News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ကမ္ဘာ့ထိပ်တန်းကုန်သွယ်ငွေကြေးဆယ်ခု
Editorial
December 28, 2013
Article
Feature
Top Story
၁။ U.Sဒေါ်လာ နိုင်ငံခြားငွေလဲဈေးကွက်ငွေကြေးလွှဲပြောင်းမှုမှာ ၈၅ ရာခိုင်နှုန်းထိ ပါဝင်နေတာက ဒေါ်လာဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်မှာ Federal Reserve System တည်ဆောက်ပြီးသည့်အထိ အမေရိကန်မှာ ငွေကြေးမျိုးစုံပြောင်းလဲသုံးစွဲနေဆဲဖြစ်ပါတယ်။ ၁၈ ရာစုနှောင်းပိုင်း American Revolution မှာ Continental Congress က Continentals လို့ခေါ်တဲ့ ပထမဆုံးငွေစက္ကူကို ထုတ်လုပ်ခဲ့ပေမဲ့ ငွေကြေးဖောင်းပွမှုဖြစ်ပြီး Continentals ဟာ မြန်မြန်ဆန်ဆန်ပဲ တန်ဖိုးနည်းလာပါတယ်။ အမေရိကန်ပထမဆုံးဘဏ်ကို ၁၇၉၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ပထမဆုံးဗဟိုဘဏ်အဖြစ် ရည်ရွယ်ခဲ့ပေမဲ့ လယ်ယာမြေဆိုင်ရာ မဲဆန္ဒရှင်တွေရဲ့ ကန့်ကွက်မှုရှိပြီး ၂၀၁၁ ခုနှစ်မှာ ဘဏ်ရဲ့နှစ်နှစ်ဆယ်လုပ်ပိုင်ခွင့် ပြီးဆုံးသွားပါတယ်။ ၁၈၁၆ ခုနှစ်မှာတည် ထောင်ခဲ့တဲ့ အမေရိကန် ဒုတိယဘဏ်ဟာလည်း အလားတူပဲဖြစ်ခဲ့ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းမှာ အမေရိကန်လူထုက ဗဟိုဘဏ်အတွက် အသင့်ဖြစ်နေပြီး ၁၉၁၃ ခုနှစ်မှာ သမ္မတ Woodrow Wilson က Federal Reserve Act ကို အတည်ပြုပေးလိုက်ပါတယ်။
၂။ ယူရို ၁၉၉၉ ခုနှစ်မှာ စတင်ခဲ့ပေမဲ့ နေ့စဉ် နိုင်ငံခြားငွေကြေးလွှဲပြောင်းမှုမှာ ၃၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ကုန်သွယ်ငွေကြေးဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် အစောပိုင်းကတည်းက European Economic Community (EEC) ဗဟိုဘဏ်ဟာ ငွေကြေးပေါ်လစီနဲ့ ငွေဈေးတည်ငြိမ်မှုရှိဖို့ ညှိနှိုင်းနေခဲ့ပြီး ၁၉၉၂ ခုနှစ် Maastricht စာချုပ်ဖြင့် ဘုံငွေကြေးအဖြစ် အတည်ပြုပေးလိုက်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ European Central Bank ကို တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ယူရိုငွေကြေးကို စတင်သုံးခဲ့ပါတယ်။
၃။ ဂျပန်ယန်း နေ့စဉ်ငွေကြေးလွှဲပြောင်းမှုနှုန်းမှာ ၁၉ ရာခိုင်နှုန်းရှယ်ယာနဲ့ ဂျပန်ယန်းဟာ အဆင့်သုံးနေရာမှာ ရှိပါတယ်။ ဂျပန် Meiji အစိုးရက ၁၈၇၁ ခုနှစ်မှာ ယန်းကို ဂျပန်ငွေကြေးအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့တာပါ။ ၁၈၈၂ ခုနှစ်မှာ Bank of Japan Act အရ Bank of Japan ကို ဗဟိုဘဏ်အဖြစ် တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၂ ခုနှစ်မှာBank of Japan Act အသစ်နဲ့ ဘဏ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်ထုတ်မူအသစ်ဟာ နိုင်ငံရဲ့ စီးပွားရေးအထွေထွေလုပ်ဆောင်ချက်တွေ တိုးမြင့်စေဖို့၊ အကြွေးနဲ့ ဘဏ္ဍာရေးထိန်းချုပ်ဖို့၊ အဆင့်မြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ၁၉၄၂ ခုနှစ် ထုတ်မူကို အကြိမ်ကြိမ်ပြုပြင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အပြီးသတ်ခဲ့ပါတယ်။
၄။ ဗြိတိသျပေါင် ဗြိတိသျပေါင်ဟာ နေ့စဉ်ငွေကြေးလွှဲပြောင်းမှုမှာ ၁၃ ရာခိုင် နှုန်းလောက်နီးနီး ရှယ်ယာပါဝင်ပြီး တရားဝင်သိထားတဲ့ နာမည်က Pound Sterling ပါ။ ကမ္ဘာ့သက်တမ်းအကြာဆုံး ဘဏ်ဖြစ်တဲ့Bank of England ကို ၁၆၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး တစ်နှစ်တည်းမှာပဲ စာရွက်ပေါ်စာသားထွင်းပြီး အကြောင်းအနည်းငယ်ပါရှိတဲ့ငွေစက္ကူကို ထုတ်ခဲ့ပါတယ်။ လက်ရေးနဲ့ ရေးထားတဲ့ ရက်စွဲ၊ ဂဏန်း၊ လက်မှတ်၊ ပေးသွင်းသူအမည် စတဲ့နေရာနဲ့ ဘဏ်ဥပစာမှာရလိုတဲ့ ငွေပမာဏကို ထုတ်ပေးတာ ဖြစ်ပါတယ်။ ဘဏ်ဟာ လန်ဒန်မြို့Threadneedle Steet ကို ၁၇၃၄ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ယနေ့တိုင်တည်ရှိဆဲ ဖြစ်ပါတယ်။
၅။ သြစတြေးလျ ဒေါ်လာ သြစတြေးလျဒေါ်လာဟာ နေ့စဉ်ငွေကြေးလွှဲပြောင်းမှုမှာ ၇.၆ ရာခိုင်နှုန်းရှယ်ယာ ပါဝင်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ပုဂ္ဂလိကကုန်သွယ်ရေးဘဏ်တွေက သြစတြေးလျငွေကြေးကို ထုတ်လုပ်ခဲ့ပြီး ၁၉၉၁ ခုနှစ် မှာ Commonwealth Bank of Australia ကို တရားဝင်တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘဏ်ဟာ ကုန်သွယ်ရေးဘဏ်သာဖြစ်ပြီး ဗဟိုဘဏ်မဖြစ်သေးပါဘူး။ နောက်ပိုင်းမှာ သြစတြေးလျဘဏ္ဍာရေးဌာနက ငွေကြေးထုတ်ခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ Common- wealth Bank Act ကို ပြုပြင်ပြီး ငွေကြေးထုတ်လုပ်ခွင့်ရခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ထိ Commonwealth Bank of Australia ဟာ ဗဟိုဘဏ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ Commonwealth Bank of Australia ရဲ့အစိတ်အပိုင်းကို ဗဟိုဘဏ်အဖြစ် လုပ်ဆောင်နိုင်ဖို့ Reserve Bank of Australia အဖြစ် ပြောင်းလဲခဲ့ပြီး ကုန်သွယ်ရေး ဘဏ်လုပ်ငန်းတွေကို Commonwealth Bank of Australia က ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
၆။ ပြင်သစ်Franc နေ့စဉ်ငွေကြေးလွှဲပြောင်းမှုမှာ ၆.၄ ရာခိုင်နှုန်းရှယ်ယာနဲ့ ပြင်သစ်Franc ဟာ အဆင့်ခြောက်နေရာမှာ ရှိပါတယ်။ ၁၉ ရာစု အလယ်ပိုင်းအထိ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုယ်ပိုင်ငွေကြေးကိုသာ သုံးစွဲခဲ့ပါတယ်။ ၁၈၄၈ ခုနှစ်မှာ ပထမအကြိမ် Federal Constitution ကြောင့် Federal Coinage Act ကို ၁၈၅၀ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး ၁၈၇၆ ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်းမှာ အဖိုးအခပေးစရာမလိုဘဲ ဘဏ်ငွေကို ပြန်လဲနိုင်တယ်ဆိုတဲ့ ပြောင်းလဲမှု လုပ်ဆောင်ဖို့ သဘောတူညီချက် သုံးချက်ကို ပြုလုပ်ခဲ့ပါတယ်။ ဗဟိုဘဏ်တည်ထောင်ဖို့ ကန့်ကွက်မှုရှိခဲ့ပေမဲ့ နောက်ဆုံးမှာ Federal Act ကို စတင်ပြီး Swiss National Bank ကို ၁၉၀၅ ခုနှစ်မှာ တည် ထောင်ကာ ၁၉၁၀ ပြည့်နှစ်မှာတော့ Swiss National Bank ဟာ ငွေကြေးထုတ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။
၇။ ကနေဒါ ဒေါ်လာ ကမ္ဘာ့အဆင့်ခုနစ်ရှိတဲ့ ကနေဒါဒေါ်လာဟာ နေ့စဉ်ငွေကြေးလွှဲပြောင်းမှုမှာ ၅.၃ ရာခိုင်နှုန်း ရှယ်ယာပါဝင်ပါတယ်။ ၁၉ ရာစုအစောပိုင်းထိ ကနေဒါပြည်နယ်တွေမှာ ဗြိတိန်ပေါင်၊ ပြင်သစ် Franc နဲ့ ဒေသငွေကြေးကိုသာ သုံးစွဲကြပါတယ်။ မဟာမိတ်အဖွဲ့တွေ များပြားလာချိန်မှာ ဘဏ်ခွဲတွေကို ပြည်နယ်တော်တော်များများမှာ ဖွင့်ခဲ့ပြီးနောက်ပိုင်းမှာ ယုံကြည်မှုနည်းလာတဲ့အတွက် အစိုးရက ငွေကြေးထုတ်ခဲ့ပါ တယ်။ ၁၈၇၁ ခုနှစ်မှာ ဓနသဟာယအစိုးရက Uniform Currency Act ကိုထုတ် ပြန်ခဲ့ပြီး ဗဟိုဘဏ်တည်ထောင်စေပါတယ်။ ၁၉၃၀ ပြည့်နှစ်အစောပိုင်း Great Depression ဟာ ဗဟိုဘဏ်တည်ထောင်ဖို့ တွန်းအားဖြစ်ခဲ့ပြီး ၁၉၃၅ ခုနှစ်၊မတ်လမှာ ကိုယ်ပိုင်အဖွဲ့အစည်းဖြစ်တဲ့ Bank of Canada ကို ဖွင့်လှစ်ခဲ့ပါတယ်။
၈။ ဟောင်ကောင် ဒေါ်လာ ဟောင်ကောင်ဒေါ်လာဟာ နေ့စဉ်ငွေကြေးလွှဲပြောင်းမှုမှာ ၂.၄ ရာခိုင်နှုန်းရှယ်ယာရှိပါတယ်။ ဟောင်ကောင်ကို ဗြိတိန် သိမ်းပိုက်ပြီးနောက် ၁၈၄၁ ခုနှစ်မှာ လွတ်လပ်တဲ့ ကုန်သွယ်ဆိပ်ကမ်းကိုတည်ဆောက်ခဲ့ပြီး ဒေသတွင်းငွေကြေးစနစ် အသုံးပြုတာမျိုး မရှိခဲ့ပါဘူး။ ခွင့်ပိတ်ခဲ့ပါတယ်။ စပိန်၊ မက္ကဆီကန်၊ အိန္ဒိယရူပီးနဲ့ တရုတ်ငွေကြေးတို့ကိုသာ ငွေလဲလှယ်ဖို့ ကြားခံအဖြစ် သုံးခဲ့ပါတယ်။ ကိုလိုနီအစောပိုင်းနှစ်တွေမှာ ဟောင်ကောင်အစိုးရက Pound Sterling အသုံးပြုနှုန်းတိုးလာဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ၁၈၄၅ နဲ့ ၁၈၅၉ ခုနှစ်မှာ ငွေကြေးထုတ်လုပ်တဲ့ ဘဏ်သုံးခုတည်ထောင်ခဲ့ပြီး ၁၈၆၃ ခုနှစ်မှာ ဟောင်ကောင် အစိုးရကဟောင်ကောင် ဒေါ်လာကို တရားဝင်ငွေကြေးအဖြစ် ကြေငြာခဲ့ပါတယ်။ တရုတ်ဟာ ဗြိတိန်ငွေကို ၉၉ နှစ်ကြာသုံးစွဲအပြီး ၁၈၉၈ ခုနှစ်မှာ ဟောင်ကောင်ငွေကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသ ဖြစ်ခဲ့ပါတယ်။
၉။ ဆွီဒင် Krona ဆွီဒင် Krona ဟာ နေ့စဉ် နိုင်ငံခြားငွေကြေးလွှဲပြောင်းမှုမှာ ၂.၂ ရာခိုင်နှုန်း ရှယ်ယာပါဝင်ပြီး ၁၈၇၃ ခုနှစ်မှာ ဆွီဒင် ငွေကြေးဖြစ်ခဲ့ပါတယ်။ ၁၀ ရာစုမှာ ဆွီဒင်ဟာ ပထမဆုံး ဆွီဒင်ငွေဒင်္ဂါးသွန်းလုပ်ခဲ့ပါတယ်။ ၁၇ ရာစု အလယ်ပိုင်းမှာ Stockholms Banco ဟာ ဆွီဒင်ရဲ့ ပထမဆုံးဘဏ်ဖြစ်ခဲ့ပြီး အင်အားကြီးမားတဲ့ ပြည်နယ်စည်း မျဉ်းအောက်က ပုဂ္ဂလိက ဘဏ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုယိုယွင်းလာမှုကြောင့် ပိတ်ခဲ့ပြီး ၁၆၆၈ ခုနှစ်မှာ ဆွီဒင်ပါလီမန်တွေက Bank of the Estates of the Realm အဖြစ် ပြန်လည်တည်ထောင်ခဲ့ပါတယ်။ ၁၈ ရာစုမှာ ငွေကြေးဖောင်းပွမှုတွေဖြစ်နေပြီး ငွေဈေးတည်ငြိမ်မှုရှိစေဖို့ ဗဟိုဘဏ်ကို တည်ထောင်ခဲ့ပါတယ်။ ၁၈၆၇ ခုနှစ်မှာ Bank of the Estates of the Realm ကို Sveriges Riksbank အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ဆွီဒင်ရဲ့ဗဟိုဘဏ် ဖြစ်လာပါတယ်။ ၁၈၉၇ ခုနှစ် နောက်ပိုင်းမှာ Sveriges Riksbank ဟာ ဘဏ်ငွေကြေး ထုတ်လုပ်ခဲ့ပါတယ်။
၁၀။ နယူးဇီလန် ဒေါ်လာ နေ့စဉ်ငွေကြေးလွှဲပြောင်းမှုမှာ ၁.၆ ရာခိုင်နှုန်းရှယ်ယာနဲ့ နယူးဇီလန်ဒေါ်လာဟာ အဆင့်တစ်ဆယ်နေရာမှာ ရှိပါတယ်။ ဥရောပသားတွေဟာ နယူးဇီလန်ကို ၁၇ ရာစုကတည်းက သတိပြုနေမိပေမဲ့ ၁၉ ရာစုအလယ် ပိုင်းအထိ နယူးဇီလန်ဟာ ဗြိတိသျကိုလိုနီမဖြစ်သေးပါဘူး။ နောက်ပိုင်းမှာ ဥရောပသားတွေနဲ့အတူ ငွေစက္ကူတွေရောက်ရှိလာပြီး ၁၈၀၀ ပြည့်နှစ်တွေမှာ သြစတြေးလျငွေကြေးလိုမျိုးနိုင်ငံခြား အကြွေစေ့တွေနဲ့အတူ ဗြိတိသျ ရွှေ၊ ငွေ၊ ကြေးစတဲ့ အကြွေစေ့တွေ သုံးစွဲခဲ့ပါတယ်။ နိုင်ငံရဲ့ငွေကြေးကို ၁၉၃၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး မကြာခင်မှာ နိုင်ငံဗဟိုဘဏ်ဖြစ်တဲ့ Reserve Bank of New Zealand ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ နယူးဇီလန်ဟာ ကိုယ်ပိုင်အကြွေစေ့သုံးစွဲခွင့်ရခဲ့ပြီး ဒါဟာ ဗြိတိသျဓနသဟာယ နိုင်ငံတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ နောက်ဆုံးဖြစ်ခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း