ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ ၂၀၁၇

ipday1

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၅ ရက်က အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီး World Intellectual Property Day 2017 (ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ ၂၀၁၇) အခမ်းအနားကို ရန်ကုန်မြို့၊ MICT Park မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း နာယက ဦးအေးလွင်နဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က အဖွင့်အမှာစကားပြောခဲ့ကြပါတယ်။ အဲဒီနောက် Innovation Improving Lives (ဘဝများကိုမြှင့်တင်ဖို့ တီထွင်ကြပါစို့) ဆိုတဲ့ခေါင်းစဉ်နဲ့ Panel Discussion မှာ ဦးမိုးမင်းသူ (Rouse Myanmar) က Moderator အဖြစ်ပါဝင်ကာ အရိုး (တေးရေး၊ တေးဆို)၊ ဦးဉာဏ်ဝင်း (ရွှေမှီပရိဘောဂ)၊ ဒေါက်တာမင်းထက် (မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း)နဲ့ ဦးငွေထွန်း (Genius Shan Highlands Coffee) တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ipday3

ဦးကျော်ကျော်ဝင်း

ဥက္ကဋ္ဌ

အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း

ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ (World Intellectual Property Day) ဆိုတာက အသိဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း Active ဖြစ်နေအောင် တစ်နှစ်တစ်ကြိမ် အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ အဲဒီနေ့တွေမှာ ကမ္ဘာကြီးရဲ့ Trend တစ်ခုကို Highlight လုပ်ပြီး အထိမ်းအမှတ်ပွဲကို ကျင်းပပါတယ်။ ဒီနှစ်မှာတော့ Intellectual Property နဲ့ပတ်သက်ပြီး သူတို့ Highlight လုပ်တာကတော့ Innovation ပါ။ ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ကို ကမ္ဘာ့အသိဉာဏ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်းတွေက အသိဉာဏ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံး ညီတူညီမျှခံစားစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်။ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (IPPAM) က အသိဉာဏ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ ဖြစ်ပေါ်လာဖို့ ၂၀၀၂-၂၀၀၃ ခုနှစ်ကတည်းက သက်ဆိုင်ရာအစိုးရဝန်ကြီးဌာန၊ ဦးဆောင်ကော်မတီတွေနဲ့ အကြံပြုဆွေးနွေးပြီး ဒီဥပဒေတွေကို မြန်မာပြည်မှာ ပြဋ္ဌာန်းနိုင်ဖို့အရေး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်ခဲ့စဉ်အခါကတော့ အသင်းအနေနဲ့ မရှိသေးပါဘူး။ လက်ရှိအသင်းမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ပညာရှင်တော်တော်များများက ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ ဒီဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာမှာရှိတဲ့ ပြည်သူလူထုတွေကလည်း ဒီအပေါ်မှာ စိတ်ဝင်စားမှုရှိဖို့၊ နားလည်ဖို့နဲ့ လက်တွေ့ကျင့်သုံးတဲ့အခါမှာ အကျိုးရှိဖို့ဆိုတဲ့ ကိစ္စတွေမှာ ပုဂ္ဂလိကကဏ္ဍက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေပူးပေါင်းပြီး ဒီအသင်းကို စတင်ဖွဲ့စည်းခဲ့တာပါ။

ipday2

လောလောဆယ် မြန်မာနိုင်ငံမှာ အသိဉာဏ်ပစ္စည်းနဲ့ပတ်သက်ပြီး တိုးတက်မှုသိပ်မရှိသေးပေမယ့် ဒါကို စိတ်ဝင်စားလာကြပြီ၊ အရင်ကထက်တော့ လူတွေ ပိုသိလာတယ်။ အဓိကအခက်အခဲကတော့ သိတာပဲသိတယ်၊ လက်တွေ့ကျင့်သုံးဆောင်ရွက်မှုမရှိတဲ့အခါ စိတ်ဝင်စားမှုက ရှိသင့်သလောက်မရှိတာပါ။ ကျွန်တော်တို့က အသင်းအနေနဲ့ နိုင်ငံတော်အစိုးရက ဥပဒေပြဋ္ဌာန်းပေးပြီး ဒီဥပဒေကို လက်တွေ့အသုံးချလာတဲ့အခါ ပြည်သူနဲ့အစိုးရကြား ကွာဟမှုတွေ လျော့နည်းသွားအောင် ဆောင်ရွက်ပေးသွားမယ်။

ရေဗက္ကာ