လုပ်ငန်းနယ်ပယ်တွင် အဘယ့်ကြောင့် ထပ်မံလေ့လာသင်ယူရန် လိုအပ်သနည်း . . .

လုပ်ငန်းနယ်ပယ်တွင် အဘယ့်ကြောင့် ထပ်မံလေ့လာသင်ယူရန် လိုအပ်သနည်း . . .

ရိုးစင်းသောမေးခွန်းဖြစ်ပါသည်။

လွန်ခဲ့ပြီးသောအချိန်တစ်ခုတွင် ''ပိုမိုယှဉ်ပြိုင်စွမ်းရှိရန်'' သည် သင့်လျော်သောအဖြေဖြစ်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် မိမိပြိုင်ဘက်များထက် ပိုမိုသာလွန်သည့်အခြေအနေကို ဖန်တီးထားနိုင်ရန် လိုအပ်သည်။ ထိုအနေအထားကို ပိုင်ဆိုင်နိုင်ရန် မိမိပြိုင်ဘက်များထက် သာနေ၊ ချွန်နေရန် ထပ်မံလေ့လာသင်ယူ အားထုတ်ကြရပါသည်။

ယခုအချိန်တွင်မူ ''လုပ်ငန်းနယ်ပယ်တွင် ရှင်သန်တင်ကျန်နေရန်'' ထပ်မံလေ့လာသင်ယူမှု လိုအပ်သည်ဟု အဖြေပေးလာကြသည်။ အကွေ့အဝိုက်၊ အတိုးအဆုတ်၊ သိစရာ နားလည်စရာများလှသော စီးပွားရေးနယ်ပယ်အတွင်း အပြောင်းအလဲက မြန်ဆန်လွန်းလှပေရာ အမီလိုက်နိုင်ဖို့ ထပ်မံသင်ယူဖြည့်ဆည်းကြရတော့သည်။ သင်ယူဖြည့်ဆည်းမှုနည်းလျှင် ဆက်လက်ရှင်သန်နိုင်ဖို့ရာ ခက်ခဲသော အနေအထားသို့ ရောက်ရှိနေပေပြီ။

ဤအခြေအနေတွင် ထပ်မံသင်ယူ လေ့လာသူချင်းအတူတူ လေ့လာထားသမျှ ပိုမိုအသုံးချနိုင်သူက ပိုမိုယှဉ်ပြိုင်နိုင်စွမ်းအားကြီးသူ ဖြစ်လာပေလိမ့်မည်။

အယ်ဒီတာ