မြန်မာနိုင်ငံတွင် TrueIDC Myanmar Data Center စတင်ဖွင့်လှစ်

trueidc1

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ Operation စတင်နိုင်မယ့် TrueIDC Myanmar Data Center စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ Novotel Hotel Yangon Max မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ TrueIDC Data Center, Thailand မှ General Manager Mr Thanasorn Jaidee က မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တဲ့ ဒီ Data Center ဟာ True ရဲ့ ထိုင်းနိုင်ငံပြင်ပ ပထမဆုံး Data Center ဖြစ်ကြောင်း၊ True ဟာ ထိုင်းနိုင်ငံအတွင်းမှာ Data Center ၄လုံးရှိတာပြီး ISO Certificate များအပါအဝင် Green Data Center အဖြစ်ရပ်တည်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပြင် နောက်ထပ် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသဖြင့် တခြား အာရှနိုင်ငံတွေမှာလည်း ဒီနှစ်အတွင်းမှာ Data Center တွေ ဆက်လက်ဖွင့်လှစ်သွားဖို့ရှိကြောင်း စသဖြင့် ပြောပြခဲ့ပါတယ်။ TrueIDC Myanmar ရဲ့General Manager ဖြစ်သူ ဦးမျိုးထွန်းကလည်း မြန်မာနိုင်ငံမှာလုပ်ဆောင်သွားမယ့် Data Center ရဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ TrueIDC Myanmar အနေနဲ့ Server rack 60 နဲ့စတင်မှာဖြစ်ပြီး Myanmar Info Tech အဆောင် ၁၇ မှာတည်ရှိကြောင်း၊ လာမယ့်အောက်တိုဘာလမှာ စတင် Operate လုပ်သွားတော့မှာဖြစ်ပြီး ဝန်ဆောင်မှုတွေအနေနဲ့ Server Co-Location ၊ Re-Location ၊ DR Site (Disaster Recovery Site) ၊ BCP Site (Business Continuity Planning) တို့အပြင် Manage Services တွေကို ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်း၊ နောက်ပိုင်းမှာ Connectivity တည်ငြိမ်လာတဲ့အခါမှာတော့ Cloud ဝန်ဆောင်မှုတွေကိုလည်းပေးသွားမှာဖြစ်ကြောင်း သိပါတယ်။ လက်ရှိမှာ TureIDC Data Center ဟာ Data Center ပိုင်းမှာ ဝန်ထမ်းပေါင်း ၁၅ ယောက်ဝန်းကျင်၊ TrueIDC Myanmar တစ်ခုလုံးမှာဆိုရင် ဝန်ထမ်းပေါင်း ၈၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းနဲ့ နှစ်နှစ်အတွင်းမြန်မာကျပ်ငွေ ၁.၈ဘီလီယံ revenue ရရှိဖို့ Target ထားကာ လုပ်ငန်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ Target Customer တွေအနေနဲ့ကတော့ ဘဏ်တွေ၊ Teleco တွေ၊ High Tech ကုမ္ပဏီတွေဖြစ်တယ်လို့သိရပါတယ်။ TrueIDC ဟာ ထိုင်းနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကတည်းက လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတစ်ဝှမ်း Data Center နဲ့ IT Infrastructure Services တွေကို Offer လုပ်ပေးလာတာဖြစ်ကာ Data Center နဲ့ Cloud Computing ဝန်ဆောင်မှုတွေမှာ ထိုင်းနိုင်ငံမှာ ဦးဆောင်နေရာရှိထားတာဖြစ်ပါတယ်။ 

trueidc2 trueidc3 trueidc5 trueidc4