အနာဂတ်ကာလ မြန်မာ့ကြော်ငြာလုပ်ငန်းတွေရဲ့ အလားအလာအပေါ် သုံးသပ်ခဲ့တဲ့ Advertising Agencies Association of Myanmar (AAAM)

AAAM1

မီဒီယာကဏ္ဍအတွက် ငွေကြေးသုံးစွဲမှု နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်းနှစ်ရာအထက်ရှိနေပြီဖြစ်တဲ့ အဆိုပါလုပ်ငန်းနယ်ပယ်ဟာ မြန်မာနိုင်ငံမှာ ပိုမိုသက်ဝင်လှုပ်ရှားလာတဲ့အပေါ်နဲ့ အနာဂတ်ကာလ မြန်မာ့ကြော်ငြာလုပ်ငန်းအလားအလာတွေအပေါ် သုံးသပ်ဆွေးနွေးကြတဲ့ဆွေးနွေးပွဲကို Adverstising Agencies of Myanmar (AAAM) မိတ်ဆက်ပွဲနဲ့အတူ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ကျင်းပခဲ့ပါတယ်။ ပွဲမှာ အမှာစကားပြောပေးသွားတဲ့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောမှုထဲက ကောက်နုတ်ချက်တချို့နဲ့အတူ Adverstising Agencies တွေကို ဦးဆောင်နေသူတွေရဲ့ Marketing Trend အပေါ်အမြင်နဲ့ ကြော်ငြာလုပ်ငန်းလုပ်ရာမှာ လိုက်နာရမယ့် Ethics တွေအကြောင်း မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

AAAM2

ပါမောက္ခဒေါက်တာအောင်ထွန်းသက်

အဓိကအားဖြင့် စီးပွားရေးအောင်မြင်ဖို့ဆိုရင် Marketing ကိုကြည့်ရပါမယ်။ အဲဒီ Marketing ရဲ့ 4P ဆိုတဲ့ အထဲက ပထမဆုံး P-Product ဆိုတဲ့ မိမိကုမ္ပဏီက ထုတ်တဲ့ပစ္စည်း၊ ပေးတဲ့ဝန်ဆောင်မှုတွေက အရေးကြီးပါတယ်။ ဒုတိယ P - Price ကတော့ ကိုယ်ရောင်းတဲ့ပစ္စည်း၊ ကိုယ်ပေးတဲ့ဝန်ဆောင်မှုဟာ မှန်ကန်ပြီး သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းရှိဖို့ လိုပါတယ်။ တတိယ P - Place ကတော့ လုပ်ငန်းအောင်မြင်ဖို့အတွက် တည်နေရာရွေးချယ်မှုက အင်မတန်အရေးကြီးပါတယ်။ နောက်ဆုံး P - Promotion ကလည်း ဒီနေ့ခေတ်မှာ မဖြစ်မနေလိုလာတယ်။ Advertising ဆိုတာ Promotion ထဲမှာ ပါပါတယ်။ အခုဆိုရင် Advertising ကို Education ဆိုပြီး စာအုပ်တချို့မှာ သုံးနှုန်းလာကြပါပြီ။

အခုဖွဲ့စည်းလိုက်တဲ့ AAAM ဟာ Professional Bodies ဖြစ်ရမယ်။ ပညာရှိပြီး စနစ်ကျရမယ်။ Lobby Group ဖြစ်ရမယ်။ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်တွေမှာ Advertising ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို တင်ပြနိုင်ရမယ်။ နောက်ပြီး AAAM ဟာ Business Association ဖြစ်ဖို့လိုတယ်။ ဒီအဖွဲ့မှာ Mission ၊ Vision ရှိတယ်။ ဒါကို ထပ်ဖြည့်ချင်တာက Value ထည့်ဖို့ပါ။ Advertising မှာ Value ရှိရမယ်။ စစ်မှန်ဖြောင့်မတ်တဲ့၊ တည်ကြည်တဲ့ Advertising Agencies တွေ ဖြစ်စေချင်တယ်။ Ethical Standard ကို ထိန်းစေချင်တယ်။ နောက်ပြီး အဖွဲ့မှာပါဝင်သူတွေကို ကြည့်တဲ့အခါ Agencies တွေသာမဟုတ်ဘဲ Agencies မှာ အလုပ်လုပ်တဲ့သူတွေကိုလည်း ထည့်ပြီးစဉ်းစားဖို့လိုပါတယ်။ Stake holders တွေ အကုန်ပါဖို့လိုတယ်။ ကိုယ့် Industry ထဲက လူတွေသာမဟုတ်ဘဲ Media တွေ ပါတယ်။ ကြော်ငြာမယ့် Client တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေလိုတယ်။ နောက်ပြီး Registration ၊ Taxation တွေလည်း စဉ်းစားရမယ်။ ဒီ Agencies တွေ အကုန်လုံးကို Tax ဘယ်လိုကောက်သလဲဆိုတာ မသေချာသေးဘူး။ အခုဆိုရင် လူတိုင်းက Smart Phone တွေ ကိုင်လာကြတော့ Stake-holders ဆိုတာ ပိုပြီးတော့ ကျယ်ပြန့်လာပါတယ်။ နောက်ဆုံးမေးခွန်းတစ်ခုကတော့ AAAM အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းပါ။

မြန်မာနိုင်ငံမှာရှိတဲ့ Industy အားလုံးဟာ ကိုယ့်ရှိတဲ့ ပိုင်မုန့်လေးကို ရသလောက်ပါအောင် လှီးနေကြတယ်။ တကယ်တော့ အဲဒီပိုင်မုန့်ကြီး ကြီးအောင် လုပ်ဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ ရှိတာလေးကိုပဲ ကိုယ့် Industry က ဘယ်လောက်ရမယ်၊ သူ့ Industry က ဘယ်လောက်ရမယ်ဆိုတာမျိုး ပြိုင်နေရင် မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် Advertising Industy ကို ကြီးအောင် လုပ်ပေးပါ။ အဲဒီလိုလုပ်တဲ့အခါ Networking က အရေးကြီးပါတယ်။ AAAM ကို Regional နဲ့ Global မှာရှိတဲ့ Advertising Agencies တွေနဲ့ ချိတ်ဆက်ရပါမယ်။ နောက်ပြီး Visibility ရှိဖို့ လိုတယ်။ ကိုယ်လုပ်တာကိုသိအောင် လုပ်ရမယ်။ ကြော်ငြာသမားတွေဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်းကြော်ငြာတတ်ရမယ်။ နောက်ပြီး Agencies တွေက Advertising Capacity ကို မြှင့်ပေးပါ။ Academic ဘက်ကိုလည်း မမေ့ပါနဲ့။ Advertising လုပ်နေတဲ့ ဝန်ထမ်းတွေအတွက် Capacity Development Program တွေ လုပ်ပေးပါ။ နောက်ပြီး အသင်းအဖွဲ့လုပ်တဲ့အခါ Conflict of Interest ရှိနိုင်ပါတယ်။ Association အလုပ်နဲ့ မိမိကိုယ်ပိုင် Agency အလုပ်ကို ခွဲထားဖို့လိုပါတယ်။ ကောင်းမွန်တဲ့ Corporate Governance ရှိရပါမယ်။ ဒီအသင်းကြီးမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသဖြင့် တာဝန်ယူထားတာရှိမယ်။ ဒါတွေကို စနစ်တကျ ဖွဲ့ပေးပါ။ Rotation လည်းလုပ်ပေးပါ။ နောက်ပြီး ဒီအသင်းကြီးက ကိုယ့်အသင်းဝင်တွေကို ဘာပြန်ပေးနိုင်မှာလဲဆိုတာ စဉ်းစားပေးပါ။

AAAM3

ဒေါက်တာသာထွန်းဦး

President

Advertising Agencies Association of Myanmar

အသင်းတည်ထောင်ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ . . .

ကျွန်တော်တို့ ဒီနေ့ပွဲက အဓိကတော့ မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များအသင်း မိတ်ဆက်တာပါ။ ဘာလို့ ဒီအသင်းကိုဖွဲ့စည်းတည်ထောင်ရလဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ Marketing ၊ တစ်နည်းအားဖြင့် Advertising Industry ဟာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာက နောင်မျိုးဆက်တွေမှာ ဒီ Marketing ၊ Advertising Career ကို လေးလေးစားစားနဲ့ လုပ်တတ်လာဖို့ ရှေ့ရောက်နေတဲ့ ကျွန်တော်တို့မှာ တာဝန်ရှိတဲ့အလျောက် Program တွေ၊ Plan တွေ ဝိုင်းပြီးတော့ Setup လုပ်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအသင်းကို တည်ထောင်တာပါ။ အဓိကကတော့ ကျွန်တော်တို့ Industry ကို International Standard Practice တွေ ဖြစ်လာစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

Marketing Trend တွေနဲ့ Local Capacity နဲ့ပတ်သက်လို့ . . .

Marketing Trend ကတော့ လက်ရှိမှာတော့ နိုင်ငံတကာအဆင့်ကိုတော့ တဖြည်းဖြည်း ဝင်လာပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Capacity ၊ အထူးသဖြင့် Local ရဲ့ Capacity အားနည်းနေပါသေးတယ်။ Marketing Trend က ဘာလို့ နိုင်ငံတကာအဆင့်ကို ဝင်လာတာလဲဆိုတော့ လာတဲ့ Client တွေက နိုင်ငံတကာ Client တွေ ဖြစ်သွားပြီဆိုတော့ သူတို့ Expectation က ဘယ်နေရာရောက်ရောက် သူတို့မှာ Standard က တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ Local တွေအနေနဲ့ မဖြည့်ဆည်းနိုင်တာတွေ ရှိသေးတဲ့အတွက်ကြောင့် Expatriats အများကြီး တဖြည်းဖြည်း နေရာဝင်ယူလာတာကိုလည်း တွေ့နေရပါတယ်။ သူတို့ဆီက ကျွန်တော်တို့ လူငယ်တွေ ပညာတွေယူရင်းနဲ့ တဖြည်းဖြည်း တည်ဆောက်သွားရမယ်လို့ ကျွန်တော် မြင်ပါတယ်။

AAAM4

ဒေါ်နန်းနွယ်လှိုင်

Managing Director

Future Com.

Agency တွေရဲ့ ကြိုးစားအားထုတ်မှုအပိုင်းနဲ့ ပတ်သက်လို့ . . .

အခုအချိန်မှာ အားလုံးက Testing Period ပဲရှိပါသေးတယ်။ ဒါကြောင့် ကျွန်မတို့တွေအားလုံးက စိတ်ရှည်လက်ရှည်နဲ့ကို တိုင်းပြည်တိုးတက်လာနိုင်ဖို့ နိုင်ငံတကာဖောက်သည်တွေ ဝင်လာနိုင်ဖို့ကို ကျွန်မတို့တိုင်းပြည်ရဲ့ အတွင်းကျကျ သတင်းအချက်အလက်တွေပေးပြီးတော့ သူတို့တွေကို Welcome လုပ်နေတဲ့အချိန်ဖြစ်တယ်။ အဲဒီ Trend ကတော့ ပြောင်းနေတယ်။ အရင်တုန်းကတော့ ကျွန်မတို့ပြောတဲ့ စကားအတိုင်းပဲ သူတို့က ဘာမှပြောင်းပြီး လုပ်ပိုင်ခွင့် မရှိပါဘူး။ အခုတော့ နိုင်ငံတကာ Exposure တွေ အများကြီးဝင်လာတဲ့အခါမှာ Strategy တွေ အများကြီးပါလာပြီ။ Meeting တွေတက်နေလို့ တအားအလုပ်တွေ များနေတဲ့လူတွေအကုန်လုံးက သိပ်အလုပ်ကောင်းနေတာတော့ မဟုတ်ဘူး။ ကျွန်မတို့ ကြိုးစားပြီးတော့ ကျွန်မတို့ရဲ့ Local Insights တွေကို Sharing လုပ်နေကြတာပါ။ သူတို့လည်း နားလည်ပြီးတော့ တစ်နေ့တစ်ချိန်ကျရင် ကိုယ်တွေနဲ့အတူတူ အလုပ်လာပြီးတော့ လုပ်နိုင်အောင် ကြိုးစားနေတဲ့ Trend ကြီး ဖြစ်တဲ့အတွက်ကြောင့် Trial Trend လို့ ပြောရပါမယ်။ သူတို့တွေအနေနဲ့လည်း ကိုယ်တွေကိုလာပြီးတော့ Testing လုပ်နေတဲ့အချိန်ဖြစ်တာကြောင့် ကြိုးစားနေရတဲ့အချိန်  ဖြစ်ပါတယ်။

AAAM5

ဦးအောင်ကျော်ဦး

Managing Director

Coca Media

Advertising Agency တွေက ကိုယ့်ရဲ့ Client တွေအတွက် Advertising လုပ်ပေးတဲ့အခါ လိုက်နာရတဲ့ Ethics တွေကို ပြောပြပေးပါ . . .

Ethics ပိုင်းကိုပြောရမယ်ဆိုရင် ရှင်းရှင်းလေးပါပဲ။ ကလေးတွေနဲ့ပတ်သက်တဲ့ စားသောက်ကုန်အကြောင်း ကျွန်တော်တို့က Message ပေးမယ်ဆိုရင် ဒီကုန်ပစ္စည်းက ဆိုးဆေးတွေ အများကြီးပါဝင်ပြီး မကောင်းဘူးဆိုပါစို့။ ဒါကို ကျွန်တော်တို့က သိရက်သားနဲ့ တမင်ကို ရောင်းကောင်းဖို့၊ ကိုယ့်တာဝန်ပြီးမြောက်ဖို့ပဲ ကြော်ငြာလုပ်လိုက်မယ်ဆိုရင် လုပ်တဲ့သူမှာ တာဝန်မကင်းပါဘူး။ နောက်ပြီး ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို သိရက်နဲ့ ဖောက်ဖျက်ပြီး မလုပ်သင့်ပါဘူး။ Ethics ဆိုတာကတော့ တအားကို ကျယ်ပြန့်ပါတယ်။ မလုပ်သင့်တာကို မလုပ်တာကတော့ Ethics ပါပဲ။ Ethics ကို မလိုက်နာတဲ့အတွက်ကြောင့် ဘယ်သူကမှတော့ ကိုယ့်ကိုတရားစွဲလို့မရဘူး။ ဥပဒေနဲ့ အရေးယူလို့မရဘူး။ ဒါပေမဲ့ Ethics ကို လိုက်နာတဲ့သူနဲ့ မလိုက်နာတဲ့သူက ရေရှည်မှာတော့ ကိုယ့်ကိုယ်ကိုယ် ရိုသေမှု၊ ကိုယ်ကျင်လည်တဲ့ ဝန်းကျင်မှာ ကိုယ့်ကိုလေးစားမှုတွေအပေါ်မှာ ကွာခြားသွားမှာပါ။ Ethics ကို မလိုက်နာမိတာက နှစ်မျိုးရှိနိုင်ပါတယ်။ တစ်မျိုးကကိုယ် Ethics မသိလို့နဲ့ နောက်တစ်မျိုးကတော့ သိသိကြီးနဲ့ လုပ်တာပေါ့။ မသိလို့လုပ်တာကတော့ သူသိသွားရင် သူ ရှောင်မှာပေါ့။ သိသိကြီးနဲ့လုပ်တာကျတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တဲ့အတွက်ကြောင့် သူ့ကိုကျတော့ ပြောရခက်ပါတယ်။

AAAM6

ဦးအောင်သူရ

Chief Strategist

Ignite Marketing

Communications

အသင်းတည်ထောင်ဖွဲ့စည်းတာနဲ့ပတ်သက်လို့ . . .

ကျွန်တော်တို့ရည်ရွယ်ချက်တွေထဲက တစ်ခုလည်းဖြစ်သလို ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Advertising နဲ့ပတ်သက်လို့ ကျွမ်းကျင်မှုရှိသူတွေ ပိုများလာအောင်၊ ဒီလုပ်ငန်းကိုလည်း လူတွေပိုစိတ်ဝင်စားလာအောင် ဘွဲ့ရပြီးစလူငယ်တွေပဲ ဖြစ်ဖြစ် Advertising မှာ လုပ်ချင်ပါတယ်ဆိုတဲ့ Sense တစ်ခုကို ကျွန်တော်တို့ ပေးချင်ပါတယ်။ ဒီအလုပ်ကလည်း Career Path တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ ဥပမာအနေနဲ့ အစိုးရဝန်ထမ်း၊ ဆရာဝန် စသဖြင့်တို့ဘက်မှာ တိုးတက်ရာလမ်းကြောင်းကို ပြပေးမယ့် ဦးလေးတွေ၊ အဒေါ်တွေ စသဖြင့် ရှိတယ်။ ဒီဘက် Advertising ဘက်ဆိုရင် တိုးတက်ရာလမ်းကြောင်းကို မမြင်တတ်ကြပါဘူး။ ဒါကြောင့် ဒါကအလုပ်တစ်ခုဖြစ်တယ်၊ အသက်မွေးဝမ်းကျောင်းလည်း ဖြစ်ပါတယ် ဆိုတာကို ပြချင်ပါတယ်။

Marketing Trend တွေအနေနဲ့ ပတ်သက်လို့ . . .

အဓိကပြောင်းသွားတာကတော့ ရွေး ချယ်မှုတွေ ပိုများလာတယ်။ ရွေးချယ်စရာတွေရှိလာတော့ တွေဝေမှုတွေ ဖြစ်လာပါတယ်။ ကိုယ်ကတော့ မီဒီယာလုပ်ငန်းလုပ်ချင်တယ်ဆိုရင် အရေးကြီးတာက ကိုယ့်မီဒီယာကို စာဖတ်သူတွေ စားသုံးသူတွေ လိုအပ်ချက်အတိုင်း အနည်းနဲ့အများသိပြီးတော့ Relevant ဖြစ်တာတွေ သူတု့သိချင်တာ၊ ကြားချင်တာ၊ မြင်ချင်တာကို ဖော်ထုတ်ပေးဖို့လည်း လိုပါတယ်။ Popular ဖြစ်လာမယ့် မီဒီယာတွေကတော့ စားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို Address လုပ်ပေးနိုင်သူတွေ ဖြစ်မယ်ဆိုတဲ့ Trend တစ်ခုတော့ ရှိပါတယ်။ ကြော်ငြာသမားတွေဘက်ကျတော့ အဲဒီမီဒီယာတွေထဲမှာ စားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို သိအောင်လုပ်ရပါမယ်။ ဒုတိယတစ်ခုကတော့ Insigthtful ဆိုတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့က ပရိသတ်ရဲ့ အခြေအနေ၊ ပရိသတ်ရဲ့အမြင်၊ ပရိသတ်ရဲ့ လိုအပ်ချက်ကို နားလည်အောင် ယူထားတာ ဖြစ်ပါတယ်။ အဲဒီလိုယူထားပြီးတော့မှ သူတို့လိုချင်တဲ့ Message အဖြစ် ကိုယ့်ဆီမှာ ကြော်ငြာလာအပ်တဲ့ Advertiser တွေရဲ့ Message တွေကို ထုတ်ပေးဖို့ လိုပါတယ်။ အဓိက Trend ကတော့ ကျွန်တော်တို့ မြန်မာ User တွေကလည်း လွန်ခဲ့တဲ့ သုံးလေးနှစ်ကထက်စာရင် ပိုပြီးတော့ Smart ဖြစ်လာပါပြီ။ ကြော်ငြာတယ်ဆိုရင် သူတို့ကို ကြော်ငြာနေမှန်းသိတယ်။ ဒါကြောင့် အရင်တုန်းကလိုမျိုး တည့်ကြီးကြော်ငြာမယ်ဆိုရင် Brand အတွက်က ကောင်းမှာမဟုတ်ပါဘူး။ အခုအချိန်မှာ စားသုံးသူတွေ ပိုပါးနပ်လာပြီ။ လိုအပ်ချက်တွေလည်း များလာပါတယ်။ အဲဒါကြောင့် သူတို့ရဲ့လိုအပ်ချက်တွေကို ပိုပြီးတော့ ဖြည့်ဆည်းပေးနိုင်အောင် မလုပ်ရင် အေဂျင်စီပဲဖြစ်ဖြစ်၊ မီဒီယာပဲဖြစ်ဖြစ် အခက်အခဲတွေ ရှိမယ်လို့ ပြောချင်ပါတယ်။

AAAM7

ဒေါ်ခင်မြတ်သူ

General Manager

Young & Rublicam

Advertising

(Y&R Yangon)

Advertising Agency တွေက ကိုယ့်ရဲ့ Client တွေအတွက် Advertising လုပ်ပေးတဲ့အခါ ဘယ်လို Ethics တွေကို လိုက်နာရပါသလဲ . . .

Advertising လုပ်ပေးတဲ့အခါ ကုန်ပစ္စည်းတစ်ခုတည်းကို မကြည့်ဘဲ၊ ကောင်းကြောင်းတစ်ခုတည်းကိုပဲ မပြောဘဲ စားသုံးမယ့်သူတွေကို အဆိပ်အတောက်မဖြစ်စေတဲ့ ကြော်ငြာမျိုးကို လုပ်ရပါတယ်။ နားလည်မှု ထင်ယောင်ထင်မှား ဖြစ်စေတာမျိုးလည်း မလုပ်ရပါဘူး။ နောက်ပြီး ကိုယ့်ရဲ့ Competitors ကို မထိခိုက်စေတဲ့ အသုံးအနှုန်းတွေကို သုံးရပါတယ်။ ကိုယ့်ကုန်ပစ္စည်းတစ်ခုတည်း၊ ကိုယ့် Brand တစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး။

ဒါကြောင့် ကျွန်မတို့က Concept စထုတ်ကတည်းက အစစအရာရာ ထည့်သွင်းစဉ်းစားရတယ်။ နောက်ပြီး ကျွန်မတို့က Consumer Insight နဲ့ Market Insight ကို အရင်ဆုံးဖော်ထုတ်တယ်။ Consumer Insight ဆိုတာက Consumer တွေက ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲမယ်ဆိုရင် ဘယ်လိုမျိုး လုပ်လေ့လုပ်ထရှိသလဲဆိုတဲ့ Behaviour နဲ့ ဒီကုန်ပစ္စည်းကနေ သူတို့ဘာတွေမျှော်လင့်တယ် ဆိုတာကို နားလည်အောင် လုပ်တယ်။ Market Insight ကကျတော့ သူ့ရဲ့ Market ထဲမှာ ရှိတဲ့ Competitor Competitor တွေက ဘာတွေလုပ်နေသလဲ၊ မျိုးတူကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့အခါ ဘယ်လို Information တွေကို ပေးသလဲဆိုတာတွေကို ကြည့်ရတယ်။ ပြီးတဲ့အခါ ကိုယ့် Brand ကကော ဘယ်လို Message တွေ ပေးချင်တာလဲ၊ ဘယ်လို Positioning နဲ့ သွားချင်တာလဲ၊ Competitor တွေနဲ့မတူဘဲ ဘယ်လို Benefit တွေကို ပေးချင်တာလဲ စတာတွကို ခြုံငုံသုံးသပ်ပြီးတော့မှ Concept ထုတ်ကတည်းက၊ Script ရေးကတည်းက စဉ်းစားပြီးလုပ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် လိုက်နာရမယ့် Ethics တွေကနေ မသွေဖည်တော့ပါဘူး။ နောက်ပြီး မြန်မာနိုင်ငံက ဓလေ့ထုံးစံတွေကို လိုက်နာတဲ့နိုင်ငံဖြစ်တယ်။ အဲဒီဘောင်ထဲလည်း ဝင်အောင် ထည့်ပြီး စဉ်းစားဖို့လိုတယ်။

အယ်ဒီတာအဖွဲ့