Yangon Life Website ရဲ့ Founder Trinh Proctor

လက်ရှိလုပ်ကိုင်နေတဲ့ နယ်ပယ်ဖြစ်တဲ့ Digital Content  နဲ့ Social Media  ၊ Consulting Services  အပြင် နှစ်ပေါင်းအတော်ကြာ နိုင်ငံတကာ Banking နဲ့ Consulting အတွေ့အကြုံတွေရှိတဲ့ Yangon Life Website  ရဲ့ တည်ထောင်သူတစ်ဖြစ်လဲ BAS Consulting Pte Ltd ရဲ့ Managing Director Mrs Trinh Proctor  နဲ့ နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင်၊Telecom Operator  အပြောင်းအလဲ စတာတွေနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ သူက Expatriate တစ်ယောက်အနေနဲ့     မြန်မာနိုင်ငံမှာတွေ့ကြုံရတဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့လည်း ပြောပြခဲ့ပါတယ်။ Trinh ဟာ Standard Chartered Bank ၊  Alliance Banking Group  နဲ့ Unison International Pte Ltd  တို့မှာ လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံတွေရှိပါတယ်။   Mrs Trinh Proctor

မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Ooredoo နဲ့ Telenor တို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပြည် တွင်းကလူ အများစုက  အပြောင်းအလဲကြီးကြီးမားမားကို  မျော်လင့်ကြပါတယ်။ မြန်မာလူမှုအသိုက်အဝန်း အတွက် အကြီးဆုံး အကျိုးသက်ရောက်မှုက ဘာများ ဖြစ်မလဲ ပြောပြပေးပါ။

တန်ဖိုးနည်း ဖုန်း Handset တွေကနေ အင်တာနက်အသုံးပြုနိုင်တာ၊ SIM Card ဈေးနှုန်းလျော့ ကျသွားတာနဲ့  Wi-Fi  ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရလာနိုင်တာတို့ ပေါင်းလိုက်တဲ့အခါ ရန်ကုန်ကလူတွေကို ပြည်တွင်းနဲ့ဆီလျော်တဲ့ အချိန်နဲ့တစ်ပြေးညီသတင်းတွေကို ချက်ချင်းသိရှိ အသုံးပြုနိုင်စေပါတယ်။ ဒီကနေ့အချိန်မှာ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ နှစ်သန်း ကျော်ရှိနေပြီး Mobile ကတော့ ၂၀၁၅ ခုနှစ်အကုန်မှာ အင်တာနက်အသုံးပြုသူ ၁၂ သန်းကျော် တိုးလာဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ပြီးတော့ Mobile ဖုန်းအသုံးပြုသူအရေအတွက် မြန် ဆန်စွာ တိုးတက်လာအောင်လုပ်ဖို့ရည်ရွယ်ပြီး ဒီလိုခန့်မှန်းပြောဆိုထားတာဖြစ်ပါတယ်။ ကျွမ်း ကျင်သူတချို့ကတော့ ဒီလိုခန့်မှန်းချက်က အင်မတန် Conservative ဖြစ်တယ်လို့ ပြောကြပါ တယ်။ လူတွေက သူတို့ရဲ့ဖုန်းတွေ Tablet တွေကို သတင်း၊ Lifestyle နဲ့ ဖျော်ဖြေရေး ဆိုင်ရာအချက်အလက်တွေ၊ လူမှုကွန်ရက်တွေနဲ့ ဂိမ်းတွေအတွက် ပြောင်းလဲအသုံးပြုလာကြပါ လိမ့်မယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူတွေရဲ့ အသစ်ပြောင်းလဲလာတဲ့အလေ့အထကို လိုက်ပြီး အလိုက်သင့်ပြောင်းလဲဖို့လိုလာသလို၊  သူတို့ရဲ့ Customer တွေဆီကို တိုက်ရိုက်ရောက် ဖို့ ဘယ်နေရာတွေမှာ ဘယ်လို ကြော်ငြာသင့်သလဲဆိုတာ ပြန်ညှိရပါမယ်။ အခု ကျွန်မတို့က Turning Point ကို ရောက်နေပါပြီ။ ကျွန်မနဲ့ စကားပြောဖူးတဲ့ လုပ်ငန်းအများစုကလည်း ဒီလို အပြောင်းအလဲတွေဖြစ်နေပြီဆိုတာ သတိပြုမိနေပြီဆိုပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး ဘာလုပ်ရ မလဲ၊ သမားရိုးကျ Print Media  လိုမဟုတ်ဘဲ Digital Media  ကနေဖြစ်ပေါ်လာတဲ့ Marketing Tool  အသစ်၊ နည်းလမ်းအသစ်တွေကနေ ဘယ်လိုအကျိုးရှိအောင်လုပ်မလဲ ဆိုတာတွေအတွက် တော့ အကူအညီလိုနေပါသေးတယ်။ ဒီလိုသာဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ Customer တွေရဲ့ နောက်ကျကျန်နေခဲ့နိုင်တဲ့ အန္တရယ်ရှိနေပါတယ်။ ရန်ကုန်မှာဆိုရင် လူတွေ အကုန်လုံး နည်းအမျိုးမျိုးနဲ့ Mobile နဲ့ Digital လိုင်းနောက်ကို စီးမျောနေပြီးသားဖြစ်တဲ့အချိန် မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက ဒီဂယက်ရဲ့ ရိုက်ခတ်မှုအတိုင်းအတာကို ကြိုးစားပုံ ဖော်တုန်းပဲရှိပါသေးတယ်။ ဒါတွေအားလုံးက ပြည်တွင်း Print Media  နယ်ပယ်အပေါ် ကြီးမားတဲ့ ဂယက်ရိုက်မှုရှိပါတယ်။   Media တွေအနေနဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Deadline  မီအောင်လုပ်ရတာ၊ အချိန်မီပုံနှိပ်နိုင်ဖို့နဲ့ ဖြန့်ချိ နိုင်ဖို့ စီမံခန့်ခွဲရတာတွေက အကျင့်ဖြစ်နေပါပြီ။ ဒါပေ မဲ့ လူတွေဆိုတာကတော့ အဲဒီအချိန်ဇယားတွေအတိုင်း သူတို့ရဲ့ဘဝတွေကို နေပေးတတ်တာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် တစ်ရက်မှာ ၂၄ နာရီလုံးလုံး၊ တစ်ပတ်မှာ ခုနစ်ရက်လုံးလုံး ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ကိုယ်လိုအပ် တဲ့အချိန်တိုင်းမှာ  အချိန်နဲ့တစ်ပြေးညီဖြစ်တဲ့ သတင်း အ ချက်အလက်တွေလိုချင်ကြပါတယ်။  ဂျာနယ်အဟောင်း တွေ တစ်ပုံတစ်ပင်ကြီးစုထားပြီး အဲဒီထဲက အသုံးဝင် နိုင်မယ့် သတင်း/ဆောင်းပါး တစ်ပုဒ်လောက်ကိုလည်း ပြန်မရှာချင်ကြပါဘူး။ အချိန်နဲ့တစ်ပြေးညီ သတင်းအ ချက်အလက်တွေလိုချင်တယ်။ Digital Media  က ကျ တော့ ထုတ်လုပ်မှုပိုင်းမှာ ပိုရိုးရှင်း၊ ပိုမြန်ဆန်၊ ပိုအ ကုန်အကျသက်သာသလို လူတွေအနေနဲ့လည်း ရယူအ သုံးပြုဖို့၊ ရှာဖွေဖို့နဲ့ ပြန်လည်မျဝေဖို့ လွယ်ကူပါတယ်။  

Banking၊ Consulting နဲ့ပတ်သက်တဲ့ နိုင်ငံတကာ အတွေ့အကြုံအရ နိုင်ငံတကာဘဏ်တွေဝင်လာလို့ ပြည် တွင်း စီးပွားရေးလုပ်ငန်းတွေအတွက် ဘယ်လိုအကျိုး သက်ရောက်မှုတွေ  ဖြစ်ပေါ်လာနိုင်ပါသလဲ။

နိုင်ငံခြားဘဏ်တွေအတွက် ချပေးတဲ့ လိုင်စင်တွေမှာ ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ ဘဏ်ခွဲတစ်ခုပဲ ဖွင့်ခွင့်ရမယ်၊ Retail Banking Services  တွေ ပြုလုပ်လို့မရဘူး၊ ပြည်တွင်း ဘဏ်တစ်ခုမှတစ်ဆင့် ငွေချေးမှုမပြုလုပ်ဘူးဆိုရင် နိုင်ငံခြားငွေကြေးနဲ့ပဲ ငွေချေးမှုတွေ ပြုလုပ်နိုင်မယ်။ တကယ်တော့ ကိုယ်စားလှယ်ရုံးခွဲတစ်ခုမှတစ်ဆင့် လုပ်နိုင်ခဲ့တာတွေကို လုပ်ဖို့ခွင့်ပြုခံခဲ့ရတာဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေအတွက် လတ်တလော အကျိုးသက်ရောက်မှုကတော့ ဝန်ထမ်းရေးရာပဲဖြစ်ပါ တယ်။ နိုင်ငံခြားဘဏ်တွေက နိုင်ငံခြားဘာသာစကား ကျွမ်းကျင်တဲ့  အရည်အချင်းရှိတဲ့ Local ဝန်ထမ်းတွေ ကို အပူတပြင်း အလုပ်တွေခန့်မှာ ဖြစ်ပါတယ်။ အဲဒီထဲက ရွေးချယ်ခန့်ခံရသူတွေက Offshore Training အတွေ့အကြုံရမယ်၊ လစာမြင့်မြင့်ရမယ်၊ ပြီးတော့ သူတို့ CV မှာ နိုင်ငံတကာကုမ္ပဏီနာမည် ထည့်ရေး ခွင့်ရပါမယ်။ ပြည်တွင်းလုပ်ငန်းတွေအနေနဲ့တော့ ယုံ ကြည်ရတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းနိုင်ဖို့ အတော် လေးဖိအားဖြစ်ပါလိမ့်မယ်။ ကောင်းတဲ့ဘက်က ပြောရရင်တော့ နိုင်ငံခြား ဘဏ်တွေရောက်လာတာက ပြည်တွင်းလုပ်ငန်းကြီးတွေ ကို ငွေချေးမှုတွေ၊ နိုင်ငံတကာ ငွေသွင်းငွေထုတ်တွေ ပိုမို လွယ်လွယ်ကူကူလုပ်လာနိုင်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့  နိုင်ငံခြားဘဏ်တွေအနေနဲ့ SME တွေကို အန္တရာယ်များတယ်လို့ မြင်တာကြောင့် သူတို့အတွက် ဒီလိုလွယ်ကူမှုတွေရှိမလာမှာကိုတော့ စိုးရိမ်ပါတယ်။ နိုင်ငံခြားဘဏ်တွေက ပြည်တွင်းကုမ္ပဏီကြီးတွေနဲ့ သူ့ရဲ့ရှိပြီးသား နိုင်ငံခြားက Customer တွေ ရဲ့ လုပ်ငန်းခွဲတွေကို အာရုံထားဝန်ဆောင်မှုပေးပါလိမ့် မယ်။  

ပြောင်းလဲမှုတွေအများကြီးဖြစ်နေတဲ့ ပတ်ဝန်းကျင်ထဲက မြန်မာလူမျိုးတွေအပေါ် သဘောထားအမြင်

ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုများလာတာ၊ စားသောက် ဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ပိုများလာ တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေနဲ့ပတ် သက်လို့ လူတိုင်းကပြောဆိုနေကြပါတယ်။ အပြောင်း အလဲတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသားတွေအပေါ် အကျိုးသက်ရောက်မှုတွေဆိုတာက အချိန်ပေးဆွေး နွေးမှုလိုအပ်တယ်လို့ မြင်မိပါတယ်။ လူမှုအသိုင်းအ ဝိုင်းတွေမှာ မတူညီတဲ့ Segment တွေ ပေါ်ထွက်လာနေ တာကို တွေ့ရပါတယ်။ ဆင်းရဲနွမ်းပါးသူတွေကတော့ အပြောင်းအလဲအကြောင်း မတွေးပါဘူး။ သူတို့က လက် ရှိအခြေအနေအတိုင်းနေပြီး တစ်နေ့တာချင်းစီအတွက် ရုန်းကန်နေကြပါတယ်။ တခြားတစ်ဖက်မှာတော့ Younger Generation  တွေက အပြောင်းအလဲတွေကို အပူတပြင်းအမီလိုက်နေကြပါတယ်။ သူတို့က အနောက် တိုင်းအဝတ်အထည်တွေကို ဆင်ယင်၊ နိုင်ငံခြားရုပ်ရှင် တွေကြည့်ကြသလို အင်တာနက်နဲ့ လူမှုကွန်ရက်တွေ သုံးစွဲရတာကိုလည်း နှစ်သက်နေကြပါတယ်။ Old Generation တွေက သဘာဝအရ အပြောင်းအလဲကို ပိုခုခံတတ်လေ့ရှိပါတယ်။ သူတို့က သူတို့ရဲ့ ကလေး တွေအတွက် အခွင့်အလမ်းတွေ ပိုရလာတာကြောင့် ဝမ်း သာပေမယ့် သူတို့ကိုယ်တိုင်ကတော့ ကိုယ်ပိုင်နည်း လမ်းတွေကိုပြောင်းလဲဖို့ အတော်လေး နောက်ကျသွား ပါပြီ။ ဒါပေမဲ့ တကယ်စိတ်ဝင်စားစရာကောင်းတဲ့ အုပ် စုကတော့ အသက် ၃၀ ကနေ ၃၈ နှစ်အတွင်းလောက် ရှိသူတွေဖြစ်ပါတယ်။ သူတို့အလယ်မှာညပ်မိနေတာ ပါ။ သူတို့ရဲ့ ပညာရေးနဲ့ အလုပ်အတွေ့အကြုံတွေက သူတို့ကို ပတ်ဝန်းကျင်အသစ်နဲ့ ကိုက်ညီအောင် မပြင် ဆင်ပေးခဲ့ပါဘူး။ ပြီးတော့ ရွေးချယ်စရာလမ်းနှစ်မျိုး ဖြစ်နေပါတယ်။ ပထမတစ်ခုကတော့ ''မြန်မာနိုင်ငံမှာ ဒီလို လုပ်လေ့မရှိဘူး''ဆိုတာကို ရွေးချယ်တဲ့အုပ်စုပါ။ အဲဒီ အုပ်စုက ဘဝမှာနေထိုင်သွားဖို့ သမားရိုးကျနည်းလမ်း (ဘယ်သူတွေနဲ့ သိသလဲဆိုတာ) ကိုသုံးပြီး သိတဲ့သူ တွေကို Favour ပေးသလို၊ သူတို့ကို ပြန် Favour ပေး တာကိုလည်း လက်ခံပါတယ်။ ဒုတိယတစ်ခုကတော့ ''နည်းလမ်းဟောင်း တိုင်း လိုက်နေလို့ မဖြစ်တော့ဘူး'' ဆိုတာကို သိတဲ့ အုပ်စုပါ။ သူတို့က သူတို့ကိုယ်ကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားပြီး အတတ်ပညာအသစ်တွေ(သိဖို့လိုအပ်တာတွေ)ကို လေ့လာကြပါတယ်။ ဒါအပြင် တခြားအုပ်စုနှစ်ခုလည်း ရှိနေပါ သေးတယ်။ တစ်ခုကတော့ အသက် ၃၀ ကနေ ၃၅ နှစ်အ တွင်းရှိတဲ့ (နိုင်ငံခြားမှာနေထိုင် စာသင်/အလုပ်လုပ် ပြီးမှ ကိုယ့်နိုင်ငံကိုယ်ပြန်လာတဲ့) Repat တွေဖြစ်ပါ တယ်။ သူတို့က သူတို့နဲ့ ရွယ်တူတွေနဲ့မတူဘဲ နိုင်ငံ တကာ လုပ်နည်းလုပ်ဟန်တွေကို သိပါတယ်။ ဒါပေမဲ့ သူတို့ ရင်ဆိုင်ရတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကတော့ ချာလည်နေအောင်ပြောင်းလဲနေတဲ့ မြန်မာ့လူမှုအသိုင်း အဝိုင်းမှာ သူတို့ဘယ်လိုခြေချဖို့ ရှာဖွေရမလဲဆိုတာ ပါပဲ။ သူတို့က နိုင်ငံခြားသားလို့ အထင်မခံချင်ကြ ပေမဲ့ တကယ်တော့ သူတို့က နိုင်ငံခြားသားတွေလို ဖြစ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြော ပုံဆိုပုံ၊ အလေ့အကျင့်နဲ့ အကြိုက်တွေအရရော၊ ပြီးတော့ ပြည်တွင်း လုပ်ထုံးလုပ်နည်းတွေအတိုင်း အလုပ်လုပ်ဖို့ Local Network  ကောင်းကောင်းမရှိတာရောကြောင့် ဖြစ်ပါတယ်။ နောက်ကျန်တဲ့အုပ်စုကတော့ မြန်မာစီးပွား ရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။ သူတို့က ချက်ချာပါး နပ်တယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ဘာတွေပြောင်း လဲဖို့လိုအပ်တယ်ဆိုတာ၊ ဘယ်လိုပြောင်းလဲရမယ်ဆို တာမသိကြပေမဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ပြောင်းလဲနေတာကြောင့် သူတို့တစ်စုံတစ်ခုပြောင်းလဲရတော့မယ်ဆိုတာကိုတော့ သိနေကြပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကိုယ်အချိန်ယူ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီရဲ့ Culture နဲ့ Business Model    ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ဆိုတာထက် ကိုယ်ကိုယ်တိုင်ကို ပြု ပြင်ပြောင်းလဲလိုက်တာက အများကြီးပိုလွယ်ပါတယ်။ ဒါကြောင့် သူတို့ကုမ္ပဏီရဲ့ ဦးဆောင်မှုအပိုင်းကိုပြောင်း လဲခဲ့တဲ့ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေကို ကျွန်မ တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့က  သူတို့နဲ့အတူဝန်ထမ်း တွေ၊ လုပ်ငန်းတွေ လိုက်ပါပြောင်းလဲလာဖို့ကိုတော့ ကြိုး စားနေကြရတုန်း ဖြစ်ပါတယ်။  

Local က လူတွေနဲ့ တွဲဖက်အလုပ်လုပ်တဲ့နေရာမှာ တွေ့ရ တဲ့ Expatriate တွေရဲ့ စိန်ခေါ်မှုတွေ

Expatriate တွေအကုန်လုံးက သူတို့ရဲ့ Career ကို စတင်တဲ့အချိန်ကတည်းက Local တွေရဲ့ လုပ်နည်းလုပ်ဟန်တွေကိုသာ မလေ့လာရင် ကြာရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိကြပါတယ်။  နောက်ပိုင်းမှာ ကိုယ်နေထိုင် အလုပ်လုပ်ကိုင်ရတဲ့ နိုင်ငံတွေကများလာလေ စိန်ခေါ်မှုတွေက လွယ်ကူလာလေပါပဲ။ ဒါက နိုင်ငံတိုင်းမှာ တူညီတဲ့စိန်ခေါ်မှုတွေပဲ ကြုံတွေ့ရလို့မ ဟုတ်ပါဘူး ကိုယ်က ဘယ်နိုင်ငံမှာ ဘယ်လို Mindset နဲ့ အလုပ်လုပ်ရမယ်ဆိုတာကို သိလာလို့ပါပဲ။ ပထမဆုံး တစ်ခေါက်မှာတော့ Expat တွေက စိတ်ကြီးဝင်ပြီး သူ တို့ လုပ်ကိုင်ပုံကမှအမှန်လို့ ထင်တတ်ကြပါတယ်။ သက်တမ်းကြာလာတဲ့ Expat တွေကတော့ 'နားနှစ် ဖက် ပါးစပ်တစ်ပေါက်' ဆိုတဲ့ စည်းမျဉ်းကို ကျင့်သုံး ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ဗဟုသုတကို လက်ဆင့်မ ကမ်းခင် Local Society  ကို အရင်လေ့လာတတ်ဖို့ ကြိုးစားကြပါတယ်။ ကျွန်မရဲ့အတွေ့အကြုံအရ မြန်မာလူမျိုးတွေက  ပင်ကိုဉာဏ်ကောင်းပြီးသားပါ။ သူတို့တွေမှာ မရှိ တာက Formal Academic Training ပါပဲ။ သူတို့ဟာ လက်တွေ့လုပ်ကိုင်ခြင်းနဲ့ နေ့စဉ်လက်တွေ့ဘဝကရ တဲ့ အသိဉာဏ်ကိုသုံးပြီး အမီလိုက်ကြရပါတယ်။ အိမ် နီးချင်းနိုင်ငံတွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ မြန်မာ တွေအနေနဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ စံနှုန်း တွေကို ပိုမိုတွေ့ထိသိမြင်လာဖို့ လိုအပ်နေပါတယ်။ ရန်ကုန်မှာ သွားလာမိသလောက် သိရတာကတော့ ပြဿ     နာတွေကို သက်သက်သာသာ၊ မြန်မြန်နဲ့ ယာယီနည်းလမ်းတွေသုံးပြီး ဖြေရှင်းလေ့ရှိတာကိုတွေ့ ရပါတယ်။ အရင်တုန်းက ရွေးချယ်စရာက ဒါပဲရှိခဲ့လို့ ဆိုတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုကတော့ ဒီလို လုပ်လို့မရတော့ပါဘူး။ နိုင်ငံခြားသားတွေက တီထွင်ဖန်တီးမှုရှိရှိ တွေးခေါ်ဖို့ ၊ လုပ်ငန်းစဉ်တိုင်းကို အကျိုးပိုရှိအောင် လုပ်ဖို့၊ အရာတိုင်းကို တိုးတက်အောင်လုပ်ဖို့ စဉ်ဆက် မပြတ် နည်းလမ်းရှာဖို့ စသဖြင့် လေ့ကျင့်ခံလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ လူမှုပတ် ဝန်းကျင်က ပုံစံတစ်မျိုးနဲ့ အလုပ်လုပ်တာဖြစ်လို့ ဒါ တွေ ကစိန်ခေါ်မှုတစ်ခုပါ။ ဒီမှာကျောင်းသားတွေက သူတို့ကိုယ်တိုင် ပြဿ     နာတွေကို ဘယ်လိုဖြေရှင်းမ လဲဆိုတာထက် ထပ်ခါတလဲ ကျက်မှတ်တဲ့နည်းလမ်းနဲ့ သင်ကြားခံရတာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းပြီး တဲ့ နောက်မှာလည်း ဒီလိုပြဿ     နာမျိုး နောက်ထပ် တစ် ကြိမ် ထပ်မဖြစ်တာသေချာအောင် အစီအစဉ်ချ၊ လုပ်ကိုင်တာမဟုတ်ဘဲနဲ့၊ ရှေ့ကိုနည်းနည်းပိုမတွေးဘဲ နဲ့ သူတို့ထိန်းကျောင်းခံလာရသလိုပဲ ပြဿ     နာတွေကို ဖြေရှင်းပါတယ်။ နောက်ဆုံးတစ်ခုကတော့ မြန်မာ နိုင်ငံရဲ့ အံ့သြသင့်လောက်ဖွယ် လူကြီးသူမတွေကို ရိုသေလေးစားမှုပေးတဲ့ ယဉ်ကျေးမှုကြောင့် (အနောက် တိုင်းမှာတော့ ပျောက်ဆုံးနေတဲ့အရာ) ကံမကောင်းစွာဘဲ တစ်ခါ တရံမှာ  လုပ်ငန်းတွေကို နောက်ပြန်ဆွဲထားသလို ဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေက ဟောင်းပြီး ခေတ် မမီတော့တဲ့ အစဉ်အလာအတိုင်း လိုက်နာဖို့ ဖြစ်လာတဲ့ အခါမှာတောင် ဘယ်တော့မှမေးခွန်း ပြန်မထုတ်ကြတာ ကြောင့်ပါ။ သူတို့က အဲဒီအစဉ်အလာက ပြောင်းလဲဖို့ တကယ်လိုအပ်နေတယ်ဆိုရင်တောင် သူတို့အတွက် လူကြီးတွေက ပြောင်းပေးလိမ့်မယ်လို့ ယုံကြည်ထားကြ လို့ပါပဲ။ ဒါတွေကတော့ ဒီမှာရှိတဲ့ Expat တွေ ကြုံ တွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေပါပဲ။ ကျွန်မအနေနဲ့ တ ကယ်ပဲ သိချင်တာတစ်ခုကတော့ Local တွေအနေနဲ့ ကော Expat တွေ၊ နိုင်ငံခြားသားတွေနဲ့ တွဲဖက် အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ ရလေ့ရှိသလဲဆိုတာပါပဲ။ Trech 1  

Photo Credit : Ca Lis To