CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးကျင်းပပြီး ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ဟောပြောသည့် Work Smart & Work Hard Seminar

4  6 8  5  7  3  1  9 ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းက ကြီးမှူးကျင်းပတဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောဆွေးနွေးပွဲ Work Smart & Work Hard ကို ကျင်းပခဲ့ပါတယ်။  ဒီဟောပြောပွဲကို C'Care ၊ Parami Energy Group of Companies နှင့် Shwe Taung Development CO LTD တို့မှ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြပါတယ်။ အဲဒီနေ့မှာ Work Smart & Work Hard Seminar ကို အချိန်ပေးတက်ရောက်လာကြသူများအား ကျေးဇူးတုံ့ပြန့်တဲ့အနေနဲ့ TODAY Publishing House တိုက်ထုတ် စာအုပ်များကို ၁၀ ရာခုန်နှုန်းဈေးလျှော့ ရောင်းချပေးခဲ့ပြီး Lifestyle မဂ္ဂဇင်း တစ်နှစ်စာ ၁၂ အုပ်ကို ၃၆,၀၀၀ ကျပ်အစား ကျပ် ၃၀,၀၀၀ ဖြင့်၊ CEO မဂ္ဂဇင်း တစ်နှစ်စာ  ၁၂ အုပ်ကို ၃၀,၀၀၀ ကျပ်အစား ၂၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင်  ပွဲတက်ရောက်လာကြသူများအား Childern Literature Collection ကို ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ online မှာ အခမဲ့ဖတ်ခွင့်ရနိုင်မယ့် Access Code များကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ Middle Manager များအတွက် အဓိကထားစီစဉ်ပေးတဲ့ ဒီ Seminar ကို ကုမ္ပဏီတော်တော်များများမှ Middle Manager level ဝန်ထမ်းအများစုနဲ့အတူ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းရဲ့ Subscriber များ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုကို စိတ်ဝင်စားတဲ့ လူငယ်များအပါအဝင် စိတ်ပါဝင်စားသူ အများအပြား တက်ရောက်ခဲ့ကြပါတယ်။