စီးပွားရေးလုပ်ငန်းကို စွန့်စားလုပ်ကိုင်မှုဟာ ခေတ်သစ်ပြ ဒါးရှင်လုံးပါပဲ။ တိုးတက်ကြီးထွားအောင်လုပ်တဲ့ကိစ္စနဲ့ အလုပ်အကိုင်ဖန်တီးပေးတဲ့ကိစ္စကို လျို့ဝှက်ထားတဲ့ဟာလို့ ဆိုရမယ့် ပဟေဠိဆန်တဲ့အရာတစ်ခုပါပဲ။ G-20 နိုင်ငံတွေ ဟာ လူငယ်စီးပွားရေးလုပ်ငန်းရှင် ထိပ်သီးအစည်းအဝေးကို နှစ်စဉ်ကျင်းပပါတယ်။ နိုင်ငံပေါင်း ၁၃၀ ကျော်က ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် သီတင်းပတ်ကို ကျင်းပ ပါတယ်။ စီးပွားရေးတက္ကသိုလ်ကြီး တွေက စီးပွားရေးလုပ် ငန်းရှင်ဖြစ်အောင်လုပ်နည်းနဲ့ပတ်သက်တဲ့ အကြီးအကျယ် လူကြိုက်များတဲ့ သင်တန်းတွေကိုပေးပါတယ်။ စီးပွားရေး ဂုရုကြီးတွေက စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ (တစ်ခါ တလေမှာ ဝိရောဓိတွေဖြစ်နေတဲ့) လမ်းညွှန်ချက်တွေကို ပေးကြပါတယ်။ David Gumpert ဟာ 'အောင်မြင်သော စီးပွားရေး လုပ်ငန်းစီမံချက်တစ်ခုကို အမှန်တကယ်ဖန်တီး နည်း' ဆိုတာနဲ့ 'သင်၏ စီးပွားရေးလုပ်ငန်းစီမံချက်ကို မီးသာ ရှို့ပစ်ပါ' ဆိုတာ နှစ်မျိုးစလုံးကို ရေးခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းဆိုတာဟာ (Enterprise ဆိုတဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို ရှည်ရှည် ဝေး ဝေးပြောပြတာကို ဘေးဖယ်ထားရင်) အတိအကျပြောရင် ဘာလဲ။ နောက်ပြီး အဲဒီစီးပွားရေး လုပ်ငန်းကို အစိုးရတွေကို ဘယ်လိုအားပေးရမှာလဲ။ မူဝါဒချမှတ်သူတွေဟာလည်း ဂုရုကြီးတွေလိုပဲ ရှုပ်ရှုပ်ထွေးထွေးပါပဲ။ အဲဒါဟာ နည်း ပညာအသစ်တစ်ခုကို ဆိုလိုတာဖြစ်ရမယ်လို့ သူတို့က ယူဆကြတယ်။ ဒါကြောင့် သူတို့က စီလီကွန်ချိုင့်ဝှမ်းအသစ် တွေကို ဖန်တီးဖို့ကြိုးစားကြတယ်။ ဒါမှမဟုတ် အဲဒါဟာ လုပ်ငန်းသေးသေးကလေး တွေနဲ့ ပတ်သက်တယ်လို့ ယူဆ ကြတယ်။ ဒီတော့ စပြီးတည်ထောင်ခါစ လုပ်ငန်းကလေး တွေကို မြေထောင်မြှောက်ပေးဖို့ သူတို့က အာရုံစိုက်ကြ တယ်။အဲဒီယူဆချက်နှစ်မျိုးစလုံးဟာ မှားယွင်းနေပါတယ်။ စီလီကွန်ချိုင့်ဝှမ်းဟာ မကြာသေးခင် ဆယ်စုနှစ် တွေအတွင်းမှာ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်း တွေရဲ့ အချက်အချာနေရာကြီးဖြစ်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ စီးပွား ရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက် သင်ဟာကွန်ပျူတာပါရမီရှင်တစ်ယောက်ဖြစ်ဖို့မလိုပါဘူး။ တက္ကဆက်က Fracking လို့ခေါ်တဲ့ ရေနံဓာတ်ငွေ့ ထုတ်လုပ်ငန်းကို ရှေ့ ဆောင်လမ်းပြလုပ်ခဲ့တဲ့ George Mitchell ဟာ ကမ္ဘာ ကြီးကို ပြောင်းလဲဖို့အတွက် အဲဒီချိုင့်ဝှမ်းထဲက လူတကာ တွေ လုပ်သလောက်လုပ်ခဲ့တာပါပဲ။ သင်ဟာ သမားရိုးကျ ဆန်းစစ်တီထွင်သူတစ် ယောက်လည်း ဖြစ်စရာမလိုပါဘူး။ Miguel Davila နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မက္ကဆီကို နိုင်ငံထဲကို အမေရိကန်Multiplex ရုပ်ရှင်တွေ တင်ပို့ပြီး ဧရာမစီးပွားရေးလုပ်ငန်းကြီးတစ်ခုကို တည် ဆောက်ခဲ့ တာပါ။ သူတို့ရဲ့ တစ်ခုတည်းသောဆန်းသစ် တီထွင်မှုက ''ပြောင်းဖူးပေါက်ပေါက်ပေါ်မှာ ထောပတ်သုတ် ပေးမယ့်အစား သံပရာရည်နဲ့ ငရုတ်ရည်ဆမ်းပေးလိုက်တာ ပါပဲ'' လို့ Mr Davila က ပြောပါတယ်။ အဲဒီလိုအတူတူပါပဲ။ (နောက်ထပ်ဆိုင်တစ်ဆိုင် ထပ်ဖွင့်ဖို့ အိပ်မက်မက်နေတဲ့) အသေးစားစီးပွားရေးလုပ်ငန်း ရှင်စစ်စစ်တစ်ယောက်နဲ့ (လုပ်ငန်းကြီးတစ်ခုလုံးကို ပြောင်း လဲပစ်ဖို့ အိပ်မက်မက်နေတဲ့) စီးပွားရေးလုပ်ငန်းရှင်စစ်စစ် တစ်ယောက်ရဲ့ကြားမှာ ခြားနားချက်တွေ အများကြီးရှိပါ တယ်။ ၁1-800-flower.com ရဲ့ဖန်တီးရှင်Jim Mc Cann ဟာ ပန်းရောင်းတဲ့ ဈေးသည်တစ်ယောက် ထက်ပိုတဲ့ စီး ပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အပြောအရ ၁၉၇၆ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးဆိုင် ကို စဖွင့်တဲ့အချိန်ကတည်းက သူက အဲဒီလုပ်ငန်းကို McDonald ရဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ပန်းဖြန့်ဖြူးရေးလုပ်ငန်းကြီး တည်ထောင်ဖို့အတွက် နှစ် ပေါင်းများစွာ အပင်ပန်းခံပြီး လုပ်ခဲ့လို့ပါပဲ။ အယူအဆတွေမှားယွင်းနေတဲ့ကိစ္စဟာ အရေးကြီး ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီက အသုံးမကျတဲ့ မူဝါဒတွေ ထွက်ထွက်လာလို့ပါပဲ။ ဒီကမ္ဘာကြီးမှာ အောင် မြင်ရှင်သန်မှာမဟုတ်တဲ့ အဆင့်မြင့်နည်းပညာရှင်အုပ်စုတွေ မှိုလိုပေါက်လို့နေပါပြီ။ မလေးရှားနိုင်ငံက ဇီဝနည်းပညာချိုင့် ဝှမ်းဟာဆိုရင် 'ဇီဝတစ္ဆေချိုင့်ဝှမ်း' လို့တောင် အခေါ်ခံခဲ့ ရပါတယ်။ ကမ္ဘာကြီးဟာ အလုပ်အကိုင်တွေဖန်တီးပေးဖို့ ပျက်ကွက် နေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့လည်း ပြည့်နေပါပြီ။ အလုပ်အကိုင်အသစ်တွေ အများကြီးက တိုးတက်ကြီးထွားမှုမြင့်မားတဲ့ အရေအတွက်အားဖြင့် များ များစားစားမရှိတဲ့ ကုမ္ပဏီကြီးတွေဆီကလာတယ် ဆိုတာ ဒီလိုကိစ္စမျိုးတွေကို သုတေသနလုပ်နေတဲ့Kauffmanဖောင်ဒေးရှင်းက ပြခဲ့ပါတယ်။ Daniel Isenberg ဟာ စီးပွားရေးလုပ်ငန်းရှင် လောကကြီးထဲမှာ (တစ်ခါတလေမှာ မအောင်မမြင်နဲ့)စွန့် စားရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အ နေနဲ့ရော၊ ပညာသည်တစ်ယောက် (သူဟာ အရင်ကဟားဗတ်တက္ကသိုလ်စီးပွားရေးကျောင်းမှာ စာသင်ခဲ့ပြီး အခုအနီး အနားမှာရှိတဲ့ Babson ကောလိပ်မှာ စာသင်နေပါတယ်) အနေနဲ့ရော နှစ်ပေါင်း ၃၀ ကြာအောင် ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာကိုလှည့်ပြီးတော့လည်း နမူနာ တွေကို စုဆောင်းခဲ့ပါတယ်။ သူဟာ စီလီကွန်ချိုင့်ဝှမ်းက ဧရာမလုပ်ငန်းကြီးတွေကိုလည်း စိတ်ဝင်စားသလောက် အိုက်စလန်နိုင်ငံက ဘယဆေးလုပ်ငန်းကိုလည်း စိတ်ဝင် စားပါတယ်။ 'တန်ဖိုးမရှိ၊ မဖြစ်နိုင် မိုက်မဲသော' ဆိုတဲ့ စာအုပ်အသစ်တစ်အုပ်ထဲမှာ သူကစီးပွားရေးလုပ်ငန်းနဲ့ပတ် သက်တဲ့ဖွင့်ဆိုချက်တစ်ခုကို တင်ပြခဲ့ပါတယ်။ အနှစ်သာရ အားဖြင့်တော့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပြောင်းပြန် တန်ဖိုးဖန်တီးသူတွေ ဖြစ်ကြပါတယ်။ တခြားလူတွေက ဘာမှမဟုတ်တဲ့ အပုံကြီးတွေလို့ မြင်တဲ့ဟာကို သူတို့က စီးပွားရေးတန်ဖိုးအဖြစ် မြင်ပါတယ်။ တခြားလူတွေက အ ဆုံးသတ်နေပြီလို့ မြင်တဲ့ဟာကို သူတို့က စီးပွားရေးအခွင့် အလမ်းတွေပဲလို့ မြင်ပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့ ပြောင်မြောက်တဲ့ သာဓကတွေတစ်ပုံ တစ်ပင်ကြီးရှိပါတယ်။ Celtel ကိုတည်ထောင် ခဲ့တဲ့Mo Ibrahim ဟာ ဆာဟာရမြောက်ပိုင်းအာဖရိကကို လက်ကိုင် ဖုန်းတွေတင်သွင်းဖို့ဖြစ် နိုင် ခြေကို မြင်ခဲ့တဲ့အချိန်မှာ ဧရာ မဆက်သွယ်ရေးလုပ်ငန်းကြီးတွေက ဆင်းရဲချို့တဲ့နေတဲ့ လယ်သမားတွေနဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုကိုပဲ မြင်ခဲ့တာပါ။ တိုဘာဂုနိုင်ငံကို ခရီးသွားခဲ့ တဲ့Sean Dimin နဲ့ သူ့အဖေ Michaelတို့ဟာ အဲဒီမှာ တံငါသည်တွေက အပုပ်ခံပစ်ရတဲ့ ငါးတွေဟာ တန်ချိန်နဲ့ ချီပြီးရှိတာကို တွေ့ခဲ့ရတဲ့အတွက် Sea to Table ဆိုတဲ့ ကုမ္ပဏီကိုတည်ထောင်ပြီး အဲဒီမှာ ပိုလျံနေတဲ့ငါးတွေကို နယူးယောက်မြို့က စားသောက်ဆိုင်တွေဆီကိုရောက်အောင် ဖန်တီးခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ် စီးပွားရေးကျောင်းမှာ ကျောင်းသားတစ်ယောက်ပဲရှိသေးတဲ့ Will Dean က လူမှု ရေးမီဒီယာဟာ Extreme Sports ဆိုတဲ့ သက်စွန့်ဆံဖျား အားကစားတွေအတွက် ဖက်ရှင်တစ်မျိုးကို သွင်းပေးနေတယ် ဆိုတာကို သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ခက် ခက်ခဲခဲစွန့်စား ကစားချင်တဲ့ လူတွေဆီကငွေတွေကိုသယ် ယူဖို့Tough Mudder ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ အောင်မြင်တဲ့ ပြောင်းပြန် စီးပွားရေးလုပ်ငန်းရှင် တွေဟာ သမားရိုးကျအသိပညာကို အာခံရဲတဲ့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို (Mr Dean ပါမောက္ခ တွေက သူ့ကို တော်တော်ရူးတဲ့ကောင်လို့ ပြောဖူးပါတယ်။) အတားအဆီးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားမယ်ဆို တဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်လည်း ရှိရမယ်လMr Isenb- erg က အလေးထားပြီး ပြောခဲ့ပါတယ်။ (တံငါသည်တွေကို သူတို့ရဲ့ အကျင့်စရိုက်တွေ ပြုပြင်ပြောင်းလဲအောင်လုပ်ဖို့Dimin သားအဖဟာ အချိန်နှစ်နှစ်ကြာခဲ့ပါတယ်။)တကယ် တော့ အတော်ဆုံးဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ဟာ သူတို့ရဲ့ ပင်ကိုအတွေးအခေါ်ကြောင့်ထက် မဖြစ်နိုင်ဘူး ဆိုတာကို ဖြစ်အောင်လုပ်နိုင်တဲ့သူတို့ရဲ့ အရည်အချင်း ကြောင့် ပိုပြီးထင်ရှားကျော်ကြားကြတာပါ။TCSဟာ အ ခြေခံအားဖြင့်FedEx ကို ပါကစ္စတန်ပုံစံ ပြန်ပြင်ထား တဲ့ဟာပါ။ ဒါပေမဲ့ Khalid Awan အနေနဲ့ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းတွေနဲ့ ထူးထူးခြားခြား အပေးအယူလုပ်ရတဲ့ပြဿနာ၊ ကုမ္ပဏီ အသစ်တစ်ခုကို အချိန်မရွေးပိတ်ပစ်နိုင်တဲ့ နိုင်ငံရေးသမား တွေကို မျက်နှာချိုသွေးရတဲ့ပြဿနာဆိုတဲ့ မကျော်လွှားနိုင် လောက်တဲ့ပြဿနာတွေကို ကျော်လွှားခဲ့ရပါတယ်။ ငွေအတွက်သာလျင်ဖြစ်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုကို အမှန်တကယ် အားပေးကူညီချင်တဲ့ မူဝါဒချမှတ်သူတွေကိုMr Isenberg က အရေးကြီးတဲ့ အကြံနှစ်ခုပေးစရာရှိပါတယ်။ ပထမတစ် ခုက အစုအဖွဲ့တွေကို ပုံစံတွေသတ်မှတ်ပြီး တည်ဆောက် ပေးဖို့ကြိုးစားမယ့်အစား ဝင်လုပ်ရမယ့်ဝင်ပေါက်နဲ့ ရှင် သန်ကြီးထွားမှု အတွက် အဟန့်အတားဖြစ်နေတဲ့ အတားအ ဆီးတွေကို ဖယ်ရှားပေးရမယ်။ ဒုတိယတစ်ခုက အကျိုးအ မြတ်ရှာချင်တဲ့ရည်ရွယ်ချက်ကို အသိအမှတ်ပြုပေးရမယ်။ စီးပွားရေးလုပ်ငန်းကို အကျိုးပြုလုပ်ငန်းတွေလုပ်ဖို့ ထိန်း ကျောင်းကိုင်တွယ်ရမယ်ဆိုတဲ့ 'လူမှုစီးပွားရေးလုပ်ငန်း'ဆို တဲ့အကြောင်း ကြီးကြီးကျယ်ကျယ်ပြော ကြတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အမှန်မှာတော့ စီးပွားရေးလုပ်ငန်း ရှင်တွေကို အဓိကတွန်းအား ပေးနေတာက ငွေများများရနိုင် မယ့် အခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကပဲ လူတွေကို စွန့် စားမှုတွေ အကြီးအကျယ်လုပ်ဖို့ နှစ်ပေါင်းများစွာ အပင်ပန်း အဆင်းရဲခံဖို့ ခိုင်းစေနေတာပါ။ ဒီအခွင့်အရေးကပဲ ပထမ ဆုံးတွေ့တွေ့ချင်း တစ်ဝက်လောက်က မိုက်မဲရာကျနေမယ့် စီးပွားရေးလုပ်ငန်းစိတ်ကူးတွေအပေါ်မှာ လောင်းကြေးတွေ ထပ်အောင် ရင်းနှီးမြှုပ်နှံသူတွေကို အားပေးနေတာပါပဲ။ နိုင်ငံရေးသမားတွေနဲ့ ဗျူရိုကရက်တွေဟာ စီး ပွားရေးလုပ်ငန်းလုပ်ကိုင်မှုကို သူတို့ကြိုက်တဲ့ နည်းပညာ၊ အသေးစားစီးပွားရေးလုပ်ငန်းဆိုတာတွေနဲ့ ရောထွေးနေရုံ သာမကသေးဘဲ အဲဒီစီးပွားရေးလုပ်ငန်းလုပ် ကိုင်မှုဟာ သူတို့အတွက် ကသိကအောက်ဖြစ်စရာတွေ နောက်ကတွဲပြီးပါ လာမယ်ဆိုတာကို အသိအမှတ်ပြုဖို့ လည်း ပျက်ကွက်နေကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မညီမျမှုအပေါ် မှာမှီပြီး စီးပွားဖြစ်ထွန်းကြ တာပါ။ အမေရိကန်နိုင်ငံမှာ သူတို့ တည်ဆောက်ခဲ့တဲ့ အံ့သြလောက်တဲ့ ကြွယ်ဝချမ်းသာ မှုတွေက နိုင်ငံကိုမညီမျဖြစ်အောင် လုပ်ပစ်ပါတယ်။ သူ တို့ဟာ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူတွေကို ပေါ်ပေါက်စေတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေအပေါ်မှာ မှီပြီးတော့လည်းကြီး ပွားချမ်းသာကြပါတယ်။ '' စီးပွားရေးတိုးတက်မှုဟာ ဖြည်း ဖြည်းချင်း တိုးတက်တာမဟုတ်ဘဲ ခုန်ပျံကျော်လွှားတိုးတက် တာဟာ ဘာကြောင့်လဲဆိုတော့ စည်းမျဉ်းစည်းကမ်းချိုး ဖောက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အဲဒီစီးပွားရေးကြီး ကို မောင်းနှင်နေကြလို့ပါပဲ'' လို့ တစ်ခါတုန်းက အမေရိ ကန်နိုင်ငံရေးနဲ့ စီးပွားရေးပညာရှင် Joseph Schumpeter ကပြောဖူးပါတယ်။ Schumpeteပြောတဲ့ ခုန်ပျံကျော်လွှား တွေသိပ်မရှိဘဲ ကျွန်တော်တို့မှာ တိုးတက်မှုတွေ အလုပ်အ ကိုင် ဖန်တီးပေးမှုတွေ ရှိချင်ရှိမယ်လို့ တွေးကြည့်တာဟာ ကောင်းတော့ကောင်းမှာပါ။ ဒါပေမဲ့ တချို့ အတွေးတွေဟာ တကယ်တမ်းအသုံးမဝင်သလို ဖြစ်လည်းမဖြစ်နိုင်တဲ့အတွက် သက်သက်မိုက်မဲတာပါပဲ။
ဇော်ဝင်းကြူ(ပျဉ်းမနား)