News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ကိုယ်ပိုင် Brand ရှိဖို့လို ...
Editorial
March 5, 2015
Editor's Letter
အိမ်နီးချင်းနိုင်ငံတစ်ခုတွင် မြန်မာချိတ်အဆင်ဖြင့်ဖိနပ်ချုပ်ပြီး သူတို့ Brand တပ်ကာ ရောင်းချနေသည်ကို တွေ့ဖူးသည်။ မြန်မာ့သနပ်ခါးထည့်သွင်းဖော်စပ်ထားသည့် နိုင်ငံခြားအလှကုန်များ နိုင်ငံတကာဈေးကွက်တွင် အောင်အောင်မြင်မြင်ရောင်းချနိုင်နေသည်ကိုလည်း တွေ့မြင်ရပါသည်။ အလားတူပင် ယခင်က မြန်မာတိုင်းရင်းသားမျိုးနွယ်ဝင်ဟု မှတ်ယူထားသော လူမျိုးတချို့နှင့် ယင်းတို့၏တိုင်းရင်းသားဝတ်စုံများကို တစ်ဖက်နိုင်ငံက သူတို့လူမျိုးနှင့် ဝတ်စုံအဖြစ် အမှတ်တရပစ္စည်းများပင် ထုတ်ရောင်းနေသည်ကိုမြင်ရတော့ မျက်စိလည်ခဲ့ဖူးသည်။ ကျောကုန်းတွင် အဖုများပါပြီး တွဲလျက်ပါရှိသောတုတ်ချောင်းဖြင့် အသံမြည်အောင်တီးခတ်ရသော သစ်သားဖားရုပ်ကို သူ့နိုင်ငံကစလုပ်တာ၊ ငါ့နိုင်ငံက စလုပ်တာဟူပြီး ကမ္ဘောဒီးယားသူငယ်ချင်းနှင့် ထိုင်းသူငယ်ချင်းတို့ ငြင်းခုန်ခဲ့ကြဖူးသည်။ အခုတော့ ထိုကဲ့သို့သောဖားရုပ်များကို မြန်မာပြည်ကအမှတ်တရဆိုင်များမှာလည်း ရောင်းချနေတာတွေ့ရသည်။ ငယ်ငယ်တုန်းက ကိုယ်ပိုင်ပစ္စည်းဆိုလျှင် ခဲတံတစ်ချောင်းကအစ နာမည်ထိုးကိုင်သူများကို ဥစ္စာခြောက်သူ၊ ဥစ္စာရူး ဘိုဆန်ဆန် OSY ဟု အမည်ဝှက်ပေးခဲ့ဖူးသည်။ ဘယ်လောက်နာမည်ထိုးထားထား ပျောက်တော့လည်း ခဲတံတစ်ချောင်းလုံးပျောက်သွားတာပါကွာဟု လှောင်ခဲ့ဖူးသည်။ သည်အတွေ့အကြုံများကို ဆက်စပ်တွေးကြည့်လိုက်တော့ ခဲတံတစ်ချောင်းအခိုးခံရတာ၊ ပျောက်တာကအရေးမကြီး၊ လူမျိုးနှင့် တိုင်းရင်းသားအမွေအနှစ်နှင့်ဆိုင်သောပစ္စည်းတွေ ပျောက်ကုန်တာက ဆိုးဝါးသည်ဆိုတာ သိလာရသည်။ ရောင့်ရဲကျေနပ်နိုင်မှုကို အဓိပ္ပာယ်တလွဲကောက်မိသောသူ အရေအတွက်များလာသောအခါ ကြိုးစားမှုများ လျော့ကျလာသည်။ ချမှတ်ထားသော စည်းကမ်းနောက်က အကောင်အထည်ဖော်မှုများ အားနည်းကုန်တော့သည်။ ထို့ကြောင့် ပြဿနာဖြစ်လာချိန်တွင် ခေါင်းခံသူမရှိ၊ အချင်းချင်းလက်ညှိုးထိုး၊ ရန်ဖြစ်၊ ထချကုန်တော့သည်။ ထို့အတူ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာသောအခါတွင်လည်း မသမာစိတ်မွေးပြီး မရိုးသားသောနည်းလမ်းများသုံးလာကြသဖြင့် အမှုအခင်းဖြစ်သည်အထိ ကြီးထွားလာတော့သည်။ ဆိုးသည်က ပြဿနာဖြစ်၊ အမှုဖြစ်သောအခါ ကိုင်တွယ်ဖြေရှင်းရန် ဥပဒေမရှိ၊ ထို့ထက်ပိုဆိုးသည်ကရှိထားသောဥပဒေက ခေတ်စနစ်နှင့်မလျော်ညီတော့သဖြင့် မသုံးချင်ကြတော့ခြင်းပင်။ စာနှင့်စနစ်တကျ မှတ်တမ်းမ တင်ထားနိုင်သရွေ့၊ စည်းကမ်းအတိုင်းမလုပ်နိုင်သရွေ့ ပြဿနာပေါ်လာလျှင် အရှုံးတွေ့ရတတ်သလို ချမှတ်ထားသောစည်းကမ်းဥပဒေကိုလည်း ခေတ်စနစ်နှင့်ညီအောင် Update မလုပ်နိုင်လျှင် သူတကာထက်ခြေတစ်လှမ်းနောက်ကျမည်သာဖြစ်ပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ကျေးဇူးတင်လွှာ
Posted On December 28, 2018, By Editorial
အကြွေးဝယ်ကတ်များနှင့် မြန်မာပြည်
Posted On April 23, 2018, By Editorial
ပြည်တွင်းဈေးကွက်ရှိ မြန်မာ့ထုတ်ကုန်အများစုမှာ
Posted On April 14, 2018, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း