ဂျာမနီကားကုမ္ပဏီ Volkswagen ဟာ မနှစ်က ရောင်းအားတက်ခဲ့တာ ကြောင့် General Motors ကို ကျော် ပြီး Toyota ရဲ့နောက်မှာ ကမ္ဘာ့ဒုတိယ အကြီးဆုံးကား ကုမ္ပဏီ ဖြစ်လာ ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Volks- wagen အနေနဲ့စု စုပေါင်း ကားအစီး ရေ ၉.၇၃သန်း ရောင်းချခဲ့ရပါ တယ်။အဲဒီရောင်း အားဟာ Volks- wagen ရဲ့ MAN နဲ့ Scania တို့ အပါအဝင် ကားအမျိုးအစား ၁၂ မျိုး လုံး အကျုံးဝင်ပါတယ်။ ၂၀၁၃ ခုနှစ် မှာ Toyota က စုစုပေါင်းကားအစီးရေ ၉.၉၈ သန်းရောင်းရပြီး General Motors က ကားအစီးရေ ၉.၇၁ သန်း ရောင်းအား ရှိခဲ့ပါတယ်။ Volkswagen ပိုင်ဆိုင်တဲ့ အမှတ်တံဆိပ်တွေကတော့ Audi ၊ SEAT ၊ Skoda ၊ Porsche၊VW ၊ Lamborghini ၊ Bently ၊ Bugatti ၊ VW လုပ်ငန်းသုံးယာဉ်တွေ၊ Ducati ၊MAN နဲ့ Scania တို့ ဖြစ် ပါတယ်။ ရည်မှန်းထားတဲ့ ၂၀၁၈ ခုနှစ်မတိုင်ခင်မှာ Volkswagen ရဲ့ နှစ်စဉ်ရောင်းအားဟာ ကားအစီးရေ ဆယ်သန်းကျော်သွားနိုင်တယ်လို့ စိစစ် လေ့လာသူတွေကဆိုပါတယ်။