မြန်မာနိုင်ငံနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေမှာ ဗြိတိန်ရဲ့ပါဝင်ကူညီမှုတွေနဲ့ပတ်သက်ပြီး အာရှဆိုင်ရာဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး မိန့်ခွန်းပြောကြား

1 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးဝန်ကြီးရာထူးရယူပြီးနောက် မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်တဲ့ အာရှဆိုင်ရာဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးဝန်ကြီး Mr Hugo Swire က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ဗြိတိန်နိုင်ငံရဲ့ ပါဝင်ကူညီမှုတွေနဲ့ပတ်သက်ပြီး The UK and Burma in 2014  ခေါင်းစဉ်နဲ့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ ဗြိတိသျှသံရုံးမှာ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်တာကလအတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ပြောင်းလဲမှုတွေအတွက် ဗြိတိန်နိုင်ငံ အနေနဲ့ နှစ်ထောင်းအားရမိကြောင်း၊ နိုင်ငံရေးအကျဉ်းသားပေါင်း တစ်ထောင်ကျော်ကို လွှတ်ပေးခဲ့ခြင်း၊ တက်ကြွလှုပ်ရှားတဲ့လွှတ်တော်ပေါ်ပေါက်လာခြင်း၊ နိုင်ငံရဲ့ နေရာအအများအပြားမှာ တိုက်ခိုက်မှုတွေအဆုံးသတ်ခြင်း၊ လူအခွင့်အရေးကောက်မရှင်၊ အလုပ်သားသမ္မပေါ်ပေါက်လာခြင်း၊ စီးပွာရေးလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်တွေပေါ်ထွန်းလာခြင်း စတဲ့ ထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အဲဒီအပြောင်းအလဲတွေကို ဆောင်ရွက်ခဲ့ကြသူတွေရဲ့ သတ္တိနဲ့ ခေါင်းဆောင်မှုကို ဗြိတိန်အစိုးရက မြန်မြန်ဆန်ဆန်အသိအမှတ်ပြုခဲ့တဲ့အတွက် ဂုဏ်ယူမိပါကြောင်း Mr Swire က ပြောကြားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် ဥရောပသမ္မဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကျော်လွှားသွားနိုင်အောင် ဗြိတိန်နိုင်ငံက အဓိကအခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် ဗြိတိန်ရဲ့ ဖွံ့ဖြိုးရေးအကူအညီ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းတစ်ရာဝန်းကျင် တိုးမြှင့်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုရုံးကိုလည်း ဖွင့်လှစ်ခဲ့သလို ဗြိတိသျှကုမ္ပဏီတွေအနေနဲ့  တာဝန်သိတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ကိုလည်း တက်တက်ကြွကြွတိုက်တွန်းအားပေးလျက်ရှိကြောင်း၊  အဆင်းရဲအနွမ်းပါးဆုံးဖြစ်တဲ့လူတိုင်းအတွက် အကျိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထွက်ပေါ်လာဖို့ မှန်ကန်တဲ့အခြေအနေတွေ ဖန်တီးရာမှာ ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံအစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အရေးအကြီးဆုံးကတော့ ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ဖြစ်ပြီး သယံဇာတထုတ်ယူမှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကနဦးဆောင်ရွက်ချက်နဲ့ ပွင့်လင်းတဲ့အစိုးရပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်လာမှုကို ဗြိတိန်နိုင်ငံက ထောက်ခံအားပေးနေပြီး ပြည့်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်လာစေဖို့အတွက်လည်း ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဆက်လက်ပြောကြားခဲ့တယ်။ မိန့်ခွန်းအဆုံးသတ်အနေနဲ့ ဖွံဖြိုးတိုးတက်ရေးအထောက်အပံ့တွေရဲ့ အကျိုးရှိထိရောက်မှု၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု အရှိန်အဟုန်နဲ့ တိုးပွားလာရေး စတာတွေအားလုံးဟာ နိုင်ငံရေးအခြေခံအုတ်မြစ်တွေအပေါ်မှာ မူတည်နေကြောင်း၊ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်အတွက် နိုင်ငံရေးအခြေခံအုတ်မြစ်တွေကို ချမှတ်ဖို့ ခေါင်းဆောင်မှုနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကတစ်ဆင့် ဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းကို လာမယ့်နှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ရရှိထားကြောင်း Mr Swire က ပြောကြားခဲ့ပါတယ်။