစ်သည့် Meituan တစ်ခုတည်းက တရုတ်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ရက်ကို Food Rider ပေါင်း ၇သိန်းကိုအသုံးပြုနေရတာဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းမှာပင် ဗိုင်းရပ်စ် ဖြစ်ပွားမှုမတိုင်ခင်က အွန်လိုင်းအစားအသောက်ဝန် ဆောင်မှုလုပ်ငန်းဈေးကွက်က အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံပမာဏရှိပြီး သုံးစွဲသူပေါင်း သန်း၅၀၀ ကျော်ကို ဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း YangonNity, FoodMall, YangonDoor2Door, Food2U, Order, Jozrin , Freshgora, O2O Last Mile မှစလို့ အမျိုးမျိုးသော ပြည် တွင်းလုပ်ငန်းများရှိသကဲ့သို့ FoodPanda, GrabFood တို့လို နိုင်ငံတကာလုပ်ငန်းများ လည်းရှိပါတယ်။ တစ်ဦးချင်းစီ ဆိုင်၊ အိမ်မှကိုယ်တိုင်ချက်ပြုတ်ကာ အွန်လိုင်းပလက်ဖောင်းများမှ ရောင်းချသူများလည်း ရှိပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံများမှ လုပ်ငန်းများလောက် မဖွံ့ဖြိုးသေးသော်လည်း မြန်မာနိုင်ငံမှာလည်း အင်တာနက်အသုံးပြုမှုတိုးတက်လာတာနဲ့အမျ၊ Middle Class လူတန်းစားများပြားလာတာနဲ့အမျ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ့် ဒီလုပ်ငန်းဈေးကွက်က လက်ရှိအချိန်မှာ တော့ လုပ်ငန်းများ၊ ဝန်ဆောင်မှုပေးသူများ၊ သယ်ယူပို့ ဆောင်သူများ၊ သုံးစွဲသူများ အလုံးစုံက ကောင်းမွန်သော စံချိန်စံညွှန်းများနှင့်အတူ တစ်ပြိုင်နက်တည်း တိုးတက်လာစေဖို့ အားလုံးဝိုင်းဝန်း လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်...

အယ်ဒီတာအဖွဲ့