မန်နေဂျာ၊ လက်ထောက်မန်နေဂျာမလေးနဲ့ အထွေထွေမန်နေဂျာတို့ဟာ နေ့လယ်စာစားဖို့ အတူလမ်းလျှောက် ထွက်လာကြရင်း လမ်းဘေးတစ်နေရာမှာ ရှေးဟောင်းမီးခွက်တစ်လုံးကို တွေ့ပါသတဲ့။ သူတို့ထဲက တစ်ယောက်က မီးခွက်ကိုယူပြီး လက်နဲ့ပွတ်လိုက်တော့ မီးခိုးငွေ့တွေနဲ့အတူ မီးခွက်စောင့်ဘီလူး ရောက်လာပါရော။ မီးခွက်စောင့်က ထုံးစံအရ လိုချင်တဲ့ဆုသုံးခု တောင်းလို့ရပေမဲ့ သူတို့က သုံးယောက်ဖြစ်နေလို့ တစ်ယောက်ဆုတစ်ခုစီ တောင်းပါလို့ ပြောသတဲ့။ အဲဒီအခါမှာ လက်ထောက်မန်နေဂျာ မိန်းကလေးက “ကျွန်မအရင်၊ ကျွန်မ အရင်” လို့ ခပ်သွက်သွက်ဝင်ပြောရင်း “ကျွန်မ ဘဟားမားကမ်းခြေမှာ သိပ်မြန်တဲ့ စပိဘုတ်တစ်စင်းပေါ်မှာ အလုပ်အတွက် ဘာမှမပူမပန်ရတဲ့ဘဝနဲ့ ပျော်ပါရစေ” လို့ ဆုတောင်းလိုက်တဲ့အခါ မီးခွက်စောင့်က ‘ပြည့်စေ’ ဆိုတာနဲ့ပဲ မိန်းကလေးလည်း ပျောက်သွားသတဲ့။ ဒီအခါမှာ မန်နေဂျာက “ကျွန်တော့်အလှည့်၊ ကျွန်တော့်အလှည့်” လို့ ဝင်ပြောပြီး “ဖလော်ရီဒါကမ်းခြေမှာ ကောင်မလေး ချောချောကလေးတွေ ပတ်လည်ဝိုင်းပြီး ကော့တေးလ်အရက်ရော မြည်းစရာပါ တစ်ပုံတစ်ခေါင်းနဲ့ ပျော်ပျော်ပါးပါးကြီး နေချင်တယ်ဗျာ” ဆိုတော့ မီးခွက်စောင့်က ‘ပြည့်စေ’ ဆိုတာနဲ့ သူလည်း ပျောက်သွားပါရော။ ဒီအခါမှာ ဒေါသဖြစ်နေပုံပေါ်တဲ့ အထွေထွေမန်နေဂျာက သူလိုတဲ့ဆုတောင်းလိုက်ပုံက “ဟိုကောင်နဲ့ ဟိုကောင်မ နေ့လယ်စာစားချိန်ကျော်ရင် ရုံးထဲက သူတို့စားပွဲမှာ ပြန်ရောက်ပစေ” ပါတဲ့။
ဥပဒေသ ။ ။ အရေးကြီးတဲ့အချိန် အရေးပါတဲ့ကာလတိုင်းမှာ သင့်အထက်လူကြီးကို အရင်စကားပြောပါစေတဲ့။