Adidas ၊ Apple ၊ BMW ၊ Coca Cola ၊ Toyota အစရှိတဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေကို အမြဲလိုလိုမြင်တွေ့နေရပေမယ့် အဲဒီအမှတ်တံဆိပ်တွေရဲ့ အနက်အဓိပ္ပာယ်ကို တကူးတက မတွေးတောမိကြပါဘူး။ အရောင်၊ ဒီဇိုင်းတိုင်းရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်ကိုယ်စီရှိကြပါတယ်။ Logo တော်တော်များများရဲ့ မူရင်းအဓိပ္ပာယ်တွေက တီထွင်ဖန်တီးထားတဲ့ ဒီဇိုင်းအလှတရား ထက်သာလွန်ပါတယ်။ သင်လုံးဝသတိမထားမိတဲ့ နာမည်ကြီးအမှတ်တံဆိပ် ၁၇ ခုရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကတော့ . . .
HYUNDAI
HYUNDAI ရဲ့ Logo ကို လူတော်တော်များများက သူ့ရဲ့ ပထမစာလုံး H လို့ပဲ ထင်နေကြပါတယ်။ တကယ်တော့ အဲဒီစာလုံး H က Client နဲ့ HYUNDAI အရောင်းကိုယ်စားလှယ်တို့ လက်ဆွဲနှုတ်ဆက်နေကြတဲ့ပုံ ဖြစ်ပါတယ်။
Adidas
Adidas ဆိုတဲ့နာမည်က Adidas တည်ထောင်သူ Adolf Dassler ကို အစွဲပြုမှည့်ခေါ်ထားတာပါ။ ကုမ္ပဏီရဲ့ Logo တွေကို အမြဲလိုလိုအသစ်တီထွင်နေပေမယ့် Logo တိုင်းမှာ အစင်းကြောင်းသုံးခု အမြဲပါဝင်နေတာကို တွေ့ရမှာပါ။ တြိဂံပုံသဏ္ဌာန်အစင်းကြောင်းသုံးခုပါတဲ့ လက်ရှိ Logo က တောင်တန်းကို ကိုယ်စားပြုတာဖြစ်ပြီး အားကစားသမားတွေ နေ့စဉ်နေ့တိုင်းရင်ဆိုင်ကြုံတွေ့ရမယ့် Challenges တွေကို ဆိုလိုချင်တာဖြစ်ပါတယ်။
APPLE
APPLE Logo ဒီဇိုင်းပညာရှင် Rob Janoff က သူဒီဇိုင်းဖန်တီးဖြစ်ပုံကို အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ပန်းသီးတစ်ခြင်းဝယ်လိုက်ပြီး ရိုးရှင်းလှပတဲ့ ဒီဇိုင်းရဖို့ ပန်းသီးတစ်လုံးချင်းစီကို တစ်ပတ်အတွင်းမှာ စမ်းဆွဲကြည့်ပါတယ်။ အဲဒီထဲမှာမှ ပန်းသီးကိုတစ်ကိုက် ကိုက်လိုက်တာက သူ့အတွက် အကြံဉာဏ်ကောင်းရစေခဲ့ပါတယ်။ Bite ကိုက်တယ်ဆိုတဲ့ စကားလုံးက ကွန်ပျူတာဝေါဟာရတစ်ခု Byte နဲ့လည်း ကိုက်ညီနေတဲ့အတွက် ဒီ ဒီဇိုင်းကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
VAIO
VAIO Logo ရဲ့ ပထမစာလုံးနှစ်လုံး VA က Analog Wave ကို ဆိုညွှန်းတာဖြစ်ပြီး နောက်ဆုံးနှစ်လုံး IO က နံပါတ် 1 နဲ့ 0 နဲ့ဆင်တူကာ ဒစ်ဂျစ်တယ်အချက်ပြစနစ်တစ်ခုနဲ့ တူညီနေပါတယ်။
Amazon
ရုတ်တရက်ကြည့်လိုက်ရင်တော့ Amazon ရဲ့ Logo က ဘာမှမထူးဆန်းပေမယ့် ကုမ္ပဏီရဲ့ဒဿနနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လိမ္မော်ရောင်မြားလေးက အပြုံးနဲ့ဆင်တူပြီး Customer တွေကို စိတ်ကျေနပ်မှုအပြည့်ရစေလိုတဲ့ သဘောပါ။ မြားလေးကို A ကနေ Z ထိ ဆွဲထားတာက Amazon မှာ Customer တွေလိုချင်တဲ့ အရာမှန်သမျှကို ဝယ်ယူနိုင်တဲ့သဘော ဖြစ်ပါတယ်။
Baskin Robbins
BR ရဲ့ ပန်းရောင်ခြယ်ထားတဲ့ အပိုင်းလေးက 31 ဖြစ်ပြီး Baskin Robbins မှာရရှိနိုင်တဲ့ Ice-cream အရသာတွေကို ညွှန်းဆိုချင်တာပါ။ သင်ကော ဒါတွေကို မြည်းကြည့်ပြီးပြီလား။
TOYOTA
လူတော်တော်များများက ဒီ Logo ကို ဦးထုပ်ဆောင်းထားတဲ့ Cowboy တစ်ယောက်အနေနဲ့ မြင်ကြပါတယ်။ တကယ်တော့ အပ်တစ်ချောင်းရဲ့ထိပ်မှာ အပ်ချည်မျင်ထည့်ထားတဲ့ ပုံဖြစ်ပါတယ်။ သူတို့အရင်တုန်းက ရက်ကန်းရက်စက်တွေ ထုတ်လုပ်ခဲ့ဖူးတဲ့ပုံရိပ် ဖြစ်ပါတယ်။ ဒါအပြင် Logo ရဲ့ အစိတ်အပိုင်းတစ်ခုချင်းကလည်း TOYOTA နာမည်ကို ဖော်ပြနေပါတယ်။
Continental
နာမည်ကြီးကားတာယာထုတ်လုပ်ရေး Continental ရဲ့ Logo မှာ အရှေ့စာလုံး C နဲ့ O ကို ကားဘီးပုံစံ တီထွင်ထားပါတယ်။ ရိုးရှင်းပြီး လေးနက်တဲ့ဒီဇိုင်းပုံစံပါ။
Formula 1
F နဲ့ အနီရောင်အစင်းကြောင်း အလယ်နားလေးကို သေချာကြည့်ရင် နံပါတ် 1 ပုံမြင်ရမှာဖြစ်ပါတယ်။ အနီရောင်အစင်းကြောင်းလေးက Formula 1 ကားတွေရဲ့ အမြန်နှုန်းကို ကိုယ်စားပြုတဲ့ သင်္ကေတလေးပါ။
Pinterest မှာ လူတွေက သူတို့ကြိုက်နှစ်သက်တဲ့ ပုံတွေကို အင်တာနက်ကနေတစ်ဆင့် စုဆောင်းထားကြပြီး သူတို့ရဲ့ Online Board မှာ ချိတ်ထားကြပါတယ်။ ဒါကြောင့် ပင်အပ်ပုံကို P စာလုံးအထဲမှာ မြှုပ်ထားတာဖြစ်ပါတယ်။ ရိုးရှင်းပြီးမြင်သာတဲ့ ဒီဇိုင်းလေးပါ။
Beats
Audio ပစ္စည်းသီးသန့်ထုတ်တဲ့ Beats ရဲ့ Logo က B စာလုံးဖြစ်ပြီး Headphones ပုံသဏ္ဌာန် တီထွင်ထားပါတယ်။
Toblerone
ဆွစ်ဇာလန်နိုင်ငံ၊ Bern မြို့အခြေစိုက်၊ Toblerone ရဲ့ Logo မှာ ဝက်ဝံပုံလေးပါနေတာက Bern မြို့ကို ဝက်ဝံမြို့လို့ တင်စားခေါ်ဝေါ်တတ်ကြလို့ဖြစ်ပါတယ်။ မြို့ထဲက အဆောက်အအုံတွေမှာပါ ဝက်ဝံရုပ်ပုံတွေ ထွင်းထုထားတာတွေ့ရမှာဖြစ်ပါတယ်။
BMW
BMW Logo ရဲ့အလယ်တည့်တည့်က အရာလေးကို လေရဟတ်လည်နေတဲ့ ပုံစံလို့လည်း သတ်မှတ်ကြပါတယ်။ ဒီကုမ္ပဏီက အရင်ကလေကြောင်းလိုင်းဆိုင်ရာကုမ္ပဏီဖြစ်ခဲ့လို့ တင်စားခေါ်ဝေါ်ကြတာပါ။ တကယ်တော့ အဲဒီအရာလေးက Bavarian အလံဖြစ်ပြီး ကုမ္ပဏီအခြေစိုက်ရာ ဂျာမနီနိုင်ငံကို ကိုယ်စားပြုတာဖြစ်ပါတယ်။
LG
တောင်ကိုရီးယားလျှပ်စစ်ကုမ္ပဏီ LG Logo က လူတစ်ယောက်ရဲ့မျက်နှာပုံကို ရည်ညွှန်းနေပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ Customer တွေနဲ့ အကောင်းဆုံးဆက်ဆံရေးကို ထိန်းသိမ်းထားလိုတဲ့သဘော ဖြစ်ပါတယ်။
Evernote
ဆင်တွေကို မှတ်ဉာဏ်အားကောင်းတဲ့ သတ္တဝါတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ မျက်နှာတွေ၊ ပွဲတော်တွေကိုပါ မှတ်သားထားနိုင်တဲ့ သူတို့ရဲ့အရည်အချင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မှတ်စုရေးမှတ်ထားနိုင်တဲ့ Evernote Application ရဲ့ Logo ကို ဆင်ရုပ်လေးနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ ဆင်ရဲ့နားရွက်နားကို ခေါက်ထားတာက လူတွေစာဖတ်တဲ့အခါမှာ အရေးကြီးတဲ့အပိုင်းတွေကို မှတ်စုပြန်ထုတ်ရင် စာရွက်ထိပ်ပိုင်းကို ခေါက်ထားတတ်ကြလို့ပါပဲ။
Coca-Cola
နာမည်ကျော်ကြားလူသိများတဲ့ Coca-Colaရဲ့ Logo မှာတော့ O နဲ့ L စာလုံးကြားမှာ Danish ဒိန်းမတ်နိုင်ငံအလံကို ထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြောက်ဥရောပနိုင်ငံမှာ ဈေးကွက်စီးပွားချဲ့ထွင်ဖို့အတွက်ပါ တီထွင်ထားသလိုပါပဲ။
Pepsi
Pepsi က သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိပ္ပာယ်ပေါ်လွင်စေမယ့် စပါယ်ရှယ် Logo ရဖို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံထားတာဖြစ်ပါတယ်။ ဒီဇိုင်းအသစ်မှာ ဆန်းကြယ်ပြီး နက်နဲတဲ့သဘောတရားတွေဖြစ်တဲ့ ကမ္ဘာ့သံလိုက်ဓာတ်ဆွဲငင်အား၊ Feng Shui ၊ Pythagoras သီအိုရီတွေပါဝင်ပြီး Mona Lisa ၊ Parthenon နဲ့ Rene Descartes တို့ကို မှီငြမ်းထားတာဖြစ်ပါတယ်။ အနီရောင်၊ အဖြူရောင်နဲ့ အပြာရောင်တွေကတော့ အမေရိကန်အလံကို ကိုယ်စားပြုထားတာပါ။