ယခု ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည် အရေအတွက် သည် ၁.၉ သန်းရှိနေပြီဖြစ်ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရည်မှန်းထားသော အရေအတွက် ၂ သန်းပြည့်ကာနီးပြီဟု ဟိုတယ်ခရီးဝန်ကြီးဌာနက ဆိုပါသည်။
ဒီဇင်ဘာ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ဝင်ပေါက်အသွယ်သွယ်မှ လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက် ၁.၉ သန်းရှိခဲ့ခြင်းကြောင့် ရည်မှန်းထားသော အရေအတွက်နှစ်သန်းမှာ လုံးဝဖြစ်နိုင်ချေ ရှိကြောင်း နှင့် ယခုဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် အချိန်လေးလကျန်သေးကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်ထွန်းအောင် က ပြောကြားသည်။
“မျှော်လင့်ချက်ပြည့်မှီဖို့အတွ
က် ဒီကိန်းဂဏန်းက လုံးဝလုံလောက်မှုရှိပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် သုံးသန်းကို ကြိုဆိုဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” ဟု ၎င်း ကပြောဆိုသည်။
နိုင်ငံခြား ဧည့်သည်အများစုမှ ဖြစ်ပြီး၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုမှ လာသော ဧည့်သည် အရေအတွက် မှာလည်း တိုးပွားလာနေသည်ဟု ဝန်ကြီးဌာနအဆိုအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ အလည်အပတ်အများဆုံး နေရာအရင်းတွင် ရန်ကုန်နှင့် ပုဂံက ထိပ်မှပြေးနေပြီး မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုးနှင့် ငပလီကမ်းခြေသို့ လာရောက်သော တိုးရစ်အရေအတွက်မှာလည်း ယခုရက်ပိုင်းများ အတွင်းမြင့်တက်လာ သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ပြီးခဲ့သော လေးနှစ်အတွင်း ၈၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ခရီးသွား စီးပွားရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
များကို လက်ခံရရှိနေကြောင်း ဝန်ကြီးဌာန၏ လတ်တလော လေ့လာမှုဆာဗေးက ပြသနေ သည်။
ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် နော်ဝေနိုင်ငံတို့က ကူညီမည့်ထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀၀ ဖြင့် ၇ နှစ်ကြာ တိုးရစ်ဇင် စီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရက စီစဉ်နေသည့် အီတလီနိုင်ငံကလည်း မြန်မာနိုင်ငံ၏ ခရီးသွားစီးပွားကဏ္ဍ ဖွံ့ဖြိုးအောင် အကူအညီပေးရန် ကမ်းလှမ်းထားသည်။
ရေပန်းအစားဆုံး နေရာများဖြစ်သော ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီ တို့သာ မကပဲ အခြား ရေပန်းစားသော နေရာများဖြစ်သည့် ပူတာအို၊ မြိတ်၊ နာဂ၊ နတ်မောက်တောင်၊ လွိုင်ကော်၊ ချောင်းသာ၊ ငွေဆောင် အစရှိသော လည်ပတ်စရာနေရာများသို့ ခရီးသွားတိုးရစ်များ အလွယ်တကူ၊ သက်တောင့်သက်သာ သွားရောက်နိုင်စေရန် အတွက် ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို အနာဂါတ်ကာလတွင် စီစဉ်ပေးမည်ဟုလည်း ဝန်ကြီးဌာနက ပြောကြားသည်။