News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
TODAY နှင့် CEO Magazine တို့၏ website များနှင့် တရားဝင်မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်
Editorial
March 7, 2014
Event
Highlight
IT
Local News
News
TODAY စာအုပ်တိုက်မှ ထုတ်ဝေလျက်ရှိသော TODAY Tourism & Business Magazine နှင့် CEO Business & Management Magazine များ၏ official website များဖြစ်သော today-myanmar.com နှင့် ceo-myanmar.com website များနှင့်မိတ်ဆက်သည့် အခမ်းအနားတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့က အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည် စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် TODAY Publishing House LTD ၏ Board of Director တစ်ဦးဖြစ်သူ ဦးမိုးသဲမှ Website များ မိတ်ဆက်သည့်အကြောင်းနှင့်ပတ်သက်ပြီး အဖွင့်စကား ပြောကြားခဲ့ပါသည်။ အခမ်းအနားမှာ today-myanmar.com နှင့် ceo-myanmar.com တို့ကို print version များနှင့် ကွဲပြားခြားနားစေရန် website များတွင် interview အသံ file များ၊ video file များ၊ photo gallery များ ထည့်သွင်းပေးထားကြောင်း၊ စာဖတ်ပရိသတ်များကိုယ်တိုင် ပါဝင် ရေးသားနိုင်သော content များအဖြစ် Forum များတွင် ဝင်ရောက်ဆွေးနွေးနိုင်ရန်၊ Blog တွင် မိမိကိုယ်တိုင် ဝင်ရောက် ရေးသားနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း၊ CEO နှင့် TODAY website တွင် ဖော်ပြထားသော content များကို အဆိုပါမဂ္ဂဇင်းများ၏ facebook page များဖြစ်သည့်
www.facebook.com/CeoMyanmar
နှင့်
www.facebook.com/todaytourismmagazine
တို့တွင် နေ့စဉ် share လုပ်ဖော်ပြသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားကို TODAY စာအုပ်တိုက်၏ လုပ်ငန်း partner များ တက်ရောက်ပေးခဲ့ကြပြီး စာနယ်ဇင်းမှ ညီအစ်ကိုမောင်နှမများလည်း တက်ရောက်သတင်းရယူခဲ့ကြပါသည်။ Website များ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာတွင် မိမိသိချင်သမျှအကြောင်းအရာမျိုးစုံနှင့်ပတ်သက်၍ ဝင်ရောက်မေးမြန်း၊ ဆွေးနွေး အကြံဉာဏ်ယူနိုင်မည့် website များစွာရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း Tourism, Business, Management စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ စာဖတ်ပရိသတ်ကိုယ်တိုင် သတင်းအချက်အလက်များ ဖလှယ်၊ ဝင်ရောက်မေးမြန်း၊ ဆွေးနွေးနိုင်စေရန် ဖြစ်ပါသည်။ CEO နှင့် TODAY website များအား ဝေဖန်အကြံပြုလိုပါက
[email protected]
နှင့်
[email protected]
သို့ mail ပို့နိုင်သည့်အပြင် Facebook မှတစ်ဆင့်လည်း Message ပေးဖို့ ဝေဖန်အကြံပြုနိုင်ပါသည်။ website များနှင်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက email မှတစ်ဆင့် ဆက်သွယ်နိုင်သည့်အပြင် ကြော်ငြာကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
[email protected]
သို့လည်း email နှင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ဖုန်း- ၀၁ ၅၀၇၃၈၅, ၅၀၇၃၉၁, ၅၀၇၃၉၂, ၅၀၇၃၉၃ ၊ ဖက်စ် ၀၁ ၅၀၇၃၉၀။
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း