ဖုန်းရဲ့ Data အသုံးပြုမှုကို ဘယ်လိုစီမံမလဲ

Smartphone တွေက သတင်းအချက်တွေနဲ့ Media တွေကို ကြည့်ရှုအသုံးပြုနိုင်ဖို့ အခွင့်အလမ်းပေးပါတယ်။ ဒါပေမဲ့ Network Carrier /Operator အများစုက တစ်လအတွင်း အသုံးပြုနိုင်မယ့် Data ပမာဏတွေကို ကန့်သတ်မှုရှိတဲ့ Offer တွေကို ပေးလာကြပါတယ်။ နောက်ပိုင်းမှာ ဖုန်းတစ်လုံးဝယ်တဲ့အခါ စာချုပ်ပါ အခြေခံ အချက်တစ်ချက်အနေနဲ့ Operator တစ်ခုနဲ့ Partner လုပ်ထားတဲ့ Option ကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ရင် ကိုယ်တစ်လအတွင်း ဖုန်းနဲ့ Data အသုံးပြုခွင့် 500 MB ကနေ 10GB အထိ အမျိုးမျိုးရွေးလာရနိုင်ပါတယ်။ ကိုယ် ရွေးချယ် Data အသုံးပြုမှုများလေ တစ်လအတွက် ကုန်ကျစရိတ်များလေ ဖြစ်ပါတယ်။ အထူးသဖြင့် 4G Network ကို စမ်းသပ်သုံးစွဲခွင့်ပေးလာတဲ့ Ooredoo လို Operator တွေ ရှိလာတာကြောင့် ဖုန်းထဲမှာ ရုပ်ရှင်ဆွဲယူကြည့်ဖို့ ပိုလွယ်လာသလို Data Limit မြန်မြန်ပြည့်သွားဖို့လည်း ပိုလွယ်လာပါတယ်။ Online က တစ်ဆင့်ပြန်လွှင့်တဲ့ တစ်နာရီစာ TV အစီအစဉ်တွေကို ကြည့်တာက ရေဒီယိုမှာ လွှင့်တာကို နားထောင်သလိုပဲ 500MB ကနေ 60-140MB အထိ ကုန်ပါတယ်။ Skype မှာ တစ်နာရီနီးပါး Chatting ထိုင်တာက 40MB လောက် ကုန်ပါတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ Data အသုံးပြုနှုန်းက အလျင်အမြန် တိုးလာမှာဖြစ်တယ်။ ဒါကြောင့် Data သုံးစွဲမှုကို စနစ်တကျစီမံဖို့နည်းလမ်းတွေ ဖော်ပြလိုက်ပါတယ်။

 

- အလကားဆော့လို့ရတဲ့ Game တွေကိုလည်း ဂရုတစိုက်နဲ့ ဆော့ပါ။ အဲဒီလို Game အများစုက ကိုယ့်ဖုန်း Screen ကနေ ပေါ်လာတဲ့ ကြော်ငြာတွေ ကနေတစ်ဆင့် ပိုက်ဆံရယူတာဖြစ်တယ်။ ကြော်ငြာတိုင်းက ကိုယ့် Network ကနေတစ်ဆင့် Download ချရပြီး ကိုယ့် Data ပမာဏကို မြန်မြန်ကုန်ဆုံးစေပါတယ်။

 

- ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ဖုန်းရဲ့ Data ကိုဖွင့်မသုံးခင် Free Wi-Fi နဲ့ ချိတ်ဆက်မိတဲ့အထိ စောင့်ပါ။ App တွေ Update လုပ်ဖို့ကို Wi-Fi ရှိမှ ဆွဲဖို့ သတ်မှတ်ထားပါ။

 

- ကားမောင်းနေချိန်မှာ လမ်းရှာဖို့ ကားရဲ့ GPS ကို မသုံးဘဲ ဖုန်းရဲ့ GPS ကို အသုံးပြုမိမယ်ဆိုရင် ကားရွေ့နေတဲ့အချိန်တိုင်း မြေပုံအချက်အလက်တွေကို Download ချရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကားရဲ့ GPS ကတော့ မြေပုံကို တစ်ခါတည်း Download ချပြီးသားဖြစ်တဲ့အတွက်ကြောင့် အလကားအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကား GPS ကိုပဲသုံးပါ။

 

- တကယ်လို့ ကိုယ့်ဖုန်းထဲက Data တော်တော်များများကို ပုံမှန်အသုံးပြတယ်ဆိုရင် Onavo (www.onavo.com) လိုမျိုး Data တွေကို လျှော့ချပေးတဲ့ App မျိုးကို ဖုန်းထဲမှာထည့်ထားပါ။ ဒီ App ဟာ ဖုန်းရဲ့ Data အသုံးပြုနှုန်းကို လျှော့ချပေးပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ Data အသုံးပြုနှုန်းက နည်းလာမှာဖြစ်တယ်။ ဒါပေမဲ့ ဒီ App တွေကို အသုံးပြုမယ်ဆိုရင် လစဉ်ကြေးပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ပုံမှန်သုံးနေကျ Data ကြောင့်ပေးရတဲ့ လစဉ်ကြေးနဲ့ ဒီလို Data Monitoring App ကို လစဉ်ကြေးပေးသုံးရတာနဲ့ တန်မတန်ဆိုတာကို စောင့်ကြည့်ရမယ်ဆိုတာပါပဲ။

 

Ph'sData

Travel Smart!

နိုင်ငံတကာခရီးစဉ်တွေ အမြဲတမ်းသွားနေကျသူတွေအဖို့ ကိုယ့်ဖုန်းနံပါတ်ကို နိုင်ငံတကာမှာ အသုံးပြုနိုင်ဖို့ လိုချင်ကြပါမယ်။ ဒါပေမဲ့ Data Roaming Charges တွေက ဈေးကြီးတတ်တာကြောင့် ကိုယ့် Network Carrier ကနေ Flat- Rate-Roaming တွေကို ဝယ်ယူလို့ ရနိုင်မလားဆိုတာကို ကြိုတင်မေးမြန်း အသုံးပြုသင့်ပါတယ်။ နောက်တစ်ခုကတော့ GPS Service တွေကို အသုံးပြုတာပါပဲ။ နိုင်ငံရပ်ခြားမှာ ကိုယ်မသိတဲ့ နေရာတွေဆိုရင် အများစုက Google Maps ကို သုံးပြီးရှာကြပါတယ်။ ဒါပေမဲ့ Data ကုန်ကျစရိတ်သက်သာအောင် Google Maps Offline ကိုသုံးကြည့်ဖို့လည်း အကြံပြုချင်ပါတယ်။