အသုံးပြုသူတွေရဲ့တောင်းဆိုမှုကြောင့် search result တချို့စတင်ပယ်ဖျက်ပေးခဲ့တဲ့ Google

article landscape wartermark final အမ်စတာဒမ် (AP) - Goolge က ဥရောပက အသုံးပြုသူတစ်ချို့ရဲ့တောင်းဆိုမှုကြောင့် search result တွေထဲက တစ်ချို့ရလဒ်တွေကို စတင်ဖျက်ပေးနေပြီဖြစ်ပါတယ်။ ဒါက ဥရောပသမ္မဂနိုင်ငံသားတွေရဲ့ တောင်းဆိုမှုအရ သူတို့နာမည်တွေကိုရိုက်ထည့်ရှာဖွေရာကနေ ထွက်ရှိလာတဲ့ ရှာဖွေမှုရလဒ်တွေထဲမှာ မသင့်တော်တဲ့၊ ကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ သတင်းအချက်အလက်တွေကို ဖယ်ထုတ်ပေးဖို့ တောင်းဆိုခွင့်ရှိတယ်ဆိုတဲ့ ဥပဒေအရ လုပ်ပေးရတာဖြစ်ပါတယ်။ ''Right to be forgotten'' ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ Europen Court of Justice က ရက်သတ္တပတ်ပေါင်းများစွာ ဥပဒေပြုပြီးနောက်မှာတော့ Google က အသုံးပြုသူတွေအတွက် compliant တွေ ကို ဝင်ရောက်တင်ပြနိုင်မယ့် online interface တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ Goolge ရဲ့ ပြောရေးဆိုခွင့်ရှိသူ AI Verney က ဒီတစ်ပတ်အတွင်းမှာ ကုမ္ပဏီက တချို့ရှာဖွေမှုရလဒ်တွေကို စတင်ဖျက်ပေးနေခဲ့တာဖြစ်ပြီး လုပ်ပေးဖို့ ကျန်နေသေးတာတွေရှိသေးတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ သူက ''တောင်းဆိုမှုတစ်ခုချင်းဆီကို တစ်ဦးချင်းချင့်ချိန်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့လိုပါတယ်'' လို့ ပြောပါတယ်။ Google က သူ့ရဲ့ ကိုယ်ပိုင် ရှာဖွေမှုရလဒ် page ပေါ်မှာပဲ သတင်းအချက်အလက်တွေကို ဖျက်ပေးတာဖြစ်လို့ မူရင်း website ထဲမှာရှိတဲ့ သတင်းချက်အလက်တွေပေါ်မှာတော့ ဘယ်လို ထိန်းချုပ်မှုမျိုးမှ မရှိပါဘူး။