မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင် မှုလုပ်ငန်း Vodafone Group ဟာ ဒီနှစ်ထဲမှာ UK လုပ်ငန်းခွဲရဲ့ ဆက် သွယ်ရေးကွန်ရက်တွေနဲ့ ဝန်ဆောင် မှုလုပ်ငန်းတွေမှာ စတာလင်ပေါင် တစ်ဘီလီယံ(အမေရိကန် ဒေါ်လာ ၁.၆၆ ဘီလီယံ) မှာဖြစ်ပြီး မိုဘိုင်းဖုန်း စတိုးဆိုင်သစ်ပေါင်း ၁၅၀ ဖွင့်လှစ် သွားမှာဖြစ်ကာ အလုပ်အကိုင်ပေါင်း ၁,၄၀၀ ဖန်တီးပေးသွားမယ်လို့ ကြေ ညာခဲ့ပါတယ်။ Vodafone ဟာ ဒီနှစ် အစောပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ အ ကြီးဆုံး Wireless Operator ဖြစ်တဲ့Verizon Wirelessမှာရှိတဲ့ ယင်းရဲ့ ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို အမေရိ ကန်ဒေါ်လာ ၁၃၀ ဘီလီယံနဲ့ ရောင်း ချခဲ့ပါတယ်။ Vodafone ဟာ ဂျာမနီ ကေဘယ် ရုပ်မြင်သံကြား ဝန်ဆောင်မှု လုပ်ငန်း Kabel Deutschland Holding ကိုဝယ်ယူပြီး ခြောက်လမ ပြည့်ခင်မှာ စပိန်ကေဘယ် ရုပ်မြင် သံကြား ဝန်ဆောင်မှုလုပ်ငန်း ဥညသ ှဗ ကို စတာလင်ပေါင် ၇.၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ဆယ်ဘီလီယံ)နဲ့ ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါ တယ်။ ဒီနှစ်မှာတော့ Vodafone အ နေနဲ့ UK မှာရှိတဲ့ Customer တွ ကို အခိုင်မာဆုံး ဆက်သွယ်ရေး ကွန် ရက်တွေနဲ့ အကောင်းဆုံးဝန်ဆောင်မှု တွေကို မပံ့ပိုးခင်မှာ အရင်ကထက် များပြားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရင်ပြုလုပ် သွားမယ်လို့ UK ဆိုင် ရာ Vodafone ရဲ့ အကြီးအကဲ Jeroen Hoencamp က ဆိုပါတယ်။ Ref: WSJ