လုပ်ငန်းခွင်ထဲက ဝန်ထမ်းတော်တော်များများဟာ အလုပ်ကို ကြိုးစားပမ်းစား (Work Hard) လုပ်နေကြရင်းနဲ့ လုပ်ငန်းခွင်ထဲမှာ ငြီးငွေ့လွယ်ခြင်း၊ စိတ်ပါဝင်စား မှုလျော့ နည်းလာခြင်း စတဲ့ Burn-out တွေဖြစ် လာကြပြီး အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Work Hard တောင် ယိုင်နဲ့လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ မှာဖြစ်ပေါ် နေတဲ့ လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြားထဲမှာ ဝန်ထမ်း တွေဟာ ရှေးရိုးကြီး အတိုင်း အလုပ်ကြိုးစားမြဲ ကြိုးစားနေရုံနဲ့တော့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မှာမဟုတ်ပါဘူး။ အခုဆိုရင် Expatriate တွေသာမက Repatriate တွေဟာ လုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်လာပြီဖြစ်တဲ့အတွက် တိုး တက်ပြောင်းလဲ လာတဲ့ အခြေအနေပေါ်ကို အမီလိုက်ဖို့အတွက် ဝန်ထမ်းတော်တော်များများမှာ Smart ကျကျ လုပ်ကိုင်နိုင်မှုတွေ လိုအပ်လာမှာအမှန် ပါပဲ။ လုပ်ငန်းခွင်ထဲမှာ Smart လို့ ပြောလိုက်တာဟာ အလုပ်ဘယ်လောက်ကြိုးစားနေသလဲဆိုတာထက် အလုပ်ဘယ်လောက်ပြီး မြောက်လဲ ဆိုတဲ့ရလဒ်ကို ပြောခြင်းဖြစ် တယ်ဆိုတာသိဖို့ လိုပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအားလုံး အလုပ်ကြိုးစားနေရုံမဟုတ်ဘဲ Smart ကျကျ လုပ်ကိုင်နိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကစီစဉ်တဲ့ ဆရာကြီးဒေါက်တာအောင်ထွန်းသက်ဟောပြောတဲ့ Work Smart and Work Hard ခေါင်းစဉ်နဲ့ ဟောပြောပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ဒါကြောင့် အဆိုပါဟောပြောပွဲမှာ ဆရာကြီးဟောပြောခဲ့တဲ့ မှတ်သားလိုက်နာဖွယ် အကြောင်းအရာတခိုျ့ကို CEO စာဖတ်ပရိသတ်အ တွက် ပြန်လည်ကောက် နုတ်ဖော်ပြပေးလိုက်ပါတယ်။ [caption id="attachment_9556" align="alignnone" width="720"]
Work Smart & Work Hard ဟောပြောပွဲတက်ရောက်လာသူများ[/caption]
မြန်မာနိုင်ငံရဲ့လက်ရှိ Work Trend ပထမဆုံးအနေနဲ့ Work Smart ကို စဉ်းစားကြည့်စေချင်ပါ တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ Work Smart ဆိုတဲ့အဆင့် မရောက်သေးဘဲ Work Hard မှာပဲလည်နေပါ တယ်။ အမှန် တကယ်က Work Hard ရော Work Smart ပါ နှစ်ခုစလုံး ကိုတွဲလုပ်မှာဖြစ်တယ်။ တခိုျ့ Work Hard လုပ်ကြတယ်။ Work Smart မလုပ်ကြဘူး။ တခိုျ့ကျတော့ Work Smart လုပ်တယ်။ Work Hard မလုပ်ကြဘူး။ အခုကနေစပြီး အလုပ်လုပ်တဲ့သူတွေ အားလုံးဟာ Work Hard လုပ်ရမယ်။ အလုပ်ကြိုးစားရမယ်။ အလုပ်ကြိုးစားတယ်လို့ပြောတဲ့အခါ မှာ မျက်စိမှိတ်ပြီး ကြိုးစားရမှာမဟုတ်ပါဘူး။ ကိုယ်လုပ်ရ တဲ့အလုပ်ကို ဘာကြောင့်လုပ်နေရလဲ ဆိုတာကို ထဲထဲဝင်ဝင် သိမှ ဘယ်အလုပ်ကိုတော့ဖြင့် ရွေးပြီးလုပ်မယ်ဆိုတာကို စဉ်းစားပြီးမှWork Smart ဖြစ်မှာပါ။ မြန်မာလူမိုျးတွေက Work Hard ပဲဖြစ်နေတယ်။ ပုံမှန်က တစ်နိုင်ငံလုံးလည်း အလုပ်လုပ်နေကြတာပဲ။ ပင်ပင်ပန်းပန်း Working Hard လုပ်နေပေမဲ့ ဘာနဲ့တူသလဲဆိုရင် ဟိုတယ်ကြီးတွေရဲ့ Gym တွေမှာရှိတဲ့ Stationary Jogging လိုပဲ စက်ပေါ် တက် လိုက်ရင် လည်နေတယ်။ ပြေးလမ်းပေါ်မှာ ပြေးနေတာပဲရှိ တယ်။ ဘယ်ရောက်လဲဆိုရင် ဘယ်မှမရောက်ဘူးဖြစ်နေ တယ်။ ဒီနေ့ကုမ္ပဏီတော်တော်များများမှာ Stationary Jogging ဖြစ်နေတယ်။ ဘယ်ကိုဦးတည်ပြီးသွားချင်တာလဲ၊ ဘာဖြစ်လို့လုပ်ချင်တာလဲဆိုတာကို မသိဘဲနဲ့ လုပ်နေကြပါ တယ်။ အဲဒီအခါ Work Smart မဖြစ်တော့ဘူး။ အဲဒီတော့Work Hardနဲ့ Work Smart ကို ကွဲကွဲပြားပြားသိအောင် ပြောချင်ပါတယ်။ အဲဒီလိုပြောတဲ့အခါမှာWork Hard ကို ရွေးမလား။ Work Smart ကိုရွေးမလား မစဉ်းစားပါနဲ့။ နှစ်ခုစလုံး ကြိုးစားပြီး လုပ်စေချင်ပါတယ်။ နှစ်ခုစလုံးကိုရွေးခိုင်းရတဲ့ရည်ရွယ်ချက်က မြန်မာ လူမိုျးတွေအားလုံးက အောင်မြင်မှု (Success) လိုချင်တဲ့ သူတွေချည်းပဲ ဖြစ်လို့ပါပဲ။ မအောင်မြင်ချင်ရင် အလုပ်လုပ် မှာလည်း မဟုတ်ဘူး။ ဒီမှာရှိတဲ့လူအားလုံးကို အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်စေချင်တယ်။ [caption id="" align="alignnone" width="720"]
Work Smart & Work Hard ဟောပြောပွဲတက်ရောက်လာသူများ[/caption]
အောင်မြင်မှုအတွက် Be the Best အောင်မြင်မှုရဖို့အတွက် အကောင်းဆုံး (Be the Best)ဖြစ် ရမယ်။ ဘယ်အလုပ်ပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ရမှာဖြစ်တယ်။ Good ကို လက်မခံထားပါနဲ့။ Good ကိုကျေနပ်နေတာနဲ့ Best မရနိုင်တော့ဘူး။ ဒါကြောင့်မို့ Good ဟာ Best ရဲ့ရန်သူဖြစ်တယ်။ အဲဒီတော့ Success လို့ပြောရင်The Best ကိုပြောတာ။ အကောင်းဆုံးလို့ပြော တာက ပိုင်ရှင်ဖြစ်ရမယ်၊ GM ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ယာဉ်မောင်းလည်းBe the Best Driver ၊ IT သမားလည်း Be the Best ပဲ။ ဘာပဲလုပ်လုပ် Be the Best ဖြစ်အောင် လုပ်ပါ။
Capacity အတွက်လိုအပ်တဲ့Work Smart နဲ့Work Hard လူတိုင်းက ကိုယ်နဲ့မဆိုင်ဘူးဆိုတာမရှိဘူး။ လူတွေအားလုံး ကိုယ့်နေရာနဲ့ကိုယ်တာဝန်တွေရှိကြတယ်။ ဒီပွဲကို လာတက် တဲ့သူတွေအားလုံးက ကုမ္ပဏီက လူတွေ တော်တော်များကြ တယ်။ နောက်တစ်ချက် ပုဂ္ဂလိကကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံတိုးတက်တာကလည်း ပုဂ္ဂလိကကြောင့် တိုးတက်တာ ဖြစ်တယ်။ နိုင်ငံတော်အစိုးရကလည်း စီးပွားရေးလုပ်တဲ့သူ တွေလုပ်ခွင့်ရအောင် ဖန်တီးပေးနေတာပါ။ လုပ်ရမှာလည်း ပုဂ္ဂလိကကုမ္ပဏီတွေပါပဲ။ ဒါကြောင့် ဝန်ထမ်းတွေအနေ နဲ့ ဖြစ်နိုင်ရင် ကိုယ်ပိုင်အလုပ်ကိုထွက်လုပ်စေချင်ပါတယ်။ ရှုံး မှာမကြောက်ပါနဲ့။ ရှုံးသွားရင်လည်း ပျော်စရာကြီးပါ။ ဘာ ကြောင့်လဲဆိုတော့မြတ်ရင် ကိုယ်ကသူဌေးဖြစ်မှာ။ ဝန်ထမ်း ဖြစ်ရင် တစ်သက်လုံးဝန်ထမ်းဘဝနဲ့ပဲ နေရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးကို ကိုယ်တိုင်ကိုယ်ကျ ထွက်လုပ်ချင်တဲ့လူငယ်တွေ များလာလေလေ နိုင်ငံတိုးတက် လာမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ အလုပ်ကိုပဲ မှီခိုအား ထားပြီးတော့ လခတွေတစ်လတစ်ခါထုတ်ရတာကို ကျေနပ် တဲ့အကျင့်ကို ပြင်ဖို့လိုပါတယ်။ အလုပ်ရှင်မရှိရင် အလုပ် လည်း မရှိဘူး။ အလုပ်သမားမရှိရင်လည်း အလုပ်ရှင်မတတ် နိုင်ဘူး။ အလုပ်သမားတွေအားလုံးက လုပ်ရည်ကိုင်ရည်ရှိဖို့ အရေးကြီးတယ်။ ဃစေခေငအပ မြှင့်ဖို့အတွက် လိုအပ်တာက Work Smart နဲ့ Work Hard ပါ။
လူငယ်တွေ အိပ်မက်မက်သင့်တယ် မြန်မာလူမိုျးတွေက တစ်သက်လုံး မညံ့ခဲ့ပါဘူး။ လူငယ်တွေ လည်းမညံ့ပါဘူး။ အလုပ်တိုင်းဟာ သိက္ခာ (Dignity) ရှိ တယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။ ဆရာ သဘောကျတယ်။ အမေရိကန် သုံးတဲ့ စကားလုံးတစ်ခုရှိတယ်။ အလုပ်လုပ်တဲ့အခါတိုင်း Should Be Undertaken With Painstaking လို့ ပြော တယ်။ အဓိပ္ပာယ်က နာကျင်အပင်ပန်းခံပြီး လုပ်ရမယ်။ ထူးချွန်ပြောင်မြောက်ဖို့ (Excellen tဖြစ်ဖို့) ဆိုတာ အပင် ပန်းခံ၊ အနစ်နာခံမှရတာပါ။ အပင်ပန်းမခံဘဲနဲ့ ဘာမှဖြစ် လာမှာမဟုတ်ဘူး။ လူတွေအားလုံး work Smart နဲ့Work Hard ဖြစ်မှ Excellent ကိုရမှာပါ။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ Martin Luther King နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ သူကျောင်းတက်တုန်းက ထမင်းစားရင် လူဖြူတွေရှိတဲ့နေရာ မှာစားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူကအသားမည်း တယ်။ သူက ကပ္ပလီဖြစ်နေလို့ လူဖြူတွေရှိတဲ့ ဘတ်စ်ကား စီးရင်လည်း အနောက်ကစီးရတယ်။ အဲဒီလိုလူဖြူလူမည်း ခွဲခြားမှုကို တိုက်ဖျက်ခဲ့လို့Martin Luther King က Civil Rightနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတာဖြစ် ပါတယ်။ Civil Right ဆိုတာ လူတစ်ယောက်ရဲ့အမိုျး ဘာသာနဲ့မဆိုင်ပါဘူး။ လူတိုင်းမှာHuman Right ရှိတယ်။ သူပြောတဲ့စကားလုံးထဲက သတိရစေချင်တာက 'ကျွန်တော့် မှာ အိပ်မက်ရှိတယ် (I have a dream) ' ဆိုတဲ့စကားပါပဲ။ လူငယ်တွေအားလုံးကိုလည်း အိပ်မက်ရှိစေချင်ပါတယ်။ ဒီ အိပ်မက်ကောင်းတယ် မကောင်း ဘူး၊ ဖြစ်နိုင်တယ် မဖြစ်နိုင် ဘူးဆိုတာ အရေးမကြီးပါဘူး။ ဆရာကတော့ ကိုယ့်ကိုယ် ကိုယ် အမြဲတမ်း အိပ်မက်မက်တယ်။ အရင်ခေတ်တုန်းက တော့ အိပ်မက်မမက် ရဲခဲ့ဘူး။ အခုတော့ အိပ်မက်တွေမက်လို့ ရပါပြီ။ I have a dream ဆိုတဲ့နောက်ကွယ်မှာ သူကဘာရေး ထားလဲဆိုရင် တစ်နေ့ကျရင် သူတို့ကိုဆုံးဖြတ်တဲ့အခါမှာ သူတို့ရဲ့အသားအရောင်ကို ကြည့်ပြီး မဆုံးဖြတ်ဘဲနဲ့ သူတို့ ရဲ့အောင်မြင်မှု၊ သူတို့ရဲ့ကြိုးစားမှုအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်လိမ့်မယ်လို့ ပြောတယ်။
Work Hard နဲ့ Work Smart ဆိုတာ တစ်ခါတလေ တခိုျ့နေရာတွေမှာWorking Hard နဲ့Working Smart က တူတယ်။ ဒါပေမဲ့ တခိုျ့နေရာတွေမှာ မတူပြန်ဘူး။ ကုမ္ပဏီတော်တော်များများမှာ ဘာကြောင့် သူဌေးတွေက လခတွေပိုပေးပြီး နိုင်ငံခြားသားတွေခေါ်ပြီး ခန့်ရတာလဲဆိုပြီး ပြောကြတယ်။ နိုင်ငံခြားသားကို ခိုင်းလိုက်ရင် ပြီးအောင်လုပ် တယ်။ တို့လူမိုျးတွေကို ခိုင်းလိုက်ရင် အိမ်ကရောက်နေပြီး အလုပ်က မပြီးသေးဘူး။ ကိုယ့်အလုပ်ကိုပြီးအောင် လုပ်ပါ။ ကိုယ့်တာဝန်ကို ပြီးအောင်လုပ်ပါ။ ဘာပဲလုပ်လုပ် Commitment ရှိဖို့လိုပါတယ်။Work Hard ဆိုတာ Body ၊ Work Smart ဆိုတာ Mind ကို ပြောတာပါ။ ျWork Hard ဆိုတာ Physically သွားတာပါ။ Work Smart ဆိုတာ Physically ကြိုးစားတာမဟုတ်ဘဲ ဦးနှောက်နဲ့သုံးနေတာပါ။ ဒါကြောင့် မို့ လူတစ်ယောက်အောင်မြင်တာ၊ မအောင်မြင်ဘူးဆိုတာကို Commitment ဘယ်လောက်ရှိလဲဆိုတာနဲ့ တိုင်းတာလို့ရ ပါတယ်။ လူတိုင်းမှာ Goal လို့ခေါ်တဲ့ ရည်မှန်းချက်တွေ အပြည့်ရှိရမယ်။ နောင်ငါးနှစ်မှာ ဘာဖြစ်ရမယ်၊ ဆယ်နှစ် ကြာရင် ဘာဖြစ်ရမယ် စတဲ့ ရည်မှန်းချက်တွေထားရမယ်။ အရေးကြီးတာDesire & Willing နှစ်ခုစလုံး ဖြစ်ပါတယ်။ လုပ်ချင်တဲ့ဆန္ဒရှိမှ အောင်မြင်မှုရမှာဖြစ်တယ်။ ကုမ္ပဏီမှာ လည်း နံပါတ်တစ် Position ဖြစ်ရမယ်။ ထိပ်ဆုံးအထိ ရောက်အောင် ကြိုးစားရမယ်။ လုပ်ချင်တဲ့စိတ် (Willing) ရှိဖို့ အရေးကြီးပါတယ်။ Willing တင် မကဘူး Work (အလုပ်) ကို လုပ်ချင်တဲ့ဆန္ဒရှိရမယ်။ Willing နဲ့ Work ကိုအတူ လုပ်စေချင်ပါတယ်။ အဲဒီလိုလုပ်ရင် အကိုျးရလဒ် အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရရှိမှာပါ။ သူများချီးကူျး တာကိုလက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လို မြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုယ်ကိုယ်ဘယ်လို မြင်သလဲဆိုတာ အရေးကြီးပါတယ်။ Self-respect (ကိုယ့် သိက္ခာကို လေးစားခြင်း) ဖြစ်ဖို့ လိုပါတယ်။ လူငယ်တွေကို တစ်ခုသတိထားစေချင်ပါတယ်။ ခုခေတ်မှာ ချမ်းသာချင်လို့ ကျော်ကြားချင်လို့ မဟုတ်တာ တွေလုပ်ကြတယ်။ မဟုတ်တာတွေလုပ်ပြီး မှန်ထဲကြည့်ရင် ကိုယ့်ကိုယ်ကိုယ်ကော ပြန်ကြည့်နိုင်ရဲ့လား။ လူငယ်တွေ အားလုံးကို ရှက်စရာမလိုဘဲနဲ့ နေနိုင်တဲ့လူတွေ (Abilities to go without Shaming) ဖြစ်စေချင်ပါတယ်။ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုအပြည့်ရှိရမယ်ဆိုတာ ယုံကြည်မှုလွန်ကဲတာ (Overconfidence) ကိုပြောတာ မဟုတ်ပါဘူး။ Motivation က လုပ်ငန်းတွေမှာ တော်တော်အရေးကြီးတယ်။ Self-Motivation က ဒီအလုပ်ကို လခရလို့ လုပ်တယ်ဆိုတာ မိုျးမဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမိုျး ဖြစ်ရမယ်။ အခုခေတ်မှာ အခွင့်အလမ်းတွေ အများကြီးဝင်လာပြီ။ ကိုယ် က အဲဒီအခွင့်အရေးတွေကို မိမိရရဆုပ်ကိုင်နိုင်ရမယ်။ အခု ကတည်းကစပြီး အခွင့်အရေးတွေကို ရယူနိုင်အောင် ကိုယ် က အဆင်သင့်လုပ်ထားဖို့ လိုပါတယ်။
ဟန်ချက်ညီရမယ့် ဘဝနဲ့အလုပ် နောက်တစ်ခုက Work-Life Balance ဖြစ်ရမယ်။ တစ်နေ ကုန်အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော် တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။ ကိုယ်ကမိသားစု နဲ့လည်း နေရဦးမယ်။ ကိုယ်က တစ်ယောက်တည်း မဟုတ် ဘူး။ ကိုယ့်မိသားစုကို ဂရုစိုက်ရမယ်။ Work တစ်ခုတည်း မဟုတ်ဘဲ Life လည်းရှိ တယ်ဆိုတာကို သတိထားဖို့ လို ပါတယ်။ မိသားစုက အရေးကြီးပါတယ်။ အလုပ်ကနေပဲ Retired ယူလို့ ရတယ်။ မိသားစုမှာ Retired ယူလို့မရ ဘူး။
Work Smart နဲ့ Work Hard လုပ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အရေးကြီးပါတယ်။ လုပ်သမျှ အလုပ်တိုင်းဟာ နံပါတ်တစ်ဖြစ်နေရမယ်။ စီးပွားရေးမှာ အကိုျးကျေးဇူးတွေလိုချင်ရင်၊ အောင်မြင်ချင် ရင်တော့ Costs(အကုန်အကျ) ခံရမှာဖြစ်တယ်။ အောင်မြင်ချင်တာတွေ၊ ချမ်းသာချင်တာတွေ အားလုံးရဖို့ဆိုတာWork Hard နဲ့Work Smart လုပ်ရမယ်။ Costs လို့ပြောရရင် အချိန်ယူ ဖို့လိုပြီး အိမ်မှာ ဒီအတိုင်းထိုင်ပြီးကြည့်နေလို့တော့ မရပါ ဘူး။ အနာခံမှ အသာစံရမှာဖြစ်တယ်။ အောင်မြင်ချင် ရင် တော့ ဖြတ်လမ်းနည်းသုံး လို့မရဘူး။ မြန်မာလူမိုျးရဲ့အကျင့် က ဖြတ်လမ်းနည်းတွေ အလွန်သုံးတတ်ပါတယ်။ ဝန်ထမ်းတွေအားလုံးက မနက်ကိုးနာရီအလုပ်စတက်တဲ့အချိန်ကစပြီး ညနေငါးနာရီထိ ကိုယ့်ရဲ့ Energy Level ဘယ်အချိန်မှာ အမြင့်ဆုံးလဲ၊ ဘယ်အချိန်မှာ ကျနိုင်သလဲဆိုတဲ့ ကိုယ့်ရဲ့ Biorhythm ကိုသိထားဖို့ လိုပါတယ်။ ကိုယ့်အတွက် ဘယ်အချိန်ကစအလုပ်ဖြစ်လဲဆိုတာကို အမြဲတမ်း Start Time ထားပြီး အဲဒီအချိန်မှာ ရွေးလုပ်ဖို့လိုပါတယ်။ အခက်ဆုံးအလုပ်တွေကို အဲဒီအချိန်မှာ ရွေးလုပ်ပါ။ အချို့က ၁၁နာရီဖြစ်ကောင်းဖြစ်မယ်။ တချို့က ၃ နာရီဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ ကိုယ်တကယ်ပြီးပြတ်အောင်လုပ်ရမယ့် ခက်ခဲတဲ့အလုပ်တွေအားလုံး၊ ဖြေရှင်းရမယ့်အလုုပ်တွေအားလုံးကို ကိုယ့်ရဲ့အလုပ်သွက်တဲ့အချိန်၊ နိုးကြားနေတဲ့အချိန်မှာလုပ်ဖို့ လိုပါတယ်။ လူကြီးတွေအနေနဲ့ ဝန်ထမ်းတွေ ဆုံးမတဲ့အခါ “မင်းညံ့လိုက်တာ” လို့မပြောမိဖို့ သတိထားရမှာဖြစ်ပါတယ်။ သူညံ့တယ်ဆိုတာ သူ့ကိုယ်သူသိနေတယ်။ သူအသုံးမကျဘူးဆိုတာသွားပြီး ထပ်ထပ်ပြီးတော့ မပြောပါနဲ့။ အရေးကြီးတာက “မင်းလုပ်တတ်တယ်” ပြောဖို့လိုပါတယ်။ လူတစ်ယောက်ကို ပြောရင် အဲဒီစကားလုံးလေးကို အမြဲတမ်းမှတ်ထားစေချင်ပါတယ်။ လူကိုအမြဲတမ်းလက်ခံထားပါ။ “အပြုအမူပိုင်းမှာတော့ဖြင့် မင်းကိုငါ မဝေဖန်ဘူး။ မင်းကတော်ပြီးသား၊ တတ်ပြီးသား၊ အားလုံးကောင်းပြီးသား။ ဒါပေမယ့်မင်းဒီနေရာလုပ်တာ တော့ဖြင့် မှားတယ်နော်” စသည်ဖြင့် ပြောဆိုနိုင်ပါတယ်။ လူကိုဦးတည်ပြီး မပြောမိဖို့ လိုပါတယ်။ နောက်တစ်ချက်က ကိုယ်ဖြစ်ချင်တာကို Visualization ထားဖို့လိုပါတယ်။ အလုပ်မစခင်ကတည်းက ငါသည် နံပါတ် တစ်ဖြစ်ရမယ်လို့ visualization ထားရမယ်။ ယုံကြည်မှုရှိရင် အောင်မြင်မှုဆိုတာရှိလာမှာပဲ။ Work Smart and Work Hard မှာ စိတ်ကူး (Conceive) ရှိလာရင် ယုံကြည်မှု (Believe) ဆိုတာရှိရမယ်။ အဲဒီလိုယုံကြည်မှုရှိမယ်ဆိုရင် အောင်မြင်မှု (Achieve) တွေက ရောက်လာမှာပဲ။ နောက်တစ်ခုက အောင်မြင်ချင်ရင် အတုခိုးတတ်ဖို့လိုပါတယ်။ မြန်မာပြည်မှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ တော်တဲ့သူတွေကို အတုခိုးရမယ်။ ကိုယ့်မှာ Role Model ရှိရမယ်။ အဲဒီလိုဆိုရင် သူများဆီကနေ ပညာတွေအများကြီးရလာမှာဖြစ်တယ်။ မြန်မာပြည်မှာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုပြီး အတုခိုးရလွယ်ပါတယ်။ သင်ယူခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် Improve ဖြစ်စေပါတယ်။ Self- Improvement ကို ဘယ်တော့မှ မရပ်ပါနဲ့။ စာကို နေ့တိုင်းဖတ်နေရမယ်။ အိပ်ရာမဝင်ခင် စာအုပ်ဖတ်နေတယ်ဆိုတာကာ ကိုယ့်ကိုယ်ကိုယ် တိုးတက် အောင် လုပ်နေတာဖြစ်ပါတယ်။ စာမဖတ်လို့မရပါဘူး။ စာ မဖတ်တာနဲ့ နောက်ကျန်ခဲ့မှာဖြစ်တယ်။ ရပ်လိုက်တာနဲ့ ကိုယ်က တုံးသွားမှာ။ အဓိက ကိုယ့်ကိုယ်ကိုယ် ဝမ်းစာပြည့် အောင်လုပ်ဖို့ လိုပါတယ်။ ပြီးတော့လည်း စိတ်ဓာတ်ခိုင်မာ ဖို့လိုပါတယ်။ လူတိုင်းမှာ Stress ရှိပါတယ်။ လူတိုင်းမှာ ထင်မထားတာတွေဖြစ်လာတာနဲ့ ထင်ထားတာတွေဖြစ် မလာတာ စတဲ့အရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီ ထင်ထားတာတွေ ဖြစ်မ လာတာအားလုံးသည် ဘဝပဲဖြစ် တယ်။ ဘဝမှာ စိန်ခေါ်မှု (Challenge) ဆိုတာ မရှိဘူး။ Opportunity ပဲရှိတယ်။ [caption id="attachment_9562" align="alignnone" width="720"]
Work Smart & Work Hard ဟောပြောပွဲတက်ရောက်လာသူများ[/caption] Be Tough ဖြစ်ရမယ်။ Weak မဖြစ်ပါနဲ့။ Tough လို့ပြောတာ သူများကိုရန်ထောင်ဖို့ ပြောတာမဟုတ် ပါဘူး။Mental Toughness ကို ပြောတာပါ။ ပြီးတော့မှ လူတိုင်းမှာ အရေးကြီးဆုံးက စိတ် (Mental) ပဲ။ စိတ်ကို အရင်နိုင်အောင်ထိန်းမှWork Smart and Work Hard ဖြစ် မှာ။ အောင်မြင်မှုက ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် Working Hard က ၂ ရာခိုင်နှုန်း၊ ၉၈ ရာခိုင်နှုန်းက Working Smart ဖြစ်တယ်။ လူတစ်ယောက်အောင်မြင်တာ စိတ် ကနေပဲ ဖြစ်တာပါ။ အလုပ်တိုင်းမှာ ပြဿနာ (Problem) ရယ်၊ အချက်အလက် (Fact) ရယ်ရှိပါတယ်။ နှစ်ခုစလုံးက နေ့ တိုင်း တွေ့ကြုံနေတဲ့ပြဿနာတွေကို ဖြေရှင်းလို့ ရပါတယ်။ အလုပ်တစ်ခု မှာ ပြဿနာရှိရင် ပြင်လို့ရပါတယ်။ မိမိဘဝမှာ ပြဿနာရှိရင် ပြင်လို့ရပါတယ်။ပြဿနာထ လုပ်လို့ ရသေးတယ်။ Fact ကတော့ ပြင်လို့မရဘူး။ ရှုံးပြီဆိုမှတော့ ပြင်လို့မရဘူး။ လွယ်လွယ်ပြောရရင် ပြင်လို့မရတာကို မစဉ်း စားဘဲနဲ့ပြင်လို့ရတာကို အာရုံစိုက်စဉ်းစားပြီး ပြင်စေချင်ပါ တယ်။ ကိုယ်တတ်နိုင်တာတွေကိုပဲ အာရုံစိုက်ပြီးမတတ်နိုင် တာကိုအာရုံမစိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် High Expectation (အမြင့်မားဆုံးသော ရည်မှန်းချက်) ထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ရည်မှန်းချက်ကြီးကြီးသတ် မှတ်ပြီး အောင် မြင်မှုရဖို့အတွက် ဘယ်လောက်အထိ အားထည့်ရမယ်ဆိုတာ ကိုလည်းသိထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အောင်မြင်မှုရဖို့ အတွက် အလေ့အကျင့်လို ပါတယ်။ ကံဆိုတာ အလုပ်ပါ။ နောက်အရေးကြီးတာတစ်ခုက စည်းကမ်းပါ။ ကိုယ်လိုချင် တာ၊ ကိုယ်ဖြစ်ချင်တာရှိရင် သူများသတ်မှတ်တဲ့စည်းကမ်း မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ရမှာဖြစ်တယ်။ ဒါကြောင့်Work Hard and Work Smart မှာ Self-discipline ရှိရမယ်။ ကိုယ့်ကိုယ် ကိုယ် အောင်မြင်မှုရှိ၊ မရှိ အမှုမဲ့ အမှတ်မဲ့မနေဘဲ ဆန်းစစ်နေဖို့ လည်းလိုပါတယ်။ အလုပ်မှာလည်း အချိန်တိုင်း Learning လုပ်နေရမယ်။ Work Smart and Work Hard ကိုအချိန် မဆွဲဘဲ အခုချက်ချင်းလုပ်ပါလို့ ပြောချင်ပါတယ်။
အောင်မြင်ခြင်းရဲ့ လျှို့ဝှှက်ချက် လူတစ်ယောက် အောင်မြင်မှုရဖို့အတွက် လျှို့ဝှက်ချက်တွေ ကိုပြောရရင် ၁။ အမြဲတမ်းလုပ်မယ်ဆိုတဲ့ဆန္ဒ အပြည့်ရှိရပါမယ်။ တစိုက် မတ်မတ်နဲ့ ပြီးအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိဖို့ လိုပါတယ်။ ၂။ ကိုယ့်ကိုယ်ကိုယ် နှိမ်ပြီး မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်နဲ့။ ပြီးတော့မှ အရေးကြီးတာ ကိုယ်ဘာဖြစ်ချင် တာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ရမှာ၊ စဉ်းစား ရမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ပြီးတဲ့အခါမှာ လည်း ကိုယ်ဖြစ်ချင်တာကို မျက်စိထဲပေါ်လာအောင် မြင်ပြီးတော့ကြိုးစား၊ Focus လုပ်ပါ။ လူတစ်ယောက် အောင်မြင်တာ Focus ရှိလို့ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကိုခိုင်မာအောင်ထားပြီး စိတ်မပျော့ပါနဲ့လို့ ပြော ချင်ပါတယ်။
Work Smart ဖြစ်ဖို့ပြုပြင်ပြောင်းလဲရမယ့်အချက်တွေ Work Smart နဲWord Hard ဘယ်ဟာ ပိုကောင်းလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း မေးပါ။ ဘယ်ဟာပိုကောင်းလဲဆိုရင် ဝန်ထမ်းတွေမှာ ကြိုးစားတဲ့သူကောင်းလား၊ ဦးနှောက်ကို သုံးပြီး အလုပ်လုပ်တဲ့သူကောင်းလားဆိုတာ ကိုယ့်ဘာသာ ကိုယ်စဉ်းစားပြီး ဆုံးဖြတ်စေချင်ပါတယ်။ အရေးကြီးတာ သူများနဲ့ယှဉ်ရင် ကိုယ်ကပိုလုပ်ဖို့ လိုပါတယ်။၊ အခြားသူ (လူကြီး)တွေနဲ့ မနှိုင်းယှဉ်ဘဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်း ချင်းချိန်ပါ။ တစ်ခါတလေ ကိုယ့်ကိုသိပ်ပြီး အသိအမှတ် မပြုတော့ဘူးဆိုရင် ကိုယ်က အလုပ်သိပ်မဖြစ်တော့ဘူးဆို တာသိပါ။ အလုပ်ခွင်မှာ အလုပ်တွေသိပ်ဖိစီးနေရင် အခြေ အနေသိပ်မကောင်းတော့ဘူးဆိုတာသိဖို့ လိုပါတယ်။
ကြိုးစားပမ်းစားလုပ်ရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ Work Smart ဖြစ်ဖို့လိုပါတယ်။ Work Smart ဖြစ်ဖို့ အားထည့်ရတာမဟုတ်ဘဲနဲ့ ရလဒ်သာလျှင် အဖြေဖြစ်တယ်။ အလုပ်တွေဘယ်လောက်ပြီးလဲဆိုတာ အရေးကြီးတယ်။ လုပ် သာလုပ်နေပေမယ့် မပြီးဘူးဆိုတာ Working Hard အဆင့် ပဲဖြစ်ပြီး Working Smart လိုချင်ရင်တော့ ရလဒ်ကိုပဲကြည့် ရမှာပါ။ ဒါကြောင့် စီမံခန့်ခွဲမှုဟာ ရလဒ်ကို အခြေခံတဲ့ စီမံခန့်ခွဲမှု (Result based Management) ဖြစ်ရပါမယ်။ အလုပ်ကို အခြေခံတဲ့စီမံခန့်ခွဲမှု (Activity based Manage-ment) မဖြစ်ရပါဘူး။ ရှိတာတွေ အားလုံးပြင်ဖို့မဟုတ်သလို သိပ်ခက်ခဲတာတွေကိုလည်း မတိုက်တွန်းပါဘူး။ လွယ်လွယ် ကူကူပဲ စဉ်းစားဖို့ပြောတဲ့အခါမှာ သေးသေးလေးကနေ စပြီး စဉ်းစားကြည့်ရအောင်။ အဲဒါကြောင့် အချက်ခုနစ်ချက်ကို စပြီးပြောချင်ပါတယ်။
၁။ အဆုံးနဲ့စမယ် (Begin with End in Mind) အဆုံးနဲ့စမယ်ဆိုတဲ့ကိစ္စကို အလုပ်လုပ်တဲ့သူ (ဝန်ထမ်း၊ အတွင်းရေးမှူး၊ သူဌေး) တွေအားလုံး ခေါင်းထဲထည့်ထား စေချင်ပါတယ်။ ဥပမာ- ခရီး (အပျော်ခရီးဖြစ်ဖြစ်) သွား မယ်ဆိုပါစို့။ ဘာနဲ့စမလဲဆိုရင် သွားရတာကို မစဉ်းစားဘဲ နဲ့ရောက်မှာကိုပဲစဉ်းစားပါ။ Destination က ကိုယ်ဘယ် သွားနေလဲ၊ ကိုယ့်ရဲ့ Goal က ဘာလဲ။ အဲဒါကိုကြည့်ပါ။ ပြီးမှ ကိုယ်ဘာတွေလုပ်ရမလဲ၊ ဘာတွေပြီးရမလဲ၊ ဘယ် အချိန်ပြီးရမလဲဆိုတဲ့ Deadline ကို သတ်မှတ်ရမှာဖြစ် တယ်။ ပြီးတဲ့အခါမှာ Report တစ်ခုရှိရမယ်။ အလုပ် လုပ်တဲ့အခါမှာ ဒီအလုပ်ကို ငါဘာကြောင့် လုပ်နေရတာလဲ ဆိုတာသိဖို့လိုပါတယ်။ အရေးကြီးတာက အမြဲတမ်း အာရုံစိုက်ပြီး လုပ်ရမယ်။ ကိုယ်သတ်မှတ်ထားတဲ့အလုပ်တွေ ပြီးဖို့က ကိုယ့်တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် အဆုံးနဲ့စရ မယ်။ အဆုံးနဲ့စဖို့က ကိုယ့်မှာ အစီအစဉ် ရှိရမယ်။
၂။ ကိုယ့်မှာအစီအစဉ်ရှိရမယ် ( Have Plan in Hand) မြန်မာပြည်မှာတော့ Plan လို့ပြောလိုက်တာနဲ့ စီမံကိန်းလို့ ပြောကြတယ်။ Plan ဆိုတာ စီမံကိန်း၊ စီမံချက်မဟုတ်ဘဲ အစီအစဉ်ကို ပြောတာပါ။ လူတစ်ယောက်မှာ အစီအစဉ် (Plan ) ရှိရမယ်။ စီမံကိန်းဆွဲနေရင် ဆွဲနေတာနဲ့ကို မပြီး တော့ဘူး။ ပြီးရင် အရေးကြီးတာပြင်ဆင်ထားတာ (Prepa-ration) ရှိရမယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုရင် Support ရှိ ရမယ်။ Support မရှိရင် အလုပ်တစ်ခုကိုလုပ်လို့မရပါဘူး။
၃။ အပြင်မှာအလုပ်အပ်ခြင်း (Outsource) အခုခေတ်မှာ သိပ်သုံးတဲ့စကားလုံးက Outsource ပါ။ အခု Accountant တွေဆိုရင် ရုံးမှာခန့်စရာမလိုဘဲ Outsource လုပ်လို့ရပါတယ်။ HR Recruitment ဆိုရင်လည်း အပြင် မှာ Recruitment Agency ကိုအလုပ်အပ်လို့ရတယ်။ IT ဆိုလည်း Outsource လုပ်လို့ရတယ်။ Reinventing The Wheel ဆိုတဲ့စကားလုံးကို မမေ့ပါနဲ့။ သူများလုပ်ပြီးသား အဆင်သင့်ခူးခပ်လို့ရတာကို ကိုယ်ကိုယ်တိုင် အပင်ပန်းခံပြီး မချက်ပါနဲ့။ Outsource လုပ်တတ်ဖို့ လိုပါတယ်။
၄။ အရေးကြီးတာကိုရွေးပြီးလုပ်ရမယ် (Go for High-Impact Items) အရာရာတိုင်းဟာ အရေးမကြီးပါဘူး။ အရေးကြီးတာကိုရွေး ပြီး (Be Selective) လုပ်တတ်ရမယ်။ Management မှာ အရင်တုန်းကသင်တာ အားလုံးကိုလုပ်ရမယ်လို့ သင်တယ်။ အမှန်တကယ်က Selective ဆိုတဲ့ ကိုယ်တတ်တာ၊ ကိုယ် ထူးချွန်တာကိုပဲ လုပ်ရမှာဖြစ်တယ်။ Selective ဖြစ်တာဆို ရင်ကိုယ်တာဝန်ယူထားတဲ့အထဲက အရေးကြီးတဲ့အလုပ်သုံးခု ကိုပဲရွေးပြီးထူးချွန်အောင်လုပ်ပြီး ကျန်တာလှည့်မကြည့်နဲ့။
၅။ ပြီးပြည့်စုံအောင်လုပ်ချင်တဲ့စိတ်ကိုလျှော့ရမယ် (Stop Being Perfectionist) တို့လူမျိုးတွေက အားလုံးကို ပြီးပြည့်စုံအောင်လုပ်လည်း မကျေနပ်နိုင်ဘူး။ ပိုပြီးပြည့်စုံစေချင်တယ်။ ဘယ်သူမှ Perfect မဖြစ်နိုင်ပါဘူး။ ဒီအလုပ်ကို ငါလုပ်မှပြီးတယ်လို့ထင်ရင် တော့ အလုပ်တွေအားလုံးကို ပိုက်ထားရပါလိမ့်မယ်။ သူ များကိုခိုင်းရင် မရဘူး၊ ကိုယ်လုပ်မှရတယ်ဆိုပြီး စိတ်ထဲမှာ မအောက်မေ့ပါနဲ့။ အရေးကြီးတာက ခိုင်းမှရတာ။ မခိုင်းရင် မရဘူး။ ကိုယ်လုပ်တဲ့အလုပ်တွေအားလုံးကို Delegate လုပ် တတ်ဖို့လိုပါတယ်။ ကိုယ့်လူတွေကို ယုံကြည်မှုထားရမယ်။ ရှိသမျှအားလုံး ငါလုပ်ရမယ်ဆိုပြီး မစဉ်းစားပါနဲ့။
၆။ အငြင်းပွားမှုတွေကိုဖန်တီးပေးပါ။ (Pick Your Battles) ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာဖို့လည်းလိုပါတယ်။ ကုမ္ပဏီ မှာ လူနှစ်ယောက်က အယူအဆမတူရင် အဲဒါအကျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အယူအဆမတူရင် အယူအဆနှစ်ခု ရတယ်။ နှစ်ယောက်ရှိလို့ နှစ်ယောက်စလုံး အယူအဆတူ နေရင် အယူအဆတစ်ခုပဲရတယ်။ တတ်နိုင်ရင် အမြဲတမ်း ကိုယ်နဲ့အယူအဆ မတူတဲ့ သူတွေကို ကိုယ့်အနားထားပါ။ အယူအဆမတူတာ ရန်သူမဟုတ်ပါဘူး။ မတူတဲ့ အယူအဆ ကို ကိုယ်ကလက်ခံမှ တိုးတက်တာမှာဖြစ်တယ်။
၇။ တခြားသူဆီက အကူအညီကိုယူပါ။ (Be Open and get Help from others) အားလုံးကို ကိုယ်ပဲလုပ်မယ်၊ ကိုယ်ပဲရင်ဆိုင်မယ်၊ Perfect ဖြစ်ရမယ်စသဖြင့် အားလုံးကိုသာ နိုင်ရမယ်ဆိုရင် ကိုယ့်မှာ အချိန်ရှိတော့မှာမဟုတ်ဘူး။ အဲဒါကြောင့် ဒါတွေအတွက် Working Smart လိုတာပါ။ ကိုယ်တစ်ယောက်တည်း မလုပ်ပါနဲ့။ ကိုယ်မတတ်ရင် မတတ်ဘူးဆိုတာ ပြောရမယ်။ အဲဒီအတွက် ကိုယ့်အလုပ်တွေကို အခြားသူတွေနဲ့ ှ့မေန လုပ်ရမယ်။ ကိုယ့်ခံစားချက်တွေ၊ ကိုယ့်စိတ်ကူးသောကတွေ လည်း Share လုပ်လို့ရပါတယ်။ ဒါကြောင့်မို့ ဆရာပြောချင်တာကWorking Smart နဲ့ Working Hard ကိုရွေးရမှာမဟုတ်ဘူး။ Working Smart or Working Hard မဟုတ်ဘူး။ နှစ်ခုစလုံးတွဲမှ ရမှာဆိုတော့ Smart ဖစ်မှရမှာပါ။ Smart တာ့ဖြစ်ပါရဲ့ Hard မဖြစ်ရင်လည်း မဖြစ်သေးဘူး။ ဒါကြောင့် Smart နဲ့Hard ကိုလည်း ကွဲကွဲပြားပြားသိရမယ်။ လူတစ်ယောက် ဟာ ထူးချွန်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် အနည်းဆုံးနာရီ တစ်သောင်းလိုတယ်လို့ ပညာရှင်တစ်ယောက်က ပြောတယ်။ ပြီးတော့Work Hardနဲ့Work Smart ကို Balance လုပ်ဖို့လိုပါတယ်။ ချိန်ခွင်လိုပါပဲ။ Smart ဖြစ်တဲ့လူက အများအားဖြင့် Selfish ဖြစ်တတ်တယ်။ Hard ဖြစ်တဲ့သူက Selfish မရှိဘူး။ ဇွဲရှိ ရင်အောင်မြင်တယ်။ အရင်က သင် ထားတာက အလျှော့မပေးနဲ့။ ဒါကHard Worker ဆီက ရတာ။ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တတ်တာတွေကHard Worker ဆီကလာတာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည့်ဖို့လည်း လိုပါတယ်။ ပြီးတော့ဂုဏ်ယူစွာနဲ့ ငါ သည် ဒီနေ့ကစပြီး Working Hard နဲ့Working Smart နှစ်ခုစလုံးကို ငါဝန်ထမ်းတစ်ယောက်၊ ပိုင်ရှင်တစ်ယောက်၊ မန်နေဂျာတစ်ယောက်အနေနဲ့ Smart Worker ဖြစ်ရမယ် ဆိုတဲ့စိတ်ထားပါ။ Smart ချည်းပဲ မဟုတ်ဘဲနဲ့ Productive Worker ၊ Efficient Worker ဖြစ်အောင်လည်း လုပ်တတ် ရမယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့သူဖြစ်ဖို့တော့ လိုပါတယ်။ ဒါကြောင့် မှာချင်တာက ကိုယ့်မှာရှိတဲ့ပညာကို အကောင်း ဆုံးပြနိုင်အောင်လုပ်ရမယ်။ နောက်တစ်ခုက နှိမ့်ချဖို့ လိုပါ တယ်။ နာမည်ကြီးသွားတာနဲ့ နာမည်ရလိုက်တာနဲ့ ကိုယ် ကိုယ်ကိုယ်နှိမ့်ချမှု ချက်ချင်းပျောက် သွားတတ်ပါတယ်။ ဒါ ကြောင့် လူငယ်တွေအားလုံး နှိမ့်ချမှုရှိပါလို့ ပြောချင်ပါတယ်။ နှိမ့်ချလို့ မနိမ့်ကျပါဘူး။ တစ်ဖက်က နှိမ့်ချတယ်ဆိုပေမယ့် မိမိပညာကို မလျှော့ လိုက်ပါနဲ့။ သူများကိုလည်း သင်ပေး ပါ။ အဓိကအနေနဲ့ ှSelf-Dicispline ရှိဖို့ လိုပါတယ်။ ကိုယ့်ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ် အဲဒီရည် မှန်းချက် ဖြစ်မြောက်ဖို့လိုပါတယ်။ Willingness (လုပ်ချင် တဲ့စိတ်) ရှိရင် လူတစ်ယောက် အောင်မြင်တယ်လို့ ပြော တယ်။ အဲဒါကြောင့် Hard Work ကိုပြောရင် Challenges လုပ်တာ။ ပင်ပန်းတဲ့အလုပ်ကိုပင်ပင်ပန်းပန်းလုပ်တာ ကိုယ့် ကိုယ်ကိုယ် စိန်ခေါ်မှုပေးတာ။ လူဆိုတာ စိန်ခေါ် မှုရှိမှ အောင်မြင်တာဖြစ်တယ်။ စိန်ခေါ်မှုက များလေကောင်းလေ ပဲ။ စိန်ခေါ်မှုမရှိရင် လွယ်သွားမယ်။ အလွယ်နောက်မလိုက် ပါနဲ့။ စိန်ခေါ်မှုက ခက်လေလေ ကိုယ့်ရဲ့ရ လဒ်ကောင်းလေပဲ။ အဲဒါကြောင့်မို့ အစကတည်းက ခက်တဲ့အလုပ်လုပ်နိုင်အောင် ကြိုးစားပြီးလုပ်စေချင်ပါတယ်။ Hard Work က ရေရှည်မှာ အောင်မြင်မှုရှိပါတယ်။ နက်နက်တူးမယ်ဆိုရင် သယံဇာတ ပစ္စည်းကောင်းတွေ ရရှိတတ်သလို အလုပ်ကို ခက်ခက်ခဲခဲ ကြိုးစားမယ်ဆိုရင် ရေရှည်မှာ အောင်မြင်မှုတွေရရှိတတ်ပါ တယ်။ ဒါပေမဲ့ ကျန်းမာအောင် နေရမယ်။ အလုပ်ကို ကိုယ့်ရဲ့မဟာမိတ်လို့ သတ်မှတ်ထားပါ။ အလုပ်က ကိုယ့်ရဲ့ရန်သူမဟုတ်ပါဘူး။ အလုပ်ကို ကြောက် နေပြီး အလုပ်လုပ်ရမှာကို စိတ်ပူနေတာမျိုး မဖြစ်စေဘဲနဲ့ Work Smart ဖြစ်စေချင်တယ်။Working Hard က ကောင်းပေမယ့် တစ်ဖက်က Work Smart လည်း ဖြစ်နေရ မယ်။Work Hard က အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ် ပါပဲ။ ဒါပေမဲ့ ဒီနှစ်ခုပေါင်းလိုက်တော့ ဒီထက်ကောင်းတဲ့ Result ရတယ်ဆိုတာကို ပြောချင်တာပါ။ ကိုယ်လိုချင်တာတွေ ရလာဖို့က ရည်မှန်းချက်ရှိ ရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်သမျှအားလုံးမှာ ဦးတည်ချက် တစ်ခု ရှိရမယ်။ Work Smart၊ Work Hard ဖြစ်ဖို့အပြင် တစိုက်မတ်မတ်ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ကိုယ် နေ့တိုင်းလုပ်နေတဲ့အလုပ်တွေထဲက ၂၀ ရခိုင်နှုန်းလောက်ပဲ တကယ်အရေးကြီးတာပါ။ အဲဒီအရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်း ကိုအာရုံစိုက်ရင် ကျန်တာတွေအလိုလိုရလာမှာ ဖြစ်ပါတယ်။ အဲဒါ Work Smart ပါ။ ၅၀/၅၀ မဟုတ်ဘဲ ၈၀/၂၀ ကို ပြောတာဖြစ်တယ်။ ၁၀၀ ရာခိုင်နှုန်းတော့ ဘယ်လိုမှမရနိုင် ပါဘူး။ အောင်မြင်မှုရဖို့အတွက် ၂၀ ရာခိုင်နှုန်းလောက်ပဲ အားထည့်ရုံနဲ့ ၈၀ ရာခိုင်နှုန်းလောက်ရမယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ်သိဖို့ လိုပါတယ်။ ဘယ်အလုပ်ကိုတော့ အာရုံ စိုက်လိုက်ရင် ၈၀ ရာခိုင်နှုန်းရနိုင်တယ်။ ဘယ်အလုပ်ကတော့ ၂၀ ရာခိုင်နှုန်းပဲ ရနိုင်တယ်ဆိုတဲ့ ၈၀/၂၀ ကိုသိဖို့ အရေး ကြီးပါတယ်။
ကုမ္ပဏီမှာတော့ ဖွဲ့စည်းပုံတွေ၊ ဌာနတွေတည် ဆောက်တာ အရေးကြီးပါတယ်။ အဲဒါတွေရအောင် လုပ်ပါ။ တစ်ခုပြောချင်တာက လူတိုင်းမှာ တစ်ပြေးညီဆိုတာ မရှိ ပါဘူး။ စိတ်ပါတဲ့အခါရှိသလို စိတ်မပါတဲ့အခါတွေလည်း ရှိတယ်။ စိတ်ပါတဲ့အခါမှာ အားထည့်ပြီး စိတ်မပါတဲ့အခါမှာ နည်းနည်းနားတာကလည်းWorking Smart ပဲ။ အချိန် တိုင်း ကြိုးစားတိုင်းလည်း မရဘူး။ ဘာလို့လဲဆိုတော့ ကြိုးစားပေမဲ့ စိတ်မပါတဲ့အခါကျတော့ လိုသလောက်မရ ဘူး။ အားလုံးပြီးပြည့်စုံတဲ့သူဖြစ်အောင် မကြိုးစားပါနဲ့။ Mindset ကို ပြင်ကြပါ။ ကိုယ့်မှာမပြည့်စုံတာတွေရှိတယ် ဆိုတာကို လက်ခံဖို့လိုပါတယ်။ Detail (အသေးစိတ်)ကို မကြည့်နဲ့။ ပြီးရင် သူများဆီက သိအောင် ကြိုးစားပေးပါ။ ဒီအလုပ်ကိုလုပ်လို့ အောင်မြင်တယ်ဆိုရင် ဆက်လုပ်ပါ။ လုပ်သင့်တဲ့ အလုပ်ပဲလုပ်ပါ။ မလိုအပ်တဲ့အလုပ်တွေ မလုပ် ပါနဲ့။ ပြီးတော့ Flexible (လိုက်လျောညီထွေမှု) ဖြစ်ရ ပါမယ်။ အလုပ်၊ ကုမ္ပဏီဟာ Flexible ဖြစ်မှ အောင်မြင် တာပါ။ ပင်ပန်းရင် နားလိုက်ပါ။ အိမ်ပြန်သာ အိပ်လိုက်ပါ။ ပင်ပန်းပြီး ဆက်လုပ်ရင် ဘာမှရမှာမဟုတ်ဘူး။ Physical ရာ Mental ပါပင်ပန်းနေရင် ဘာမှအောင်မြင်မှာမဟုတ် ဘူး။ အနားယူဖို့ လိုတယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။ ကိုယ် ဘယ်လောက်ထိ အောင်မြင်ပြီလဲဆိုတာ ပြန်ပြီးစဉ်းစားပါ။ ကိုယ်ဘာလုပ်ရင်အောင်မြင်လဲ၊ ဘာလုပ်ရင် မအောင်မြင် ဘူးလဲဆိုတာသိလာမှာဖြစ်ပြီး မအောင်မြင်တာကို စွန့်လွှတ်၊ အောင်မြင်တာကိုထိန်းသိမ်းဖို့လိုပါတယ်။ ဒါကြောင့် အရေး ကြီးဆုံးအနေနဲ့ ပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုရှိရင် မစခင်ကတည်းက အောင်မြင်ပြီ ဆိုတာပါ။ နောက်ဆုံးအနေနဲ့ Work Smart နဲ့ Work Hardကိုရွေး ရမှာမဟုတ်ဘဲ နှစ်ခုစလုံးကို လက်ခံပြီးလုပ်ဆောင်ဖို့ ပြောချင်ပါတယ်။