လက်လီကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခြင်း

2အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်မြို့ UMFCCI မှာ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းရဲ့မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ၅ ကြိမ်မြောက်နှစ်ပတ်လည် အခမ်းအနားနဲ့ ပဉ္စမအကြိမ်နှစ်ပတ်လည်အထိမ်းအမှတ် လက်လီလုပ်ငန်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speech ပြောကြားခဲ့ပါတယ်။ ဒါအပြင် Future of Franchising နဲ့  How  E-Commerce is Driving Retail Industry စတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာမြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ ဆွေးနွေးပွဲအဖွင့်အမှာစကားထဲမှ တချို့ကို ကောက်နုတ်ပြထားချက်နဲ့အတူ သူ့ကို မေးမြန်းထားတဲ့ လက်လီလုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့တဲ့အပေါ် အမြင်နဲ့ လက်လီလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေသလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာအလိုက် အသင်းအနေနဲ့ ဘယ်လိုကူညီထောက်ပံ့မှုတွေ လုပ်ပေးနေလဲ စတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

1

ဒေါ်ဝင်းဝင်းတင့်

ဥက္ကဋ္ဌ 

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ငါးကြိမ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်ဟောပြောပွဲမှ အသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်၏ အမှာစကား ကောက်နုတ်ချက်

လက်လီလုပ်ငန်းကဏ္ဍဟာ ကျွန်မတို့နိုင်ငံရဲ့ GDP ရဲ့ ၁၈ ရာခိုင်နှုန်းခန့်အထိ ပါဝင်တဲ့ကဏ္ဍဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အလွန်အရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ လက်လီရောင်းချသူပေါင်း သုံးသိန်းခန့်ရှိနေတယ်လို့ ကျွန်မတို့  စာရင်းပြုစုထားတာဖြစ်ပါတယ်။ လက်လီလုပ်ငန်းပေါင်း သုံးသိန်းကိုမှီခိုသူ မိသားစုပေါင်း တစ်သန်းခန့်ရှိနေတဲ့ လုပ်ငန်းကဏ္ဍဖြစ်ပါတယ်။ အလွန်ကျယ်ပြန့်တဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဒီ Retail စီးပွားရေးအနေနဲ့ Industry အနေနဲ့ ကျယ်ပြန့်တဲ့လုပ်ငန်းဖြစ်သလို Retail လုပ်ငန်းဆိုတာ စားသုံးသူနဲ့ထိစပ်ပြီးတော့ ဝန်ဆောင်မှုပေးနေရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် စားသုံးသူတွေရဲ့စိတ်ကျေနပ်မှုတွေကို ပုံဖော်ပေးနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ လူနေမှုပုံစံကောင်းတွေကိုလည်း တစ်နည်းတစ်ဖုံအားဖြင့် ဖောထုတ်ပေးနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကုန်သွယ်မှုကဏ္ဍကို မြှင့်တင်ပေးနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းကိုမြှင့်တင်ပေးနိုင်တဲ့ လုပ်ငန်းဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းနဲ့ SME Development တွေကို အများကြီးပံ့ပိုးပေးနိုင်တဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ အင်မတန်အရေးကြီးတဲ့ ဒီကဏ္ဍကိုကိုယ်စားပြုနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းဆိုပြီး လက်လီလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ Founding Member ၁၂ ဦးနဲ့ ကျွန်မတို့ စတင်ဖွဲ့စည်းခဲ့ ပါတယ်။ လက်လီ Member ၁၂ ဦးကနေ အခုဆိုရင် မြန် မာတစ်နိုင်ငံလုံးမှာ ရန်ကုန်တိုင်းအပြင် ပြည်နယ်နဲ့ တိုင်း ခြောက်ခုမှာ လက်လီလုပ်ငန်းရှင်ပေါင်း ၁,၅၀ဝ ကျော်နဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ လက်လီရောင်းချသူများ အသင်း ၂၀၁၂ ကနေ စတင်ဖွဲ့စည်းပြီးခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်းမှာ လက်လီကဏ္ဍဟာ အများကြီးပုံစံပြောင်းလာတာကို ကျွန်မတို့တွေ့မြင်ရမှာဖြစ်ပါတယ်။ ပုံစံပြောင်းလဲလာတဲ့အပိုင်းတွေဟာဆိုရင် လက်လီလုပ်ငန်းတွေဟာ အရင်တုန်းကတော့ သမားရိုးကျမိရိုးဖလာလုပ်တဲ့ လုပ်ငန်းအမြင်မျိုးကနေပြီးတော့ လက်လီလုပ်ငန်းတွေဆိုတာ စနစ်တကျဆောင်ရွက်လို့ရတဲ့ လုပ်ငန်းဖြစ်တယ်၊ စနစ်တကျဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာကို ပိုပြီးသိမြင်လာကြပါတယ်။ ဒီလိုသိမြင်လာတဲ့အပြင် တစ်ဖက်ကနေ လူနေမှုပုံစံပြောင်းလဲလာတယ်၊ စီးပွားရေးတွေ ပြောင်းလဲလာတဲ့အပေါ်မှာ လက်လီလုပ်ငန်းပုံစံအသစ်တွေ နောက်ပိုင်းမှာ အားကောင်းကောင်းနဲ့ ဖြစ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့အပါအဝင်မြို့ကြီးတွေမှာဆိုရင် လက်လီလုပ်ငန်းပုံစံအသစ်တွေ၊ Shopping Centre ၊ Supermarket တွေ ၊ Departmental Store တွေ၊ Special Chain Store တွေ ဖက်ရှင်ဆိုင်တွေ အများကြီးက လွန်ခဲ့တဲ့ခြောက်နှစ်မှာ အရှိန်နဲ့ထွက်ပေါ်လာတာဖြစ်သလို တစ်ဖက်ကနေလည်း Convenience Store တွေ လိုမျိုး ဆိုင်အသေးတွေပုံစံနဲ့လည်း  Chain Store ပုံစံတွေနဲ့ လုပ်လာကြတာကိုလည်း အများကြီးတွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် အခုဆိုရင် Franchising ပုံစံမျိုးတွေနဲ့ ပြောင်းလဲလာတာကိုလည်း တွေ့လာမှာဖြစ်ပါတယ်။နောက်သိပ်ကို သတိပြုမိစရာကောင်းတဲ့ ပြောင်းလဲမှုတစ်ခုကတော့ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ နည်းပညာတွေပိုပြီးတော့ ထွန်းကားလာတဲ့နောက်ပိုင်းမှာ Socail Media ကနေပြီးတော့ Facebook ကနေ ဆိုင်အသေးအကြီး ပုံစံပေါင်းစုံနဲ့ Online ပေါ်မှာ ရောင်းချလာနေတာလည်း တွင်ကျယ်လာတာကို တွေ့မြင်ရပါတယ်။ ဒီလိုပြည်တွင်း က လက်လီကဏ္ဍမှာ တိုးတက်ပြောင်းလဲမှုတွေအများ ကြီးရှိနေတဲ့အပြင် ပြည်ပမှာလည်း နည်းပညာတွေ ပြောင်းလဲမှုကြောင့် လက်လီကဏ္ဍမှာအများကြီး ပြောင်းလဲနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြည်ပမှာရော Modern Trade လို့ခေါ်တဲ့ ခေတ်မီလက်လီရောင်းချမှုပုံစံအသစ်တွေက အခုဆိုရင်ပုံစံဟောင်းတွေအနေနဲ့ ပြောင်းလဲလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုင်အကြီးကြီးတွေဖွင့်ရုံနဲ့  Chainstore တွေဖွင့်ရုံနဲ့ မလုံလောက်တော့ဘဲနဲ့ ဒီ Chainstore တွေဟာ Online Shopping တွေရဲ့ ခြိမ်းခြောက်မှုဒဏ်ကိုခံနေရတယ်။ Chainstore တွေ၊  ဆိုင် ကြီးတွေအပြင် Online နဲ့ပါ တွဲဖက်ပြီးတော့ Offline Online ပေါင်းစပ်ပြီးတော့ Omnichannel ပုံစံမျိုးတွေနဲ့ အများကြီးပြောင်းလဲနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံပြင်ပမှာ၊ ပြည်တွင်းမှာ ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံပြင်ပရဲ့ပြောင်းလဲမှုတွေကြောင့် အဲဒီအရှိန်အဟုန်တွေနဲ့ မြန်မာနိုင်ငံလက်လီရောင်းချမှုကဏ္ဍဟာ ပိုပြီး တော့ပြောင်းလဲမှုတွေ မြင်တွေ့လာမယ်ဆိုတာ မလွဲမသွေဖြစ်မှာပါ။

          ဒါအပြင် မြန်မာနိုင်ငံလက်လီကဏ္ဍမှာဆိုရင် ယခုနှစ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဆိုင်ရဲ့ Size Square Feet အတစ်သောင်းကျော် ဆိုင်အကြီးတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိနေပြီဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ပြည်တွင်းမှာ ပြည်တွင်းလက်လီလုပ်ငန်းတွေအပြင် ပြည်ပလက်လီလုပ်ငန်းဆိုင်ကြီးတွေပါ ဝင်ရောက်လာမှာဖြစ်တဲ့အတွက်ပိုပြီးတော့ မြန်ဆန်ပြီးပြောင်းလဲမှုတွေ ရင်ဆိုင်လာရမယ်ဆိုတာကို လက်ရှိလက်လီလုပ်ငန်းမှာ လုပ်နေတဲ့သူတွေအနေနဲ့ ဒါကိုသတိပြုမိဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုတွေ နောက်ကို ကျွန်မတို့က လိုက်လျောညီထွေလိုက်ပြီးတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီးတော့ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ပြိုင်ဆိုင်လာမယ့် ပြိုင်ဆိုင်မှုတွေကို အကောင်းဆုံး ပြင်ဆင်ထားခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်ဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့လည်း ကျွန်မတို့ယူဆပါတယ်။ တစ်ဖက်ကနေပြီးတော့ ဈေးကွက်ရဲ့ပြောင်းလဲမှုတွေ၊ ယှဉ်ပြိုင်မှုတွေဆိုတာကလည်း တစ်ဖက်မှာအခွင့်အလမ်းတွေနဲ့လည်းတွဲနေပါတယ်။ မြန်မာနိုင်ငံလက်လီကဏ္ဍမှာ အများကြီးတိုးတက်နိုင်ဦးမယ်ဆိုတာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့GDP က တစ်နိုင်ငံလုံးအနေနဲ့ဆိုရင်GDP က အခုဆိုရင် ဒေါ်လာဘီလီယံခုနစ်ဆယ်လောက်ပဲရှိနေတာဖြစ်ပါတယ်။ ဒီဘီလီယံခုနစ်ဆယ်မှာ ၁၈ ရာခိုင်နှုန်း လောက်ခန့် လက်လီကဏ္ဍကနေပါဝင်နေတာဖြစ်ပြီးတော့ ဒီဘီလီယံခုနစ်ဆယ်က တစ်နှစ်ကို ၈ ရာခိုင်နှုန်းနဲ့ပဲ တိုးတက်နေဦးတော့ အများကြီးဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီအတွက် သုံးစွဲနိုင်မှုအားတွေက ပိုကောင်းလာမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ဟာ ဒီအခွင့်အလမ်းကိုလည်း မျှော်မှန်းပြီးတော့ပြင်ဆင်နိုင်ဖို့ အသင်းကနေ အားပေးနေပါတယ်။ အဲဒါအပြင် ကျွန်မတို့ကိုယှဉ်ပြိုင်လာမယ့်သူတွေကိုလည်း ယှဉ်ပြိုင်နိုင်ဖို့အတွက် အားပေးလိုပါတယ်။

          ကျွန်မတို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအနေနဲ့ ဒီလိုပြောင်းလဲဖြစ်ပေါ်နေတဲ့ဈေးကွက် အခြေအနေတွေကို မျက်ခြေမပြတ်အသင်းသားတွေအနေနဲ့သိနိုင်အောင် ပညာပေးဆွေးနွေးမှုတွေ၊ အခုလို Seminar တွေ၊ အချင်းချင်းမိတ်ဆက်ပြီးတော့ လက်လီ ကဏ္ဍမှာရှိနေသူအချင်းချင်း အခက်အခဲတွေကိုအဖြေရှာ နိုင်အောင်ရယ်၊ နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းပြီးတော့ လက်လီကဏ္ဍပိုင်းမှာ သက်ရောက်လာနိုင်မယ့် ဥပဒေတွေ၊ နည်းဥပဒေတွေကို ကျွန်မတို့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လက်လီကဏ္ဍတစ်ခုလုံးကို တိုးမြှင့်၊ တိုးချဲ့ပြီးတော့ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်အတိုင်းလည်း လွန်ခဲ့တဲ့ခြောက်နှစ်ကာလလောက်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်မနဲ့အတူပူးပေါင်းပြီး ပါဝင်ဆောင်ရွက်ပေးကြတဲ့ ဒုတိယဥက္ကဋ္ဌတွေ၊ CEC ၊ EC Member တွေအနေနဲ့ အခုဆိုရင် တိုင်းနဲ့ပြည်နယ်ခြောက်ခုမှာ ဖွဲ့စည်းပြီးတာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့ ဥက္ကဋ္ဌတွေရဲ့ ဦးဆောင်မှုနဲ့အတူ တိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့ EC ၊ CEC Member  တွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မကြာမီအတွင်းမှာလည်း မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ်ရဲ့ ဒုတိယသုံးနှစ်တာ သက်တမ်းကာလပြီးဆုံးတော့မှာဖြစ်ပါတယ်။ တတိယသက်တမ်းအတွက်ကို EC ၊ CEC အသစ်တွေကိုလည်း ရွေးချယ် တင်မြှောက်ခြင်းအစီအစဉ်ကိုလည်း ဒီဇင်ဘာလအလယ် မှာ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျွန်မတို့ရဲ့ လက်လီလုပ်ငန်းတွေကို တိုးတက်အောင်ဆောင်ရွက်တာအပြင် ကိုယ်ပါဝင်ပြီးဆောင်ရွက်နေတဲ့ လက်လီကဏ္ဍတိုးတက် ဖွံ့ဖြိုးမှုအတွက်ပါပါဝင်ပြီး ဆောင်ရွက်ဖို့အတွက်ကို ဖိတ်ခေါ်အပ်ပါတယ်။

လက်လီလုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ တဲ့အပေါ်အမြင်

၂၀၁၈ နှစ်ဆန်းမှာ နိုင်ငံတော်ကနေ နိုင်ငံခြားသားရင်း နှီးမြှုပ်နှံမှုကို လက်လီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။ အဓိကကတော့ ဆိုင်ရဲ့ဧရိယာ Squae Feet တစ်သောင်းနဲ့ အထက်ရှိတဲ့ လက်လီဆိုင်အ ကြီးကြီးတွေဖွင့်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အခုလော လောဆယ်မှာတော့ Square Feet တစ်သောင်းအောက် ဆိုင်တွေအနေနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုက ဝင်ရောက်လို့ ရဦးမှာ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ လက်လီလုပ်ငန်း အများစုဟာ ဆိုင်အသေးလေးတွေဖြစ်ပါတယ်။Square Feet  တစ်သောင်းအောက်ဖြစ်တဲ့ ဆိုင်တွေက အများစုဖြစ် ပါတယ်။ သူတို့တွေအနေနဲ့ ကာကွယ်မှုတော့ ရနေသေး တယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ အဲဒီအ တွက်ကြောင့် ရရှိနေသေးတဲ့အချိန်မှာ လက်လီလုပ်ငန်းရှင် တွေက ကိုယ့်ရဲ့လက်လီလုပ်ငန်းဆိုတာ နည်းစနစ်နဲ့ လုပ် ရတယ်ဆိုတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲဒီနည်းစနစ်တွေ ကို ပြင်ဆင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကို အ ဆင့်မြှင့်နိုင်ဖို့ လိုပါတယ်။ အဲဒီလိုပြင်ဆင်နိုင်မှသာလျှင် တကယ်ကို ယှဉ်ပြိုင်နိုင်တဲ့ လက်လီလုပ်ငန်းတွေဖြစ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့ Retail Association ကလည်း တောက်လျှောက်လှုံ့ဆော်မှုတွေ၊ အသိပညာပေးမှုတွေကို လုပ်နေပါတယ်။

လက်လီလုပ်ငန်းများကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ . . .

ကျွန်မတို့ရဲ့ Retail လုပ်ငန်းတွေအတွက် နိုင်ငံတော်ကနေပြီးတော့ ပြောင်းလဲလာတဲ့မူဝါဒမှာ Square Feet တစ်သောင်းအောက်ကိုမပေးတဲ့အတွက် အသက်ရှူပေါက်တစ် ခုရှိနေသေးတယ်လို့ဆိုပေမယ့် တစ်ဖက်ကနေပြီးတော့ လက်လီကဏ္ဍမှာဆက်ပြီးတော့ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတော်ရဲ့မူဝါဒတွေ၊ ပြုပြင်ပြောင်းလဲမှုတွေဆက်ပြီးတော့ ဖြစ်နေဖို့လည်းလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် လက်လီကဏ္ဍမှာလက်လီလုပ်ငန်းတွေအနေနဲ့ ရှိနေတဲ့ အခက်အခဲတွေကတော့ ငွေကြေးအရင်းအနှီးရနိုင် ဖို့ခက်ခဲနေတဲ့ အခက်အခဲတွေရှိသလို လက်လီလုပ်ငန်းပေါ်မှာ သက်ရောက်မှုရှိနေတဲ့ ဥပဒေတွေ၊ မရှင်းလင်းတဲ့ ဥပဒေတွေ၊ မခိုင်မာသေးတဲ့ ဥပဒေတွေလည်း အများကြီး ရှိနေပါတယ်။ ဥပမာဆိုရင် Consumer Protection Law က Law အသစ်ပါ။ လက်လီကဏ္ဍနဲ့ တိုက်ရိုက်ပတ်သက် ပါတယ်။ ဒါပေမဲ့ လက်လီကဏ္ဍအနေနဲ့  ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေကိုကျတော့ သေသေ ချာချာ ဂဃနဏ ဆက်စပ်လို့မရတာမျိုး၊ ရှိနေသေးပါ တယ်။ နောက်တစ်ခုက FDA နဲ့ပတ်သက်ပြီးတော့ Consumer Protection Law နဲ့ပတ်သက်ပြီး နည်းဥပဒေအသစ် တွေထွက်တယ်။ ဒါပေမဲ့ ဒီနည်းဥပဒေအသစ်တွေက လက်တွေ့မှာအကောင်အထည်ဖော်ဖို့ ခက်ခဲနေတဲ့အပိုင်းတွေ၊ လုပ်ထုံးလုပ်နည်းအနေနဲ့ ထပ်ပြီးတော့ပြင်ဆင်ရမယ့် အပိုင်းတွေရှိနေတာကိုတွေ့ရပါတယ်။ အဲဒါတွေကို ကျွန်မတို့က နိုင်ငံတော်အနေနဲ့ ပြင်ဆင်ပေးနိုင်ဖို့၊ ပိုပြီးတော့ လက်တွေ့ကျကျလုပ်နိုင်အောင် ပြင်ဆင်ပေးနိုင်မှုကိုမျှော်လင့်ပါတယ်။ Retail Association အနေနဲ့လည်း အဲဒီအပိုင်းတွေ သက်ဆိုင်ရာကို ကျွန်မတို့တောက်လျှောက် တိုင်ပင်ဆွေးနွေးနေတာတွေရှိပါတယ်။

အသင်းအနေနဲ့ ဘယ်လိုကူညီထောက်ပြမှုတွေ လုပ်နေပါသလဲ

အသင်းအနေနဲ့ကတော့ လက်တွေ့မှာလုပ်ဆောင်ရတဲ့အခါမှာ ရှိနေတဲ့အခက်အခဲတွေကို ကိုယ်တိုင်သိရှိလုပ်ဆောင် နေတဲ့သူတွေဖြစ်တဲ့အတွက် ကျွန်မတို့မှာလက်တွေ့ အခက်အခဲတွေကို သိနေပါတယ်။ လက်တွေ့အခက်အခဲတွေကို သိရုံတင်မကဘဲ တစ်ဖက်ကနေပြီးတော့လည်း နိုင်ငံတော်က အကောင်အထည်ဖော်လိုတဲ့ ရည်ရွယ်ချက်ကို  ကျွန်မတို့ဘက်ကသိရှိဖို့လိုပါတယ်။ ဒါမှသာလျှင် အခက်အခဲကို တင်ပြသူမဟုတ်ဘဲနဲ့ နိုင်ငံတော်ကလိုချင်တဲ့ ရည်ရွယ်ချက်ကို သိရှိပြီးတော့ နိုင်ငံတော်ကိုလည်းလိုချင်တဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်မတို့ကပေါင်းစပ်ပြီးတော့၊ ဝိုင်းဝန်းပြီးတော့ Solution ရှာပေးနိုင်တဲ့အသင်း ဖြစ်လိုပါတယ်။ အဲဒီလိုလည်း ကျွန်မတို့ဘက်က ရပ်တည်နိုင်ဖို့ အမြဲကြိုးစားပါတယ်။ ကျွန်မတို့က အခက်အခဲတွေကို ဖော်ထုတ်မယ်။ ပြီးတော့ နိုင်ငံတော်က ရည်ရွယ်ချက်ကို ကျွန်မတို့ နားလည်အောင်ကြိုးစားမယ်။ အဲဒီရည်ရွယ်ချက် ပေါ်မှာ မူတည်ပြီးတော့ အခက်အခဲတွေအတွက်လည်း Solution ဖြစ်မယ့်ဟာ၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ့်ဟာ အဲဒီလိုပေါင်းစပ်နိုင်တဲ့ ပေါင်းကူးတံတားအနေ နဲ့ ကျွန်မတို့က ဆောင်ရွက်နေတာဖြစ်ပါတယ်။