မောင်က မေ့ကို မေးသည်။
''မေရေ၊ ကိုယ်တို့ မင်္ဂလာနှစ်ပတ်လည်နေ့ နီးနေပြီ၊ တစ်ခုစဉ်းစားရအောင်၊ အဲဒီနေ့မှာ မေဘယ်ကိုသွားချင်လဲ'' ဆိုတော့ မေကလည်း ဝမ်းသာအားရဖြေသည်။
''မေတစ်ခေါက်မှ မရောက်ဖူးသေးတဲ့ နေရာသွားချင်တယ်မောင်'' ဟု ဖြစ်သည်။
ဒီတော့ မောင်ကလည်း သူ့ထင်မြင်ချက်ကို ပြောလိုက်သည်။
''ဒါဆိုရင်တော့ မီးဖိုချောင်ပေါ့ကွာ'' တဲ့။
ဥပဒေသ ။ ။ တူညီသော ခွဲခြားစိတ်ဖြာမှုခေါင်းစဉ်အောက်တွင် ခံစားချက်အမြင်အရ တစ်ဦးနှင့်တစ်ဦး ရွေးချယ်ထည့်သွင်းမှု ကွာခြားနိုင်သည်။
အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။
ရီနေနိုင်