True IDC Myanmar ရဲ့ Managing Director ဦးမျိုးထွန်း

True IDC Myanmar ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့ပထမဆုံး Data Center Service ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေဝင်းအတွင်းရှိ MICT Park Compond အတွင်း အဆောင် ၁၇၊ မြေညီထပ်မှာ တည်ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် Data Center နဲ့ပတ်သက်လို့ Co-location နဲ့ Managed Service တွေကို ဝန်ဆောင်မှုပေးနေတာပါ။ ဝန်ဆောင်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ကို သိချင်ရင်တော့ http://trueidc.com.mm/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ True IDC Myanmar နဲ့ပတ်သက်လို့ လက်ရှိတာဝန်ယူထားတဲ့ Managing Director ဦးမျိုးထွန်းနဲ့ တွေ့ဆုံလေ့လာခွင့်ရခဲ့ပါတယ်။

umyohtun1

True IDC Myanmar ဆိုတာ . . .

True IDC Myanmar ရဲ့ အထက်မှာ True IDC Thailand ရှိပါတယ်။ True IDC Thailand က ၂၀၀၃ ခုနှစ်က တည်းက စတင်ခဲ့တာဖြစ်ပြီး မိခင်ကုမ္ပဏီက CP Group အောက်က လုပ်ငန်းခွဲဖြစ်တဲ့ Ascend Group အောက်မှာ ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ AEC Expension လုပ်တဲ့အနေနဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ Business Expansion လုပ်ဖို့ Explore လုပ်ပါတယ်။ အဲဒီအခါမှာ Data Center ဆောက်မလား၊ Cloud ပဲသွားမလား၊ ဘယ်နိုင်ငံမှာ Data Center ဆောက်ပြီး ဘယ်နိုင်ငံမှာ Cloud ပဲသွားမယ်ဆုံးဖြတ်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Data Center ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာကျတော့ Data Center မဆောက်ဘဲ ရှိပြီးသား Data Center တစ်ခုမှာပဲ True IDC အနေနဲ့ Cloud Service ပေးခဲ့ပါတယ်။ AEC Expension လုပ်တဲ့နေရာမှာလည်း နိုင်ငံပေါ်မူတည်ပြီးတော့ Invest လုပ်တဲ့ ပုံစံတွေ၊ ပေးတဲ့ Service တွေမလည်း မတူပါဘူး။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ Data Center လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။ AEC Expension ထဲမှာတော့ True IDC Thailand အနေနဲ့ မြန်မာနိုင်ငံက ပထမဆုံး Data Center ဆောက်တဲ့နိုင်ငံဖြစ်ပါတယ်။ Overall AEC Expension မှာလည်း အဓိက Active ဖြစ်နေပြီးသားက မြန်မာနဲ့ ကမ္ဘောဒီးယားတို့ပဲဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာတော့ တဖြည်းဖြည်းချင်းသွားနေဆဲပါ။ True IDC Myanmar က Data Center Colocation Service ပေးပြီး True IDC Cambodia က Cloud Service ပေးပါတယ်။ ကျွန်တော်တို့ True IDC Myanmar ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Data Center စဆောက်ပါတယ်။ စက်တင်ဘာလမှာ Soft Launch လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး အခုအထိဆိုရင်တော့ Service Offer လုပ်တာ တစ်နှစ်မပြည့်သေးပါဘူး။ လုပ်ငန်းစတင်တည်ထောင်ကတည်းကဆိုရင်တော့ တစ်နှစ်ကျော်ရှိပါပြီ။

Data Center ရဲ့ Capacity . . .

လက်ရှိအချိန်မှာတော့ Local Demand ပေါ်မူတည်ပြီး 31 U Rack ၂၈ လုံး၊ 42 U Rack က ၃၂ လုံး စုစုပေါင်း Rack အလုံး ၆၀ နဲ့ လုပ်ငန်းစတင်ထားပါတယ်။

လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေ . . .

ကျွန်တော်တို့ အဓိကလုပ်တာ Data Center Co-location နဲ့ Cloud ဖြစ်ပါတယ်။ အခုက Co-location နဲ့ Managed Service တွေ လုပ်နေတယ်ဆိုတော့ Cloud ဝန်ဆောင်မှုပေးဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ Cloud သွားမယ်ဆိုရင် Local Infrastructure ကိုလည်း ကြည့်ရပါတယ်။ လက်ရှိကို မြန်မာနိုင်ငံအတွင်းကနေ နိုင်ငံခြားက ဝန်ဆောင်မှုပေးနေတဲ့ Cloud Service ကို သုံးနေတဲ့သူတွေရှိနေပြီးသားပါ။ အဲဒါက ဈေးသက်သာပြီးသား ဖြစ်ပါတယ်။ သူတို့က Server တွေလည်း ဝယ်စရာမလိုပါဘူး။ Weakpoint တချို့လည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဝန်ဆောင်မှုပေးတဲ့ Cloud ကိုသုံးရင်တော့ သုံးတဲ့သူတွေရဲ့ Application User တွေက မြန်မာနိုင်ငံကပဲဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ Connectivity က မြန်မာနိုင်ငံမှာ မငြိမ်သေးပါဘူး။ Local Infrastructure ပိုင်းပေါ့။ ကျန်တဲ့ Technical ပိုင်းရော၊ User တွေဘက်ကပါ Ready ဖြစ်နေပါပြီ။ တစ်ခုပဲ လုပ်ငန်းလုပ်တဲ့အခါမှာ ဒီဈေးကွက်ထဲမှာ Competitive ဖြစ်တဲ့ ဈေးနှုန်းဖြစ်ပါ့မလားဆိုတာပါပဲ။ စင်ကာပူကနေ လက်ရှိတစ်လကို ဒေါ်လာ ၁၅၀ လောက်နဲ့ Cloud ဝန်ဆောင်မှု ဝယ်သုံးထားတဲ့သူက Connectivity ပိုကောင်းသွားမယ်ဆိုရုံလောက်နဲ့ ဒေါ်လာလေးရာလောက်ပေးပြီး ပြည်တွင်းပြောင်းသုံးရမယ်ဆိုရင်တော့ သူ့အတွက် စဉ်းစားစရာဖြစ်သွားပါပြီ။

ဝန်ထမ်းအင်အား . . .

ကျွန်တော်တို့က Business to Business Deal လုပ်ကြပါတယ်။ ကျွန်တော်တို့ လုပ်ငန်းသဘာဝအလျောက် ဝန်ထမ်းအင်အားလည်း အများကြီးမလိုအပ်ပါဘူး။ ဘာများများလိုတာလဲဆိုတော့ ၂၄ နာရီပတ်လုံး စောင့်ကြည့်ပေးနိုင်မယ့် ကျွမ်းကျင်ဝန်ထမ်းတွေတော့ လိုပါတယ်။ အဲဒါမျိုးကို ကျွန်တော်တို့ ခန့်ထားပါတယ်။  ဒါကြောင့် လောလောဆယ်မှာ ပြည်တွင်းဝန်ထမ်း ၁၅ ဦးရှိပြီး Ture Thailand ကနေ ဒီမှာနေသလောက်နီးပါး လာရောက်လုပ်ကိုင်ပေးနေတဲ့ ဝန်ထမ်းခုနစ်ဦးရှိပါတယ်။ အဲဒီခုနစ်ဦးက AEC Expension အတွက် ထိုင်းနိုင်ငံဘက်ကနေ ၂၀၀၃ ခုနှစ်ကတည်းကစတဲ့ အတွေ့အကြုံတွေရှိတာကြောင့် နည်းပညာအရရော၊ Commercial အရပါ ထောက်ပံ့ပေးပါတယ်။ အဲဒီရုံးက CTO - Chief Technology Officer တစ်ယောက်ဆို မြန်မာနိုင်ငံမှာ တစ်ခါလာရင် သီတင်းပတ်နှစ်ပတ်လောက်အထိနေပြီး မြန်မာနိုင်ငံက ဝန်ထမ်းတွေနဲ့ တွဲလုပ်ပေးပါတယ်။ မြန်မာနိုင်ငံမှာ True နာမည်အောက်က True Vistas ၊ True Money ၊ True Coffee ၊ True IDC စတဲ့ လုပ်ငန်းခွဲတွေအောက်က ဝန်ထမ်းအားလုံးကို ပေါင်းလိုက်ရင်တော့ တစ်ရာကျော် ၁၅၀ ဝန်းကျင်ရှိပါတယ်။

True IDC Myanmar ရဲ့ Client နဲ့ပတ်သက်တဲ့ အခြေအနေ . . .

ကျွန်တော်တို့ True IDC စတုန်းကတော့ နိုင်ငံတကာအဆင့်နဲ့သတ်မှတ်ထားတဲ့ Client Classifications တွေ ရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ နိုင်ငံတကာပုံစံအတိုင်း တိုက်ရိုက်လုပ်လို့မရတာတွေရှိတာကို တွေ့လာရပါတယ်။ နည်းနည်းလေးတော့ လိုသေးနေပါတယ်။ နိုင်ငံတကာမှာလည်း ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေကို Target ထားပါတယ်။

umyohtun3

မြန်မာနိုင်ငံမှာတွေ့ရတဲ့ Data Center နဲ့ပတ်သက်တဲ့ အတွေ့အကြုံ . . .

မြန်မာနိုင်ငံမှာက Server Room နဲ့ Data Center ကို ခွဲခြားသိမြင်တာနည်းပါတယ်။ ကိုယ့်မှာရှိတဲ့ Rack နှစ်ခုလောက်ထဲကို IT နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ စုထည့်ထားလိုက်ပြီးတော့ Network ချိတ်ဆက်မှုတွေ လုပ်ထားပါတယ်။ ရုံးရဲ့ Network ကြီးကိုလည်း အဲဒါနဲ့ထိန်းထားတာဖြစ်ပါတယ်။ အခန်းတစ်ခုထဲမှာ ရိုးရိုး Air Con တစ်ခုတပ်ထားပြီးထားတာကို တွေ့ရပါတယ်။ အဲဒါကို တော်တော်များများက Data Center လို့သုံးနှုန်းတာကို တွေ့ရပါတယ်။ တကယ်တော့ အဲဒါဟာ Server Room သက်သက်ပါပဲ။ Data Center ဆိုတာက Data Center Facility အပြည့်ရှိရပါတယ်။ အဲဒီလိုမှားယွင်းသုံးနှုန်းနေတာတွေကို တွေ့ရပေမဲ့ ကိုယ်ကမှားနေပါတယ်လို့ တိုက်ရိုက်ကြီးသွားပြောလို့မရပါဘူး။ တဖြည်းဖြည်းတော့ အမှန်ပြင်ပေးသွားရပါမယ်။ တကယ်လို့ အဲဒီလို သူတို့သုံးနေတာကိုပဲ Data Center လို့သတ်မှတ်ထားရင်လည်း တစ်ခုတည်းထားတာက အန္တရာယ်များတာကြောင့် တခြားတစ်နေရာမှာ Redundant ထားသင့်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင်တော့ အစိုးရက ကိုယ်က ဘဏ်တွေနဲ့ တချို့လုပ်ငန်းတွေအတွက် Data Center ဟာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမယ်ဆိုတဲ့ Policy တွေထုတ်ပါတယ်။ အဲဒီပုံစံတွေရှိတာကြောင့် အဲဒီနိုင်ငံတွေမှာရှိတဲ့ ဘဏ်နဲ့ တခြားလုပ်ငန်းတွေကလည်း အဲဒီ ပေါ်လစီတွေအရ Commercial Data Center တွေနဲ့တွဲပြီး အလုပ်လုပ်ကြပါတယ်။ နောက်တစ်ခုက ဒီမှာအာမခံလုပ်ငန်းတွေကလည်း ထင်သလောက် Popular မဖြစ်တာမို့ သူ့ Industry ကိုယ်က Develop မဖြစ်သေးပါဘူး။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့နဲ့ တွဲလုပ်ဖို့ပြောဖို့က နည်းနည်းခက်နေပါသေးတယ်။ Demand က နိုင်ငံတကာနဲ့ မတူတာကြောင့် Local နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ပေးနေတဲ့ဝန်ဆောင်မှုတွေကို Customize လုပ်ပေးရပါတယ်။ တကယ်တော့ နိုင်ငံတကာကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ဝန်ဆောင်မှုကို ပြည်တွင်းအနေအထားနဲ့ ကိုက်ညီအောင် Customize လုပ်ရတာတင်မကပါဘူး။ ရန်ကုန်က လုပ်ငန်းကို မန္တလေးကို သွားမယ်ဆိုရင်တောင်မှ အဲဒီအတွက် Customize ပြန်လုပ်ရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း Software ရေးတဲ့ကုမ္ပဏီတွေက Software ကို သူတို့ Server နဲ့ လာထားတာမျိုးတွေရှိလာပါတယ်။ Stock Exchange ပေါ်လာတဲ့အခါကျတော့ Data Center Requirement ဖြစ်လာပါတယ်။ Stock Exchange Policy မှာကျတော့ Stock Exchange ကို Provide လုပ်မယ့် Securities Company တွေက မြန်မာပြည်အတွင်းမှာရှိရမယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့မျော်လင့်ချက်က Stock Exchange သာ Boom ဖြစ်လာရင် သူ့ရဲ့ပေါ်လစီမှာ Stock Exchange မှာဝင်မယ့် ကုမ္ပဏီရဲ့ IT Infrastructure က မြန်မာပြည်တွင်းမှာ ရှိရမယ်ဆိုတာမျိုး ပါဝင်လာခဲ့ရင် သူတို့လည်း ကျွန်တော်တို့ရဲ့ Potential Client ထဲမှာ ပါဝင်လာပါလိမ့်မယ်။ ကျွန်တော်တို့ စပြီး Target ထားတဲ့အထဲမှာမပါဘဲ အသစ်ဝင်လာတာမျိုးပါ။ ဒါကြောင့် အဲဒါတွေက အစိုးရရဲ့ ပေါ်လစီတွေနဲ့ သက်ဆိုင်ပြီး သူတို့ချမှတ်တဲ့ စည်းမျဉ်းတွေပေါ်မူတည်ပြီး ကျွန်တော်တို့အတွက် လုပ်ငန်း Model အသစ်တွေ ဖြစ်လာပါတယ်။ ဒါကလည်း တခြားနိုင်ငံတွေမှာလိုမဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံမှာ အခုမှ Stock Exchange က စတာ ဖြစ်လို့ပါ။ ISP တချို့နဲ့ Car GPS ဝန်ဆောင်မှုလို လုပ်ငန်းတွေကလည်း ကျွန်တော်တို့ Client တွေထဲမှာ ပါဝင်ပါတယ်။

Managment လုပ်ရတဲ့ အပိုင်းနဲ့ပတ်သက်လို့ အခက်အခဲ . . .

ဥပမာ - Sales လို့ပြောရင် ကျွန်တော်တို့ ဒီမှာလက်ခံထားတဲ့ Sales ကတစ်မျိုးပါ။ Sales လို့ပြောရင် နံပါတ်ကို ကြောက်လို့ မရပါဘူး။ Sales က Sales Target နဲ့ ပတ်သက်လာရင် Over Commitment လည်း လုပ်လို့မရသလို၊ Underestimation လည်း ဖြစ်လို့မရပါဘူး။ ဒီမှာက Sales လို့ပြောရင် ဟိုဘက်က (Headquater) က သိပ်ကို Aggressive ဖြစ်ပါတယ်။ ဒီမှာကတော့ လုပ်ကြည့်မယ်ဆိုတာမျိုးပဲ ရှိပါတယ်။ ဒီဘက်က Sales ဝန်ထမ်းတွေကိုလည်း အပြစ်ပြောလို့မရပါဘူး။ လုပ်ငန်းအသစ်လည်းဖြစ်တာကြောင့် ဘယ်လောက်ရနိုင်မလဲဆိုတာကို မှန်းလို့မရတာကြောင့်ပါ။

[caption id="attachment_26549" align="alignnone" width="720"]umyohtun2True IDC Myanmar Data Center အတွင်းတစ်နေရာ[/caption]

နောက်တစ်ခုက ၂၄/၇ စောင့်ကြည့်ပေးတဲ့ Staff တွေပါ။ သူတို့က Terminology မတူတာကြောင့် ဟိုဘက်က ဝန်ထမ်းတွေနဲ့ Frequency မတူဘူး၊ တော်တော်ညှိရပါတယ်။ (ကိုယ့်မှာရှိတဲ့) ဝန်ထမ်းတွေကလည်း အရင်ကလုပ်ဖူးတာ မဟုတ်ဘူး။ ဟိုဘက် (Head-quarter) ကလည်း Data Center တစ်ခုမှာ မီးပျက်သွားပြီဆိုရင် Standard အရ သုံးမိနစ်အတွင်းမှာ မီးစက်က အလိုအလျောက် နိုးရပါမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ဖြစ်စေချင်တာက ၂၄/၇ စောင့်ကြည့်တဲ့ Engineer က မီးပျက်ရင် Group Chat ထဲဝင်ပြီး မီးပျက်ရင် မီးပျက်ကြောင်းဝင်ရေးရမယ်၊ အချိန်မှတ်ရမယ်၊ မီးစက်မနိုးရင် ဘာဖြစ်လဲသွားစစ်ရမယ် စသဖြင့် အမြဲ Alert ဖြစ်နေရပါမယ်။ Data Center မှာ အလုပ်လာလုပ်တဲ့ဝန်ထမ်းတွေထဲမှာ ကိုယ့်အတွက်ဘာရမလဲ ဆိုတာပဲကြည့်ပြီးလာတဲ့လူတွေလည်း ရှိတတ်ပါတယ်။ တချို့ကျတော့ ဘာမှမတတ်ဘူး အလုပ်က ပုံသွင်းပေးရပါတယ်။ အတွေ့အကြုံရှိပြီးသားကတော့ ခေါ်ဖို့နည်းနည်းခက်တယ်။ ကျွန်တော်တို့လုပ်ငန်းက နည်းနည်းအသစ်ဖြစ်တော့ ကျွန်တော်တို့လုပ်ငန်းနဲ့ နည်းနည်းနီးစပ်တဲ့ အတွေ့အကြုံရှိတဲ့လူတွေကို Train ရတာများပါတယ်။ သူတို့တွေကို Management လုပ်ရတဲ့လူတွေ ကလည်း Commercial ပိုင်းသက်သက်ပဲ ကြည့်လို့မရဘူး။ နည်းပညာကို သူတို့လောက် မသိရင်တောင်မှ သူတို့နဲ့အတူ တွဲလိုက်လုပ်နိုင်ဖို့လောက်တော့ Technology ကိုသိထားရပါမယ်။

နောက်တစ်ခုက Expatriate တွေနဲ့တွဲလုပ်တဲ့အခါမှာလည်း Expatriate တွေရဲ့ Expectation က မြင့်တာကြောင့် ပြည်တွင်းကဝန်ထမ်းတွေနဲ့ အတော်ညှိယူရပါတယ်။ Communication Barrier တွေလည်းရှိပါတယ်။ Commercial ရော Technical ပိုင်းမှာပါ ပြည်တွင်းကလူနဲ့ နိုင်ငံခြားကလူတွေနဲ့က Terminology တွေမတူတာကြောင့် Frequency မတူပါဘူး။ ထိုင်းနိုင်ငံဘက်က Training လာပေးတဲ့အခါမှာလည်း ဒီကဝန်ထမ်းတွေနဲ့ Communication Barrier တွေ ရှိတဲ့အတွက် အပြည့်အဝရရဲ့လားဆိုတာလည်း စိုးရိမ်ရတာမျိုးတွေရှိခဲ့ပါတယ်။ Communication Barrier မရှိတဲ့လူ၊ Technical Skill လည်းရှိတဲ့လူကိုပဲ ခေါ်ပါလားဆိုပြီး ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလူတွေကျတော့လည်း ပြည်တွင်းမှာမနေကြတော့ပါဘူး။ ဒီလိုအခက်ခဲတွေတော့ရှိပါတယ်။

လက်ရှိတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ . . .

Local Requirement ၊ Local Demand နဲ့ International Expectation တွေကို Allign လုပ်ရတာကတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ကိုယ်ကလည်း ပြည်တွင်းကဖြစ်တာကြောင့် ပြည်တွင်းမှာ ဘာတွေဖြစ်တယ်၊ ပြည်တွင်းဈေးကွက်အခြေအနေကတော့ ဘယ်လိုဖြစ်တယ်ဆိုတာကို Feed လုပ်ပေးရပါတယ်။ International ဘက်ကကျတော့ International Standard က လိုနေသေးတယ်ဆိုတာမျိုး ပြောပါတယ်။ နောက်စိန်ခေါ်မှုတစ်ခုကတော့ လိုအပ်တဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ဝန်ထမ်းရှာရတာတော့ ခက်ပါတယ်။ မရှိလို့တော့ မဟုတ်လောက်ပါဘူး။ အစွန်းနှစ်ဖက်ကို ရောက်နေတာမျိုးဖြစ်လောက်ပါတယ်။ အရည်အချင်းရှိတဲ့လူကလည်း တအားရှိပြီးတော့ အရည်အချင်းနိမ့်တဲ့လူက သိပ်ကိုနိမ့်နေတာမျိုးဖြစ်မှာပါ။ အလယ်အလတ်လောက်မှာ ရှိတဲ့လူမျိုးကိုဆွဲခေါ်ပြီး လိုချင်တဲ့ပုံစံ Training လုပ်ရပါတယ်။ နံပါတ်သုံး စိန်ခေါ်မှုကတော့ ပြည်တွင်းဈေးကွက်မှာ Data Center လား၊ Server Room လား၊ Data Center ဘာဖြစ်လို့ လိုတာလဲ၊ Commercial Data Center ဆိုတာကတော့ ဘယ်လိုစသဖြင့် Knowledge တွေကို Educate လုပ်ဖို့ လိုနေပါသေးတယ်။ ကျွန်တော်တို့ ဒီနှစ်ထဲမှာတော့ တခြားအဖွဲ့အစည်းတွေဖြစ်တဲ့ Computer အသင်းက လုပ်တဲ့ပွဲတွေမှာ ကျွန်တော်တို့ပါ ဝင်ပူးပေါင်း Sharing လုပ်သွားဖို့ ရှိပါတယ်။

ဖြူလဲ့မွန်