ရုံးပိုင်းဆိုင်ရာကျင့်စဉ်တွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲရေး အရာရှိတွေကို တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ အမျိုးသား တွေဟာ သူတို့ကိုယ်သူတို့ ရုံးပိုင်းဆိုင်ရာကျင့်စဉ်တွေကို နားလည်တတ်ကျွမ်းတယ်လို့ ပြောကြပါတယ်။ အမျိုးသမီး တွေကတော့ စိတ်ကိုမဝင်စားတာလို့ ဖြေဆိုကြပါတယ်။
နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mary Matalin ကတော့ သင့်ရဲ့ကိုယ်ကျင့်တရားပေါ်မူတည်ပြီး အခြေ အနေက ပြောင်းလဲမှာပါပဲလို့ ပြောပါတယ်။
တကယ်တော့ ဒီရုံးပိုင်းဆိုင်ရာကျင့်စဉ်ဟာ သင့် ရဲ့စွမ်းအားကို နိစ္စဓူဝ ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အမျိုးသမီးတွေဟာ ဒီလိုအခြေအနေမှာ ပိုသာပါတယ်။ ကိုယ်ကျင့်တရားနဲ့ သိပ်မဆိုင်တော့ပါဘူး။ အဓိကကတော့ ပေါင်းသင်းဆက်ဆံရေးကို သေချာစီမံခန့် ခွဲပြီး အလုပ်ပြီးအောင် လုပ်ဖို့ပဲလိုပါတယ်။
အမျိုးသမီးတွေ လိုက်နာကျင့်သုံးရမယ့် ရုံးပိုင်းဆိုင်ရာကျင့်စဉ်တွေ ကတော့ ...
၁။ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပါ။
တကယ်လို့ ရုံးမှာကြုံတွေ့နေတဲ့ ပြဿနာတွေကို ဖြေရှင်း ဖို့ ဝါရင့်ပုဂ္ဂိုလ်တွေနဲ့ လတိုင်း တွေ့ဆုံဆွေးနွေးဖြစ်တယ် ဆိုရင် သူတို့နဲ့ ခင်မင်ရင်းနှီးအောင်လုပ်ပါ။ သူတို့ရဲ့ လွှမ်း မိုးနိုင်စွမ်းရှိတဲ့ စွမ်းအင်ကို သိနားလည်အောင်လုပ်ပါ။ ဆုံး ဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင် အရင်ဆုံး သေချာစဉ်း စားသုံးသပ်ပါ။
၂။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပါ။
အမျိုးသမီးတွေဟာ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ လို အပ်နေတာလေးတွေရှိတတ်ပါတယ်။ သူတို့ဟာ စွမ်းအား ကြီးတဲ့ ပုဂ္ဂိုလ်တွေကိုချဉ်းကပ်ဖို့ ဝန်လေးတတ်ကြပါတယ်။ ပြောင်းလဲဖို့လိုမှန်းသိပေမယ့် ပြောင်းလဲဖို့ ဝန်လေးနေ ကြပါတယ်။ ဘဝမှာ အောင်မြင်ချင်ရင် အောင်မြင်တဲ့လူ တွေနဲ့ ပြောဆိုဆက်ဆံဖို့ ကြိုးစားပါ။ ကိုယ်နဲ့ ဝါသနာ တူတဲ့လူတွေနဲ့ တွေ့ဆုံဆွေးနွေးကြည့်ပါ။
၃။ သင့်ဘဝတက်လမ်းကို ရှာဖွေပါ။
သင့်မှာ မိတ်ဆွေကောင်းမရှိဘဲ၊ ဗဟုသုတမပြည့်စုံဘဲ ရာထူးမြင့်တဲ့ အလုပ်တစ်ခုရမယ်လို့ မတွေးလိုက်ပါနဲ့။ သင့်ရုံးအတွက် စပွန်ဆာတွေ၊ လုပ်ငန်းတွေ ချမှတ်ဆောင် ရွက်သလို သင့်ဘဝအတွက်လည်း သေချာအစီအစဉ်ချ မှတ်ကြည့်ပါ။ သင့်ရဲ့အချိန်ဇယားပြောင်းရင် ပြောင်းသ လို စဉ်ဆက်မပြတ်ဆောင်ရွက်နေပါ။
ဒီကျင့်စဉ်တွေအတိုင်း မလုပ်ဖြစ်ရင် ဘယ်အရာ က သင့်ကို တွေဝေစေသလဲ သုံးသပ်ကြည့်ပါ။ ဘဝမှာ အောင်မြင်မှုရဖို့ ပြန်ကြိုးစားကြည့်ပါ။
လင်းနေခြည်