မိုဘိုင်းလ်ကို အာရုံစိုက်ပါ
သူတို့က ခရီးထွက်ဖို့စီစဉ်တာပဲဖြစ်ဖြစ် Spa သွားချင်လို့ပဲဖြစ်ဖြစ်၊ အရာရာကိုမိုဘိုင်းကနေ Book လုပ်တယ်၊ ဝယ်တယ်၊ ပြန်ရောင်းပါတယ်။ ဒီလိုမလုပ်ခင်တော့ သူများတွေရေးထားတဲ့ Comment တွေ၊ Review တွေကို စစ်ပါတယ်။
မိုဘိုင်းလ်ကနေပဲ Social Media နဲ့ အင်တာနက်သုံးကြတာကြောင့် ကိုယ့် Content တွေကို မိုဘိုင်းလ်ပစ္စည်းတွေမှာ မြန်မြန်တက်အောင်၊ ဆွဲဆောင်မှုရှိအောင်၊ အမျိုးမျိုးသော Screen Size တွေနဲ့ ကွက်တိကျအောင်လုပ်ဖို့လိုပါမယ်။
ကူပွန်တွေနဲ့ လျှော့ဈေးတွေက စဆွဲဆောင်ပါ
Twitter မှာ ကုမ္ပဏီတစ်ခုကို Follow လုပ်ထားတဲ့ ထောင်စုနှစ်လူသားတွေထဲက ၆၆ ရာခိုင်နှုန်းလောက်ကနဲ့ Facebook မှာ ကုမ္ပဏီတစ်ခုကို Like လုပ်ထားတဲ့ ၆၄ ရာခိုင်နှုန်းလောက်က သူတို့အတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရဖို့မျှော်လင့်ထားတယ်။ စီးပွားရေးဆန်ဆန်ဘဝကို ဖြတ်သန်းနေကြတဲ့ သူတွေဖြစ်လို့ ကုန်ကျစရိတ်ကို တတ်နိုင်သမျှ ရတဲ့နေရာကနေ လျှော့ချဖို့စဉ်းစားနေတော့ သူတို့ကိုဆွဲဆောင်ဖို့ ဒီနည်းလမ်းတွေက အလုပ်ဖြစ်ပါ တယ်။
တိုက်ရိုက်မရောင်းနဲ့ သူတို့နဲ့အတူတူပဲလို့ ခံစားရအောင်လုပ်ပါ
သူတို့က သူတို့ကို တွန်းထိုးပစ္စည်းရောင်းတာမကြိုက်ပါဘူး။ သူတို့ထဲက ၈၄ ရာခိုင်နှုန်းလောက်က သွယ်ဝိုက်ပြောတာ၊ ပြတာကိုကြိုက်ကြတယ်။ ဒါကြောင့် ကြော်ငြာနဲ့သိပ်မတူတဲ့ Post ဖန်တီးတာ၊ အမှတ်တံဆိပ်မြင်သာရုံလောက်ပြပြီး တကယ်အကျိုးရှိမယ့် အကြောင်းအရာတွေ ဖန်တီးပေးတာမျိုးက သူတို့အတွက် အလုပ်ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်ထုတ်ကုန်အတွက် သူတို့ကိုလွှမ်းမိုးမှုရှိတဲ့ သူတွေနဲ့ ပေါင်းပြီး Content တွေ ဖန်တီးပေးနိုင်လေကောင်း လေပါပဲ။
Loyal ဖြစ်တယ်။
သူတို့ကြိုက်တဲ့ပစ္စည်း၊ အမှတ်တံဆိပ်ဆိုရင် သူတို့ကိုယ်ပိုင် Social Media တွေမှာတင်ပြီး မျှဝေပေးတတ်ကြတယ်။ သူတို့ကိုယ်တိုင်လည်း Social Media တွေပေါ်က သုံးစွဲသူ တွေရဲ့အမြင်ကို ပစ္စည်းဝယ်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ ထည့် စဉ်းစားတယ်။
သူတို့အတွက် Customer Service
ထောင်စုနှစ်လူသားတွေအတွက် Social Media Channel တွေက ထုတ်ကုန်ပစ္စည်းတွေကို ထိစပ်မိဖို့အလွယ်ဆုံး ဖြစ်စေတယ်လို့ သိရပါတယ်။ ၆၅ ရာခိုင်နှုန်းလောက်က အွန်လိုင်းမှာစပြီး အမှတ်တံဆိပ်တစ်ခု၊ အဖွဲ့အစည်းတစ် ခုနဲ့ Interact လုပ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကုမ္ပဏီရဲ့Customer Service ကို အွန်လိုင်းမှာလည်းထားပါ။
Social Media ကို ပိုသုံးပါ
ကိုယ့်ထုတ်ကုန်အတွက် ကြော်ငြာတဲ့အခါ TV Channel တွေရဲ့ လွှမ်းမိုးမှုက ၇၀ ခိုင်နှုန်းလောက်တခြား ကြော်ငြာ Channel တွေထက် ပိုများနေသေးတယ်ဆိုပေမယ့် ထောင်စုနှစ်လူသားတွေအတွက်ကတော့ Social Media က ပိုလွှမ်းမိုးပါတယ်။ သူတို့ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကလည်း Social Media ကနေကြော်ငြာတာက သူတို့ကို ပိုလွှမ်းမိုးမှုရှိပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပိုကူညီရာရောက်တယ်လို့ မှတ်ယူထားကြောင်းသိရပါတယ်။