Virya Counture Fashion Shop

Virya1

ဆိုင်နာမည်ရဲ့အဓိပ္ပာယ်နဲ့ စတင်ဖွင့်လှစ်ခဲ့ချိန် . . .

Virya Counture ဆိုတဲ့နာမည်မှာ Virya ဆိုတာက သက္ကတဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပာယ်က အလုပ်ကြိုးစားခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ကြံ့ကြံ့ခံနိုင်ခြင်းဆိုတာတွေကို ကိုယ်စားပြုပါတယ်။ Couture ကတော့ ပြင်သစ်စကားလုံးဖြစ်ပြီး Fashion လို့ အဓိပ္ပာယ်ရပါတယ်။ Virya Counture ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆိုင်မှာအသုံးပြုတဲ့ ကုန်ကြမ်းတွေကို ဘယ်ကယူပါသလဲ . . .

ကျွန်မတို့ ဆိုင်မှာရှိတဲ့ ပိတ်စတွေ၊ Accessories တွေနဲ့ ပစ္စည်းအားလုံးကို ကျွန်မတို့နဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ချင်းတူတဲ့ အဖွဲ့အစည်းတွေဆီက ယူပါတယ်။ ဥပမာ - သဘာဝဆိုးဆေးနဲ့ လုပ်တဲ့ Sun Flower Group ၊ AmazingGreat နဲ့ ရခိုင်ဘက်က ရခိုင်ရိုးရာဆင်တွေကို ဖော်ထုတ်နေတဲ့ ပန်းနုတို့လိုမျိုး ကိုယ်နဲ့စိတ်တူ ကိုယ်တူရှိတဲ့ အဖွဲ့အစည်းတွေဆီကဘဲ ယူပါတယ်။ ဒီဇိုင်းသစ်ထွင်ထားတာ မဟုတ်ပေမယ့် မြန်မာဝတ်စုံတွေကို ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီတဲ့ပုံစံလေးတွေဖြစ်အောင်၊ နိုင်ငံခြားသားအမျိုးသမီးတွေလည်း ဝတ်လို့ အဆင်ပြေအောင် လုပ်ထားပါတယ်။

ဈေးနှုန်းတွေက . . .

ဈေးနှုန်းတွေက အနည်းဆုံးနှစ်သောင်းကျပ်ကနေ အများဆုံး တစ်သိန်းကျပ်လောက်အထိ ရှိပါတယ်။

Virya2

တခြားဝန်ဆောင်မှုတွေက . . .

ဆိုင်မှာရှိတဲ့ ချုပ်ပြီးသားဒီဇိုင်းတွေကို ဝတ်ကြည့်လို့ရတယ်။ မတော်ရင် ကျဉ်းတာ၊ ချဲ့တာ လုပ်ပေးတယ်။ အဆင်မပြေရင် ကိုယ်တိုင်းနဲ့ အထည်တွေလည်း အပ်လို့ရပါတယ်။ ချုပ်ထည်တွေလက်ခံတဲ့အခါမှာလည်း အချိန်အကြာကြီးစောင့်ရတာမျိုးမဖြစ်ရအောင် အထည်အပ်တာတွေကို ကိုယ်နိုင်သလောက်ပဲလက်ခံပြီး အချိန်မီရအောင် လုပ်ပေးပါတယ်။

ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်နဲ့ အနာဂတ်အစီအစဉ် . . .

ဒီဆိုင်မှာ သုံးနေတဲ့အထည်တွေကို Socially Responsible တာဝန်သိသိနဲ့ထုတ်တဲ့ အထည်တွေဖြစ်အောင် ကြိုးစားသွားမယ်။ အမျိုးသမီးတွေရဲ့ဘ၀ မြှင့်တင်ဖို့အတွက် ဒီဇိုင်နာသင်တန်းတွေကိုလည်း အခမဲ့ပေးသွားမယ်။ အလုပ်လုပ်နေတဲ့ Professional Women တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အမျိုးသမီးတွေ ပိုပြီးတော့ ယုံကြည်မှုတိုးလာစေဖို့ ကျွန်မတို့ရဲ့ ဒီဇိုင်းတွေနဲ့ ကူညီပေးချင်ပါတယ်။ ဒီဆိုင်အတွက်ဆိုရင်တော့ အရင်ဆုံး ကိုယ့် Brand နဲ့ ကိုယ့်ဆိုင်နာမည်ရအောင် တည်ဆောက်ချင်ပါတယ်။

ဆိုင်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ် . . .

အမှတ် ၉၆၊ မြေညီထပ်၊ ၃၉ လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်း ၀၉-၄၂၁၁၂၇၇၂၆ ကို ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်ကတော့ [email protected] ဖြစ်ပါတယ်။