အမ်အိုင်ဒီအက်ရောဂါ စွဲနေသလား

article landscape wartermark final5 တိုင်းပြည်တို့၏စီးပွားရေးကို စက်ယန္တရားလို ကြည့်သူက ကြည့်သည်။ ဇီဝဗေဒခန္ဓာကိုယ်ကြီးလို ကြည့်သူက ကြည့် သည်။ စီးပွားရေးဇာတ်ရုပ်တို့ကို ပုရွက်ဆိတ်အုံလို ကြည့် သူကလည်း ကြည့်သည်။ ကွန်ပျူတာခေတ်စားလာသဖြင့် တိုင်းပြည်တို့၏စီးပွားရေးကို ကွန်ပျူတာဖွဲ့စည်းပုံနှင့် ကြည့် သူတို့ကလည်း ကြည့်ကြသည်။ ယခုနောက်ဆုံးစီးပွားရေးကို လူနာလိုကြည့်ကြသည်။ ဤလို အကြည့်ကလည်း လက်တွေ့ကျဟန် ရှိသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်တိုင်းပြည်၏ စီးပွားရေးမှ ကျန်းမာရေးဒေါင်ဒေါင်မြည်နေသည်ဟု မရှိသေးသောကြောင့် ဖြစ်သည်။ အလွန်တောင့်တင်းကျန်းမာ နေသည်ဟုဆိုသော အမေရိကန်စီးပွားရေးသည်ပင်လျင် အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်။ နှာစေးနေသည်ဟု ဆိုသည်။ ထို့ကြောင့် Every economy is sick   စီးပွားရေး တိုင်းချူချာနေသည်ဟုဆိုနိုင်သည်။ ကျန်းမာသန်စွမ်းသော စီးပွားရေး (Healthy Economy)  ဟုဆိုသည့် စီးပွားရေး၊ ဤကမ္ဘာပေါ်တွင် ရှာမှရှားဖြစ်နေသည်။ ဤအမြင်ကို အခြေခံမှန်းဆချက်အဖြစ်ယူပြီးသကာလ ဖျားနာသောစီးပွား ရေးတို့တွင် ဘာရောဂါတွေစွဲကပ်နေသနည်းဟု ရောဂါရှာ ဖွေရေးကို စူးစူးစိုက်စိုက်လေ့လာကြသည်။ ဤသို့လေ့လာရာ၌လည်း အာဂန္တုရောဂါလောက်ကို အရေးမပေး၊ အခြေခံကျကျ မျိုးရိုးဗီဇသဘောလောက် ခံစားနေရသောရောဂါကြီးတို့ကိုသာ ရှာဖွေကြည့်ကြသည်။ ဘယ်လိုရောဂါကြီးစွဲကပ်နေသလဲ။ ရောဂါရှာဖွေရေးသည် ခေတ်ကာလနှင့်လည်း ကင်းရကား၊ မကင်းရရုံမျမက ရောဂါသည်ပင် ခေတ်ရောဂါဖြစ်နေရကား ခေတ်ရောဂါကို ပိုပြီး အာရုံစူးစိုက်ကြည့်ကြသည်။ သိကြသည့်အတိုင်း ခေတ်သည် သတင်းအင်ဖော် မေးရှင်းအလွန်ဆန်းကြယ်ခေတ်မီလာသောခေတ်။ အီလက် ထရွန်းနစ်ဆက်သွယ်ရေးစနစ်တို့ ဆန်းကြယ်ပျံ့နှံ့နေသော ခေတ်။ အကျိုးဆက်အားဖြင့် တစ်ကမ္ဘာလုံးဖြန့်ကြက်ဆက် နွှယ်လာသောဂလိုဘယ်လိုက်ဇေးရှင်းခေတ်။ ဤခေတ်၏ ရောဂါတစ်ရပ်ကို နိုင်ငံတိုင်းက အနည်းအများခံစားနေကြ ရပြီဟု ပညာရှင်တစ်ဦးက ထောက်ပြသည်။ ဤရောဂါကို အတိုကောက်အမ်အိုင်အီဒက်စ် (MIDS )ဟု ခေါ်သည်။ အရှည်ကောက်မှာ Microchip Immune Deficiency Syndrome  ဟူ၍ ခေါ်သည်။ တိုင်းပြည်တစ်ပြည်၏ဖွံ့ဖြိုးတိုးတက်မှုကို ဂျီဒီပီ တို့ ဘာတို့ဖြင့် တိုင်းထွာလေ့ရှိခဲ့သည်။ အခု ဤသို့ မတိုင်း၊ တိုင်းပြည်တစ်ပြည်သည် အမ်အိုင်ဒီအက်စ်ရောဂါ စွဲကပ်နေသလား၊ မနေဘူးလားဆိုသောအချက်ဖြင့် တိုင်း ထွာကြည့်သည်။ အေအိုင်ဒီအက်စ်သည် ကိုယ်ခံစွမ်းအား ကျဆင်းသောရောဂါဖြစ်သကဲ့သို့ တိုင်းပြည်တစ်ပြည်၏   စီးပွားရေး၊ ကုမ္ပဏီတစ်ခု၏စီးပွားရေး၌လည်း ကိုယ်ခံအား ကျဆင်းမှုသဘော၊ ကိုယ်ခံစွမ်းအားကျဆင်း မှုရော ရှိသည်။ ဤရောဂါကို ဖော်ပြပါစကားရပ်အတိုင်း အမ်အိုင်ဒီအက်စ် ဟု ခေါ်သည်။

မောင်သာဇုံ