Balloons over Bagan, Myanmar စင်ကာပူ၊ ၁၈ မတ် ၂၀၁၃ - Yoma Strategic Holdings Ltd. (ရိုးမကုမ္ပဏီများအုပ်စု “祐玛战略控股有限公司”) ဖက်စပ်ကုမ္ပဏီအသစ်တစ်ခု ဖွဲ့စည်းတည်ထောင်လိုက်ကြောင်းနှင့် မြန်မာနိုင်ငံတွင် Luxury ခရီးသွားလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာပါသည်။
ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဖက်စပ်ကုမ္ပဏီသစ် ရိုးမကုမ္ပဏီများအုပ်စုသည် Serge Pun & Associates (Myanmar) Limited(SPA) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော First Myanmar Investment Co Ltd (FMI) နှင့် ပူးတွဲ၍ Chindwin Holdings Pte Ltd ကို ဖွဲ့စည်းတည်ထောင်လိုက်ပါသည်။ ရိုးမအုပ်စုက ချင်းတွင်းကုမ္ပဏီသစ်၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး FMI က ကျန် ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။ ချင်းတွင်းကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ရိုးမအုပ်စုနှင့် FMI ပူးတွဲ၌ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံရန်ဖြစ်ပါသည်။ Mr Serge Pun သည် ရိုးမအုပ်စု၏ အမှုဆောင်ဥက္ကဋ္ဌနှင့် ရှယ်ယာထိန်းချုပ်သူဖြစ်ပြီး SPA နှင့် SPA အုပ်စုဝင် ကုမ္ပဏီများ၏ ဥက္ကဋ္ဌနှင့် ရှယ်ယာထိန်းချုပ်သူလည်း ဖြစ်ပါသည်။
ဝယ်ယူကမ်းလှမ်းထားမှုများ ရိုးမအုုပ်စုနှင့် FMI တို့၏ သဘောတူညီချက်အရ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော ရင်းနှီးမြှုပ်နှံမှုများကို ဝယ်ယူနိုင်ရန် ဆိုင်ရာ ဆိုင်ရာအဖွဲ့အစည်းများနှင့် အချောသတ်ညှိနှိုင်းမှုများအရ ချင်းတွင်းကုမ္ပဏီ သို့မဟုတ် ယင်းအုပ်စုဝင် ကုမ္ပဏီအမည်ဖြင့် ဝယ်ယူလုပ်ကိုင်မည်ဖြစ်သည်။
ပုဂံမှ Luxury မီးပုံးပျံခရီးစဉ် ရွှေလေးတံခွန်ခရီးသွားလုပ်ငန်းကုမ္ပဏီလီမိတက် (SLTG) ၏ရှယ်ယာ ၇၅ ရာခိုင်နှုန်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၇ သန်းကို ချင်းတွင်းကုမ္ပဏီက ဝယ်ယူမည်ဖြစ်သည်။ SLTG သည် မြန်မာနိုင်ငံပုဂံမြို့တွင် Balloon over Bagan အစီအစဉ်ဖြင့် မီးပုံးပျံခရီးစဉ်ကို လည်ပတ်လုပ်ကိုင်နေသည်။ Balloon Over Bagan သည် ပုဂံဒေသ၏ အံ့မခန်းလှပသော ရှုခင်းများကို မီးပုံးပျံစီးကာ ဝေဟင်မှ ရှုမြင် လေ့လာသည့် တစ်ခုတည်းသော ဝန်ဆောင်မှုလည်းဖြစ်သည်။
၁ ဤခရီးစဉ်သည် ခရီးသွားဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သော
Tripadvisor တွင် ပုဂံသို့လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအတွက် ထိပ်တန်းအစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသလို
The Wall Street Journal ၏ Weekend Journal အပါအဝင် နိုင်ငံတကာမှ ခရီးသွားစာအုပ်စာစောင်များစွာတွင်လည်း ဆောင်းပါးများရေးသားဖော်ပြ ခြင်းခံရပါသည်။ မြန်မာနိုင်ငံတွင်း တစ်ခုတည်းသော မီးပုံးပျံခရီးစဉ်ဖြစ်သည့်အတွက် Ballroon Over Bagan ခရီးစဉ်သည် အကျိုးအမြတ်ရှိသကဲ့သို့ လွန်ခဲ့သော ၁၃ နှစ် လုပ်ငန်းစတင်စဉ်ကတည်းက ယခုထိ ဘေးအန္တရာယ်တစ်စုံတစ်ရာမရှိ လုံခြုံသောခရီးစဉ်ဖြစ်လည်း မှတ်တမ်းတင်ခံရပါသည်။ ဤခရီးစဉ်သည် မြန်မာနိုင်ငံတွင် ထူးခြားဆန်းပြားသောခရီးသွားအတွေ့အကြုံကို ပေးစွမ်းနိုင်သည့် အမှတ်အသားသင်္ကေတ တစ်ခုအဖြစ် နှစ်စဉ်စီးနင်းသူခရီးသည်အရေအတွက် တိုးတက်များပြားလာသော ခရီးစဉ်တစ်ခုအဖြစ် အခိုင်အမာတည်ဆောက်ထားပြီးဖြစ်ပါသည်။
ပုဂံတွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန်နေရာ ချင်းတွင်းကုမ္ပဏီက ပုဂံရှိ ၂၁.၁၆ ဧက ကျယ်ဝန်းသော မြေနေရာ၏ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူပိုုင် ဆိုင်ရန် ရည်မှန်းထားပါသည်။ လက်ရှိပိုင်ရှင်၏ မြေယာအသုံးချခွင့်ကို အဆောက်အအုံဆောက်လုပ်ပြီး ဟိုတယ်လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ပြောင်းလဲခွင့်ပြုချက်ပေါ် မူတည်နေပါသည်။ ယင်းအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၇၅ သန်းပေးဆောင်ရန် သဘောတူဆုံးဖြတ် ထားပါသည်။ ဤနေရာသည် ပုဂံရှေးဟောင်းဇုန်မှ ၅ ကီလိုမီတာခန့်အကွာ မြစ်ကမ်းဘေးတွင်တည်ရှိပြီး ရိုးမတောင်တန်းနောက်ခံထားသော ဧရာဝတီမြစ်ရှုခင်းကို ရှုမြင်ရမည်ဖြစ်ပါသည်။ အထက်တန်းကျကျ စည်းစိမ်ရှိရှိ နေနိုင်သော တန်ဖိုးမြင့်အပန်းဖြေဟိုတယ်တစ်ခုတည်ဆောင်ရန် စံပြနေရာတစ်ခုဖြစ်သည်ဟု ယုံကြည်ထားပါသည်။
အဆင့်မြင့်တန်ဖိုးမြင့် Adventure စွန့်စားခရီးစဉ်များ Eastern Safaris Pte Ltd (ESPL) ကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူရန်လည်း ချင်းတွင်းကုမ္ပဏီက စီစဉ်ထားပါသည်။ ESPL သည် မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံတို့တွင် ထူးခြားထင်ရှားပြီး အဆင့်မြင့်သော Adventure Tour များကို စီမံဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ် ပါသည်။ ESPL ကို ရာနှုန်းပြည့်ပိုင်ဆိုင်သူ Mr Brett Melzer က Eastern Safaris နှင့် ဆက်သွယ်နေသော ကုန်အမှတ်တံဆိပ်အမည် Eastern Safaris လိုဂိုနှင့်တကွ မူပိုင်ခွင့်အားလုံးကို လွှဲပြောင်းပေးအပ်ရန်တာဝန် ကို ကမ်းလှမ်းဝယ်ယူမှုမပြီးစီးခင်ကပင် ESPL သို့ သဘောတူတာဝန်ပေးအပ်ထားပြီးဖြစ်ပါသည်။ အဖွဲ့အစည်းနှစ်ခုတွင်း ညှိနှိုင်းမှုများအရ Mr Brett Melzer နှင့် မခင်ဥမ္မာဝင်းတို့က ဟိမဝန္တာ Himalayan Safaris Lodges Pvt Ltd (HSL) ကို ပူးတွဲအုပ်ချုပ်ကြမည်ဖြစ်ပြီး ရှယ်ယာ ၆၀ ရာခိုင်နှုန်းကျော်ကို ချင်းတွင်းကုမ္ပဏီ၊ သို့မဟုတ် ယင်း၏အုပ်စုဝင်ကုမ္ပဏီထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ Himalayan Safari သည် ဘူတန်နိုင်ငံတွင် တည်ရှိသည့် အခန်း ၁၂ ခန်းပါဝင်သော ဇိမ်ခံအဆင့်မြင့် Luxury ဟိုတယ်ဖြစ်ပြီး ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ရန် ရည်မှန်းထားပါသည်။ ရိုးမအုပ်စုက ချင်းတွင်းကုမ္ပဏီ၏ ရင်းနှီးမြှပ်နှံမှုနှင့်လုပ်ငန်းများ ဝယ်ယူကမ်းလှမ်းမှုများအတွက် အုပ်စုတွင်းအရင်းအမြစ်များဖြင့် ငွေကြေးထောက်ပံ့သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးမည့် လက်ရှိဘဏ္ဍာနှစ်အတွက် ကုမ္ပဏီ၏ရှယ်ယာတစ်ခုချင်းအလိုက် ရသောဝင်ငွေနှင့် မြင်တွေ့နိုင်သော Tangible Assets များအပေါ် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာသက်ရောက်မှုမရှိစေရန် မျှော်မှန်းထားပါသည်။ ရိုးမအုပ်စု၏ စီအီးအို Mr Ardrew Rickards က `
ဒီလုပ်ငန်းသစ်က ရန်ကုန်မီးရထားရုံးချုပ်နေရာမှာ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်ဆောက်မယ်လို့ ကြေညာလိုက်တဲ့ Landmark Development စီမံချက်နဲ့ ဆက်တိုက်လိုက်လာတာဖြစ်လို့ ကျွန်တော်တို့ စိတ်လှုပ်ရှားပျော်ရွှင်ရပါတယ်။ ခရီးသွားကဏ္ဍဖွံ့ဖြိုးလာပြီး အရည်အသွေးမြင့်ဟိုတယ်ခန်း မလုံလောက်မှုနဲ့ Luxury ခရီးသွားကုမ္ပဏီလုပ်ငန်းတွေ နည်းပါးလာမှု ကြောင့် ဒီဈေးကွက်မှာတော့ အလွန်ကြီးမားတဲ့ အခွင့်အလမ်းကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပုဂံဒေသ မီးပုံးပျံခရီးစဉ်၊ ပုဂံမှာ ၂၁.၁၆ ဧကကျယ်ဝန်းတဲ့ ဟိုတယ်လုပ်ငန်းနေရာနဲ့ Eastern Safaris အမှတ်တံဆိပ်မူပိုင်ခွင့် ရယူခြင်းတွေက ရိုးမကုမ္ပဏီအတွက် ဒီကြီးထွားလာနေတဲ့ ဈေးကွက်ထဲကို ထပ်မံချဲ့ထွင်လိုက်တဲ့ခြေလှမ်းတွေပါပဲ´ ဟု ပြောကြားခဲ့ပါသည်။ ``
မြန်မာနိုင်ငံထဲ နိုင်ငံခြားသားရောက်ရှိလာတဲ့နှုန်းက လန့်စရာပဲ။ ၂၀၁၂ ခုနှစ်မှာ ၁.၁ သန်းလာပြီး ၂၀၁၃ တစ်နှစ်တည်းအတွင်းမှာ ၃၀ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းရပါတယ် ၂။ ရှေးဟောင်းဘုရားစေတီတွေရှိတဲ့ ပုဂံနယ်မြေက အာရှရဲ့အထင်ကရအဖြစ်ဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာတော့ လည်ပတ် မှုအနည်းဆုံးဖြစ်နေပေမယ့် မြန်မာခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့တန်းနေရာမှာ ရှိလာမှာပါ´´ ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။
ခရီးသွားကဏ္ဍအတွက် ခန့်အပ်ခြင်းများ ဒေသတွင်း Luxury ခရီးသွားကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံများရရှိထားသော Mr Brett Melzer နှင့် မခင်ဥမ္မာဝင်းတို့အား လုပ်ငန်းကမ်းလှမ်းဝယ်ယူမှုများပြီးစီးသွားလျင် အုပ်စု၏ Luxury ခရီးသွား ကဏ္ဍ လုပ်ငန်းခွဲကို ဦးစီးရန် တာဝန်ခန့်အပ်ပါသည်။ သူတို့သည် လက်ရှိလုပ်ငန်းလည်ပတ်မှုများ ချောမွေ့ စေရန် ဆောင်ရွက်နေဆဲမှာပင် တာဝန်ယူထားသောကဏ္ဍတွင် အခွင့်အလမ်းများပေါ်ပေါက်လာရေး အတွက်လည်း ကြိုးပမ်းဦးဆောင်ပါလိမ့်မည်။ Mr Rickards က ``Brett နဲ့ ဥမ္မာတို့ ကျွန်တော်တို့အုပ်စုထဲ ဝင်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ပုဂံမီးပုံးပျံခရီးစဉ်နဲ့ Eastern Safaris တို့မှာ သူတို့ရဲ့ ထူးခြားအောင်မြင် တဲ့ ဆောင်ရွက်မှုတွေနဲ့အတူ ခရီးသွားလုပ်ငန်းကဏ္ဍမှာရှိနေတဲ့ လက်ရှိအခွင့်အရေးတွေကို အရယူနိုင်မယ့် အမြင်တွေ သူတို့မှာရှိနေတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ မြန်မာ့စီးပွားရေးခရီးသွားလောကမှာ ဦးဆောင်သူဖြစ်လာအောင် ကျွန်တော်တို့ရဲ့လုပ်ငန်းတွေ တိုးချဲ့ရာမှာ သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်´´ ဟု ပြောကြားခဲ့ပါသည်။
ဆည်းဆာချိန်ပုဂံဘုရားပုထိုးများ Yoma Strategic Holdings Ltd အကြောင်း (www.yomastrategic.com) စင်ကာပူနိုင်ငံ Securities Exchange Trading Limited (SGX-ST) စာရင်းဝင်သော Yoma Strategic Holdingd Ltd သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် အိမ်ခြံမြေလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ထိပ်တန်း စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါသည်။ SPA အုပ်စုနှင့်အတူတွဲဖက်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ငန်းပေါင်းများစွာကို ပူးတွဲဆောင်ရွက်နေပါသည်။ ညွှန်း : ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Myanmar.
http://www.myanmartourism.org/journals/Myanmar%20Tourism%20Statistics%202012(1).pdf ၂။ ဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.sphereconferences.com/news.asp?articleid=23