ဆိုင်တည်နေရာ
အမှတ်- ၆၁၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့ ၀၁-၅၂၅၉၃၅၊ ၀၁-၅၀၅၂၄၇ တို့ဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်
နေ့စဉ် ညနေ ၆ နာရီ ကနေ ည ၁၀ နာရီခွဲအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ Dinner ကိုပဲ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ဆိုင်စဖွင့်တဲ့နေ့၊ ဆိုင်နာမည်ပေးဖြစ်ပုံ၊ ရည်ရွယ်ချက်
ဆိုင်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်နာမည်ဖြစ်တဲ့ Vino ရဲ့အဓိပ္ပာယ်က ဝိုင် ဖြစ်ပြီး Vino Di Zanotti ဆိုတာက ဝိုင်နဲ့ Di Zanotti ကိုဆိုလိုတာ ဖြစ်ပါတယ်။ Di Zanotti ဆိုင်က ယိုးဒယား မှာ ဆိုင်ခွဲခြောက်ဆိုင်လောက် ရှိပါတယ်။ ဆိုင်ဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ အစားအသောက်ကောင်း ကောင်းနဲ့ Variety တွေ ပိုများစေချင်တဲ့အပြင် Business Men တွေအတွက်လည်း Fine Dinning ဆိုင်လည်း ရှိစေ ချင်တဲ့အချက်တွေကြောင့် ဖွင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဆိုင်အပြင်အဆင်ပိုင်း
ဒီဆိုင်ရဲ့ Design ကတော့ အီတလီ Concept ကိုလုပ်ထား တာဖြစ်ပါတယ်။ သဘာဝအတိုင်းကိုပဲ ကြိုက်နှစ်သက်တဲ့အ တွက် အတွင်းပိုင်းကို သဘာဝပုံစံလေးအတိုင်းပဲ ပြင်ဆင်ထား တာဖြစ်ပါတယ်။ အီတလီပုံစံအတိုင်း အတိအကျ ပြင်ထားတာ မျိုးမဟုတ်ဘဲ သဘာဝအတိုင်းကိုပဲ အီတလီဆန်ဆန် ပြင်ထား တာဖြစ်တယ်လို့ Vino ဆိုင်ကCountry Manager ကိုနန္ဒအေး က ပြောပြခဲ့ပါတယ်။ရရှိနိုင်တဲ့ Menu
Appetisers အမျိုးမျိုး၊ Pastas ၊ Risotto ၊ Pizza ၊ Spaghetti အမျိုးမျိုး၊ ပင်လယ်စာ၊ အသားစတဲ့ အကင် မျိုးစုံ၊ Salad မျိုးစုံ၊ Soup အမျိုးမျိုး၊ Italian Chesees Selection ၊ Desserts အမျိုးမျိုး၊ Italian Wine ၊ အဖျော် ယမကာ၊ Cocktail စတာတွေကို ရရှိနိုင်ပါတယ်။ အီတလီ ဆိုင်ဖြစ်တာကြောင့် အီတလီအစားအစာတွေအဓိက ရရှိနိုင် ပါတယ်။ထူးခြားမှု
မြန်မာပြည်မှာလုပ်တဲ့ပေါင်မုန့်က မြန်မာပြည်ရဲ့ရာသီဥတု အခြေအနေရယ် ဂျုံနှပ်တဲ့အခါ တစေး စတာတွေထည့်တာက အစ ယိုးဒယားထက်စာရင် မြန်မာပြည်ကပိုကောင်းပါတယ်။ ဆိုင်မှာသုံးတဲ့ Pizza Oven ကလည်း Gas တို့၊ လျပ်စစ် တို့နဲ့လုပ်တဲ့ Oven မျိုးမဟုတ်ဘဲ အထူးလုပ်ထားတဲ့ ထင်းမီးနဲ့လုပ်တဲ့ Oven ကိုသုံးတာပါ။ မြန်မာပြည်မှာရတဲ့ ထင်းကလည်း ထင်းမာအမျိုးအစားတွေဆိုတော့ နိုင်ငံခြား Vino မှာ စားဖူးတဲ့သူဆိုရင် မြန်မာပြည်မှာရတဲ့ Pizza ၊ ပေါင်မုန့်တွေက ပိုကောင်းတယ်လို့ ပြောပါကြတယ်။ အသား တွေဆိုရင်လည်း Input လုပ်ထားတဲ့ အသားတွေ (ကြက်သား ကလွဲပြီး) ပဲ သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ အီတလီစား သောက်ဆိုင်ဖြစ်တဲ့အပြငFine Dinning ဖြစ်တာကြောင့် အစားအသောက်တွေကို ပြင်ဆင်ရာမှာ အပြင်ကနေ ကုန်ကြမ်း ကိုပဲဝယ်တာဖြစ်ပြီး Sause ၊ Mayonnaise ကအစ Process ကနေလာတဲ့ Pack လုပ်ပြီးသား) ပုံစံမျိုးမဟုတ်ဘဲ ကိုယ့် ဆိုင်မှာတင် လုပ်ရတာဖြစ်ပါ တယ်။ တခြားဘယ်ဆိုင်နဲ့မှမတူတဲ့ ကိုယ်ပိုင်အရသာနဲ့ Serve လုပ်တဲ့ပုံစံမျိုး ဖြစ်တယ်လို့ဆိုပါ တယ်။ Chef တွေကလည်း အီတလီလူမျိုးတွေ ဖြစ်ပါတယ်။ဝန်ဆောင်မှုပိုင်း
Fine Dinning ဆိုင်တစ်ဆိုင်အနေနဲ့ကိုက်ညီအောင် Customer Service ကို သေသေချာချာပေးထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။ဈေးနှုန်းပိုင်း
အနည်းဆုံး ၁၄ ဒေါ်လာ ကနေစတင်ပြီး အများဆုံး ၄၁ ဒေါ်လာထိ ရှိတယ်လို့သိရပါတယ်။အဓိကလာရောက်ကြတဲ့ဧည့်သည်တွေ
အဓိကလာရောက်ကြတာက နိုင်ငံခြားသားဧည့်သည်တွေ၊ အီတလီစာကောင်းကောင်း ကြိုက်နှစ်သက်တဲ့သူတွေနဲ့Upper Class တွေ၊ Middle Class ထဲကဆိုရင် Working Class တွေလာရောက်ကြတယ်လို့ ဆိုပါတယ်။အစားအစာတွေအတွက် Hygiene နဲ့ပတ်သက်ပြီး စီစဉ်ထားရှိပုံ
Hygiene နဲ့ပတ်သက်ပြီး အသား၊ ငါး စတာတွေကို Process လုပ်တဲ့နေရာမှာ တစ်နေ့တာအတွက် လိုသလောက်ကိုပဲ ထုတ်ပြီး Vaccum Pack လုပ်တယ်။ ပြီးရင် အသား၊ ငါး တွေကို နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာ Frezzing Point ကိုရောက်သွားအောင် (ဗက်တီးရီးယားမပွားအောင်) ထိန်း သိမ်းထားတဲ့ ပုံစံဖြစ်တဲ့ ၤFresh Frezzer ထဲမှာ ထည့်ပါ တယ်။အဲလိုလုပ်ပြီးမှ ရိုးရိုး Frezzer ထဲကိုထည့်ပြီး သိမ်း တာဖြစ်တဲ့အတွက် Hygiene ကို နိုင်ငံတကာ စံချိန်မီ အောင်လုပ်ထားတာဖြစ်ပါတယ်။ ပန်းကန်တွေကိုလည်းလက် နဲ့မဆေးဘဲ Dish Washer စက်နဲ့ သေချာဆေးတယ်လို့ သိရပါတယ်။အနာဂတ်အစီအစဉ်
အနာဂတ်အစီအစဉ်အနေနဲ့က Lunch ကိုတိုးချဲ့ပြီး ထည့် သွင်းသွားဖို့ ရှိပါတယ်။ အဲဒီအပြင် Catering ပွဲတွေကို လုပ်နိုင်ဖို့ အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။မို့မို့လတ်မောင်