စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ
Ethic ကတော့ စီးပွားရေးလုပ်တဲ့နေရာမှာ တကယ်အရေးပါ ပါတယ်။ အဓိကကတော့ Sustainable ဖြစ်ဖို့ပါ။ လုပ်ငန်း တစ်ခုအောင်မြင်ဖို့နဲ့ ရေရှည်ရပ်တည်ဖို့က နာမည်ကောင်း ရှိဖို့ လိုပါတယ်။ အဲဒီ နာမည်ကောင်းရှိဖို့ကလည်း ကိုယ့်မှာ Business Ethics ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အ ပေါ်၊ ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်နဲ့ နောက်တစ်ခုက ကိုယ့်ရဲ့ Business Partner အပေါ်မှာလည်း Ethics ရှိဖို့လိုပါတယ်။ Ethics ဆိုတာက ကိုယ့်ရဲ့ ခံယူချက်၊ ကျင့်ဝတ် တစ်ခုပါပဲ။ ကျွန်တော့်အမြင်ကတော့ စီးပွားရေးလုပ်တဲ့အခါ မှာ သမာအာဇီဝနဲ့ သမာသမတ်ကျကျ ဖြောင့်ဖြောင့်တန်းတန်း လုပ်တယ်ဆိုတာကို Ethics လို့ နားလည်ပါတယ်။ ကိုယ့်ရဲ့ Partner အပေါ်မှာ စာရင်းတွေလိမ်ပြတာ၊ အခွန်ရှောင်ဖို့ အတွက် နောက်တစ်ခုကဝန်ထမ်းတွေကို လစာတွေ၊ Bonus တွေအများကြီး မပေးချင်တဲ့အတွက် စာရင်းလျော့ပြတာမျိုး တွေကအစ သေးသေးမွှားမွှားလေးတွေအထိ ကျွန်တော်တို့ က ထိန်းရမှာဖြစ်ပါတယ်။ [caption id="" align="alignnone" width="370"]
ဦးထွန်းထွန်းနိုင်
Managing Director
Blue Ocean Operating Management
Management Co Ltd[/caption]
Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်
အဓိကကတော့ Trust ပါပဲ။ တကယ် Ethics မရှိရင် တစ် ယောက်နဲ့တစ်ယောက် Trust မရှိတော့ဘူး။ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေကြားထဲမှာလည်း Trustမရှိတော့ဘူး။ ကိုယ့်ရဲ့ Department အချင်းချင်းမှာလည်း Turst မရှိတော့ဘူး။ Customer တွေကလည်း Trust မရှိတော့ဘူး။ ဥပမာ- ကျွန်တော်တို့ဆို Call Center တွေ လုပ်နေတယ်။ Mobile Value-added Service တွေလုပ်နေတယ်။ ဥပမာ- ပြောရ ရင် အဲဒီမှာ ကျွန်တော်တို့က တစ်ခါခေါ်ရင် တစ်မိနစ်ခေါ်ရင် ၃၀ ကျပ်ဖြတ်ပါမယ်လို့ ကြေညာထားတယ်။ ဒါပေမဲ့ ကျွန် တော်တို့က Customer မသိဘဲနဲ့ ၅၀ ကျပ်၊ တစ်ရာကျပ် ဖြတ်တာမျိုးတွေ လုပ်လို့ရှိရင် Customer ကတော့ သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကကျတော့ Customer ကို Inform မလုပ်ဘဲနဲ့ လုပ်တယ်ဆိုတာက Ethics မရှိဘူးပေါ့နော်။ ဒါကြောင့် ကျွန်တော်တို့က စပြီးခေါ်ကတည်း က IVR (Interactive Voice Response) မှာ ဒီ Call ကတော့ ဘယ်လောက် ဖြတ်ပါမယ်၊ SMS ဆိုရင်လည်း ဒီလို SMS အတွက် တစ်ရက်ကို ဘယ်လောက် ဖြတ်ပါ မယ်ဆိုတာတွေကို ကြိုတင်ပြီးပြောထားပါတယ်။ Code of Conduct ကျွန်တော်တို့မှာရှိရပါတယ်။ အဲဒီလိုမျိုး မရှိဘူး ဆိုရင် Customer တွေက ဒီကုမ္ပဏီက လူတွေဆီက ပိုက် ဆံတွေလိမ်နေတယ်၊ Service ကျတော့ ဒီလောက်မပေးဘူး ဆိုတဲ့ Trust ပျက်သွားရင် ကုမ္ပဏီလည်းပျက်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာစီးပွားရေးလုပ်ငန်းတွေမှာ ခဏခဏကြားနေရတဲ့ ပိုက်ဆံတွေလိမ်သွားတာ၊ အကြွေးတွေ ဝယ်ပြီးတော့ ပိုက်ဆံပြန်မဆပ်တာ၊ ပဲ/စပါး ကြိုဝယ်ထားပြီး ပဲတွေ၊ စပါးတွေပေါ်လာတော့ ဈေးက ကျသွားပြီး ရှုံးသွား တယ်။ အဲဒီအခါကျတော့ မဝယ်တော့ဘဲ ထွက်ပြေးသွားတာ ဆိုတာမျိုးတွေကျတော့ သူတစ်နပ်စားရုံလောက်ပဲရပါမယ်၊ ဒီအသိုင်းအဝိုင်းမှာ သူပြန်ဝင်လို့ မရတော့ပါဘူး။ ရေရှည် သွားချင်တယ်၊ သားစဉ်မြေးဆက် နာမည်ကောင်းနဲ့သွား ချင်တယ်ဆိုရင်တော့ Ethics ရှိဖို့ လိုပါတယ်။
Ethics ရှိ၊ မရှိ ဆိုတာ ကိုယ့်ရဲ့ Role Model ဆိုင်၊ မဆိုင်
အဓိကကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ပါ။ ဥပမာပြောရရင် ကျွန်တော်တို့ငယ်ငယ်တုန်းကဆို အဖေနဲ့အမေတွေက သင် ပေးပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက မုန့်ဖိုးပေးတာကို အလွဲသုံးစားလုပ်လို့ အရိုက်ခံ ရဖူးပါတယ်။ အဲဒီကတည်း က မိဘတွေက ပိုက်ဆံဆိုတာ ဘယ်နေရာမျိုးတွေမှာ သုံးရ တယ်ဆိုတာမျိုးတွေ ကိုယ့်ကိုသင်ပေးတာပါ။ နောက်တစ်ခုက တော့ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေကို ကြည့်ရင် သူတို့ရဲ့ Corporate Governance ၊ သူတို့ရဲ့ စာရင်းဇယားတွေ၊ သူတို့ရဲ့ ဝန်ထမ်းတွေကို ဆက်ဆံပုံနဲ့ Legal Structure ... စတာတွေကို သူတို့က စနစ်တကျ စည်းကမ်းရှိရှိလုပ်တာ တွေ့ရတယ်။ တင်ဒါ (Tender) တွေ ပြိုင်တယ်ဆိုရင်လည်း Transparency ရှိအောင် လုပ်ကြပါ တယ်။ အဲဒီလိုမျိုးတွေ လုပ်ခြင်းအားဖြင့် သူတို့က ကမ္ဘာ ကျော်တဲ့ကုမ္ပဏီတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံက လုပ်ငန်း ရှင်တွေက ဘာကိုကြည့်သင့်သလဲဆိုတော့ အရင်ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရခေတ်က စီးပွားရေးလုပ် တဲ့ပုံစံနဲ့ မတူတော့ပါဘူး။ အခုကျွန်တော်တို့ တိုင်းပြည်က လည်း ပွင့်လာပြီ၊ နိုင်ငံတ ကာနဲ့ ဈေးကွက်လည်း ရင်ပေါင် တန်းနိုင်လာတော့မယ်၊ နိုင်ငံခြားကုမ္ပဏီတွေကလည်း ဝင် လာပြီဆိုတော့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ပေါင်းဖို့၊ သူတို့နဲ့ Partnership လုပ်ဖို့၊ ဒါမှမဟုတ်ရင် နိုင်ငံခြားကုမ္ပဏီတွေ ကိုရောင်းဖို့၊ Stock Exchange အထိ တင်ဖို့ဆိုတာတွေ အကုန်လုံးက Business Practice တွေ၊ Ethics တွေ၊ Code of Conduct တွေ လိုပါတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံကိုလာပြီး မြန်မာကုမ္ပဏီတစ်ခုနဲ့ပေါင်းတော့မယ်ဆိုရင် သူတို့အရင်ဆုံး လုပ်တာက Due Diligence ပါ။ ဒီ Process က ဘာလဲဆိုတော့ ဒီကုမ္ပဏီကဘယ်သူတွေ Run နေသလဲ၊ အဲဒီ Run နေတဲ့ Board of Director တွေရဲ့ List က Clear ဖြစ်ရဲ့လား၊ အမေရိကန် Sanction လုပ်ထားတဲ့ List မှာပါလား၊ ဒီလူတွေက မြန်မာနိုင်ငံမှာ နာမည်ကောင်း ရတဲ့လူဖြစ်ရဲ့လား စသဖြင့် အဲဒီ လူတွေရဲ့Business Structure ကို ကြည့်ပြီးမှ ကျန်တဲ့လုပ်ငန်းပိုင်းတွေဖြစ်တဲ့ Accounting ၊ Operation ပိုင်းတွေကို ကြည့်ပါတယ်။ အဲဒါတွေ သေ ချာပြီဆိုမှ ပေါင်းဖို့လုပ်ကြတာပါ။
Ethics မဖြစ်တဲ့သူကိုတွေ့ရင်
ဒါကလည်း လူနဲ့ပဲဆိုင်တာဖြစ်ပါတယ်။ ကုမ္ပဏီက ကောင်း နေပေမယ့် လူကကောင်းချင်မှ ကောင်းမှာပါ။ အဓိကကတော့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ရင် သူတို့ကကိုယ့်ဘက် ကိုကြည့်သလိုပဲ ကိုယ်ကလည်း သူတို့ Background ကို လည်းကြည့်စေချင်ပါတယ်။ ဥပမာ- ဒီ ကုမ္ပဏီက အာဆီ ယံမှာ ဘယ်လောက်အထိ Strong ဖြစ်သလဲ၊ စင်ကာပူဆို ရင်လည်း စင်ကာပူမှာ ဘယ်လောက်အထိ Strong ဖြစ် လည်း ကြည့်ရပါမယ်။ နိုင်ငံခြားမှာက ကြည့်ရပိုလွယ်ပြီး အဲဒီလိုကြည့်ပေးတဲ့ Agency တွေလည်း ရှိပါတယ်။ သူ့ရဲ့ သုံးနှစ်စာ အခွန်ဆောင်ထားတဲ့ စာရင်းတို့၊ သူတို့ရဲ့Director List စတာတွေ တောင်းကြည့်လို့ရပါတယ်။
Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်
ကျွန်တော်ကတော့ Warren Buffett ၊ Bill Gates တို့လို လုပ်ငန်းရှင်တော်တော်များများကို အားကျပါတယ်။ မြန်မာ နိုင်ငံမှာဆိုရင်လည်း အန်ကယ် Serge Pun တို့လိုလူမျိုးတွေ၊ ဒေါက်တာစိုင်းဆမ် ထွန်းတို့လိုလူ မျိုးတွေ ဖြစ်ပါတယ်။ သူ တို့က အရင်ကတည်းက စီးပွားရေးကို သမာသမတ်ကျကျ လုပ်လာကြတာ ဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေလည်း မြန် မာနိုင်ငံမှာ အများကြီးရှိပါတယ်။ နောက်တစ်ခုက အရီး တောင်းတို့ လို နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ စီးပွားရေးလုပ် နေသူတွေ မိရိုးဖလာလုပ်ငန်းတွေကတစ်ဆင့် ကြီးပွားလာ သူတွေ အများကြီးရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics
စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်နာထားရှိသင့်တဲ့ Ethics တွေအနေနဲ့ နံပါတ်တစ်ကတော့ ကတိတည်ဖို့ပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်တဲ့အခါ လူငယ်တွေမှာက ဘယ်လိုဖြစ်နေလဲဆို ရင် Over Promise Under Deliver ဖြစ်ပါတယ်။ Over Promise ဆိုတာကတော့ ကတိကို လွယ်လွယ်ကူကူနဲ့ ပေး တတ်ကြတယ်။ ကိုယ်က လွယ်လွယ်ကူကူနဲ့ မနက်ဖြန် ပြီးတယ် ဆိုပြီး ပြောလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း မနက်ဖြန်မပြီး ဘူး၊ နောက်ထပ် နှစ်ရက် သုံးရက်လောက်နေမှ ပြီးတယ်။ ဒါပေမဲ့ ကိုယ်က မနက်ဖြန်ပေးမယ်လို့ပြောထားတာ ကြောင့် Customer က ကိုယ့်ကို စောင့်နေပါတယ်။ ကိုယ့်ဘက်က မပေးနိုင်ဘူးဆိုရင် ကတိပျက်တာပါ။ အဲဒီလို တစ်ခါ၊ နှစ်ခါ၊ သုံးခါလောက်ပျက်ရင် ကိုယ်က ကတိပျက်သူ စာရင်းထဲမှာပါ သွားတဲ့အတွက် Customer က ကိုယ့်ကို မယုံတော့ဘူး၊ ကိုယ်နဲ့ အလုပ်မလုပ်တော့ပါဘူး။ စီးပွားရေးလုပ်တယ်ဆိုရင် ကတိတစ်လုံးတည်ဖို့ လိုပါတယ်။ နောက်နံပါတ်နှစ်ကတော့ ကိုယ်ကျင့်တရားကောင်း ဖို့ လိုပါတယ်။ ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာလည်း ကျွန် တော်တို့လည်း ပုထုဇဉ်တွေပါပဲ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကိုယ့်ပတ်ဝန်းကျင်မှာ အမည်းစက်မထင်အောင် ထိန်းသိမ်းရပါ တယ်။ နံပါတ်သုံးကတော့ ကိုယ့်ရဲ့ကုမ္ပဏီမှာ Ethics နဲ့ ပတ်သက်တာတွေကို Code of Conduct လုပ်ပြီးတော့ Practice လုပ်ကိုလုပ်ရပါတယ်။ ကိုယ်က ပြောနေရုံနဲ့မရပါ ဘူး။ ကိုယ့်ရဲ့ဝန် ထမ်းတွေကို စည်းမျဉ်းစည်းကမ်းတွေချမှတ် ပြီးတော့ လုပ်ရပါမယ်။ ဥပမာ- ကျွန်တော့် ရုံးမှာဆိုရင် အလွဲသုံးစားလုပ်တယ်ဆိုရင် ဖြုတ်တဲ့အဆင့်အထိ လုပ်ပါတယ်။ အဲဒီလိုမျိုးမဖြစ်အောင်လည်း ကျွန်တော်တို့က Prevent လုပ်ပြီး သူတို့ကို Educate လုပ်ပါတယ်။ ကျွန်တော်တို့က Global Compact အဖွဲ့ကို ဝင်ထားတော့ သူ့မှာပါတဲ့ Golden Rule ဆယ်ချက်ကို မဖြစ်မနေလိုက်နာရပါတယ်။
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြုချင်တာရှိရင်
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေအနေနဲ့ ဥပမာ- ကွမ်း ယာဆိုင်တို့ ဆံပင်ညှပ်ဆိုင်အစရှိတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်း တွေကအစ အကြံပေးချင်တာက ရှေ့ကပြောခဲ့တဲ့ ကတိ တည်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက တော်တော်များများ မှာ ကတိမတည်တတ်ကြဘူး။ အထူးသဖြင့် အင်္ကျီချုပ်ဆိုင် တွေ ဥပမာ- အင်္ကျီတစ်ထည်အပ်ရင် တစ်လကြာမယ်လို့ပြော ပါတယ်။ တစ်လပြည့်တဲ့အခါမှာ ဖုန်းဆက်တော့ မရသေးဘူး။ နောက်တစ်ပတ် ထပ်စောင့်ရတယ်။ သူကဘာလို့ ဒီလိုလုပ် လည်းဆိုတော့ သူ့တစ်ဆိုင်တည်းရှိလို့။ ဒါမျိုးတွေက မဖြစ် သင့်ပါဘူး။ ဘန်ကောက်လိုနေရာမျိုးမှာ ကုတ်အင်္ကျီချုပ်ရင် ဒီနေ့ချုပ်ရင် မနက်ဖြန်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Competition များတဲ့အတွက် အပြိုင်အဆိုင် Service တွေ ပေးလာပြီး လိုက်နာရမယ့်အရာတွေလည်း ရှိလာပါတယ်။ နောက်တစ်ခုကတော့ Comsumer Safety ပဲဖြစ်ပါတယ်။ ကွမ်းယာရောင်းတဲ့သူဆိုရင်လည်း သူရဲ့စားသုံးသူ Safety ဖြစ် အောင် ကွမ်းကအစ၊ ထုံးကအစ နည်းနည်းဈေးပိုပေးပြီး စား သုံးသူတွေအတွက်ကောင်းအောင် လုပ်ပေးတာမျိုးပါ။ သတင်း စာတွေထဲမှာ တွေ့နေရတဲ့ စားစရာတွေထဲမှာ ဆိုးဆေးထည့် ကြတယ်ဆိုတာတွေက Ethics ကိစ္စပဲဖြစ်ပါတယ်။ Chemical မှာ စားသောက်ကုန်အတွက် ဆိုးဆေးက အစကတည်းက ရှိပြီးသားဖြစ်ပေမဲ့ သူတို့က အမြတ်နည်းမှာစိုးရိမ်တဲ့အတွက် ချည်ထည်တွေမှာ သုံးတဲ့ဆိုးဆေးတွေကို ထည့်ကြတယ်။ အဲဒါတွေက ပေါတဲ့အတွက် အမြတ်ကျန်တယ်။ ဒါပေမဲ့ Ethics Point of View ကနေ ကြည့်ရင်ရော၊ ဗုဒ္ဓဘာသာနည်းအရ ကြည့်ရင်ရော မကောင်းပါဘူး။ နေရာတိုင်းမှာ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ Consumer Safety ကိုပေးနိုင်တယ်၊ ကတိတည်နိုင် တယ်ဆိုရင် အဲဒီလုပ်ငန်းတစ်ခုက အမြတ်နည်းရင်တော့နည်း မယ်။ ဒါပေမဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် လွယ်သွားတယ်၊ အချိန်တိုတိုနဲ့ နာမည်ကောင်းရနိုင်ပါတယ်။