British Columbia တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ Yves Tiberghien

article portrait watermark final1

 

ပါမောက္ခအနေနဲ့ ဘယ်လိုတာဝန်တွေကို ယူထားသလဲ။

ကျွန်တော်က University of British Columbia (UBC) ၊ Institute of  Asian Research  ရဲ့ ဒါရိုက်တာဖြစ်ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Science)  ရဲ့တွဲ ဖက် ပါမောက္ခလည်းဖြစ်ပါတယ်။ ကျွန်တော် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို အထူးပြုလေ့ လာခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယားနဲ့ တရုတ်စတဲ့ အာရှနိုင်ငံတွေကို အဓိက လေ့လာခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးပိုင်း (Global Governance) မှာလည်း ပါဝင်လှုပ်ရှားနေပြီး G-20 အစည်းဝေးတွေမှာ အမြဲတမ်းလိုလို ပါဝင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေ မှာလည်း ပါဝင်လုပ်ကိုင်နေပါတယ်။ အခြား တာဝန်တွေထဲက တစ်ခုကတော့ UBC ရဲ့ ပြည်သူ့ရေးရာ မူဝါဒစည်းရုံးရေး ကော်မတီ (Public Policy Cordinating Committee)    ရဲ့ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

 

မြန်မာနိုင်ငံကို လာရောက်ဖြစ်တဲ့အကြောင်းအရင်းကို သိချင်ပါတယ်

ပြီးခဲ့တဲ့ခြောက်လလောက်တုန်းက ဒီကိုလာမယ့်ကိစ္စ မစီစဉ်ရသေးပါဘူး။ မနှစ်က ဆောင်းဦးကာလပိုင်းလောက်မှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်နဲ့ ထိုင်း တက္ကသိုလ် တစ်ခုမှာ ကျွန်တော်တို့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးမှာ အခြားနိုင်ငံတွေရဲ့ ပါဝင်မှု (Presence)  ကို ထိန်း ညှိတဲ့အနေနဲ့ ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေမှာ ပိုပြီးပါဝင်လာသင့်တယ်လို့ ဒေါက်တာအောင်ထွန်းသက် မြင်တယ်လို့ ကျွန်တော်ထင်ပါတယ်။  University of British Columbia က အာရှ-ပစိဖိတ်ဒေသကို Focus ထားတဲ့တက္ကသိုလ်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၅ ခုမှာ ကျွန်တော်တို့ တက္ကသိုလ်လည်း ပါဝင်ခဲ့သလို ဒေါက်တာအောင် ထွန်းသက်အနေနဲ့ UBC ကို လာရောက်လည်ပတ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒေါက်တာအောင်ထွန်းသက်ရဲ့ Background ကို လေ့လာကြည့်တဲ့အခါမှာ နာမည်ဂုဏ် သတင်းကြီးပြီး လေးစားထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သလို့ ကျွမ်းကျင်ပညာရှင်တစ် ယောက်ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒါကြောင့် ဒေါက်တာအောင်ထွန်းသက်ကို ကျွန်တော် UBC ကို လာရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ သူ့ရဲ့အလုပ်များတဲ့ အချိန်ဇယားထဲကနေ UBC မှာ ဟောပြောပွဲနှစ်ခုပြုလုပ်ခဲ့ပြီး ကျောင်း Campus ရှိတဲ့ အဖွဲ့ဝင်အမျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေးမှု တွေပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲတွေမှာ ကျောင်းသားတစ်ရာကျော် ပါဝင်ခဲ့ပြီး ဒါက အရှေ့တောင်အာရှနဲ့ပတ်သက်တဲ့ Topic တွေထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားမှုအများကြီးခံရတဲ့ တွေ့ဆုံပွဲတစ်ခုလို့ ပြောလို့ရပါတယ်။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲမှုနဲ့ ပတ်သက်ပြီး တကယ့်ကို ထဲထဲဝင်ဝင် ကျွမ်းကျင်သိရှိတဲ့ ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နက်နဲတဲ့အသိပညာဗဟုသု တတွေကို ကမ္ဘာ့ကုလသမဂ္ဂက (UN) အတွေ့အကြုံတွေနဲ့ ပေါင်းစပ်တင်ပြခဲ့ပြီး သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ ဉာဏ်ပညာဗဟုသုတတွေကို ပြသ ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒေါက်တာအောင်ထွန်းသက်ကို အထင်ကြီးလေးစားခဲ့ပြီး  ကျွန်တော်တို့ အထူးသဖြင့် တောင်အာရှဒေသအရေးကို အဓိကထား လုပ်ကိုင်နေတဲ့ ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တိုင်ပင်ဆွေးနွေးပြီး ဒေါက်တာအောင်ထွန်း သက်ကို ဂုဏ်ထူးဆောင် ပါမောက္ခ ဘွဲ့ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။  ဒေါက်တာအောင်ထွန်းသက်ကို အကြောင်းကြားတဲ့ အခါမှာ သူကလည်း စိတ်ဝင်စားခဲ့ပါတယ်။ ဒါဟာကနေ ဒါနိုင်ငံသားမဟုတ်တဲ့ သူကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီကိစ္စကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာအောင် ထွန်းသက်ကို ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ချီးမြှင့်ဖို့ရယ် တက္ကသိုလ်အချို့နဲ့  အခြားပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံဖို့  ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို လာရောက် ဖြစ်ခဲ့တာပါ။

 

ပါမောက္ခအနေနဲ့ မြန်မာနိုင်ငံကို ၁၉၉၅ ခုနှစ်ကလာ  ရောက်ဖူးတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းကနဲ့ အခု အချိန်အကြား သတိထားမိတဲ့ ခြားနားမှုတွေကို ပြောပြပေးစေချင် ပါတယ်

ကွာခြားမှုကတော့ အင်မတန်ကို ကြီးမားပါတယ်။ ကျွန်တော့်အနေနဲ့ ကွာခြားမှုကိုပဲမျော်လင့်ထားပေမဲ့ တူညီတာတွေလည်း ဆက်ပြီးရှိနေသေးတာကို တွေ့ရပါတယ်။ အဲဒီတုန်းကမြန်မာနိုင်ငံကို ကျွန်တော် ခရီးသွားအနေနဲ့ လာရောက်ခဲ့ တာဖြစ်ပါတယ်။ အခြားနိုင်ငံပေါင်း ၂၀ ကိုလည်း  ၁၅ လအတွင်းမှာ ကျွန်တော်သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကတော့ ကျွန်တော့်ကို စိတ်လှုပ်ရှားမှုအဖြစ်စေဆုံးနိုင်ငံပါ။ အထူးသဖြင့်တော့ လူတွေရဲ့ နွေထွေးပျူငှာမှုနဲ့ နိုင်ငံရဲ့လှပမှုကြောင့်ဖြစ်ပါတယ်။ ပုဂံကိုလည်း ရက်အနည်းငယ် သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြောင်းလဲမှုတွေအများကြီးဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ နိုင်ငံခြားကစီးပွားရေး လုပ် ငန်းတွေ ဝင်လာနေတာတွေ့ရပြီး အာဆီယံဥက္ကဋ္ဌဖြစ်လာပြီးနောက် အစည်းအဝေးတွေ လက်ခံကျင်းပလာရတာ၊  နိုင်ငံတကာအစည်းအဝေးတွေ လက်ခံကျင်းပနေတာ စသဖြင့် ပွဲတွေ (Events)  က လစဉ်နီးပါးရှိနေတာကို တွေ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျွန်တော် မြန်မာနိုင်ငံတစ်ဝန်းကို သွားရောက်ဖို့ အခွင့်မသာတဲ့အတွက် နှိုင်းယှဉ်ပြီး ပြောပြလို့မရပေမဲ့ သတိထားမိတဲ့ တူညီမှုတွေကတော့ မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှု၊ ရင်းနှီးဖော်ရွေမှု စတာတွေကို ဆက်ပြီးတွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်တိုး တက်နေတဲ့နိုင်ငံတွေက မြို့ကြီးတွေကို ကြည့်မယ်ဆိုရင် လူတွေက ရုပ်ဝါဒပိုဆန်လာ ကြပြီး ရင်းနှီးဖော်ရွေမှုတွေ၊ ရိုးသားမှုတွေကို သိပ်မတွေ့ ရတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ဒါကတွေကို တွေ့နေရဆဲ ဖြစ်ပြီး အခုလိုနိုင်ငံက မြန်ဆန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ရိုးရာယဉ်ကျေးမှုတွေနဲ့ နိုင်ငံသားတွေရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတွေကို ဆက်ပြီးထိန်းသိမ်းဖို့ လိုပါတယ်။

 

ပါမောက္ခအနေနဲ့ အပြည်ပြည်ဆိုင်ရာနိုင်ငံရေး ဘောဂဗေဒကို အထူးပြုလေ့လာတယ် လို့သိရပါတယ်။ နိုင်ငံရေး တည်ငြိမ် မှု (Political Stability) က နိုင်ငံရဲ့စီးပွားရေး တိုးတက်ကြီးထွားမှုနဲ့ နိုင်ခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲ ဆောင်မှုအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတဲ့အပေါ်မှာ ပါမောက္ခရဲ့အမြင်ကို သိချင်ပါတယ်

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့အတွက် စံသတ်မှတ်ချက်အမျိုးမျိုးနဲ့ တိုင်းတာကြမှာပဲဖြစ်တယ်။ ပထမအချက်နေနဲ့ သူတို့ရင်းနှီးမြှုပ်နှံ မယ့်နိုင်ငံရဲ့ တိုးတက်ကြီးထွားနိုင်မယ့်အလားလာနဲ့ ဘယ်လိုအခွင့်အလမ်းတွေ ရှိမလဲဆိုတာကို စီးပွားရေးအရ တွက်ချက်ကြည့်ကြတယ်။ ဒုတိယအရေးကြီးဆုံးအချက်ကတော့ နိုင်ငံရေးတည် ငြိမ်မှုပဲဖြစ်တယ်။ ပြည်တွင်းစစ်တွေ၊ ဝရုန်းသုန်းကားအခြေ အနေဖြစ်နေတဲ့နိုင်ငံတွေမှာ ဥပမာအနေနဲ့ အခုယူကရိန်းနဲ့ ထိုင်းမှာဖြစ်နေတဲ့အနေအထားကို ကြည့်မယ်ဆိုရင် အဲဒီ အနေအထားတွေက  ရင်းနှီးမြှုပ်နှံသူတွေကို ခြောက်လှန့်နေတဲ့အရာတွေ ဖြစ်ပါတယ်။ စီးပွားရေးသမားတွေဟာ အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် ရေရှည်တည်ငြိမ်မှုကို လိုလားကြသူ တွေဖြစ်တယ်။ ဖွံဖြိုးပြီးနိုင်ငံတွေမှာကြည့်မယ်ဆိုရင် အစိုးရအပိုင်းမှာ တည်ငြိမ်မှု၊ နိုင်ငံရေးဖြစ်စဉ် တည်ငြိမ်မှုရှိတာကို တွေ့ရမှာဖြစ်တယ်။ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဖွံ့ဖြိုတိုး တက်မှုစီမံ ကိန်းရှိတဲ့ အစိုးရဆိုရင်တော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်းမှာပါ။

 

မြန်မာနိုင်ငံအစိုးရက ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance) ၊ သန့်ရှင်းသောအစိုးရ (Clean Gove - rment)  နဲ့ပတ်သက်ပြီး မကြာခဏဆိုသလို အလေးထား ထုတ်ဖော်ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြုံတွေ့ နေရတဲ့ အခက်အခဲဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ အကျင့်ပျက်ခြစားမှု (Corruption) ဖြစ်တယ်။ အဲဒါကို ကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပိုမိုကောင်းမွန်တဲ့နိုင်ငံရေးနဲ့ စီးပွားရေးအနေအထားတစ်ရပ် ပေါ်ပေါ်လာဖို့ ဘယ်လိုနည်းလမ်းတွေရှိမလဲဆိုတဲ့ အပေါ်မှာ ပါမောက္ခရဲ့အမြင်ကို သိချင်ပါတယ်။  

 

ခြစားမှုနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးရှိပါတယ်။ အခြေ အနေအမျိုးမျိုးက ခြစားမှုဖြစ်ပေါ်လာဖို့ ဖန်တီးပေးတာဖြစ်တယ်။ စောင့်ကြည့်စစ်ဆေးထိန်းညှိမှု (Checks and Balances)  မရှိဘဲ တရားဥပဒေစိုးမိုးမှုရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ အားကောင်းတဲ့အဖွဲ့အစည်းတွေရှိမယ်ဆိုရင် ခြစားမှုပေါ်ပေါက်နိုင်ပါတယ်။ နောက်ပြီး အစိုးရဝန်ထမ်း၊ အရာရှိတွေဟာ အခွင့်အာဏာရှိပြီး လစာကောင်းကောင်း မရဘူးဆိုရင်၊ တရားဥပဒေ စိုးမိုးမှုမရှိသလို Checks and Balances မရှိဘူးဆိုရင်၊ သယံဇာတပေါများပြီး အခုလို   ရင်းနှီးမြှုပ်နှံသူတွေဝင်လာနေတဲ့အထားမျိုးမှာဆိုရင် အဲဒီလို အခြေအနေတွေဟာ ခြစားမှုပေါ်ပေါက်ဖို့ ပံ့ပိုးပေးတဲ့ အခြေအနေတွေပါပဲ။ ခြစားမှုကတော့ တစ်ခါတရံမှာတော့ ပြဿနာသိပ်မရှိပါဘူး။ ဥပမာ- တရုတ်နိုင်ငံမှာဆိုရင် ၁၉၈၀၊ ၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေမှာ ခြစားမှုက တော်တော်လေးကို ပျံ့နှံ့ခဲ့တာကို တွေ့ရမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒါက တိုင်းပြည်ရဲ့တိုးတက်မှုကို မထိခိုက်ခဲ့ပါဘူး။  ဖွံ့ဖြိုးတိုးတက်မှုက ဆက်လက်ဖြစ်ပေါ်နေခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ အစိုးရအရာရှိတွေအတွက်ပေးတဲ့ မက်လုံးနဲ့ အကျင့်ပျက်ခြစားမှု (Incentive)  ကြားမှာ မျဉ်းပါးပါးလေး (Thin Line) ပဲခြားပါတယ်။ အရေးကြီးဆုံးက တော့ ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အဲဒီဖွံ့ဖြိုးတိုးတက်မှုကို လူတွေအား လုံးမျှဝေခံစားနိုင်သလို ဆင်းရဲမွဲတေမှုကို လျော့ချနိုင်မယ့် စီမံကိန်းမျိုးရှိဖို့လိုပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဒီလိုအခြေအနေအားလုံးကို မရနိုင်ပါဘူး။ ပြည်တွင်းက အစိုးရအရရှိတွေကို Incentive တွေပေးပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာပါဝင်စေတဲ့ နည်းလမ်းက Deng Xiaoping  ရဲ့နည်းလမ်းဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ (Reforms)  ပြုလုပ်ရာမှာ ကွန်မြူနစ်အရာရှိတွေက ပိတ်ဆို့အဟန့်အတား ဖြစ်နေတာမျိုးကို သူကမလိုချင်ဘူး။ ဒါကြောင့် သူက ပြည်တွင်းကွန်မြူနစ်အရာ အရှိတွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့ ဆွဲဆောင်စည်းရုံးနိုင်ခဲ့တယ်။ သူတို့အကျိုးထက် သုံးစွဲတာထက်ပိုပြီးတိုင်းပြည်တိုးတက်ဖို့ ပိုပြီးလုပ်ဆောင်နိုင်ခဲ့တယ်။

နောက်တစ်ချက်က သယံဇာတအရင်းအမြစ်တွေ ပေါကြွယ်ဝတာဟာ အန္တရာယ်ပါပဲ။ အဲဒါတွေက ဝင်ငွေ အများကြီးရစေတဲ့အတွက် အာဏာရှိတဲ့သူတွေ မျက်စိကျတဲ့ အရာဖြစ်တယ်။ ပိုက်ဆံတွေတော့ အများကြီးဝင်လာပြီး  အဲဒီပိုက်ဆံတွေကို မှန်မှန်ကန်ကန်ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဘဲ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။ ဒါကို သယံဇာတကျိန်စာ (Resource Curse)  လို့ခေါ်ကြတယ်။  အကောင်း ဆုံးနည်းလမ်းကတော့ အဲဒီပိုက်ဆံတွေကို ထိန်းသိမ်းကိုင် တွယ်ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ ရှင်းလင်းတဲ့အခွင့်အာဏာ (Clear Mandate)  ပေးထားခြင်းခံရတဲ့ လွတ်လပ်တဲ့ Institution တွေရှိဖို့လိုပါတယ်။

မြန်မာနိုင်ငံအနေအထားကို သုံးသပ်ရမယ်ဆိုရင်တော့ အတွင်းလူတွေ (Insiders)  ကပဲ လက်ဝါးကြီးအုပ်ထား တဲ့စနစ်မျိုးမဟုတ်ဘဲ ဈေးကွက်ကို ပိုပြီးအခြေခံတဲ့ ပွင့်လင်မြင်သာမှုရှိတဲ့ စနစ်မျိုးနဲ့သွားဖို့လိုပါတယ်။ ဝင်လာတဲ့ပိုက်ဆံ တွေကိုထိန်းသိမ်းကိုင်တွယ်ပြီး  အခြေခံအဆောက်အအုံပိုင်း တွေမှာ ရင်နှီးမြှုပ်နှံခွင့် တိုက်ရိုက်အ ခွင့်အာဏာ (Direct Mandate)  ရှိတဲ့ Institution တွေ ပေါ်ပေါက်လာဖို့ လိုပါတယ်။ အဲဒါက နေ့ချင်းညချင်းဖြစ်ပေါ်လာနိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရေတိုမှာတော့ ပိုမိုကောင်းမွန်တဲ့ Institution တွေပေါ်ပေါက်လာဖို့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ အစိုးရပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အကျိုးသင့် အကြောင်းသင့် (Reasonable) ဖြစ်နေပြီး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို မထိခိုက်သ၍တော့ အချို့လူတွေအနေနဲ့ Incentive တွေ ရနေတာ သိပ်ပြဿနာ မရှိပါဘူး။ ဒါကတော့ လက်တွေ့ရှုထောင့် (Pratical Aspect)  ပါ။ အရင်က တရုတ်နိုင်ငံက ဒါမျိုးလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မျာ တရုတ်ပြည်ရဲ့အနေအထားက အဲဒီတုန်းကနဲ့ အများကြီး ကွာခြားသွားပြီးဖြစ်သလို အကျင့်ပျက် ခြစားမှုပမာဏက အရမ်းကို ကြီးမားသွားပြီ။ အရေးကြီးတဲ့အချိန်ကတော့ စီးပွားရေးလုပ်ငန်း တွေကို ပုဂ္ဂလိက ပိုင်ပြုလုပ်ခွင့် (Privitization) ပေးတဲ့အခါ ဖြစ်တယ်။ အဲဒီအချိန်မျိုးမှာ အတွင်းလူတွေကပဲ လုပ်ပိုင်ခွင့် တွေ ရသွားတာမျိုးတွေဖြစ်ပြီး (Wealth) က တိုင်းပြည် ရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟုတ်ဘဲ ခရိုနီ (Crony)  လူတန်းစားအတွက်ပဲ ဖြစ်သွားတတ်တယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခွင့် မပေးခင်မှာ နိုင်ငံပိုင်စီပွားရေးလုပ်ငန်းတွေအတွက် ပရော်ဖက်ရှင်နယ်ကျတဲ့ စီမံခန့်ခွဲမှုပုံစံ (Management Structure)  တည်ဆောက်ဖို့ လိုပါတယ်။

လူတစ်ဦးတစ်ယောက်နဲ့ပဲ ဆက်နွှယ်ပတ်သက် နေခြင်းမရှိတဲ့ ရှင်းလင်းတဲ့လုပ်ပိုင်ခွင့်အာဏာရရှိထားတဲ့ Institution တွေ တည်ဆောက်ဖို့ လိုပါတယ်။ အရင်း အမြစ်တွေကို ခရိုနီလူတန်းစားတွေအတွက်ပဲ လုပ်ပိုင်းခွင့်ပေးထားတဲ့ နည်းလမ်းမျိုးမဟုတ်ဘဲ ကြိုးစားတဲ့လူတွေအတွက်လည်း   အခွင့်အရေး ရနိုင်တဲ့နည်းလမ်းမျိုးဖြစ်ဖို့ လိုပါတယ်။ အဓိကကတော့ မှန်ကန်တဲ့ Institution တွေ ထူထောင်ဖို့ဖြစ်ပြီး အလျင်စလိုမလုပ်ဘဲ Balance ဖြစ်အောင်လုပ်ဖို့ လိုပါ တယ်။

 

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုများစွာကို တစ်ပြိုင်နက်ထဲ အကောင်အထည်ဖော်နေတဲ့အချိန်ဖြစ်တယ်။ အဲဒါကြောင့် ရှေ့ဆက်လုပ်ဆောင်ရာမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့နဲ့ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လိုများ အကြံ ပေးချင်ပါသလဲ။

အကြံပေးချင်တာကတော့ နိုင်ငံတကာကို အလျင်စလို တံခါး ဖွင့်ပေးတာထက် နိုင်ငံရဲ့စွမ်းရည်(Domestic Capacity)  ကို ဖြည်းဖြည်မှန်မှန်နဲ့ ဂရုတစိုက် တည်ဆောက် ပျိုးထောင်ဖို့ လိုပါတယ်။ အစီစဉ်အလိုက်အကောင်အထည်ဖော်ဆောင် ရွက်မှု (Sequencing )  ၊ ဖြည်းဖြည်းမှန်မှန်ပြောင်းလဲမှုမူဝါဒ (Gradualism)  တို့နဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ၊ စာပေတွေအများကြီး ရှိပါတယ်။ ဥပမာ- နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနဲ့ကုန်သွယ်ရေးကို ဖွင့်ပေးတာကမှန်ပါတယ်။ ဒါပေ မဲ့ ဘဏ္ဍာရေးကဏ္ဍကိုတော့ အလောတကြီး ဖွင့်ပေးတာမျိုး ကတော့ လုံခြုံမှုသိပ်မရှိပါဘူး။ အာရှဘဏ္ဍာရေးအကြပ်အ တည်းကို ကြည့်ရင်သိနိုင်ပါတယ်။ ဘဏ္ဍာရေးဟာနည်း စနစ်ကျွမ်းကျင်မှု အရမ်းလိုအပ်ပြီး စီမံမံခန့်ခွဲရတာလည်း အရမ်းခက်ခဲပါတယ်။ မထိန်းချုပ်နိုင်ရင် ငွေကြေးစီးဆင်းမှု အလွန်အကျွံဖြစ်ပေါ်နိုင်ပါတယ်။

၁၉၉၇ ခုနှစ်လောက်က ထိုင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ လောက်စီးဝင်လာခဲ့ပေမဲ့ အဲဒါကို ကိုင်တွယ်နိုင်တဲ့စွမ်းရည်မရှိတဲ့အတွက် အဲဒီပိုက်ဆံတွေဟာ အိမ်ခြံမြေကဏ္ဍတွေ ရောက်ရှိသွားပြီး ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေကလည်းမရှိ၊ စောင့်ကြည့်ကြီးကြပ်မယ့် အဖွဲ့ အစည်းတွေလည်းမရှိတဲ့အတွက် ဘဏ္ဍာရေးအကြပ်အတည်း ပေါ်ပေါက်ခဲ့တယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှု၊ ခိုင်မာတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းတွေ၊ ကျွမ်းကျင်တဲ့လူတွေ မရှိဘဲနဲ့ ဘဏ္ဍာရေးပိုင်းကို မြန်မြန်ဆန်ဆန် မဖွင့်ပေးသင့်ပါဘူး။ ချေးငွေဆိုရင်လည်း နှစ်ရှည်ချေးငွေတွေက ကောင်းတယ်။ ကာလတိုချေးငွေတွေက အန္တရာယ်များပါတယ်။ ဒါက Sequencing ရဲ့ ရှုထောင့်တစ်ခုပါ။

အခြားရှုထောင့်တစ်ခုကတော့ နိုင်ငံတကာက အင်အားစုတွေနဲ့ ပြည်တွင်းအင်အားစုတွေအကြား ပေါင်းကူးဆက်ဆံမှုပဲဖြစ်တယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)  အနေနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ခွင့်ပြုရာမှာ အတွင်းလူအနည်းစုကပဲ အကျိုးအမြတ်ရရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တွေမဖြစ်အောင် မှန်ကန်တဲ့အခြေအနေတွေကို ဖန် တီးပေးဖို့ အရေးကြီးပါတယ်။ မွန်ဂိုးလီးယားမှာဆိုရင် ကြေးနီတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအကြီးစားတွေကို ခွင့်ပြုခဲ့ပြီး အဲဒီစီမံကိန်းတွေက တိုင်းပြည်အတွက် မကောင်းဘဲ ရင်းနှီး မြှုပ်နှံသူတွေပဲ အကျိုးဖြစ်ထွန်းတာကို နောက်မှသိလာရတယ်။ လူအချို့ပဲအကျိူးအမြတ်ရပြီး တိုင်းပြည်အတွက် လုံလောက်တဲ့ဝင်ငွေနဲ့ နည်းပညာ လွှဲပြောင်းပေးမှုတွေ မရရှိတဲ့အတွက် ပြန်ပြီးညှိနှိုင်းရမယ့် ကိစ္စတွေဖြစ်လာတယ်။ ဒါကြောင့် နည်းပညာတွေကို ယူဆောင်လာပြီး လွှဲပြောင်းပေးမယ့် လူမှု ရေးတာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေကို ခွင့်ပြုဖို့အချိန်ယူပြီး ညှိနှိုင်းစဉ်းစားဖို့ လိုပါတယ်။

နိုင်ငံရဲ့စွမ်းရည် (State Capacity) ရှိဖို့လည်း အရေးကြီးပါတယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အကောင်အထည်ဖော်ဖို့ အရည်အချင်းပြည့်ဝတဲ့အရာရှိတွေ ထွက်ပေါ်လာဖို့အတွက် လေ့ကျင့်သင်ကြားပေးမှုတွေ အရေးတကြီးလိုအပ်နေပါတယ်။ Globalization ကြောင့်၊ ကမ္ဘာ့စီးပွားရေးနဲ့ ထိတွေ့ခွင့်ရတဲ့ အခွင့် အလမ်းတွေကြောင့် တိုင်း ပြည်ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ပေမဲ့ အဲ ဒါတွေကို ပြည်တွင်းအဖွဲ့အစည်းတွေက(Domestic Insti- tutions)  မှန်မှန်ကန်ကန်စီမံကိုင်ကွယ်နိုင်ဖို့ လိုပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာနိုင်ဟာ ပထဝီနိုင်ငံရေး ကစားပွဲကြီး (Geopolitical Game)  ရဲ့ အလယ် မှာတည်ရှိနေတဲ့အတွက် အင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့အနေအထားမှာ ရှိနေပါတယ်။ အိန္ဒိယနဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုနဲ့ ဂျပန်နဲ့တရုတ်အကြား ပြိုင်ဆိုင်မှုကြားမှာ ရောက်နေတာ ဖြစ်တယ်။ ဂျပန်နဲ့ တရုတ်ဆက်ဆံရေးက သိပ်မကောင်းဘူး။ ဒါကြောင့် ဂျပန်ဝန်ကြီးချုပ်ရဲ့ နည်းဗျူဟာအရ တရုတ်ကိုရှောင်ဖို့ကြိုးစားပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှကို ဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို ဗျူ ဟာကျတဲ့နေရာအဖြစ် ရှုမြင်ထားတာဖြစ်တယ်။

မြန်မာနဲ့ ဂျပန်နဲ့က အရင်ကတည်းက ဆက်ဆံရေးရှိခဲ့ပြီးသား ဖြစ်တယ်။ အခြေခံအဆောက်အအုံပိုင်းနဲ့ ကုန်ထုတ်လုပ်မှု အပိုင်းတွေမှာ ဂျပန်တွေရဲ့နည်းပညာဟာ အကောင်းဆုံးဆိုတာ မှန်ပါတယ်။ ဂျပန်တွေရဲ့ Presence မြန်မာနိုင်ငံမှာ ရှိနေတာကောင်းပေမယ့် Balance ဖြစ်အောင်တော့လုပ်ဖို့ လိုပါတယ်။ အရင်က တရုတ် အပေါ်မှာပဲ လုံးလုံးမှီခိုခဲ့ရတဲ့အတွက် မကောင်းခဲ့ဘူး။ ဒါပေမယ့် တချို့ကဏ္ဍတွေမှာ တရုတ်ရဲ့ Presence က ကောင်းသလို အခုဆိုရင် ကနေဒါတို့ ဥရောပ သမဂ္ဂတို့လည်း ရောက်လာပြီဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာအင်အားစုတွေရဲ့ Presence ကို Balance လုပ်ရမှာဖြစ်ပြီး ဒီပထဝီနိုင်ငံရေးကစားပွဲကြီးထဲမှာ ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို ထိန်းချုပ်သွားတာမျိုးမဖြစ်အောင် ဂရုစိုက်ရမှာဖြစ်တယ်။

 

ပါမောက္ခအနေနဲ့ ဘယ်လိုတာဝန်တွေကို ယူထားသလဲ

ကျွန်တော်ကUniversity of British Columbia(UBC) ၊ Institute of  Asian Research  ရဲ့ ဒါရိုက်တာဖြစ်ပြီး နိုင်ငံ ရေးသိပ္ပံဘာသာရပ် (Political Science)  ရဲ့ တွဲဖက် ပါမောက္ခ လည်းဖြစ်ပါတယ်။ ကျွန်တော် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို အထူးပြုလေ့ လာခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယားနဲ့ တရုတ်စတဲ့ အာရှနိုင်ငံတွေကို အဓိက လေ့လာခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး ပိုင်း (Global Governance) မှာလည်း ပါဝင်လှုပ်ရှားနေ ပြီး G-20 အစည်းဝေးတွေမှာ အမြဲတမ်းလိုလို ပါဝင်ခဲ့ပါ တယ်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကိစ္စတွေမှာလည်း ပါဝင်လုပ်ကိုင်နေပါတယ်။ အခြား တာဝန်တွေထဲက တစ်ခုကတော့ UBC ရဲ့ ပြည်သူ့ရေးရာ မူဝါဒစည်းရုံးရေး ကော်မတီ (Public Policy Cordinating Committee)    ရဲ့ သဘာပတိအဖြစ် တာဝန်ယူထားပါ တယ်။

 

မြန်မာနိုင်ငံကို လာရောက်ဖြစ်တဲ့အကြောင်းအရင်းကို သိချင် ပါ တယ်

ပြီးခဲ့တဲ့ခြောက်လလောက်တုန်းက ဒီကိုလာမယ့်ကိစ္စ မစီစဉ် ရသေးပါဘူး။ မနှစ်က ဆောင်းဦးကာလပိုင်းလောက်မှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်နဲ့ ထိုင်းတက္ကသိုလ် တစ်ခုမှာ ကျွန်တော်တို့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးမှာ အခြားနိုင်ငံတွေရဲ့ ပါဝင်မှု (Presence)  ကို ထိန်း ညှိတဲ့အနေနဲ့ ကနေဒါနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေ မှာ ပိုပြီးပါဝင်လာသင့်တယ်လို့ ဒေါက်တာအောင်ထွန်းသက် မြင်တယ်လို့ ကျွန်တော်ထင်ပါတယ်။  University of British Columbia က အာရှ-ပစိဖိတ်ဒေသကို Focus ထားတဲ့တက္ကသိုလ်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၅ ခု မှာ ကျွန်တော်တို့ တက္ကသိုလ်လည်း ပါဝင်ခဲ့သလို ဒေါက် တာအောင် ထွန်းသက်အနေနဲ့ UBC ကို လာရောက်လည်ပတ် ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒေါက်တာအောင်ထွန်းသက်ရဲ့ Background ကို လေ့လာကြည့်တဲ့အခါမှာ နာမည်ဂုဏ် သတင်းကြီးပြီး လေးစားထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သလို့ ကျွမ်းကျင် ပညာရှင်တစ် ယောက်ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒါကြောင့် ဒေါက်တာအောင်ထွန်းသက်ကို ကျွန်တော် UBC ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူ့ရဲ့အလုပ်များတဲ့ အချိန်ဇယား ထဲကနေ UBC မှာ ဟောပြောပွဲနှစ်ခုပြုလုပ်ခဲ့ပြီး ကျောင်း Campus ရှိတဲ့ အဖွဲ့ဝင်အ မျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲတွေမှာ ကျောင်းသားတစ်ရာ ကျော် ပါဝင်ခဲ့ပြီး ဒါက အရှေ့တောင်အာရှနဲ့ပတ်သက်တဲ့ Topic တွေ ထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားမှုအများကြီးခံရတဲ့တွေ့ဆုံပွဲတစ်ခုလို့ ပြောလို့ရပါတယ်။ ပါမောက္ခဒေါက် တာအောင်ထွန်းသက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲမှုနဲ့ ပတ်သက်ပြီး တကယ့်ကို ထဲထဲဝင်ဝင် ကျွမ်းကျင်သိရှိတဲ့ ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နက်နဲတဲ့အသိ ပညာဗဟု သုတတွေကို ကမ္ဘာ့ ကုလသမဂ္ဂက (UN) အတွေ့အကြုံတွေနဲ့ ပေါင်းစပ်တင်ပြခဲ့ပြီး သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ဉာဏ်ပညာဗဟုသုတတွေကို ပြသ ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒေါက်တာ အောင်ထွန်းသက်ကို အထင်ကြီးလေးစားခဲ့ပြီး  ကျွန်တော်တို့ အထူးသဖြင့် တောင်အာရှဒေသအရေးကို အဓိကထား လုပ်ကိုင်နေတဲ့ ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တိုင်ပင်ဆွေးနွေးပြီး ဒေါက်တာအောင်ထွန်း သက်ကို ဂုဏ်ထူးဆောင် ပါမောက္ခ ဘွဲ့ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။  ဒေါက်တာအောင်ထွန်းသက်ကို အကြောင်းကြားတဲ့ အခါမှာ သူကလည်း စိတ်ဝင်စားခဲ့ပါတယ်။ ဒါဟာကနေ ဒါနိုင်ငံသားမ ဟုတ်တဲ့သူကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီကိစ္စကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒေါက် တာအောင်ထွန်းသက်ကို ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ချီးမြှင့်ဖို့ရယ် တက္ကသိုလ်အချို့နဲ့  အခြားပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံဖို့  ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို လာရောက် ဖြစ်ခဲ့တာပါ။

ပါမောက္ခအနေနဲ့ မြန်မာနိုင်ငံကို ၁၉၉၅ ခုနှစ်က လာ  ရောက်ဖူးတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းကနဲ့ အခု အချိန်အကြား သတိထားမိတဲ့ ခြားနားမှုတွေကို ပြေပြ ပေးစေချင် ပါတယ်။

ကွာခြားမှုကတော့ အင်မတန်ကို ကြီးမားပါတယ်။ ကျွန် တော့်အနေနဲ့ ကွာခြားမှုကိုပဲမျော်လင့်ထားပေမဲ့ တူညီတာတွေ လည်း ဆက်ပြီးရှိနေသေးတာကို တွေ့ရပါတယ်။ အဲဒီတုန်း ကမြန်မာနိုင်ငံကို ကျွန်တော် ခရီးသွားအနေနဲ့ လာရောက်ခဲ့ တာဖြစ်ပါတယ်။ အခြားနိုင်ငံပေါင်း ၂၀ ကိုလည်း  ၁၅ လအတွင်းမှာ ကျွန်တော်သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံက တော့ ကျွန်တော့်ကို စိတ်လှုပ်ရှားမှုအဖြစ်စေဆုံးနိုင်ငံပါ။ အထူးသဖြင့်တော့ လူတွေရဲ့ နွေထွေးပျူငှာမှုနဲ့ နိုင်ငံရဲ့လှပမှု ကြောင့်ဖြစ်ပါတယ်။ ပုဂံကိုလည်း ရက်အနည်းငယ် သွား ရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြောင်း လဲမှုတွေအများကြီးဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ နိုင်ငံ ခြားကစီးပွားရေးလုပ် ငန်းတွေ ဝင်လာနေတာတွေ့ရပြီး အာ ဆီယံဥက္ကဋ္ဌဖြစ်လာပြီးနောက် အစည်းအဝေးတွေ လက်ခံကျင်းပ လာရတာ၊  နိုင်ငံတကာအစည်းအဝေးတွေ လက်ခံကျင်းပနေ တာ စသဖြင့် ပွဲတွေ (Events)  က လစဉ်နီးပါးရှိနေတာကို တွေ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျွန်တော် မြန်မာနိုင်ငံ တစ် ဝန်းကို သွားရောက်ဖို့ အခွင့်မသာတဲ့အတွက် နှိုင်းယှဉ်ပြီး ပြောပြလို့မရပေမဲ့ သတိထားမိတဲ့ တူညီမှုတွေကတော့ မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာဖြစ်တဲ့ တည်ငြိမ်အေးချမ်း မှု၊ ရင်းနှီးဖော်ရွေမှု စတာတွေကို ဆက်ပြီးတွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်တိုး တက်နေတဲ့နိုင်ငံတွေက မြို့ကြီးတွေကို ကြည့်မယ်ဆိုရင် လူတွေက ရုပ်ဝါဒပိုဆန်လာ ကြပြီး ရင်းနှီးဖော်ရွေမှုတွေ၊ ရိုးသားမှုတွေကို သိပ်မတွေ့ ရတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ဒါကတွေကို တွေ့နေရဆဲ ဖြစ်ပြီး အခုလို နိုင်ငံက မြန်ဆန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ရိုးရာယဉ်ကျေးမှုတွေနဲ့ နိုင်ငံသားတွေရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတွေကို ဆက်ပြီးထိန်းသိမ်းဖို့ လိုပါတယ်။

 

ပါမောက္ခအနေနဲ့ အပြည်ပြည်ဆိုင်ရာနိုင်ငံရေး ဘောဂဗေဒ ကို အထူးပြုလေ့လာတယ် လို့သိရပါတယ်။ နိုင်ငံရေး တည်ငြိမ် မှု (Political Stability) က နိုင်ငံရဲ့စီးပွားရေး တိုးတက်ကြီးထွားမှုနဲ့ နိုင်ခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲ ဆောင်မှု အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင် တယ်ဆိုတဲ့အပေါ် မှာ ပါမောက္ခရဲ့အမြင်ကို သိချင်ပါတယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ အတွက် စံသတ်မှတ်ချက်အမျိုးမျိုးနဲ့ တိုင်းတာကြမှာပဲ ဖြစ် တယ်။ ပထမအချက်နေနဲ့ သူတို့ ရင်းနှီးမြှုပ်နှံမယ့်နိုင်ငံရဲ့ တိုးတက်ကြီးထွားနိုင်မယ့်အလားလာနဲ့ ဘယ်လိုအခွင့်အလမ်း တွေ ရှိမလဲဆိုတာကို စီးပွားရေးအရ တွက်ချက်ကြည့်ကြ တယ်။ ဒုတိယအရေးကြီးဆုံးအချက်ကတော့ နိုင်ငံရေးတည် ငြိမ်မှုပဲဖြစ်တယ်။ ပြည်တွင်းစစ်တွေ၊ ဝရုန်းသုန်းကားအခြေ အနေဖြစ်နေတဲ့နိုင်ငံတွေမှာ ဥပမာအနေနဲ့ အခု ယူက ရိန်းနဲ့ ထိုင်းမှာဖြစ်နေတဲ့အနေအထားကို ကြည့်မယ်ဆိုရင် အဲဒီအနေ အထားတွေက  ရင်းနှီးမြှုပ်နှံသူတွေကို ခြောက်လှန့်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ စီးပွားရေးသ မားတွေဟာ အကျိုး စီးပွားဖြစ်ထွန်းဖို့အတွက် ရေရှည်တည်ငြိမ်မှုကို လိုလားကြသူ တွေဖြစ်တယ်။ ဖွံဖြိုးပြီးနိုင်ငံတွေမှာကြည့်မယ်ဆိုရင် အစိုးရ အပိုင်းမှာ တည်ငြိမ်မှု၊ နိုင်ငံရေးဖြစ်စဉ် တည်ငြိမ်မှုရှိတာကို တွေ့ရမှာဖြစ်တယ်။ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဖွံ့ဖြိုတိုး တက်မှုစီမံ ကိန်းရှိတဲ့ အစိုးရဆိုရင်တော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်းမှာပါ။

မြန်မာနိုင်ငံအစိုးရက ကောင်းမွန်သောအုပ်ချုပ်မ (Good Governance) ၊ သန့်ရှင်းသောအစိုးရ (Clean Gove - rment)  နဲ့ပတ်သက်ပြီး မကြာခဏဆိုသလို အလေးထား ထုတ်ဖော်ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြုံတွေ့ နေရတဲ့ အခက်အခဲဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ အကျင့်ပျက်ခြစားမှု(Corruption) ဖြစ်တယ်။ အဲဒါကို ကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးဖြေရှင်းနိုင်မလဲဆို တာနဲ့ ပိုမိုကောင်းမွန်တဲ့နိုင်ငံရေးနဲ့ စီးပွားရေးအနေ အ ထားတစ်ရပ် ပေါ်ပေါ်လာဖို့ ဘယ်လိုနည်းလမ်းတွေရှိမလဲ ဆိုတဲ့ အပေါ်မှာ ပါမောက္ခရဲ့အမြင်ကို သိချင်ပါတယ်။ ခြစားမှုနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးရှိပါတယ်။ အခြေ အနေအမျိုးမျိုးက ခြစားမှုဖြစ်ပေါ်လာဖို့ ဖန်တီးပေးတာ ဖြစ် တယ်။ စောင့်ကြည့်စစ်ဆေးထိန်းညှိမှု (Checks and Balances)  မရှိဘဲ တရားဥပဒေစိုးမိုးမှုရဲ့ ထိန်းချုပ်မှုအောက် မှာမရှိတဲ့ အားကောင်းတဲ့အဖွဲ့အစည်းတွေရှိမယ်ဆိုရင် ခြစားမှု ပေါ်ပေါက်နိုင်ပါတယ်။ နောက်ပြီး အစိုးရဝန်ထမ်း၊ အရာရှိတွေဟာ အခွင့်အာဏာရှိပြီး လစာကောင်းကောင်း မရဘူးဆိုရင်၊ တရားဥပဒေ စိုးမိုးမှုမရှိသလို Checks and Balances မရှိဘူးဆိုရင်၊ သယံဇာတပေါများပြီး အခုလို   ရင်းနှီးမြှုပ်နှံသူတွေဝင်လာနေတဲ့အထားမျိုးမှာဆိုရင် အဲဒီလို အခြေအနေတွေဟာ ခြစားမှုပေါ်ပေါက်ဖို့ ပံ့ပိုးပေးတဲ့ အခြေ အနေတွေပါပဲ။ ခြစားမှုကတော့ တစ်ခါတရံမှာတော့ ပြဿ နာသိပ်မရှိပါဘူး။ ဥပမာ- တရုတ်နိုင် ငံမှာဆိုရင် ၁၉၈၀၊ ၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေမှာ ခြစားမှုက တော်တော် လေးကို ပျံ့နှံ့ခဲ့တာကို တွေ့ရမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒါက တိုင်းပြည်ရဲ့တိုးတက်မှုကို မထိခိုက်ခဲ့ပါဘူး။  ဖွံ့ဖြိုးတိုးတက် မှုက ဆက်လက်ဖြစ်ပေါ်နေခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ အစိုးရအရာရှိတွေအတွက် ပေးတဲ့ မက်လုံးနဲ့ အကျင့်ပျက်ခြစားမှု (Incentive)  ကြားမှာ မျဉ်း ပါးပါးလေး (Thin Line) ပဲခြားပါတယ်။ အရေးကြီးဆုံးက တော့ ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အဲဒီဖွံ့ဖြိုးတိုးတက်မှုကို လူတွေ အား လုံးမျဝေခံစားနိုင်သလို ဆင်းရဲမွဲတေမှုကို လျော့ချနိုင် မယ့် စီမံကိန်းမျိုးရှိဖို့လိုပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ တော့ ဒီလိုအခြေအနေအားလုံးကို မရနိုင်ပါဘူး။ ပြည်တွင်းက အစိုးရအရရှိတွေကို Incentive တွေပေးပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ပါဝင်စေတဲ့ နည်းလမ်းကDeng Xiaoping  ရဲ့ နည်းလမ်းဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ (Reforms)  ပြုလုပ်ရာမှာ ကွန်မြူနစ်အရာရှိတွေက ပိတ်ဆို့အဟန့်အတား ဖြစ်နေတာမျိုးကို သူကမလိုချင်ဘူး။ ဒါကြောင့် သူက ပြည် တွင်းကွန်မြူနစ်အရာ အရှိတွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့ ဆွဲဆောင်စည်းရုံးနိုင်ခဲ့ တယ်။ သူတို့အကျိုးထက် သုံးစွဲတာထက်ပိုပြီး တိုင်းပြည် တိုးတက်ဖို့ ပိုပြီးလုပ်ဆောင်နိုင်ခဲ့တယ်။

နောက်တစ်ချက်က သယံဇာတအရင်းအမြစ်တွေ ပေါကြွယ်ဝတာဟာ အန္တရာယ်ပါပဲ။ အဲဒါတွေက ဝင်ငွေ အများကြီးရစေတဲ့အတွက် အာဏာရှိတဲ့သူတွေ မျက်စိကျတဲ့ အရာဖြစ်တယ်။ ပိုက်ဆံတွေတော့ အများကြီးဝင်လာပြီး  အဲဒီပိုက်ဆံတွေကို မှန်မှန်ကန်ကန်ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဘဲ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။ ဒါကို သယံဇာတ ကျိန်စာ (Resource Curse)  လို့ ခေါ်ကြတယ်။  အကောင်း ဆုံးနည်းလမ်းကတော့ အဲဒီပိုက်ဆံတွေကို ထိန်းသိမ်းကိုင် တွယ်ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ ရှင်း လင်းတဲ့အခွင့်အာဏာ (Clear Mandate)  ပေးထားခြင်းခံရတဲ့ လွတ်လပ်တဲ့ Institution တွေရှိဖို့ လိုပါတယ်။

မြန်မာနိုင်ငံအနေအထားကို သုံးသပ်ရမယ်ဆိုရင် တော့ အတွင်းလူတွေ (Insiders)  ကပဲ လက်ဝါးကြီးအုပ်ထား တဲ့ စနစ်မျိုးမဟုတ်ဘဲ ဈေးကွက်ကို ပိုပြီးအခြေခံတဲ့ ပွင့်လင်း မြင်သာမှုရှိတဲ့ စနစ်မျိုးနဲ့သွားဖို့လိုပါတယ်။ ဝင်လာတဲ့ပိုက်ဆံ တွေကိုထိန်းသိမ်းကိုင်တွယ်ပြီး  အခြေခံအဆောက်အအုံပိုင်း တွေမှာ ရင်နှီးမြှုပ်နှံခွင့် တိုက်ရိုက် အခွင့်အာဏာ (Direct Mandate)  ရှိတဲ့ Institution တွေ ပေါ်ပေါက်လာဖို့ လိုပါတယ်။ အဲဒါက နေ့ချင်းညချင်းဖြစ်ပေါ်လာနိုင်တဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ ရေတို မှာတော့ ပိုမိုကောင်းမွန်တဲ့ Institution တွေပေါ်ပေါက်လာဖို့ ဒီမိုကရက်တစ်အင်အားစု တွေနဲ့ အစိုးရပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အကျိုးသင့်အကြောင်းသင့် (Reasonable) ဖြစ်နေပြီး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို မထိခိုက်သ၍တော့ အချို့လူတွေအနေနဲ့ Incentive တွေ ရနေတာ သိပ်ပြဿနာ မရှိပါဘူး။ ဒါကတော့ လက်တွေ့ရှုထောင့် (Pratical Aspect)  ပါ။ အရင်က တရုတ်နိုင်ငံက ဒါမျိုးလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မျာ တရုတ်ပြည်ရဲ့အနေအထားက အဲဒီ တုန်းကနဲ့ အများကြီး ကွာခြားသွားပြီးဖြစ်သလို အကျင့်ပျက် ခြစားမှုပမာဏက အရမ်းကို ကြီးမားသွားပြီ။ အရေးကြီးတဲ့အချိန်ကတော့ စီးပွားရေးလုပ်ငန်း တွေကို ပုဂ္ဂလိ ကပိုင်ပြုလုပ်ခွင့် (Privitization) ပေးတဲ့အခါ ဖြစ်တယ်။ အဲဒီအချိန်မျိုးမှာ အတွင်းလူတွေကပဲ လုပ်ပိုင်ခွင့် တွေ ရသွားတာမျိုးတွေဖြစ်ပြီး (Wealth) က တိုင်းပြည် ရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟုတ် ဘဲ ခရိုနီ (Crony)  လူတန်းစားအတွက်ပဲ ဖြစ်သွားတတ် တယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင်ပြု လုပ်ခွင့်မပေးခင်မှာ နိုင်ငံ ပိုင်စီပွားရေးလုပ်ငန်းတွေအတွက် ပရော်ဖက်ရှင်နယ်ကျတဲ့ စီမံခန့်ခွဲမှုပုံစံ (Management Structure)  တည်ဆောက်ဖို့ လိုပါတယ်။

လူတစ်ဦးတစ်ယောက်နဲ့ပဲ ဆက်နွှယ်ပတ်သက် နေခြင်းမရှိတဲ့ ရှင်းလင်းတဲ့လုပ်ပိုင်ခွင့်အာဏာရရှိထားတဲ့ Institution တွေ တည်ဆောက်ဖို့ လိုပါတယ်။ အရင်းအမြစ် တွေကို ခရိုနီလူတန်းစားတွေအတွက်ပဲ လုပ်ပိုင်းခွင့်ပေးထားတဲ့ နည်းလမ်းမျိုးမဟုတ်ဘဲ ကြိုးစားတဲ့လူတွေအတွက်လည်း   အခွင့်အရေးရနိုင်တဲ့နည်းလမ်းမျိုးဖြစ်ဖို့ လိုပါတယ်။ အဓိက ကတော့ မှန်ကန်တဲ့ Institution တွေ ထူထောင်ဖို့ဖြစ်ပြီး အလျင်စလိုမလုပ်ဘဲ Balance ဖြစ်အောင်လုပ်ဖို့ လိုပါ တယ်။

 

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုများစွာကို တစ်ပြိုင်နက်ထဲ အကောင်အထည်ဖော်နေတဲ့အချိန်ဖြစ်တယ်။ အဲဒါ ကြောင့် ရှေ့ဆက်လုပ်ဆောင်ရာမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နဲ့ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လိုများ အကြံ ပေးချင်ပါသလဲ

အကြံပေးချင်တာကတော့ နိုင်ငံတကာကို အလျင်စလို တံခါး ဖွင့်ပေးတာထက် နိုင်ငံရဲ့စွမ်းရည်(Domestic Capacity)  ကို ဖြည်းဖြည်မှန်မှန်နဲ့ ဂရုတစိုက် တည်ဆောက် ပျိုးထောင်ဖို့ လိုပါတယ်။ အစီစဉ်အလိုက်အကောင်အထည်ဖော်ဆောင် ရွက်မှု (Sequencing )  ၊ ဖြည်းဖြည်းမှန်မှန်ပြောင်းလဲမှုမူဝါဒ (Gradualism)  တို့နဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ၊ စာပေတွေအများကြီး ရှိပါတယ်။ ဥပမာ- နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနဲ့ကုန်သွယ်ရေးကို ဖွင့်ပေးတာကမှန်ပါတယ်။ ဒါပေ မဲ့ ဘဏ္ဍာရေးကဏ္ဍကိုတော့ အလောတကြီး ဖွင့်ပေးတာမျိုး ကတော့ လုံခြုံမှုသိပ်မရှိပါဘူး။ အာရှဘဏ္ဍာရေးအကြပ်အ တည်းကို ကြည့်ရင်သိနိုင်ပါတယ်။ ဘဏ္ဍာရေးဟာနည်း စနစ်ကျွမ်းကျင် မှုအရမ်းလိုအပ်ပြီး စီမံမံခန့်ခွဲရတာလည်း အရမ်းခက်ခဲပါတယ်။ မထိန်းချုပ်နိုင်ရင် ငွေကြေးစီးဆင်းမှု အလွန်အကျွံဖြစ်ပေါ်နိုင်ပါတယ်။

၁၉၉၇ ခုနှစ်လောက်က ထိုင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ လောက်စီးဝင်လာခဲ့ပေမဲ့ အဲဒါကို ကိုင်    တွယ်နိုင်တဲ့စွမ်းရည်မရှိတဲ့အတွက် အဲဒီပိုက်ဆံတွေဟာ အိမ် ခြံမြေကဏ္ဍတွေ ရောက်ရှိသွားပြီး ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေကလည်း မရှိ၊ စောင့်ကြည့်ကြီးကြပ်မယ့် အဖွဲ့ အစည်းတွေလည်းမရှိတဲ့အတွက် ဘဏ္ဍာရေး အကြပ်အတည်း ပေါ်ပေါက်ခဲ့တယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှု၊ ခိုင်မာတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းတွေ၊ ကျွမ်းကျင်တဲ့ လူတွေ မရှိဘဲနဲ့ ဘဏ္ဍာရေးပိုင်းကို မြန်မြန်ဆန်ဆန်မဖွင့် ပေးသင့်ပါ ဘူး။ ချေးငွေဆိုရင်လည်း နှစ်ရှည်ချေးငွေတွေက ကောင်း တယ်။ ကာလတိုချေးငွေတွေက အန္တရာယ်များပါတယ်။ ဒါ က Sequencing ရဲ့ ရှုထောင့်တစ်ခုပါ။

အခြားရှုထောင့်တစ်ခုကတော့ နိုင်ငံတကာက အင် အားစုတွေနဲ့ ပြည်တွင်းအင်အားစုတွေအကြား ပေါင်းကူး ဆက်ဆံမှုပဲဖြစ်တယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ   ရှင် (MIC)  အနေနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ခွင့်ပြုရာမှာ အ တွင်းလူအနည်းစုကပဲ အကျိုးအမြတ်ရရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တွေမဖြစ်အောင် မှန်ကန်တဲ့အခြေအနေတွေကို ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ မွန်ဂိုးလီးယားမှာဆိုရင် ကြေးနီတူး    ဖော်ရေး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအကြီးစားတွေကို ခွင့်ပြုခဲ့ပြီး အဲဒီစီမံကိန်းတွေက တိုင်းပြည် အတွက်မကောင်းဘဲ ရင်းနှီး မြှုပ်နှံသူတွေပဲ အကျိုးဖြစ်ထွန်းတာကို နောက်မှသိလာရတယ်။ လူအချို့ပဲအကျိူးအမြတ်ရပြီး တိုင်းပြည်အတွက် လုံလောက် တဲ့ဝင်ငွေနဲ့ နည်းပညာလွှဲပြောင်းပေးမှုတွေ မရရှိတဲ့အတွက် ပြန်ပြီးညှိနှိုင်းရမယ့် ကိစ္စတွေဖြစ်လာတယ်။ ဒါကြောင့် နည်းပညာတွေကို ယူဆောင်လာပြီး လွှဲပြောင်းပေးမယ့် လူမှု ရေးတာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေကို ခွင့်ပြုဖို့ အ ချိန်ယူပြီး ညှိနှိုင်းစဉ်းစားဖို့ လိုပါတယ်။

နိုင်ငံရဲ့စွမ်းရည် (State Capacity) ရှိဖို့လည်း အ ရေးကြီးပါတယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အ ကောင်အထည်ဖော်ဖို့ အရည်အချင်းပြည့်ဝတဲ့အရာရှိတွေ ထွက်ပေါ်လာဖို့အတွက် လေ့ကျင့်သင်ကြားပေးမှုတွေ အရေး တကြီးလိုအပ်နေပါတယ်။ Globalization ကြောင့်၊ ကမ္ဘာ့စီး ပွားရေးနဲ့ ထိတွေ့ခွင့်ရတဲ့ အခွင့်အ လမ်းတွေကြောင့် တိုင်း ပြည်ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ပေမဲ့ အဲ ဒါတွေကို ပြည်တွင်းအဖွဲ့အစည်းတွေက(Domestic Insti- tutions)  မှန်မှန်ကန်ကန်စီမံကိုင်ကွယ်နိုင်ဖို့ လိုပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာနိုင်ဟာ ပထဝီ နိုင်ငံရေး ကစားပွဲကြီး (Geopolitical Game) ရဲ့ အလယ် မှာတည်ရှိနေတဲ့အတွက် အင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ အိန္ဒိယနဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုနဲ့ ဂျပန်နဲ့တရုတ်အကြား ပြိုင်ဆိုင်မှုကြားမှာ  ရောက်နေတာ ဖြစ်တယ်။ ဂျပန်နဲ့ တရုတ်ဆက်ဆံရေးက သိပ်မကောင်းဘူး။ ဒါကြောင့် ဂျပန်ဝန်ကြီးချုပ်ရဲ့ နည်းဗျူ ဟာအရ တရုတ်ကိုရှောင်ဖို့ကြိုးစားပြီး အိန္ဒိယနဲ့ အရှေ့ တောင်အာရှကို ဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို ဗျူ ဟာကျတဲ့နေရာအဖြစ် ရှုမြင်ထားတာဖြစ်တယ်။

မြန်မာနဲ့ ဂျပန်နဲ့က အရင်ကတည်းက ဆက်ဆံ ရေးရှိခဲ့ပြီးသား ဖြစ်တယ်။ အခြေခံအဆောက်အအုံပိုင်းနဲ့ ကုန်ထုတ်လုပ်မှု အပိုင်းတွေမှာ ဂျပန်တွေရဲ့နည်းပညာဟာ အကောင်းဆုံးဆိုတာ မှန်ပါတယ်။ ဂျပန်တွေရဲ့ Presence မြန်မာနိုင်ငံမှာ ရှိနေတာကောင်းပေမယ့် Balance ဖြစ် အောင်တော့လုပ်ဖို့ လိုပါတယ်။ အရင်က တရုတ် အပေါ်မှာပဲ လုံးလုံး မှီခိုခဲ့ရတဲ့အတွက်မကောင်းခဲ့ဘူး။ ဒါပေမယ့် တ ချို့ကဏ္ဍတွေမှာ တရုတ်ရဲ့ Presence က ကောင်းသလို အခုဆိုရင် ကနေဒါတို့ ဥရောပသမဂ္ဂ တို့လည်း ရောက် လာပြီဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာအင်အားစုတွေရဲ့ Presence ကို Balance လုပ်ရမှာဖြစ်ပြီး ဒီပထဝီနိုင်ငံရေးကစားပွဲကြီးထဲမှာ ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို ထိန်းချုပ် သွားတာမျိုး မဖြစ်အောင် ဂရုစိုက်ရမှာဖြစ်တယ်။ သွားတာမျိုး မဖြစ်အောင် ဂရုစိုက်ရမှာဖြစ်တယ်။