News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Women's Forum Myanmar 2013
Editorial
December 6, 2013
Event
Local News
News
Top Story
Women's Forum for the Economy and Society ကို ရန်ကုန်မြို့ Chatrium Hotel မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တို့မှာ ကျင်းပလျက် ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Thierry Mathou က "ဒီ Forum ကနေ မြန်မာနိုင်ငံက အမျိုးသမီးတွေကို သဘောထားတွေ၊ အတွေ့အကြုံတွေကို ပြည်ပက အမျိုးသမီးတွေနဲ့ ဖလှယ်နိုင်ခွင့် ရရှိစေပါမယ်။ NGO လှုပ်ရှားမှုတွေ၊ ပညာသင်ဆု အစီအစဉ်တွေနဲ့ စီးပွားရေး ဆောင်ရွက်မှုတွေ မှာ အမျိုးသမီးများ အခွင့်အရေးကို ထိပ်တန်း ဦးစားပေး မယ့် ကြိုးပမ်းမှုတွေကို ပံ့ပိုးသွားပါမယ်" လို့ ပြောကြားသွားပါတယ်။
President of the Women's Forum for the Economy and Society ဖြစ်တဲ့ Ms. Veronique Morali က "ကျွန်မတို့ Forum ဟာ ဆွေးနွေးဖို့၊ ဖလှယ်ဖို့အတွက် ထူးခြားတဲ့ အခြေခံပလက်ဖောင်း တစ်ခုပါပဲ။ ဒီစီမံကိန်း စတင်လိုက်ကတည်းက ကျွန်မတို့ သိလိုက်တာက ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု၊ ကြီးမားတဲ့ မျှော်လင့်စရာတစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာပါပဲ" လို့ ဆိုပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က "မြန်မာအမျိုးသမီးများဟာ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ နိုင်ငံရေးလောကမှာ အမျိုးသားများနဲ့ တန်းတူ အခွင့်အရေးများရခဲ့တဲ့ သမိုင်းကြောင်းများလည်း ရှိခဲ့ပါတယ်။ အမျိုးသား အမျိုးသမီး တန်းတူညီမျှ ရှိရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားလို့ သတ်မှတ်ဆောင်ရွက်လျက် ရှိပါတယ်" လို့ အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။ ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ရဲ့ ကလေးတွေဟာ အမျိုးသားနဲ့ အမျိုးသမီးဆိုတာ သာတူညီမျှပေမယ့် ကွဲပြား ခြားနားတယ်ဆိုတဲ့ သဘာဝအသိ ခံယူချက်နဲ့ ကြီးပြင်းလာရပါမယ်။ အဲဒီကွဲပြားခြားနားမှုကပဲ ပျော်ရွှင် စရာကောင်းပြီး အားမာန်အပြည့်နဲ့ လူ့အဖွဲ့အစည်းကို ဖြည့်ဆည်းပေးတာ၊ ဖန်တီးပေးတာ ဖြစ်ပါတယ်။ ရပါမယ်။ ဒါကို ဆောင်ရွက်ဖို့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုစွမ်းဆောင်နိုင်တယ်လို့ ကျွန်မထင်ပါတယ်" လို့ ထည့်သွင်းပြောကြားသွားပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း