ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် Women's Forum Myanmar-ASEAN 2014 ကျင်းပမည်

[caption id="attachment_17559" align="alignnone" width="720"]Woman forum ၂၀၁၃ ခုနှစ် Women's Forum ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်[/caption] Women's Forum အဖွဲ့အစည်း နှင့်အတူ ပြင်သစ်သံရုံး၊ မြန်မာအစိုးရတို့ ပူးပေါင်းကာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ တို့မှာ Women's Forum Myanmar-ASEAN 2014 ကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီနှစ်ပြုလုပ်မယ့် Women's Forum ကို Women: A Driving Force in Transitional Societies ဆိုတဲ့ theme နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Forum မှာ အာဆီယံနိုင်ငံတွေအတွင်း ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးအကူးအပြောင်းကာလမှ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့၊ အာဆီယံဒေသအတွင်း ခြုံငုံမိပြီးတာဝန်သိတတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖန်တီးခြင်း၊ ၂၀၁၅ နဲ့ရှေ့ပိုင်းအတွက် အာဆီယံအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ စသတဲ့ အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမယ့် conference တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Conference တွေကို တက်ဖို့ online ကနေတစ်ဆင့် register လုပ်ဖို့ဆိုရင်တော့ www.womens-forum.com/meetings/women-s-forum-myanmar-asean-2014/31/apply မှာ လုပ်နိုင်ပြီး forum နဲ့ပတ်သက်လို့ အသေးစိတ်လေ့လာချင်ရင်တော့  www.womens-forum.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။