လူငယ်နှင့် ခြေလှမ်းများ

YoungerandSteps1

၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်နဲ့ ၂၆ ရက်တွေမှာ လူငယ်များရဲ့ Business Idea ပြိုင်ပွဲကို Steps က ဦးဆောင်ဦးစီးပြုလုပ်ခဲ့ပါတယ်။ Steps - Social Entrepreneur Community for Myanmar Youth အဖွဲ့ဟာ မြန်မာနိုင်ငံက ကျောင်းသားလူငယ်သုံးဦး၊ ဂျပန်နိုင်ငံက ကျောင်းသားလူငယ်သုံးဦးတို့ စုစည်းဖွဲ့တည်ထားတာပါ။ မတ်လ ၂၃ ရက်နေ့က အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်းရှိကြတဲ့ လူငယ်အဖွဲ့ ၁၆ ဖွဲ့လောက်ဟာ Strategy First သင်တန်းကျောင်းမှာ Idea Contest ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးယှဉ်ပြိုင်နိုင်ဖို့ အဖွဲ့ခြောက်ဖွဲ့ ရွေးချယ်ခဲ့ပါတယ်။ ပထမနေ့မှာတော Sunflower မှ ဒေါ်ဖြူအိသိန်းနဲ့ Strategy First က ဦးအောင်ချစ်ခင်တို့က Guest Speaker များအဖြစ် ပြုလုပ်ပေးခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ UMFCCI rSm Final Pitch ကိုပြုလုပ်ခဲ့ကာ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က လူငယ်တွေအတွက် အကြံပြုဟောပြောပေးခဲ့ပါတယ်။ နောက်ဆုံးရွေးချယ်ပွဲမှာ Judge များအဖြစ် Strategy First က ဦးအောင်ချစ်ခင်၊ Linkage မှ Ms Khin ၊ SIM rS Mr Klaus ၊ Sunflower က ဒေါ်ဖြူအိသိန်းနဲ့ Proximity Designs မှ ဦးစိုင်းဟန်လင်းတို့က ပြုလုပ်ပေးခဲ့ပါတယ်။ ပွဲမှာ Oculous အဖွဲ့မှ အနိုင်ရရှိခဲ့ပြီး ဆုအဖြစ် ဂျပန်နိုင်ငံမှာ မေလ ၁၃-၁၄ ရက်တွေမှာ ကျင်းပမယ့် Slush Asia 2016 မှာ စရိတ်ငြိမ်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

ဒီပွဲကို Strategy First နဲ့ UMFCCI တို့မှ Venue Sponsor ၊ City Mart Holding Co Ltd ၊ YOMA Strategic Holdings ၊ Mr Kazuhiro ၊ SIM စတဲ့ အဖွဲ့အစည်းအသီးသီးမှလည်း ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုသိချင်ရင်တော့ https://www.facebook.com/STEPS-Social-Entrepreneur-Community-for-Myanmar-Youth-1755359081361024/ မှာ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ ပွဲနဲ့ပတ်သက်ပြီး Media ပိုင်းကို တာဝန်ယူထားသူ ကိုဇော်မျိုးမင်းကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

[caption id="attachment_25506" align="alignnone" width="720"]Photo Credit: STEPS-Social-Entrepreneur-Community-for-Myanmar-Youth[/caption]

ဇော်မျိုးမင်း @ John Harry

Committee Member

Steps

ကျွန်တော်တို့ Steps က ဂျပန်မှာလုပ်မယ့် Slush Aisa Business Idea Competition ဆိုတဲ့ ပြိုင်ပွဲကြီးကို မြန်မာက လူငယ်တွေ ဝင်ပါစေချင်တဲ့အတွက် မြန်မာနိုင်ငံက လူငယ်သုံးယောက်ရယ် ဂျပန်နိုင်ငံက လူငယ်သုံးယောက်ရယ် ပူးပေါင်း Committee ဖွဲ့ပြီး လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ မြန်မာအဖွဲ့က Social Enterprise Idea Contest ပွဲလုပ်ပြီး အနိုင်ရတဲ့အသင်းကို ဂျပန်နိုင်ငံကို စရိတ်ငြိမ်းအရောက်ပို့ပေးပါတယ်။ ဟိုဘက်က ဂျပန်အဖွဲ့ကတော့ အနိုင်ရတဲ့အသင်းကို ဂျပန်နိုင်ငံမှာ မေလ ၁၃ ၁၄ ရက်တွေမှာ ကျင်းပမယ့် Slush Asia 2016 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အစစအရာရာ တာဝန်ယူပေးတာဖြစ်ပါတယ်။

ရွေးတဲ့အခါမှာ Idea တွေကိုကြည့်ပါတယ်။ Idea တွေက အပြင်မှာ တကယ်အသုံးတည့်ရဲ့လား၊ အကောင်အထည်ဖော်မှုပိုင်း ဘယ်လောက်အတိုင်းအတာအထိရှိလဲ၊ အချိန်အတိုင်းအတာ ဘယ်လောက်မှာ ဒီ Idea ကို အကောင်အထည်ဖော်နိုင်မလဲ၊ ဒီ Idea ရဲ့ Impact ကဘယ်လောက်ရှိပြီး ကျွန်တော်တို့ Community မှာ Social Change ဘယ်လောက်ဖြစ်သွားမလဲ စတာတွေကို ကြည့်ပါတယ်။

[caption id="attachment_25505" align="alignnone" width="720"]Photo Credit: STEPS-Social-Entrepreneur-Community-for-Myanmar-Youth[/caption]

ပထမရတဲ့အဖွဲ့ကို Slush Aisa ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပြီး ဒုတိယ ရတဲ့အဖွဲ့ကိုတော့ Social Impact Myanmar - SIM လုပ်တဲ့ Course တွေကို Free တက်ခွင့်ပေးမှာ ဖြစ်ပါတယ်။ တတိယဆုရတဲ့လူတွေကတော့ Seminar တွေ၊ Workshop တွေမှန်သမျှကို အခမဲ့တက်ခွင့်ရမှာဖြစ်သလို SIM ရဲ့ ရုံးခန်းမှာ ပွဲလုပ်ချင်ရင် အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေအားလုံးကိုလည်း အသိအမှတ်ပြု Certificate တွေ ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ စလုပ်ခဲ့တဲ့ ဒီလိုပွဲတွေကို နောက်နှစ်တွေကျရင် ကျွန်တော်တို့နေရာမှာ Winning Team လို အဖွဲ့တွေကလည်း ဂျပန်မှာ ပြိုင်ပွဲပြီးလို့ ပြန်လာရင် ရလာတဲ့အတွေ့အကြုံတွေနဲ့ပြန်ပြီး ဦးဆောင်လုပ်ကိုင်သွားနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ နှစ်တိုင်း မြန်မာနိုင်ငံကနေ Slush Aisa ပြိုင်ပွဲကို ဝင်ပြိုင်နိုင်ဖို့ ကျွန်တော်တို့ Steps ကနေ အရှိန်ယူ အစပြုလိုက်တာပါ။

ဖြူလဲ့မွန်