နည်းပညာခေတ်မှာ ကိုယ့်လုပ်ငန်းအတွက် မလုပ်မဖြစ် လိုအပ်လာတဲ့ Social Media Listening

အခုခေတ်မှာ လုပ်ငန်းတိုင်းလိုလိုက Social Media Campaign တွေလုပ်ကြပါတယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လို့ရတဲ့ လုပ်ငန်းကြီးတွေလောက်ပဲ Internet ပေါ်မှာ ကိုယ့်အကြောင်းကို ဘယ်သူတွေက ဘာတွေပြောနေတယ်ဆိုတာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြတာဖြစ်ပါတယ်။ ဒါကို  Social Media Listening လုပ်တယ်လို့ ခေါ်ပါတယ်။ Social Media Monitoring လို့လည်း သုံးနှုန်းပါသေးတယ်။

socialmedialistening1

Social Listening ကို ဘာအတွက်သုံးသလဲ . . .

ကိုယ့်ကုမ္ပဏီ၊ လုပ်ငန်းနဲ့ပတ်သက်လို့ အပြင်မှာဘာတွေဖြစ်ပြီး ဘယ်လိုတွေပြောနေကြတယ်၊ ဘယ်လိုနေရာမျိုးမှာ ပြောတတ်ကြတယ်၊ ကိုယ့်ရဲ့ ပြိုင်ဘက်ကုမ္ပဏီအကြောင်းနဲ့ ကုန်အမှတ်တံဆိပ်အကြောင်း စတာတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားလေ့လာချင်တဲ့ လုပ်ငန်းတွေ သုံးကြတာပါ။

ဘာကြောင့် ဒီလိုစောင့်ကြည့်ဖို့ လိုအပ်သလဲ . . .

ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်လို့ Positive Impact ဖြစ်နိုင်တဲ့ မှတ်ချက်၊ ဆောင်းပါး စတာတွေ ရှိနိုင်သလို၊ Negative Impact ဖြစ်နိုင်တဲ့ မှတ်ချက်၊ ဆောင်းပါး စတာတွေလည်းရှိနိုင်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကိုယ်က Up to date သိနေဖို့ ၊ လိုသလို အချိန်မလွန်ခင် ဖြေရှင်းနိုင်ဖို့ဖြစ်တယ်။

ဘယ်လို Service တွေသုံးရမလဲ . . .

socialmedialistening2

Meltwater

ကမ္ဘာအနှံ့အသုံးပြုသူတွေရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေက ဒီ Service ကို သုံးတတ်ကြပါတယ်။ အခပေး ဝန်ဆောင်မှုဖြစ်ပြီး Monitoring လုပ်ပေးနိုင်တဲ့ Scope ကလည်း အတော်လေးကျယ်ပြန့်ပါတယ်။ သန်း၂၀၀ လောက်ရှိတဲ့ Blog ၊ Microblog ၊ Social Network ၊ Video နဲ့ Photo Website ၊ Forum ၊ Product Review  နဲ့ Social Media Site တွေ အများအပြားကို စောင့်ကြည့်လေ့လာပေးနိုင်ပါတယ်။

www.meltwater.com

socialmedialistening3

ViralHeat

ကိုယ့်အကြောင်း ဘယ်သူတွေဘယ်လောက် ရေးသားဖော်ပြထားကြသလဲဆိုတာကို အရေအတွက် ကန့်သတ်ချက်မရှိ စောင့်ကြည့်လေ့လာနိုင်ပါတယ်။ Enterprise ကုမ္ပဏီတွေ တော်တော်များများ ဒီဝန်ဆောင်မှုကို သုံးပါတယ်။ အချိန်အကန့်အသတ်တစ်ခုနဲ့ အခမဲ့ စမ်းသုံးကြည့်နိုင်ပြီး နောက်ပိုင်းတော့ ဝယ်သုံးရမှာပါ။

www.viralheat.com

socialmedialistening4

Brandwatch

ရိုးရှင်း အသုံးဝင်တဲ့ Interface ရှိပြီး ဝန်ထမ်းတစ်ယောက်စီအတွက် တစ်မျိုးစီ ဘာကိုစောင့်ကြည့် လေ့လာရမလဲဆိုတာကို Customize လုပ်ပေးထားလို့ ရပါတယ်။ ဒီဝန်ဆောင်မှုကိုတော့ Client တွေ အများကြီးရှိတဲ့၊ နိုင်ငံတကာ Client တွေလည်းရှိတဲ့ ကုမ္ပဏီတွေသုံးကြတာ များပါတယ်။ ဒီဝန်ဆောင်မှုကလည်း ဝယ်သုံးရမှာပါ။

www.brandwatch.com

socialmedialistening5

Social Mention

ဒါကတော့ အခမဲ့အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Feature တွေကို ငွေကုန်ကြေးကျမရှိ အသုံးပြုနိုင်မှာဖြစ်ပြီး Budget အကန့်အသတ်ရှိတဲ့ ကုမ္ပဏီတော်တော်များများ ဒါကို သုံးကြပါတယ်။

www.socialmention.com

ဖြူလဲ့မွန်