တရုတ်တိုင်ပေနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Foxconn ဟာ တရုတ် နိုင်ငံအပြင် အခြားနိုင်ငံတွေမှာ တိုးချဲ့ ထုတ်လုပ်တဲ့အနေနဲ့ အင်ဒိုနီးရှားမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမယ့် စာချုပ်ချုပ်ဆိုခဲ့ တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံ မှုကို အခြားဒေသတွေထက် အခြေခံ အဆောက်အအုံ ပိုမိုကောင်းမွန်တဲ့ ဂျကာတာနယ်နိမိတ်အတွင်းမှာ ပြု လုပ်သွားမှာ ဖြစ်တယ်။ သုံးနှစ်ကနေ ငါးနှစ်အတွင်း အပြီးသတ်ရင်းနှီးမှုပြု လုပ်တဲ့အခါမှာ သုတေသနနဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်း၊ လျပ်စစ်ပစ္စည်း ဆော့ဖ်ဝဲ ဒီဇိုင်း၊ အင်တာနက်စီးပွားရေးလုပ် ငန်းနဲ့ လျပ်စစ်ပစ္စည်းထုတ်လုပ်တပ် ဆင်မှုလုပ်ငန်းနယ်ပယ်တွေ ပါဝင်မယ် လို့ သိရပါတယ်။ Apple ၊ Sony နဲ့ Nokia တို့လို ကုမ္ပဏီတွေအတွက် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ Foxconn ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေဟာ ဗီယက် နမ်၊ ဘရာဇီးနဲ့ မက္ကဆီကိုတို့အပါ အဝင် နိုင်ငံပေါင်းဆယ်နိုင်ငံမှာ တည် ရှိနေပါတယ်။ Ref : CNA