ပုံပြင်ဟာ ပုံပြင်ဆန်ရ

ဒီဇိုင်းသည် လက်မှုပညာ၊ လက်မှုအနုပညာ၊ စက်မှုအနု ပညာမှ ကွန်ပျူတာဒီဇိုင်းပညာ၊ အင်တာနက်ဝက်ဘ်ဆိုက် ဒီဇိုင်းပညာ စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ်ထွန်းကားခဲ့ သည်။ အင်တာနက်ဝက်ဘ်ဆိုက်တို့တွင် ဒီဇိုင်းတို့သာ ပလူပျံနေသည် မဟုတ်။ ပုံရိပ်နှင့် သင်္ကေတတို့သည် ဖြန့် ဝေလည်ပတ်နေသည်။ မြူးဇစ်အသံတို့လည်း အင်တာနက် ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် ထုနဲ့ထည်နဲ့ ကမ္ဘာပတ်နေပြီ။   သို့ဖြင့် ခေတ်သစ်မီဒီယာနှင့် ခေတ်မီဆက်သွယ် ရေးစနစ်ထွန်းကားမှုတို့ကြောင့်လည်းကောင်း၊ ပစ္စည်းပုံရိပ် နှင့် သင်္ကေတတို့သည် ဈေးကွက်နိယာမယုတ္တိလက်အောက် ခံဖြစ်လာသောကြောင့်လည်းကောင်း တစ်နည်းပြောလျင် အရာရာသည် ကော်မာရှယ်ဖြစ်လာသောကြောင့်လည်းကောင်း၊ လောကနှင့် ဘဝတို့တွင် ရှုပ်ထွေးဆန်းကြယ်မှုများ တအား တိုးပွားလာသည်။ Increasing Complexity of World and Life  ဟု ဆိုသည်။   လောကနှင့်ဘဝတို့၏ရှုပ်ထွေးဆန်းကြယ်မှုတို့သည် သဘာဝ၏ရှုပ်ထွေးဆန်းကြယ်မှုနှင့် နင်လား ငါလား အပြိုင်ရှုပ်ထွေးလာသည်။ ထိုအခါ ဤသို့ ပိုမိုပြီး ရှုပ်ထွေးလာသောလောကနှင့် ဘဝကို အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း၊ အစစ်ကို အစစ်အတိုင်း သစ္စာရှိစွာ သရုပ်ဖော်ရန် မဖြစ်နိုင်တော့ပေ။ စာပေတို့၌ သရုပ်မှန်ဝါဒ ( Realism) ကျဆုံးသွားမည်။ အဓိပ္ပာယ်မှာ ရှုပ်ထွေးလာသော လောကနှင့်ဘဝကို သမားရိုးကျပုံပြော သောနည်းနိယာမ ( Realism Marrative Techniques) တို့ ဖြင့် ကုံလုံစွာသရုပ်မဖော်ပြနိုင်တော့ဟု ဆိုလိုခြင်းဖြစ်သည်။ နည်းဟောင်းဖြင့် ပုံပြောလို့ မရတော့ပေ။ ပုံပြောနည်းလည်း ခေတ်ကို စမ်းရတော့မည်။ သို့မဟုတ် အသစ်တီထွင်ရမည်။ ခေတ်စမ်းစာပေ (Experimental) နှင့် အမြင်သစ်စာပေ (Antgarde) ကို ခေတ်စားလာဖွယ်ရှိသည်ဟု ခန့်မှန်းသည်။ ပုံပြောလျင် ပုံပြောခြင်းနှင့်တူအောင် ဂရုစိုက်ရလိမ့်မည်။ Fiction about Fiction  ဟု ဆိုသည်။

မောင်သာဇုံ