The Potential Economic Miracles of Myanmar ခေါင်းစဉ်ဖြင့် Myanmar Executive Forum ပြုလုပ်

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးစီစဉ်တဲ့ Myanmar Executive Forum : The Potential Economic Miracles of Myanmar ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ရန်ကုန်မြို့ နတ်မောက်လမ်းပေါ်ရှိ Chatrium Hotel Royal Lake Yangon မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ Moderator အဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ Panelist များအဖြစ် ဦးချစ်ထွန်းဖေ (Deloitte)၊ ဦးထွန်းသူရသက် (MIT) ၊ ဦးရဲမင်းအောင် (Myanmar Rice Federation) နှင့် ဦးသက်လွင်တိုး (Myanmar Voyages Travel) တို့မှ ၂၀၁၆ခုနှစ် မြန်မာ့စီးပွားရေးနယ်ပယ်အသီးသီးမှာ ဖြစ်ထွန်းလာနိုင်တဲ့ တိုးတက်မှုအလားအလာတွေကို ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို ပြည်တွင်းကုမ္ပဏီအသီးသီးမှ Decision Maker များ၊ ပညာရှင်များ၊ CEO Magazine ရဲ့ စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။  ပွဲတက်ရောက်လာကြသူများကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကို Ebook version ဖြင့် ဖတ်ရှုနိုင်မည့် Android Application နှင့် ၂၀၁၅ ခုနှစ် တစ်နှစ်စာ Cover Story များ ပါဝင်သော Memory Stick များကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။  ဒီပွဲကို CityMart Holdings Co Ltd ၊ GraterMan Co Ltd ၊ United Paint Group နှင့် Shwe Taung Development Co Ltd တို့မှ ပူးပေါင်းပါဝင် ကူညီပေးခဲ့ပါတယ်။ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကို iOS Device များဖြင့် ဖတ်ရှုချင်ရင်တော့ Apple App Store တွင်လည်း Download ရယူနိုင်ပါတယ်။  

DSCN2547 DSCN2568

DSCN2550 DSCN2546 DSCN2545