Message ပို့ခြင်းနဲ့ အရည်သွေးမြင့်ဖုန်းခေါ်ဆိုမှုတွေကို အခမဲ့ ဝန်ဆောင်မှုပေးထားတဲ့ Viber (
www.viber.com)အနေနဲ့ iPhone app ဒီဇိုင်းအသစ်ဖြန့်ချီကြောင်းကို ဧပြီလ ၂၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီ Applicationအသစ်ဟာ iOS 7စနစ်အတွက် ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပြီးအရင်က ပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ Viber က Blackberry 10 အတွက်လည်း နာမည်ကြီးနည်းပညာလုပ်ဆောင်ချက်တွေ ထည့်သွင်း ဆန်းသစ်ထားတဲ့ နောက်ဆုံးပေါ်မိုဘိုင်းappအသစ်တစ်ခုကိုပါ မိတ်ဆက်ခဲ့ပါတယ်။ “Viberကို ကနဦးကတည်းက သုံးရစွဲရတာ ရိုးရှင်းလွယ်ကူအောင် လုပ်ထားတာပါ။ အဲဒါကို ပိုမိုပြေပြစ် ညက်ညောတဲ့ iOS 7 စနစ်နဲ့ဖြည့်စွက်ပြီးတော့ ခင်ဗျားတို့မိုးဘိုင်းဖုန်းတွေမှာ အထစ်အငေါ့မရှိပဲ လုံး၀ တစ်သားတည်း တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတစ်ရပ်အထိ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာပါ။ ကျွန်တော်တို့အသစ်တင်ဆက်လိုက်တဲ့ Blackberry 10 appကတော့ Viberရဲ့ ဒီဇိုင်းထုတ်လုပ်ဖြန့် ရေးနယ်ပယ်မှာ ပြောင်းမြောက်တဲ့အချိုးအကွေ့တစ်ရပ်ဖြစ် သုံးစွဲသူတွေကို အဆန်းသစ်ဆုံးနည်းပညာ တွေနဲ့ ထိတွေ့ပေးမဲ့အရာဖြစ်ပါတယ်“လို့ Viberရဲ့ အမှုဆောင်အရာရှိချုပ် Talmon Marcoကပြောပါတယ်။ iPhoneနဲ့ Blackberry တွေအတွက် appတွေကို Viberဆက်သွယ်ရေးစနစ်ရဲ့ လက်တွေ့အသုံးဝင် မှုနယ်ပယ်ကို ပိုမိုချဲ့ထွင်ပေးမဲ့ စွမ်းဆောင်ရည်မြင့်နည်းပညာတွေနဲ့ အဆင့်မြှင့်တင်ထားပါတယ်။ နောက်ထပ်အရေးပါတဲ့အချက်ကတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဓါတ်ပုံတွေအပြန်အလှန်ပေး ပို့ကြခြင်းကို ပိုမိုအဆင်ပြေစေဖို့အတွက် Viber 4.2က သုံးစွဲသူတွေကို တစ်ချိန်တည်းမှာ ဓါတ်ပုံအ မြောက်အများပေးပို့နိုင်အောင်စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Viberဒီဇိုင်းသစ်ဟာ သုံးစွဲသူတွေအနေနဲ့ အလိုမရှိတဲ့ဖုန်းနံပတ်တွေ၊အဆက်အသွယ်တွေကို တားဆီးကန့်သတ်ဖို့အတွက် Block Listကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ iPhoneအတွက် ထပ်ဆင့်ဆန်းသစ်မှုတွေကတော့ အရင်ကထက်ပိုမိုရှည်ကြာတဲ့ ရုပ်သံဖိုင်မက်ဆေ့ချ်များ ပေးပို့နိုင်ခြင်း၊ သုံးစွဲနေတဲ့ လက်ကိုင်ဖုန်းအမျိုးအစားကို Android Tablet,Linux, Mac, PC ၊ ဒါမှမဟုတ် Windows-8 စသဖြင့်ဖေါ်ပြပေးခြင်းနှင့် ဆော့ဖ်ဝဲဆိုင်ရာ ချွတ်ယွင်းမှုတွေကို ပြန်လည်ပြင်ဆင်ထားခြင်း တို့ပဲဖြစ်ပါတယ်။ Blackberry 10 appရဲ့ ထူးခြားချက်တွေထဲမှာ စရိတ်ကျဉ်းဆက်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်တဲ့ Viber Outနဲ့ ရုပ်ပုံစတစ်ကာပေါင်းများစွာကို အခပေးစနစ်နဲ့စိတ်ကြိုက် ရွေးခြယ်ပေးပို့နိုင်တဲ့ Viber Sticker Market တို့လည်းပါဝင်ပါတယ်။ Viber Blackberry 10 appရဲ့ တခြားထူးခြားမှုတွေကတော့ တစ်ဦးချင်းမက်ဆေ့ချ်အပြန်အလှန်ပေးပို့နိုင်တဲ့အပြင် အဖွဲ့လိုက်ပါပေးပို့နိုင်ခြင်း၊ အခမဲ့ဖုန်းခေါ်ဆိုမှုကို အဆင့်မြင့် HD qualityအသံစနစ်နဲ့ ဝန်ဆောင်မှုပေးထားခြင်း၊ ဓါတ်ပုံ၊ ရုပ်သံဖိုင်၊ အသံဖိုင်၊ တည်နေရာဖေါ်ပြချက်၊ ရုပ်ပုံစတစ်ကာနဲ့ ခံစားချက်သရုပ်ဖေါ်ပုံများ ပေးပို့နိုင်ခြင်း၊Viberပိတ်ထားချိန်အပါအဝင် ပေးပို့သောမက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများ အားလုံးကိုမလွတ်တမ်း အချက်ပြပေးမယ့် စနစ်ပါဝင်ခြင်း၊ Windows နှင့်Macတို့တွင် သုံးစွဲမယ့် Viber Desktop app အတွက် အထောက်ကူပြုစနစ်များပါဝင်ခြင်း၊ ဘာသာစကားပေါင်း ၃၄မျိုးသို့ ဘာသာပြန်ဆိုပေးခြင်း တို့ဖြစ်ပါတယ်။