News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Yangon pop-up Project နှင့် မိတ်ဆက်ခြင်း
Editorial
April 7, 2014
Local News
News
Top Story
မြန်မာနိုင်ငံမှာ ပထမဆုံသော Pop-up စိတ်ကူးစိတ်သန်းနဲ့ဖွင့်လှစ်တဲ့ အနုပညာပြခန်း၊ Myanmar Made store နဲ့ စားသောက်ဆိုင်တို့ပါဝင်တဲ့ Yangon pop-up project ကို ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ လမ်းသစ်ဆိပ်ကမ်းနဲ့ ကိုင်းတန်းအမှတ်(၁) ဆိပ်ကမ်းတို့ရဲ့ကြားမှာရှိတဲ့ Transit Shed No.1 မှာမိတ်ဆက်ခဲ့ပါတယ်။ ဒီ Yangon pop-up project မှာ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ဟင်းလျာအစားအသောက် စတာတွေအတွက် အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ Yangon pop-up project ကို Pun + Projects မှ အကောင်အထည်ဖော်လုပ်ကိုင်ရခြင်းက မြန်မာကို ကမ္ဘာ့အသိုက်အဝန်းနဲ့ ချိတ်ဆက်ရန်၊ မြို့ပြပြန်လည်ရှင်သန်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် အဦးဆုံး လုပ်ဆောင်နိုင်ရန် စိတ်ကူးဖြင့် အကောင်အထည်ဖော်ဖြစ်ကြောင်း သိရပါတယ်။ Yangon pop-up Project မှာပါဝင်တဲ့ Gallery တွင် မတူညီတဲ့ တင်ဆက်ပြသမှုများ၊ Myanmar Made store တွင် မတူညီတဲ့ ကုန်ပစ္စည်းများ၊ စားသောက်ဆိုင်နေရာမှာ မတူညီတဲ့ menu များကို popping-up စနစ်နဲ့ အလှည့်ကျ တင်ဆက်ခင်းကျင်းရောင်းချသွားမှာဖြစ်ပါတယ်။ အခုလက်ရှိမှတော့ TS1 တွင် မြန်မာအနုပညာရှင် ဖြိုးကြည်၏ လက်ရာများကို ပထမဆုံးပွဲဦးထွက် အနေနဲ့ ခင်းကျင်းပြသထားပြီး လာမည့်တစ်နှစ်အတွင်း ပြပွဲပေါင်း ၇ ကြိမ်အထိ ပြုလုပ်ကာ မြန်မာပြည်တစ်ဝန်းမှ အနုပညာရှင် ၁၅ ဦး၏ လက်ရာများကို ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ TS1 အနုပညာပြခန်းနဲ့ Myanmar Made store တို့ကို တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး Port Autonomy Restaurant + Bar ကိုတော့ မေလကုန်ပိုင်းလောက်မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
လူတိုင်းဖြေနိုင်သင့်တဲ့ AI နဲ့ပတ်သက်တဲ့ မေးခွန်း ၃ခု
Posted On August 6, 2025, By Editorial
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း