မော်ဒယ်အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း ရခဲ့တဲ့ ဘဝသင်ခန်းစာဖြစ်ပါတယ်။ ပျော်စရာတွေ အများကြီးကြုံရတယ်။ နိုင်ငံတကာကို ခရီးသွား ရတာ ပျော်စရာကောင်းသလို အလှအပအတွက် ပိုက်ဆံလည်း ရသေးတယ်။ မဂ္ဂဇင်းနဲ့သတင်းစာတွေမှာလည်း ပါတယ်။ ဒါတောင် ကျွန်မက ဖက်ရှင်မဂ္ဂဇင်းနှစ်ခုမှာပဲ မျက်နှာဖုံးရှင်အနေနဲ့ ပါခဲ့တာ။ အမှန်တော့ မော်ဒယ်အဖြစ်ထက် အမျိုး သမီးစွမ်းဆောင်ရှင်အဖြစ်ပါတဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေက ပိုများပါတယ်။ အသက် ၂၀ ကျော်အရွယ်မှာ မော်ဒယ်အဖြစ် ကျွန်မသင်ယူခဲ့တာက ရဲရင့်ခြင်းရဲ့ တကယ့်အဓိပ္ပာယ်ပါပဲ။ စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ဖို့ သတ္တိမွေးရတယ်။ ကျွန်မတို့ရဲ့ မော်ဒယ်အေဂျင်စီဟာ မမျှတဘူးလို့ ခံစားလာရတဲ့အချိန်မှာ ကျွန်မဟာ မော်ဒယ်ယောကျ်ားလေးတွေ၊ မိန်းကလေးတွေနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်မတို့ရတဲ့ အခကြေးငွေဟာ တအားနည်းနေတယ်။ ကျွန်မတို့ ကိုယ်စားပြုတဲ့ အေဂျင်စီက သတ်မှတ်ထားတဲ့ ငွေပမာဏထက် လျော့နေပြီး မော်ဒယ်တွေက ဈေးပေါတယ်လို့ နာမည်ကျော်တယ်။ တခြားမော်ဒယ်အများစုက ဒီလိုမတရားလုပ်နေတာကို သိပေမဲ့ ဘယ်သူကမှ မပြောရဲဘူးလေ။ ဒါကြောင့် ကျွန်မစိတ်ထဲမှာ တွန်းအားတွေဖြစ်ပေါ်လာပါတယ်။ ကျွန်မဟာ မတရားမှုကို ဆန့်ကျင်ပြီး ပန်ကြားလွှာတင်ဖို့ မော်ဒယ်အားလုံးကို လက်မှတ်ထိုးခိုင်း တယ်။ မော်ဒယ်အေဂျင်စီပိုင်ရှင် နဲ့တွေ့ဆုံပြီး ခြေခြေမြစ်မြစ် တင်ပြ ခဲ့တော့ ရလဒ်အနေနဲ့ အခကြေးငွေ အတိုင်းအတာတစ်ခုအထိ ပိုရခဲ့ပါတယ်။ ဘဝမှာ အဲဒီလို ရွေးချယ်စရာတွေပေါ်လာတဲ့အခါ ခေါင်းငုံ့ခံနေမှာလား၊ အမှန်တရားအတွက် တိုက်ပွဲဝင်မှာလား။ ဒီအဖြစ်အပျက်ကတော့ ခေါင်းငုံ့ခံပြီး ငြိမ်နေတာမျိုး မလုပ်သင့်ပါဘူး။ တစ်ခုခုကိုလုပ်ဖို့ သတ္တိရှိပါ၊ ဒါမှမဟုတ် ပါးစပ်ပိတ်ပြီး အမြဲတမ်းတိတ်တိတ်လေးပဲ နေပါ။
ဒေါက်တာခင်စန်းမော်