စပွန်ဆာမျှော်

စက်မှုတော်လှန်ရေးခေတ်၏ ဘောဂဗေဒကို ကျမ်းရင်းပြုစုခဲ့သော ဂျွန်စတူးဝပ်မီးလ်က လူလတ်တန်းစား၏ သုစရိုက်လေးပါးကို အညွှန်းပြုခဲ့ရာ ဤအညွှန်းအတိုင်း အာရှ၊ လက်တင်အမေရိကားနှင့် အာဖရိကတိုက်တို့တွင် ပေါ်ထွန်းသောလူလတ်တန်းစားအသစ်တို့ ရှိပါ၏လောဟု ပညာရှင်နှစ်ဦးကမေးခွန်းထုတ် သည်။ နှိုင်းယှဉ်လေ့လာ သည်။ ဤသို့ လေ့လာနိုင်ရန်အလို့ငှာ လူလတ်တန်းစားဆိုတာ ဘယ်သူ့ကို ခေါ်တာလဲဟု ဦးစွာပထမအနက်ပေးကြည့်သည်။ သူတို့နှစ်ဦးက ဝင်ငွေကို စံချိန်အဖြစ်မထား။ အသုံးအစွဲကို စံချိန်အဖြစ်ထားသည်။ တစ်နေ့ နှစ်ဒေါ်လာ နှင့် ဆယ်ဒေါ်လာကြားသုံးစွဲနိုင်သူတို့ကို လူလတ်တန်းစား အဖြစ်သတ်မှတ်သည်။ ဤမျသုံးစွဲနိုင်ခြင်းသည် အမေရိကန်၌ တစ်နှစ်ဒေါ်လာ ၁ç၀၅၀ နှင့် ၅ç၂၀၀ ကြားသုံးစွဲနိုင်ခြင်းနှင့် ညီမျသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ တစ်နေ့ နှစ်ဒေါ်လာနှင့် ဆယ်ဒေါ်လာကြားသုံးစွဲနိုင်သူသည် အမေရိကန်လူလတ်တန်းစားနှင့်ညီမျှသည်ဟု ဆိုလိုရာရောက်သည်။ ဤအခြေခံဖြင့် တွက်ချက်ခြင်း သုတေသနလုပ်ကြည့်ရာ ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ လူလတ်တန်းစား နှစ်မျိုးကို တွေ့ရှိသည်။ ပထမလူလတ်တန်းစားသည် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်ဆိုင်မှုလေးတွေဖွင့်သူတို့ဖြစ်သည်။ ဒုတိယလူလတ်တန်းစားသည် လစာကောင်းကောင်းရသော ဝန်ထမ်းများဖြစ်သည်။ မြို့ပြလူလတ်တန်းစားနှင့် ကျေးလက် လူလတ်တန်းစားတို့ဆိုပြီးလည်း ခွဲခြားကြည့်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ အိမ်များသည် အတော်အတန် သားနားသပ်ရပ်သည်။ အိမ်ဆိုင်လေးများ ဖွင့်ထားသည်။ ရုပ်မြင်သံကြားရှိသည်။ ခြံနှင့် ဝန်းနှင့်ဖြစ်၍ မော်တော်ဆိုင်ကယ်ရှိသည်။ ကလေးတို့က ကျောင်းယူနီဖောင်းဝတ်၍ ကျောင်းတက်ကြသည်။ ထိုမြင်ကွင်းကိုကြည့်၍ ဤလူလတ်တန်းစားတို့ သည်အသေးစား ဘိဇနက်လုပ်ငန်းရှင်များအဖြစ်မှ စိတ်ဓာတ်တက်ကြွသော ဘူဇွာများအဖြစ်သို့ တက်လှမ်းရန် ဆန္ဒရှိသူများလားဟု စုံစမ်းကြည့်သည်။ Inspiring Bourgeoisie of Petty Business  ဖြစ်မဖြစ် စုံစမ်းကြည့်သည်။ ဤနေရာ၌ နှစ်မျိုးကွဲလွဲလာသည်ကို တွေ့ရသည်။ တစ်မျိုးက ဘူဇွာ ဖြစ်ဖို့ထက် လစာကောင်းကောင်းရသည့် လခစားဘဝကို ပို၍မက်မောသူတွေ ဖြစ်သည်။ နောက်တစ်မျိုးက မိမိတို့ ဘိဇနက်အတွက် အရင်းအနှီးဖြည့် စွက်ထည့်ပေးသည့် စပွန်ဆာကို မျှော်လင့်ရှာဖွေနေသူများဖြစ်သည်။ တစ်ပိုင်တစ်နိုင် ဘိဇနက်တို့၌ အရင်းအနှီးငတ်မွတ်ခေါင်းပါးနေလျင် သူတို့ အဘယ်ကြောင့် ရင်းနှီးမြှုပ်နှံကြခြင်းမပြုကြသနည်းဟု မေးစရာပေါ်သည်။ သုတေသီပညာရှင်နှစ်ဦးက ရင်းနှီးမြှုပ်နှံရန် စုဆောင်းငွေများ ရှိကြပါသည်။ စုဆောင်းငွေ မရှားကြောင်း တွေ့ရ သည်။ သို့ရာတွင် လူလတ်တန်းစား အသစ်တို့၌ ဘိဇနက်ထဲ ငွေရင်းထပ်ထည့်မည့်အစား၊ ရုပ်မြင်သံကြားတွေ ဝယ်သည်။ အိမ်သစ်၊ မော်တော်ကား၊ သို့မဟုတ် ဆိုင် ကယ်ဝယ်သည်။ သူတို့၏ လောဘကို ရင်းနှီးမြှုပ်နှံမှုတွင် မဖော်။ ဘဝစိုပြည်ရေးတွင် ဖော်ကြသည်။ တီဗီ၊ မိုဘိုင်း ဖုန်း၊ မော်တော်ဆိုင်ကယ်တို့တွင် ပို၍သုံးစွဲကြပြီး ရင်းနှီးမြှုပ်နှံမှုကို ရွှေ့ဆိုင်းကြသည်။ စုဆောင်းမှုကို မသုံးလည်း ငွေချေးငှားပြီးတော့ကော အရင်းအနှီးကို မတိုးချဲ့ကြဘူးလားဟု သုတေသီနှစ်ဦးက စုံစမ်းကြည့်သည်။ လူလတ်တန်းစား အသီးသီးတို့အဖို့ ဘဏ်တိုက်ကြီးတို့နှင့် အလှမ်းဝေးသည်။ အသေးစားငွေချေးမှု (Microloans)  တို့နှင့်သာ အလှမ်းနီးသည်။ သို့ရာတွင် အသေးစား ငွေချေးငှားမှု တို့မှ ချေးငှားရသော စရိတ်သည်ကြီးလွန်းလေရာ အသေးစားငွေချေးမှုမှ အရင်းအနှီးအကြီးစား ရနိုင်စရာမရှိ။ ထို့ကြောင့် သူတို့က စပွန်ဆာကို မျှော်သည်။ ငွေထုပ်ကြီး များပိုက်ပြီး မိုးပေါ်မှ ဆင်းလာမည့် စပွန်ဆာတို့ကို မျှော်သည်။ ထို့ကြောင့် အချိန်အခါစောင့်နေသော စွန့်ဦးတီထွင်သူ (Entrepreneur in waiting)  များဖြစ်မလာဘဲ လူလတ်တန်းစားတို့သည် စပွန်ဆာတို့ကို မျော်သူများဖြစ် လာသည်ဟု သုတေသီနှစ်ဦးက သုံးသပ်သည်။ ဟိုင်ဒရာဘတ် ပြင်ပကျေးလက်မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက သုတေသီ နှစ်ဦးနှင့် နှစ်နာရီကျော်ကြာ စကားပြောသည်။ ထိုနှစ်နာရီ အတွင်း ဈေးဝယ်သူနှစ်ဦးလာသည်။ တစ်ဦးက စီးကရက် ဝယ်သည်။ တစ်ဦးက အမွှေးတိုင်ဝယ်သည်။ ဤဖြစ်ရပ်ကို သုတေသီနှစ်ဦးက လက်တွေ့ကျကျ စဉ်းစား၍ လုပ်ရဲကိုင်ရဲရှိမှု (Gumption)  နှင့် ဆက်စပ်စဉ်းစားကြည့်သည်။ အရင်းရှင်စိတ်ဓာတ်သာ သူတို့၌ရှိလျင် သူတို့ဈေး ဆိုင်သေးသေးလေးကို တိုးချဲ့ရန် စိတ်ကူးရမည်။ စိတ်ကူးရဲ ရမည်။ ယင်းကို လက်တွေ့ကျကျ စဉ်းစား၍ လုပ်ရဲကိုင်ရဲရှိ ခြင်းဟု ခေါ်သည်။ သုတေသီနှစ်ဦးတွေ့ဆုံသော ဆိုင်ပိုင်ရှင် သည် သူ၏ဘိဇနက်အရွယ်အစားကို ချဲ့ထွင်ရန် တစ်နည်း ပြောရလျင် အရင်းအနှီးတိုးချဲ့ရန် လုပ်ရဲကိုင်ရဲစိတ် မရှိပေ။ သူ့၌ အကန့်အသတ်ရှိနေသည်။ စီမံခန့်ခွဲမှုလုပ်ငန်းတွေ အောင်မြင်စေမယ့် လျို့ဝှက်ချက်များ စွမ်းဆောင်ရည်မြင့်မားတဲ့အသင်းတစ်သင်း၊ ဌာနတစ်ခုဆိုတာ အဖွဲ့ဝင်အားလုံး စည်းစည်းလုံးလုံးရှိပြီး တစ်ယောက်နဲ့ တစ် ယောက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်တတ်တဲ့အဖွဲ့အစည်းလို့ အဓိပ္ပာယ်ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အဖွဲ့ ဝင်အားလုံးစည်းစည်းလုံးလုံးရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အဖွဲ့အစည်းကို အောင်မြင်တဲ့အသင်းတစ်သင်းလို့ ခေါ်ပါတယ်။ အားကစား အသင်းတစ်ခုရဲ့ မန်နေဂျာတွေဟာ အဲဒီလို အခြေအနေမျိုးရောက်အောင် အိပ်ရေးပျက်ခဲ့ရ တဲ့ညပေါင်း များစွာကို ဖြတ်သန်းပြီးကြိုးပမ်းခဲ့ကြကြောင်း တွေ့ရပါတယ်။ ဆင်းရဲမှုနှင့်ကျွန်ုပ်တို့ အမြဲဒွန်တွဲမနေပါ ၁၉၉၀ ခုနှစ်တုန်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဟာ အလွန်အမင်းဆင်းရဲတဲ့ ဆင်းရဲတွင်းထဲမှာ (တစ်နေ့ဝင်ငွေ တစ်ဒေါ်လာ မပြည့်ဘဲ) နေထိုင်ခဲ့ကြပါတယ်။ အရေအတွက်အားဖြင့် လူသန်းပေါင်း ၁ç၉၀၀ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ အဲဒီအချိုးအစားဟာ သုံးပုံတစ်ပုံအထိ လျော့နည်းသွားပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ အဲဒီ အရေအတွက်ဟာ ၂၁ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။

မောင်သာဇုံ