ဦးဝင်းထိန်ဝင်း ပြောပြတဲ့ စီးပွားရေးလုပ်ရာမှာ ထားရှိသင့်တဲ့ Ethics ဆိုတာ

[caption id="attachment_16017" align="alignnone" width="370"]ဦးဝင်းထိန်ဝင်း ဦးဝင်းထိန်ဝင်း
Managing Director & Principal
GUSTO - Institute of Information Technology[/caption]  

စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ

ကျွန်တော့်ရဲ့ Personal အမြင်ပြောရရင် စီးပွားရေးလုပ်တဲ့ နေရာမှာ Ethics ကအင်မတန်အရေးပါတယ်လို့ မြင်ပါတယ်။ Ethics က စီးပွားရေးလုပ်ရာမှာ အခြေခံလိုအပ်ချက် တစ်ခုလို့ လည်း ယုံကြည်ပါတယ်။ Ethics ဆိုတဲ့ အခြေခံလိုအပ်ချက် တွေမှ မပြည့်မီရင် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ မူရင်းရည်မှန်း ချက်တစ်ခုဖြစ်တဲ့ အမြတ်ငွေရရှိမှုမှာ လာပြီးအကျိုးသက် ရောက်မှုရှိနိုင်ပါတယ်။ Background Information ပြောချင် တာက Business ရဲ့ရည်မှန်းချက်ကတော့ အမြတ်ငွေရရှိဖို့ပေါ့။ Shareholder တစ်ခုရဲ့အောင်မြင်မှု မအောင်မြင်မှုကို အဓိက တိုင်းတာကတော့ မြတ်လားမမြတ်လားနဲ့ တိုင်းတာပါ။ Shareholder တွေကလည်း မြတ်တဲ့လုပ်ငန်းမှာပဲ Invest လုပ်ကြမှာပါ။ အဲဒီအမြတ်ငွေရရှိမှုမှာ တိတိကျကျပြောရရင်  Profit မှန်ပေမယ့် Profit ကို ချဲ့ပြောရရင် Substainable Superior Profit  ပါ။ မြင့် မားပြီး ရေရှည်ခံတဲ့အကျိုးအ မြတ်ဖြစ်ရမယ်။ အဲဒီအတွက်ကြောင့် စီးပွားရေးလုပ်ငန်းရဲ့ အောင်မြင်မှုက အမြတ်ငွေလို့ ဆိုပေမဲ့ အဲဒီအမြတ်ငွေတွေက ရေတိုအတွက်ပဲမဟုတ်ဘူး။ ရေရှည်ဆိုတဲ့အတွက်ကြောင့် ဒီနှစ်မှာလည်း မြတ်ရမယ်၊ နောက်နှစ်မှာလည်း မြတ်ရမယ်၊ နောက် ဆယ်နှစ်မှာလည်း မြတ်ရမယ်။ ရတဲ့အမြတ်ငွေတွေက လည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးလာရမယ်။ အဲဒီ Sustainable Superior Profit ရဖို့ဆိုရင် Ethics ကပိုပြီး အရေးကြီးသွားပြီ။ Ethics က အခြေခံလိုအပ်ချက်ဖြစ်သွား ပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ရေရှည် မကြည့်ဘဲ ရေတိုကိုပဲကြည့်မယ်ဆိုရင် အခုချက် ချင်းပဲ Ethics နဲ့ မညီတဲ့ဟာတွေ လုပ်သွားနိုင် တယ်။ ရေရှည်ခံတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆို ရင် Ethics ကို ပိုပြီးအလေးထားတယ်လို့ ထင်ပါ တယ်။  

Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုး ဆက်

Ethics မရှိရင် ရေတိုမှာ လူတွေမသိခင်  အောင်မြင်ကောင်း အောင်မြင်သွားနိုင်ပေမဲ့ ရေရှည်မှာတော့ Customer တွေရဲ့ ယုံကြည်မှုပျက်သွားတတ်တယ်။ Customer တွေတင်မဟုတ်ဘဲ ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ Stakeholder တွေ၊ ကိုယ့်ရဲ့ဝန်ထမ်း (Empolyee)တွေ၊ ကိုယ့်ရဲ့ှ Supplier တွေ၊ ကိုယ်နဲ့ မိတ်ဖက်ဆောင်ရွက်နေတဲ့ သူတွေရဲ့ ယုံကြည်မှု ပျက်ပြားသွားစေနိုင်ပါတယ်။ Business ဆိုတာ ကိုယ်တစ်ဦးတည်းပဲ ရပ်တည်လို့မရတာကြောင့် ကိုယ့်ရဲ့ ပါတနာ တွေ ယုံကြည်မှုရရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လုပ်ငန်းတစ်ခုက ရှေ့ဆက်အလုပ်လုပ် ကိုင်ဖို့ ခဲယဉ်းသွားလိမ့်မယ်။  

Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်

ကျွန်တော်ကတော့ Ethics နဲ့ပတ်သက်ပြီး  Role Model ယူရမယ့် လူတစ်ဦးချင်းဆိုပြီးတော့ မရှိပါဘူး။ တစ်ခုခုလုပ် ဆောင်တော့မယ်၊ ဆုံးဖြတ်ချက်ချမယ်ဆိုတိုင်း ကျွန်တော်က ဒီလို Case  မျိုးမှာဆိုရင် ကမ္ဘာမှာရော ပြည်တွင်းမှာပါ Ethics ရှိတဲ့အဖွဲ့အစည်း၊ ဒါမှမဟုတ် Ethics ရှိပြီး လေး စားယုံကြည်ထိုက်တဲ့ ကျွန်တော့်ရဲ့ရှေ့က ဆရာတွေ၊ ခေါင်းဆောင်တွေ ဘယ်လိုစဉ်းစားဆုံးဖြတ်လေ့ရှိလဲ၊ ဘယ်လိုချင့်ချိန်လေ့ရှိလဲ ဒါလေးတွေကိုတော့  Case by Case  တော့ Refer လိုက်ပြီးလုပ်လေ့ရှိပါတယ်။ အဲဒီဟာတွေကိုလည်း ကိုယ့်ရဲ့တိုင်းပြည်က Culture နဲ့ကိုက်ညီမှုရှိရင်တော့ မှီငြမ်းလေ့ရှိပါတယ်။  

Ethics ရှိ၊ မရှိ ဆိုတာ ကိုယ့်ရဲ့ Role Model   နဲ့ ဆိုင်၊ မဆိုင်

အတိုင်းအတာတစ်ခုထိတော့ ဆိုင်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော့်မှာ Role Model    ဆိုပြီးတိတိကျကျသတ်မှတ်ထားတာမျိုးမရှိဘဲ ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ သူတွေ ရှိပါတယ်။ Role Model  ကို ဆယ်တန်းအောင်ပြီးခါစတုန်းက Knowledge ကလည်း နည်းသေးတော့ အောင်မြင်တဲ့လူ၊ ကြီးပွားတဲ့လူကို အားကျလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အသိဉာဏ်၊ အလုပ်ကလည်း ပြောင်းလဲနေတယ်ဆိုတော့  ကိုယ့်ရဲ့အသိဉာဏ် ရင့်ကျက်လာ တဲ့အချိန်မှာ အောင်မြင်မှုက ငွေကြေးချမ်းသာကြွယ်ဝမှုလား၊ အောင်မြင်မှုကိုဘယ်လိုပုံစံနဲ့ လိုချင်တာလဲဆိုပြီး မေးခွန်း ထွက်လာတယ်။ အဲဒီအခါ ကိုယ်တန်ဖိုးထားရတဲ့ စံ(Value)တွေ ထွက်လာတယ်။ ဒီလိုထွက်လာတဲ့ စံတွေက တစ်ဦးတည်းဆီကနေ ပုံတူကူးချတာမျိုးမဟုတ်ဘဲနဲ့ ကိုယ်အားကျရတဲ့သူတွေဆီကနေ သဘောကျတာလေးတွေ နည်းနည်းစီယူထားပြီး ကိုယ့်ရဲ့ကိုယ်ပိုင်သတ်မှတ်ထားတဲ့ အသိပညာနဲ့ပါ ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်ပိုင်စံလေးတွေ ထွက်လာပါတယ်။ ကိုယ်က လုပ်ငန်းလုပ်တဲ့အခါမှာ ဒီလို အလုပ်မျိုးကိုတော့ ရှောင်မယ်ဆိုတဲ့ စံလေးတွေထွက်လာတာပေါ့။ လူတစ်ယောက်ကတော့ ဖြတ်သန်းလာရတဲ့ ပုံစံကဒီလို၊ နောက်တစ်ယောက်ကတော့ ဒီလိုဆိုရင် ကိုယ်ကရော ကိုယ့်ဘဝမှာဘယ်လိုပုံစံနဲ့ ဖြတ်သန်းချင်လဲဆိုတဲ့ အဖြေ ထွက်လာတယ်။ ဒါကြောင့် Role Model နဲ့တစ်စိတ်တစ်ပိုင်းတော့ဆိုင်မယ်လို့ ထင်ပါတယ်။  

Ethical  မဖြစ်တဲ့သူကိုတွေ့ရင်

ရှောင်တာအကောင်းဆုံးလို့ ထင်ပါတယ်။ Ethics မဖြစ်တာက သိသာထင်ရှားတဲ့ သဘောမျိုးလည်း ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင် ဥပဒေဘောင်နဲ့ဥပဒေဘောင်လွတ်တဲ့ကြားထဲက လုပ်ပိုင်ခွင့်ကြားထဲမှာ ကစားနေတယ်ဆိုတာမျိုးပါ။ ကာကွယ်တာတို့ ဥပဒေကြောင်းအရ အရေးယူဖို့ သိပ်ခက်နေမယ်။ အဖွဲ့အစည်းတစ်ခုက Ethics မရှိဘူးလို့ယူဆရင် ကျွန်တော့်အမြင်အရ အစောကြီးကတည်းက ဝေးဝေးရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ Ethics မရှိရင် ယုံကြည်မှုလေ ျာ့မယ်။ ဒီလို ယုံကြည်မှုမရှိရင် အလုပ်လုပ်ဖို့ အဆင်မပြေတော့တဲ့အခါ ဘယ်အချိန်မှာ ဘာထဖောက်မလဲဆိုတာတွေကို ကာကွယ်ဖို့လိုက်လုပ်နေမယ့် အစား အစကတည်းက ရှောင်လိုက်ရင် အကောင်းဆုံးပါ။ အဖွဲ့အစည်းတစ်ခုက အလုပ်လုပ်တာ သူ့ရဲ့ Capability ရှိပေမဲ့ မှန်မှန်ကန်ကန်လုပ်ခဲ့ရဲ့လား၊ သူ့ရဲ့ Customer တွေ၊ Stakeholder တွေကို အရင်က သူဘယ်လိုဆက်ဆံခဲ့သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့သလဲ ဆိုတာတွေကြည့်ပြီး Unethical ဖြစ်တယ်လို့ယူဆရင် ကျွန်တော်တို့က ဒီလိုအဖွဲ့အစည်းမျိုး၊ ဒီလိုလူမျိုးနဲ့ မတွဲတာ၊ ရှောင်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။  

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics

Ethics ကနောက်ပိုင်းမှာ အရေးကြီးလာတယ်ဆိုတာကို ဖြည့်စွက်ပြောချင်တာက ကျွန်တော်တို့တိုင်းပြည်က ဥပဒေ ပိုင်းဆိုင်ရာအားနည်းနေတော့၊ ခေတ်စနစ်နဲ့ညီတဲ့ ဥပဒေတွေက ထွက်ရှိမလာသေးတော့ (အခုမှ လွှတ်တော်က ကြိုးစားနေတော့) Ethics ကပိုပြီးအရေးကြီးလာတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့လုပ်ငန်းတွေက ကိုယ့်ကိုယ်ပိုင်အသိစိတ်ဓာတ်လေးတွေနဲ့ စံထားရမယ့် Ethics တွေက ရှိလာရတော့မှာပါ။ ဒီစံထားရမယ့် အကြောင်းအရာတွေ အများကြီးရှိပေမဲ့ အနှစ်သာရကိုပဲပြောရရင် Ethics က Justification (ချိန်ညှိ) လုပ်ရတာမျိုးပါ။ တစ်ခါတလေကျရင် Ethics ဆိုတာက မှားလား မှန်လား ဆိုတာမျိုးထက်ပိုပြီး မှန်တယ်ဆိုရင်လည်း မှန်တယ် ဆိုတဲ့အထဲမှာ ဘယ်လောက်ထိမှန်အောင် ကိုယ်ကျင့်သုံးမလဲဆိုတဲ့ အပိုင်းပါ။ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကတော့ Profit ရရှိဖို့ အတွက်ဆိုပေမဲ့ အကျိုးစီးပွားကို ရေရှည်မှာ မထိခိုက်စေမယ့် အပြုအမူမျိုးကို ကျွန်တော်တို့က ဆောင်ရွက်သင့်ပါတယ်။ အဖွဲ့အစည်းလုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ Stakeholder  တွေရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီးမှ ဆောင်ရွက်သင့်ပါတယ်။  

စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြု ချင်တာရှိရင်

Ethics ရှိပါလို့ပြောချင်ပါတယ်။ ဆုံးဖြတ်ချက်ချမယ်ဆိုတိုင်း မှားလား၊ မှန်လား ဆိုတာထက် မှန်တယ်ဆိုရင် ဘယ်လောက်ထိမှန်နေလဲ ဆိုတာကို သေသေချာချာ အချိန်ယူပြီး စဉ်းစားပါ။ Ethics ရှိပါလို့ပြောရတာကလည်း ကိုယ့်အဖွဲ့အစည်းရဲ့ရေရှည်အကျိုးစီးပွားအတွက်ပါ။ Substainable Profit  က Ethics ရှိမှပဲ အောင်မြင်လိမ့်မယ်၊ ရရှိလိမ့်မယ်။ ရေတိုအကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ရေရှည်ကို ကြည့်စေချင်ပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ သက်တမ်းက လူတစ်ဦးချင်းစီရဲ့ သက်တမ်းထက်ကို ပိုပြီး ရှည်လို့ရတယ်၊ ရှည်နိုင်ပါတယ်။ ကိုယ့်ရဲ့အဖွဲ့အစည်းက တစ်သက်လုံးလုပ်ရမယ့်အလုပ်၊ အကျိုးစီးပွားရရှိဖို့အတွက် ရေရှည်ခံမယ့် အလုပ်ဖြစ်တာကြောင့် စလုပ်ကတည်းက Ethics ရှိရှိနဲ့ ဆောင်ရွက်စေချင်ပါတယ်။