News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မှန်သောကိစ္စတိုင်းလည်း မကောင်းသလို ကောင်းသော ကိစ္စတိုင်းလည်း မမှန်တတ်ပါ
Editorial
February 5, 2015
Editor's Letter
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ငလျင်လှုပ် ပျက်ကျသွားသော Air Aisa QZ ၈၅၀၀ လေယာဉ်၏ Black Box ရှာတွေ့ သမီးလေးကို တံတားပေါ်မှပစ်ချသော ဖခင်အား ဖမ်းဆီးအရေးယူ အီဘိုလာကြောင့် သေသူ ၈,၃၈၆ ဦး၊ ရောဂါကူးစက်ခံရသူ ၂၁,၁၇၁ ဦး ဂင်္ဂါမြစ်အတွင်း အလောင်းများမျောပါ ပတ်ရှဝါမြို့ရှိ ကျောင်းသားငယ် ၁၄၀ ကို သတ်ဖြတ်ခဲ့သူဟု သံသယရှိသူကိုတွေ့ရှိ ကိုယ့်နိုင်ငံသတင်းတွေ မဖတ်ချင်လို့ နိုင်ငံတကာသတင်းဖတ်မိပါသည်။ စိတ်ညစ်လို့ ကမ်းနားသွား ထိုင်ကာမှ သပွတ်အူနဲ့တိုးဆိုတာ ဒါမျိုးဖြစ်မည်။ များများသိလေ စိတ်တို၊ စိတ်ညစ်၊ စိတ်ပျက်ရလေ။ မသိရတော့ကော ဘာဖြစ်မလဲ။ နေ့တိုင်းဖတ်ပြီးနောက် တစ်ပတ်၊ တစ်လ စသည်ဖြင့် ကြာလျင်ကော ကိုယ့်မှာ ဘာသတင်းတွေဘယ်လောက်ကျန်ရစ်သလဲ၊ ကျန်တာတွေကိုရော ဘယ်လိုအသုံးချလို့ရသလဲ တွေးကြည့်မိသည်။ တစ်ဆက်တည်းမှာပင် စာရေးဆရာ Rolf Dobelli ရေးသားသည့်၊ စောင်ရေ သန်းချီရောင်းပြီး ဖြစ်သည့် The Art of Thinking Clearly စာအုပ်ပါ Why You Shouldn't Read the News ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို သတိရမိသည်။ သူက သတင်းဆိုတာ ခန္ဓာကိုယ်ထဲက သကြားဓာတ်နှင့်တူသည်။ အစာကြေလွယ်သည်။ ဆာလောင်စိတ်ကို တိုးစေသည်။ ရေရှည်တွင် ကောင်းကျိုးထက် ဆိုးကျိုးကိုပေးသည်ဟုတွေးမိပြီး သူလစဉ်ယူနေ သောသတင်းစာများ၏ Subscription များအားလုံးကို ရပ်လိုက်သည်။ ဖုန်းနှင့်သင်ပုန်းထဲထည့်ထားသော News App တွေကို Delete လုပ်သည်။ သတင်းစာအလကားပေးဖတ်သူ ရှိလျင်တောင်မတို့တော့။ သို့သော် Facebook ကိုတော့ Social Network အတွက် ဆက်ထားလိုက်သည်။ နဂိုကတည်းက Friend အများကြီး လက်မခံထားတော့မသိသင့်တာတွေ မသိရအောင် Filter လုပ်ပြီးသားဖြစ်နေမည်၊ သူတို့တွေက Share ပေး သော သတင်းတွေကတော့ သိသင့်သောသတင်းများ ဖြစ်မည်ဟု သူက ယုံကြည်သောကြောင့်ဟုဆိုသည်။ ပထမတစ်ပတ်တော့ သူတော်တော်နေရခက်သည်။ ဖတ်နေကျသိချင်နေကျဆိုတော့ စိတ်တော်တော်ထိန်းရသည်။ ဒီလိုနှင့် တစ်လ၊ နှစ်လ . . . နောက်တစ်နှစ်။ အချိန်ပိုတွေ အများကြီးထွက်လာသည်။ ဖတ်ပြီးမကျန်သော သတင်းများအတွက် ဦးနှောက်ကို တစ်ခဏလေးပင် အလုပ်မပေးရတော့သဖြင့် ဦးနှောက်ပိုကြည်လာသည်။ သတင်းအစား တခြားအဖိုးတန်သော အတွေးအခေါ်ရင့်သန်စေသော စာအုပ်ကောင်းများဖတ်သည်။ အပြုသ ဘောဆောင်သောအတွေးများ ပိုတွေးလာနိုင်သည်။ အရေးပါသောအလုပ်များ မမေ့မလျော့လုပ်နိုင်လာသည်။ ဆုံးဖြတ်ချက်များ ပြတ်သားမှန်ကန်လာသည်။ တယ်ဟုတ်ပါလားဟု အားကျသလိုရှိသော်လည်း သေသေချာချာပြန်စဉ်းစားကြည့်တာ့ သူ့လုပ်ရပ်ကောင်းသည်၊ မှန်သည်ဟု မထောက်ခံသလို ငြင်းလည်းမငြင်းလိုပါ။ မှန်သောကိစ္စရပ်တိုင်းမကောင်းသလို ကောင်းသော ကိစ္စတိုင်းလည်း မမှန်တတ်ပါ။ အရာရာကို အလွန်အကျွံမဖြစ်အောင် ချင့်ချိန်တတ်ရန်သာလိုပါသည်။ ယူတတ်လျင် ကြော်ငြာစာသားလေးတစ်ကြောင်းကပင် သင်ခန်းစာရနိုင်ပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ကျေးဇူးတင်လွှာ
Posted On December 28, 2018, By Editorial
အကြွေးဝယ်ကတ်များနှင့် မြန်မာပြည်
Posted On April 23, 2018, By Editorial
ပြည်တွင်းဈေးကွက်ရှိ မြန်မာ့ထုတ်ကုန်အများစုမှာ
Posted On April 14, 2018, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း