ဦးသက်လွင်တိုး
Managing Director
Myanmar Voyages International Tourism Co Ltd
Tourist က ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တက်လာပါတယ်။ ၂၀၁၂ ခုနှစ်မှာ Tourist နှစ်သန်း၊ ၂၀၁၄ ခုနှစ်မှာ သုံးသန်း၊ ၂၀၁၅ ခုနှစ်ကုန်မှာကျတော့ ခန့်မှန်းထား တာက ၄.၅ သန်းပါ။ တကယ်ဖြစ်သွားတာကတော့ ၄.၆၈ သန်းထိ တက်သွားပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ၅.၅ သန်းရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဒီအရေအတွက်က နယ်စပ်ဝင်ပေါက်တွေကော၊ လေကြောင်းတွေအပြင် Caravan Tour တွေပါ ရောထားတာဆိုတော့ ပြန်ပြီးခွဲလိုက်တဲ့အခါမှာ ၂၀၁၅ ခုနှစ်စာရင်းအရ ၁.၃ သန်းပဲ လေယာဉ်တို့၊ သင်္ဘောတို့နဲ့ လာတာတွေ့ရပါတယ်။ ကျန်တဲ့သုံးသန်းကျော်လောက်က ဘယ်မှာလဲဆိုတာ မေးစရာရှိတယ်။ မနက်လာပြီးညပြန်တဲ့သူတွေ၊ ကုန်သည်တွေပါ ထည့်ပေါင်းထားတာတွေ့ရတယ်။ ဒီကြားထဲ တချို့က Tourist Visa ယူပြီး ၁၄ ရက် အလုပ်လာလုပ်တာတွေ ရှိတယ်။
Tourism နဲ့ပတ်သက်တဲ့ တိကျတဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ရနိုင်မယ်ဆိုရင် Investor တွေ အများကြီးအကျိုးရှိမယ်။ ဥပမာ - အင်းလေးဒေသ၊ ပုဂံဒေသကို လူတစ်သိန်းသွားလား။ ရန်ကုန်၊ မန္တလေးဆိုရင် ဘယ်လောက်လာကြမလဲ။ တကယ်လာတဲ့သူတွေက ဘယ်လိုလူတွေလဲ။ ဒါတွေကို Segment ခွဲရမယ်။ အဲဒီလို Data တွေရမယ်ဆိုရင် အလုပ်လုပ်ရတာ ပိုပြီးတော့အဆင်ပြေမယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ Investor တစ်ယောက်က အခန်းဘယ်နှခန်းလောက် Ready လုပ်ရမယ်ဆိုတာကို သိမယ်။ Fleet ဘယ်လောက်စာ Transport လုပ်ရမယ်၊ Tourist Guide တွေ ဘယ်လောက်လိုမယ်၊ ဘယ်လို Training တွေ ပေးရမယ်စတဲ့ Capacity Building တွေ လုပ်နိုင်မယ်။ အဲဒီလို မဟုတ်ဘဲ Guide တွေပဲ ဇွတ်မွေးထုတ်တဲ့အခါ Guide က ရှစ်ထောင်လောက်ရှိတယ်။ တကယ်လာတဲ့ Tourist က တစ်သန်းပတ်လည်ပဲရှိတယ်။ စာရင်းအရ လေးသန်း၊ ငါးသန်း ဖြစ်နေတယ်။ ဒီတော့ Guide ရှစ်ထောင်ကို တစ်သောင်း ပြည့်အောင် လုပ်မယ်ဆိုရင် Inflate တွေ ဖြစ်ကုန်မယ်။ Waste of Labour တွေဖြစ်မယ်။
ဒေါ်လာဈေးတက်တဲ့အခါ Inbound Tourism ကတော့ ကျပ်ငွေနဲ့ဝယ်ပြီး ဒေါ်လာရတာဆိုတော့ လုပ်ငန်းကို မထိခိုက်ပါဘူး။ ဒါပေမယ့် Inflation ကြောင့်တော့ ထိခိုက်ပါတယ်။ Tour ဆိုတာက Tour Plan ကို ခြောက်လ၊ တစ်နှစ်လောက် ကြိုတင်စီစဉ်ပြီးရောင်းရတာဆိုတော့ ကိုယ်ရောင်းတဲ့ ဈေးထက် Cost of Living တွေ တက်လာတာမျိုးတွေ ကြုံရတယ်။ ဥပမာ- အရင်တုန်းက ဗုဒ္ဓဂါယာခရီးစဉ်ကို ခုနစ်သိန်းနဲ့ရတယ် ဆိုပေမယ့် အခုလိုဒေါ်လာဈေးတက်တဲ့အခါ ဆယ်သိန်း၊ ၁၁ သိန်းဖြစ်သွားတော့ မြန်မာငွေက ဖောင်းပွသွားပြီး လုပ်ငန်းအနေနဲ့ ပိုက်ဆံပိုထည့်ရတော့တာပေါ့။